Beyond XR

Beyond XR

Share

I’m a programmer who loves jogging, adores cats, and enjoys watching movies ❤️

01/08/2026

'Visual' ဆိုတာ "မြင်နိုင်သော" သို့မဟုတ် "အမြင်ဆိုင်ရာ" ဟု အဓိပ္ပာယ်ရပါတယ်။ ဒါဟာ မျက်စိနဲ့ မြင်တွေ့ရတဲ့ အရာတွေ၊ ပုံရိပ်တွေ၊ ကားချပ်တွေ သို့မဟုတ် သရုပ်ဖော်ပုံတွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေကို နားလည်အောင် လုပ်ဆောင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ရိုးရှင်းတဲ့ ပုံစံနဲ့ ရှင်းပြရရင် Visual ဟာ စကားလုံးတွေ သို့မဟုတ် အသံတွေထက် ပုံရိပ်တွေကို အသုံးပြုပြီး စိတ်ကူးစိတ်သန်းတွေကို ဖော်ပြခြင်းဖြစ်ပါတယ်။
အောက်ပါပုံဟာ Visual Information (အမြင်ဆိုင်ရာ သတင်းအချက်အလက်) ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ရိုးရှင်းတဲ့ အဆင့် ၄ ဆင့်နဲ့ ပြသထားပါတယ်။

ပုံတွင် ပြထားသည့်အတိုင်း Visual သတင်းအချက်အလက် စီးဆင်းပုံ အဆင့်ဆင့်မှာ-
၁။ SIGHT (အမြင်): ကျွန်ုပ်တို့ရဲ့ မျက်စိဟာ ပတ်ဝန်းကျင်က အရာဝတ္ထုတွေ (ဥပမာ- ဘုရားပုထိုး၊ ကားချပ်၊ အရောင်နဲ့ ပုံသဏ္ဌာန်မျိုးစုံ) ကို မြင်တွေ့ရပါတယ်။

၂။ RECEPTION (လက်ခံခြင်း): မျက်စိက မြင်တွေ့ရတဲ့ ပုံရိပ်တွေကို အာရုံကြော (Optic Nerve) ကတစ်ဆင့် ဦးနှောက်ဆီကို ပို့ဆောင်ပေးပါတယ်။

၃။ PROCESSING (အဓိပ္ပာယ်ဖွင့်ခြင်း): ဦးနှောက်က ရရှိလာတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဒါဟာ ဘာလဲဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

၄။ UNDERSTANDING (နားလည်ခြင်း): နောက်ဆုံးမှာ ဦးနှောက်က အချက်အလက်တွေကို နားလည်သွားပြီး IDEA (အကြံဉာဏ်) အသစ်တွေနဲ့ MEMORY (မှတ်ဉာဏ်) တွေကို ဖြစ်ပေါ်စေပါတယ်။

Visual တွေကို အသုံးပြုခြင်းအားဖြင့် ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ နားလည်နိုင်စေပါတယ်။

#မြန်မာ #ဗဟုသုတ #ဒီဇိုင်း #အနုပညာ #နည်းပညာ #ဒီဂျစ်တယ်

08/06/2026

The Art of Code & Cinema: My Tech Journey

စာမဖတ်ခင် ဒီ video လေးကို နားကြပ်နဲ့ ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ❤️

ဒီ video လေးကို တော့ Omni Flash နဲ့အကောင်းဆုံး ပေါင်းစပ် ဖန်တီးထားတဲ့ ဒီ Video လေးမှာ Color Grading, Sound Design နဲ့ Sound Effects တွေကို အသေးစိတ် အသက်သွင်းထားပါတယ်။ နောက်ခံသီချင်းတွေအတွက် Suno AI ကနေ ဖန်တီးထားတဲ့ Track တစ်ခုနဲ့ Premium Track တစ်ခုကို အသုံးပြုထားပါတယ်။ 🎶
ဒီ Video မှာ မြင်တွေ့ရတဲ့အတိုင်းပဲ... ရှေ့ဆက်ပြီး Three.js, R3F, TouchDesigner, Unity, GLSL, HLSL, WebXR, WebGL, AR/VR စတဲ့ Creative Technology Knowledge တွေကို ကျွန်တော် သိသလောက် ဆက်တိုက် Sharing လုပ်ပေးသွားပါတော့မယ်။

07/06/2026

New AI Promo Video coming soon 😊

#နည်းပညာ #ဉာဏ်ရည်တု #ဖန်တီးမှု #ဗီဒီယို #မြန်မာ

06/06/2026

ဒီနေရာလေးမှာ ဝေမျှပေးသွားမယ့် အကြောင်းအရာတွေက...

✨ Visual ပိုင်းကို အခုမှ စတင်လေ့လာချင်သူတွေ

✨ ဘယ်လိုဖန်တီးမှုမျိုး လုပ်ရမလဲဆိုတာ အိုင်ဒီယာရှာနေသူတွေ

✨ Visual နဲ့ပတ်သက်တဲ့ နည်းပညာသစ်တွေကို စိတ်ဝင်စားသူတွေအတွက် အဓိက ရည်ရွယ်ပါတယ်

အခုမှစတင်လေ့လာမယ့်သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်လို့၊ ကျွမ်းကျင်ပြီးသား ဆရာတွေအတွက်တော့ အနည်းငယ် ရိုးရှင်းနေနိုင်ပါတယ်။ ဒါကြောင့် အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကြိုတင် နားလည်ပေးဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

04/06/2026

Osaka vibes

ဒီဗီဒီယိုလေးကတော့ အမှတ်တရတွေ အများကြီး ပြည့်နှက်နေတဲ့ ကျွန်တော့်ရဲ့ ပထမဆုံး အိုဆာကာ (Osaka) ခရီးစဉ် မှတ်တမ်းလေးပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း အိုဆာကာဘက်မှာ နောက်ထပ် ဖန်တီးမှုအသစ်တွေ စတင်ဖို့ ပြင်ဆင်နေပါပြီ

ဒွန်တွန်ဘိုရီ (Dotonbori) ရဲ့ နာမည်ကျော် နီယွန်မီးရောင်စုံတွေကနေ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး လမ်းဘေးစာ (Street Food) တွေအထိ... ဒါဟာ ကန်ဆိုင်း (Kansai) ဒေသရဲ့ အသက်ဝိညာဉ်ပါပဲ။

ဂျပန်နိုင်ငံကို အလည်အပတ်လာဖို့ စီစဉ်နေတယ်ဆိုရင်တော့ အိုဆာကာမြို့ကို သင့်ရဲ့ Travel Bucket List ထိပ်ဆုံးမှာ မဖြစ်မနေ ထည့်ထားဖို့ အကြံပေးပါရစေ။

သင့်ရဲ့ အဖိုးတန် အမှတ်တရတွေကို စိတ်ကူးထဲကအတိုင်း ရုပ်ရှင်ဆန်ဆန် (Cinematic Video) ဖန်တီးချင်တယ်ဆိုရင်တော့... အချိန်၊ နေရာမရွေး ကျွန်တော်နဲ့အတူ လက်တွဲဖန်တီးဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။ 🎥✨

# #အိုဆာကာ #ဂျပန်ခရီးစဉ် #ဂျပန် #ခရီးသွား #ဂျပန်ရောက်မြန်မာ

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Website

Address


Kamayut