Khin Konnection
Love, life & little moments — through our eyes. �
ကိုကို့မွေးနေ့အမှတ်တရMemories♎️💞
မွေးနေ့ရှင်ကိုကိုပြုပြုသမျှကုသိုလ်ကြောင့်စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ🙏🙏 နောက်လည်းအများကြီးစိတ်ရှိတိုင်းလှူဒါန်းနိုင်ပါစေ❤️ Kan Shane
Happy 30th Birthdayပါရတနာ့ရဲ့အမျိုးသားလေးရေ❤️🎉 Kan Shane
သိပ်ချစ်ရတယ့်ကိုကိုရေ အသက်17နှစ်မှာစသိခဲ့တယ့်ကိုကိုက အခုအသက်ကိန်းဂဏန်းထိပ်စည်းထပ်ပြောင်းတယ့်အချိန်ကိုရောက်လာပြီနော် အချိန်တွေကုန်တာမြန်တယ်မလား ရတနာလေးတို့စသိခဲ့တယ့်အချိန်တွေကမနေ့တနေ့ကလိုပါပဲ အခုလိုအဖိုးတန်တယ့်နေ့ရက်ကလေးမှာအနားမှာရှိမနေပေးရတာသိပ်စိတ်မကောင်းဖြစ်တာပဲ ဒီနှစ်တော့မှတ်မှတ်ရရမီယောဂုလေးလုပ်ပေးခွင့်ရမယ်ထင်တာကံကြမ္မာကမျက်နှာသာမပေးပြန်ဘူးနော် အတူမရှိရပေမယ့်ရတနာလေးရဲ့စိတ်နှလုံးသားနဲ့ချစ်ခြင်းမေတ္တာအလုံးစုံကို ကိုကို့အနားပို့ပေးထားတယ် ချစ်လွန်းတာမို့ပို့သတယ့်ဆုတောင်းတွေအားလုံးကိုကို့ဆီမခြွင်းမကျန်ရောက်ရှိပါစေ Septemberလမှာမွေးတယ့် Libra အမြဲစိမ်းတောလေးကိုဒီနှစ်မွေးနေ့မှာကမ္ဘာကြီးတစ်ခုလုံးကကောင်းခြင်းမင်္ဂလာတွေသယ်လို့ရသမျှသယ်ပြီးပို့ပေးလိုက်တာမို့ ကိုကိုစိတ်လည်းချမ်းသာပါစေ ကိုယ်လည်းကျန်းမာပါစေ ဘေးဘယာဟူသမျှပိန်းကြာရွက်ပေါ်ရေမတင်သလိုကင်းဝေးပါစေ ရတနာလေးအတွက်ဘဝမှာတောင်းဆုတစ်ခုပဲပြည့်စေဆိုရင်အဲ့ဆုတောင်းကကိုကိုရောဂါဟူသမျှအမြဲကင်းဝေးပြီးပျော်ရွှင်ကျန်းမာပါစေဆိုတယ့်တောင်းဆုပဲပြည့်ပါစေ ကိုကို့ကျန်းမာခြင်းဟာရတနာ့အတွက်အဖိုးအတန်ဆုံးလာဘ်တစ်ပါးပဲ ဒီနှစ်မွေးနေ့ရက်မြတ်လေးကစပြီးကိုကိုပိုမိုကောင်းမွန်တယ့်နေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေ လိုအင်ဆန္ဒမှန်သမျှပြည့်ဝပါစေ သူတော်ကောင်းများနဲ့ပဲတွေ့ဆုံဆက်ဆံရပါစေ ရတနာလေးနဲ့လည်းအမြန်ဆုံးနီးပါစေ ဒို့လင်မယားနှစ်ယောက်ရဲ့အနာဂတ်ရည်မှန်းချက်တွေလည်းအမြန်ဆုံးအတူတူအကောင်အထည်ဖော်နိုင်ပါစေ အများကြီးချစ်တယ်ကိုကိုရေ ရတနာ့အသဲအသက်လေးပျော်ရွှင်စရာအကောင်းဆုံးမွေးနေ့ရက်မြတ်လေးဖြစ်ပါစေ တစ်သက်လုံးတိုးလို့ချစ်ပါ့မယ် ကိုကို့အပေါ်မလျော့တယ့်မေတ္တာတွေနဲ့သိပ်ချစ်တယ်နော် Happy Happy Birthday 🥳🎊🎂❤️
Kaiya
တောင်တန်းတွေနဲ့မိုးတိမ်တွေ ကြည်လင်တယ့်ကောင်းကင် လှပတယ့်အရာအားလုံးကချစ်ရသူအနားမှာရှိနေမှပြည့်စုံတာမျိုး❤️❤️
SHE ဘာအရောင်လေးရသွားမယ်ထင်လဲ😍😍 ပျော်လားမပျော်လားReactionတွေသာကြည့်ကြပါတော့ရှင်🌹❤️ လှလိုက်တာဆိုတာလေ တအားကြိုက်တာပဲ 21CM ကိုကျေးဇူးအများကြီးတင်ပါတယ် နောက်ထပ်ထုတ်ကုန်တွေအများကြီးထုတ်နိုင်ပြီးတော်လှန်ရေးအတွက်ကြီးစွာသောအထောက်အပံ့ဆက်လက်ဖြစ်နိုင်ပါစေ❤️❤️
ဒူဘိုင်းမှာပစ္စည်းရောက်ပြီဆိုတာနဲ့နေ့ခင်းကြီးသွားယူ နေတွေပူချွေးတွေတအားပြန် မျက်နှာပြောင်ကြီးနဲ့မို့သည်းခံကြပါ😁😁
02/05/2026
The best choice for our Wedding❤️
PRATUNAM က 5 Stars Hotel မှာမင်္ဂလာဆောင်
ဖြစ်မယ်လို့မတွေးထားမိခဲ့ဖူးဘူး 5 Stars ဆိုတယ့်အတိုင်းပဲ ခမ်းနားမှု လှပမှုအပြည့်နဲ့ Service အစ Meal နဲ့ Dessert အဆုံးအလွန်အင်မတန်စိတ်ကျေနပ်ခဲ့ရသောပါပဲ💕 Thank you so much to The Berkeley Hotel Pratunam for giving us the most special moments for our life. We both really appreciate for your services and kindness. 🫶🫶
ဓာတ်ပုံထဲ Video ထဲအမြဲပြုံးပြုံးလေးဖြစ်နေရတယ့်အဖြေ☺️ ချစ်လွန်းလို့အချစ်ရေ❤️
အမြဲပျော်ရွှင်ပြုံးပျော်နိုင်အောင်လုပ်ပေးလို့ကျေးဇူးသိပ်တင်တာပဲ🫶
မင်္ဂလာဦးညမှာ Khao San မှာဂယက်ဆန်ခဲ့ကြတယ့်အဖွဲ့ပါရှင်😂😂 အကုန်လုံးကိုအရမ်းလွမ်းလိုက်တာ❤️ မနက်လင်းခါနီးအထိကိုမပြန်ပဲသောင်းကျန်းကြတာ😁 ပျော်စရာအကောင်းဆုံးအချိန်တွေဖန်တီးပေးခဲ့လို့ထိုင်းကသူငယ်ချင်းတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်😚😚🫶
24/04/2026
Dior by Heart ကိုရွေးချယ်ခဲ့တာ Pre Wedding ရိုက်တုန်းကလည်းအရမ်းအရမ်းကိုစိတ်ချမ်းသာခဲ့ရပြီး မင်္ဂလာပွဲလည်း အစမှအဆုံး One Stop Service နဲ့အပြီးတာဝန်ယူပေးခဲ့လို့ဘဝရဲ့အကောင်းဆုံးအချိန်မှာအဖိုးတန်ဆုံးအမှတ်တရတွေကိုပိုင်ဆိုင်ခဲ့ရတယ် အမြဲတမ်းအတွက်အကောင်းဆုံးရွေးချယ်မှုပါပဲ❤️❤️
မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ တစ်သက်
မှာတစ်ခါပဲကြုံရမယ့်ကိုယ့်ရဲ့မင်္ဂလာပွဲလေးကိုဘယ်လိုပုံစံမျိုးလေးကျင်းပမယ်ဆိုပြီးမိန်းကလေးတိုင်း တွေးကြစိတ်ကူးယဥ်ခဲ့ကြမယ်ထင်တယ်နော်💕ကျွန်မကတော့စိတ်ကူးထဲကထက်ပိုလွန်တယ့်ခမ်းနားတယ့်အခိုက်အတန့်တွေအားလုံးကိုပိုင်ဆိုင်ခဲ့ရတယ်လို့ဆိုရလောက်အောင် သိပ်လှတယ့်Bangkok မြို့လယ်ခေါင် 5 Star Hotel မှာ Traditional Decoration, ကိုယ်တိုင်စိတ်တိုင်းကျချုပ်ဝတ်ခွင့်ရတယ့်မင်္ဂလာဝတ်စုံနဲ့လှလွန်းတယ့်ဝတ်စုံနဲ့လိုက်ဖက်လွန်းတယ့်မိတ်ကပ်ဆံပင် လိုလေသေးမရှိတယ့်အခမ်းအနားပြင်ဆင်မှုနဲ့အပြင် Hotel ရဲ့Rooftop Billboard မှာပါ Wedding Video နဲ့ပြပြီးကျင်းပခွင့်ရခဲ့တယ့်အင်မတန်ကံကောင်းတယ့်သတို့သမီးလေးပါပဲရှင်🥰🥰 အောင်မြင်စွာကျင်းပနိုင်ခဲ့တယ့်ကျွန်မတို့ရဲ့မင်္ဂလာပွဲလေးရဲ့ပဲ့ကိုင်ရှင် အကိုတင်ထားတယ့်Videoလေးလည်းအမှတ်တရလာမျှဝေရင်း မိန်းကလေးတိုင်းချစ်ခြင်းမေတ္တာအရင်းခံပြီးတန်ဖိုးထားပေးတယ့်အိမ်ထောင်ဖက်နဲ့တွေ့နိုင်ကြပါစေလို့တောင်းဆုလည်းခြွေလိုက်ပါတယ်ရှင်🙏🙏❤️
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Alerts
Be the first to know and let us send you an email when Khin Konnection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
