Kellie Khin

Kellie Khin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kellie Khin, Brighton-Le-Sands.

02/08/2026

12/07/2026

Home 🏡 🤎✨
Here’s to slow mornings, cozy evenings, and a lifetime of beautiful memories 🏡
H&K🏡

04/07/2026

📢 WA (Western Australia) Government က ပေးတဲ့ $100 Fuel Support Payment အကြောင်း သိထားသင့်ပါတယ်

Western Australia (WA) အစိုးရက လူနေမှုစရိတ်သက်သာစေရန် တစ်ကြိမ်တည်း $100 Fuel Support Payment ကို ပေးနေပါတယ်။

✅ ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
• Valid WA Driver’s Licence (L Plate, P Plate အပါအဝင်) ရှိသူများ
• WA Residential Address ရှိသူ
• Australian Bank Account ရှိသူ

💰 ရရှိမယ့်ငွေ
• လူတစ်ဦးလျှင် $100 (တစ်ကြိမ်တည်းသာ)

📱 ဘယ်လိုလျှောက်မလဲ?
• ServiceWA App မှတစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်ပါတယ်။
• myID (Digital ID) ဖြင့် Login ဝင်ပြီး Fuel Support Payment ကို Claim လုပ်ရပါမယ်။
• App ကနေ လျှောက်ပါက ပုံမှန်အားဖြင့် 5–7 ရုံးဖွင့်ရက် အတွင်း ငွေလွှဲပေးပါတယ်။
• App မသုံးချင်သူများအတွက် Paper Form ဖြင့်လည်း လျှောက်ထားနိုင်ပါတယ် (Processing အချိန်ပိုကြာနိုင်ပါတယ်)။

⏰ Claim လုပ်နိုင်တဲ့ကာလ
• 1 July 2026 မှ 31 December 2026 အထိ။

ℹ️ အသေးစိတ်အချက်အလက်နှင့် လျှောက်ထားရန် WA Government ၏ တရားဝင်စာမျက်နှာကို ကြည့်ရှုနိုင်ပါတယ်

ဒီအချက်အလက်က WA မှာနေတဲ့ မိတ်ဆွေ၊ မိသားစုတွေ သိရှိပြီး မလွတ်သွားအောင် Share ပေးလိုက်ပါ။ 🚗⛽💵

10/01/2026

#🇦🇺

Photos from Kellie Khin's post 09/01/2026

ဩစတျေးလျ 🇦🇺 နှင့် မြွေ 🐍

AUSTRALIA မှာ Hiking or Bush Trail သွားရင်လည်း

နိပ်နိပ် (🐍) သူ့ပဲကြောက်နေရတယ် 🫠

အရင်လက Mayfield garden ထဲမှာ မြက်တောထဲကနေလမ်းလျှောက်​နေရင်း

Deadly venomous Brown snake 🐍 (ဒီမှာတော့ Eastern brown snake လို့ခေါ်ကြတယ်) တွေ့လိုက်ရတယ်။

ကိုယ့်မျက်စေ့ရှေ့လေးတင်ခြေလှမ်း ၂ လှမ်းတောင်မရှိတော့ဘူးအကွာလေးက 🐍 သူကလည်းလှမ်းဖြတ်လျှောက်..ကိုယ်လည်း ခြေလှမ်း အလှမ်း😲 အို့အို..🥺

တော်သေးတယ် Ko Harry ကဘေးကလှမ်းဆွဲလို့😦

သစ်ကိုင်းခြောက်ပဲထင်နေတာအမှတ်တမဲ့ဆိုတော့ 🥴

သူ့ 🐍 တွေ့ပြီး ခြေလှမ်းတွေက တုန်လှုပ်သွားတာ 😅ဆက်ပဲလျောက်ရတော့မလို..နောက်ပဲပြန်လှည့်ရတော့မလိုနဲ့ 😩နှလုံးခုန်သံတွေတောင်မြန်သွားတယ် 😩

Garden ထဲကဝန်ထမ်းတွေကိုပြောပြတော့

ဘယ်နေရာမှာတွေ့တာလည်းမေးပြီး

သူတို့ဖမ်းပြီးနဲနဲဝေးတဲ့နေရာပြန်လွှတ်ပေးမယ်တဲ့ 😅

Anyway AUSTRALIA နဲ့ နိပ်နိပ်တို့🐍 ကတော့ ခွဲလို့မရပါဘူးရှင် 😅 AUSTRALIA​ နေရာ​တော်တော်များများမှာ
တွေ့ရမှာ​တော့ သူတို့ပါပဲ AUSTRALIA ရဲ့ Cele တွေ​ပေါ့ 🥹

သူတို့တွေကပူတဲ့နေ့တွေဆို ပိိုထွက်တက်ကြတာဆိုတော့ အပူဆုံးနေ့တွေဆို Hiking မသွားကြတာကောင်းပါတယ်

ခုဆို Hiking သွားတော့မယ်ဆို နှိပ်နှိပ်🐍ပဲမြင်နေတယ် 😩

လည်တောင်ဖိနပ်ရှည်တောင်ဝတ်သွားရင်ကောင်း
မလားပဲ 🥶

Photos from Kellie Khin's post 06/01/2026

Endless Blue 🩵🌊🫧🐬
Can’t Complain when this is my view of the day☀️🧴

Photos from Kellie Khin's post 28/12/2025

Summer in Sydney 🥰🇦🇺

13/12/2025

🇦🇺 Australia မှာ အပြင်ထွက်လျောက်လည်တော့မယ်ဆိုရင် ဒီ ၄ ခုကို မမေ့နဲ့နော် 👀✨

☀️ Sunscreen – နေရောင်ပြင်းလွန်းလို့ အရေပြားကာကွယ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်

😎 Sunglasses – နေရောင်နဲ့ လမ်းပေါ်က အလင်းပြန်လင်းမှုကြောင့် မျက်စိမပင်ပန်းအောင်/မစပ်အောင်

💧 Water bottle – ရေဓာတ်ကုန်ခမ်းလွယ်လို့ ရေဘူးအမြဲဆောင်ပါ/ယူသွားပါ

🧥 Jacket – နေ့ဘက်ပူပေမယ့် ညနေပိုင်းဘက်၊ လေတိုက်ရင် အေးတတ်လို့

အပြင်ထွက်တိုင်း ဒီ ၄ ခုပါရင် ပိုအဆင်ပြေမယ်နော် 😆💕

19/04/2025

Happy Easter and enjoy the long holiday Everyone 🐣ပိတ်ရက်ရှည်လေးမှာ သွားနေကြ Hair salon လေးမှာ ဆံပင်သွားဆိုး ထားတဲ့ mini Blog လေးတင်လိုက်ပါတယ် 💕💕 အမြဲဆိုးနေကြအရောင်လေးကိုနဲနဲ bright toneလေးမြှင့်ပြီး ပြန်ဆိုးထားတယ် 🎀👩🏼‍🦰💈💕💕Seeee the before & after result 💕💕💕 💃🏼

Want your business to be the top-listed Beauty Salon in Brighton-Le-Sands?
Click here to claim your Sponsored Listing.

Website

Address

Brighton-Le-Sands, NSW