Sweet Memories
Beauty, Lifestlye & health
11/07/2026
နွေနေပူပူ ချွေးကြိုက်သလောက်ထွက် မိတ်ကပ်မကွက်၊
မရွေ့၊မပျက်စေရဘူး။ ဒါလေးတော့သုံးဖို့တော့လိုမှာပေါ့။
ကြည့်နော် တစ်ဘူးလုံးကုန်မှ review ရေးတာ။
အနံ့လေးလည်း မဆိုးဘူး။ ခပ်သင်းသင်းလေး။
ကိုယ့်လိုပဲ မိတ်ကပ် အမြဲလိမ်းတဲ့သူတွေကို ဒီ face mist လေးကောင်းတယ်လို့လာပြောတာ။
Donqi ကဝယ်တာပါ။ ၁၅၀၀ ¥ လောက်ပဲဆိုတော့ ဝယ်ပျော်ပါတယ်လို့…
လိုချင်တာမရ အမှတ်တရ video လေးပေါ့
04/07/2026
Fabric softener ထဲမှာဆိုရင်လေ ဒါလေးကို ဘယ်လိုကြိုက်လို့ ကြိုက်မှန်းမသိဘူး။
တစ်ခါတစ်ခါကျ အပြောင်းအလဲလေးဖြစ်အောင် သူ့ထက် စျေးပိုကြီးတာရော စျေးသက်သာတာလေးတွေရော လျှောက်စမ်းပြီးသုံးကြည့်ခဲ့ဖူးတယ်။
မရဘူး။ ဒါလေးမှဒါလေးပဲ။
အနံ့လေးကလည်း အေးပြီးသင်းနေတာက ကိုယ့်အကြိုက်နဲ့ကွက်တိ။
အဝတ်ခြောက်တဲ့ အထိ အနံ့လေးကသင်းပြီးကျန်နေရော။
သုံးကြည့် သုံးကြည့် နောက်ဆို ဒါမှ ဒါပဲ ဖြစ်မှာ..
02/07/2026
ကိုယ်က အမေနဲ့တူလို့အပင်တွေချစ်တတ်တယ်။
ရန်ကုန်မှာတုန်းကဆို ခြံလေးထဲ အမေစိုက်တဲ့ အပင်လေးတွေစုံလို့ပဲ။
ဒီရောက်တော့ အရင်နေခဲ့တဲ့အခန်းက တအားကျဉ်းပြီး နေရာလုံးဝမရှိလို့ ဘာမှသေချာမစိုက်ခဲ့ရဘူး။
အခုအိမ်လေးက အရင်ကထက်ပိုကျယ်ပြီး ဝရံတာလေးလည်းရှိတော့ အပင်လေးတွေစိုက်မယ်တွေးတော့တာပဲ။
ဒီနေ့လည်းကြည့် အပင်လေးထပ်ဝယ်လာတယ်။ သူ့ကိုတော့ ဧည့်ခန်းမှာထားမယ်။
စိမ်းစိမ်းစိုစို နဲ့ကြည့်ရတာ မျက်စိအေးတယ်လေ။
Tete ကတော့ပြန်လာရင်ပြောပါဦးမယ်။
အပင်ထပ်ဝယ်လာပြန်ပြီလားလို့ 😄
ဘယ်တတ်နိုင်မလဲ ကြိုက်တယ်လေ
ဒါတောင် စံပယ်ပင်ထပ်ဝယ်မလို့တွေးနေတာသူမသိသေးဘူး 🤭🤭🤭
28/06/2026
ဒီအပင်တွေလေ ကိုယ်အလုပ်သွားတဲ့ လမ်းမှာ တအားပေါတာ။ ကိုယ့်အမေက ဒီအရွက်ကိုဟင်းရည်ချက်သောက်တာ တအားကြိုက်ပေါ့။ ခါးသက်သက်လေးနဲ့ တအားသောက်လို့ကောင်းသောပဲ။
ခူးချင်တာ ခူးချင်တာဆိုတာလေ လက်ကိုယားနေတာပဲ…
27/06/2026
ကိုယ်လေဘောလုံးအကြောင်းသိပ်မသိပေမဲ့ ဒီနှစ် ကမ္ဘာဖလားတော့ ဒီ(၃) သင်းကို အားပေးတယ်။
အဲ့ထဲမှာမှ ဂျပန်အသင်းကို ဖလားရစေချင်မိတယ်။
ဖြစ်နိုင်ချေ သိပ်မရှိပေမဲ့ မဖြစ်နိုင်ဘူးဆိုတာလည်း မရှိပြန်ဘူးလေ။
ဘရာဇီးကို ငယ်ငယ်ကတည်းကကြိုက်ပြီးအားပေးခဲ့ပေမဲ့
အာရှသားတစ်ယောက်အနေနဲ့ ဂျပန်ပဲရစေချင်တယ်။
Go . .go Japan
You can do it
26/06/2026
ရင်တုန်လိုက်တာဂျပန်ရယ်..
25/06/2026
အခုတစ်လော lip liner ရောဂါထနေလို့ 😁
ငယ်ငယ်က ထွန်းအိန္ဒြာဗိုလ် ဇာတ်ကားတွေကြည့်ရင် သူ့ နုတ်ခမ်း liner ဆွဲထားတာကြည့်ရင်း မလှလိုက်တာ liner မပါရင်ပိုကောင်းမှာလို့တွေးခဲ့မိတာ အကြိမ်ကြိမ်ပဲ။
ခုများဘာဖြစ်တယ်မသိ makeup vlog တွေကြည့်ရင် lip liner ဆွဲမှလှတယ်ပဲထင်တော့တယ်။
အသက်အရွယ်ကြောင့်ပဲလားမသိ။
အကြိုက်တွေက ပြောင်းလာလိုက်တာဆိုတာ …
23/06/2026
ပြောရဦးမယ်
ကိုယ့်မှာ အကျင့်တစ်ခုရှိတယ်။
အဲ့ဒါဘာလဲဆိုတော့ product တစ်ခုဆိုပါတော့
ကိုယ်သုံးကြည့်လို့ ကြိုက်ရင်လေ သူငယ်ချင်းတွေကိုရော အသိတွေကိုရော အရမ်း sharing လုပ်တတ်တာပဲ။
အခုလည်းကြည့် ဒီ eye liner လေး အကြောင်းပြောပြရဦးမယ်။
ဟိုတလောက သုံးနေကျ eye liner ကုန်သွားလို့ အိမ်ဘေးက 7/11 ဆိုင်မှာ ရှိတဲ့ eye liner ဝယ်လိုက်တယ်။ စိတ်ထဲမှာတော့ ခဏပဲသုံးပြီးနောက်ကျတော့ သုံးနေကျeye liner ပြန်ဝယ်မယ်ပေါ့နော်။
အားလားလား အဲ့ကနေကြိုက်သွားလိုက်တာဆိုတာ
ဆွဲရတာလည်း အရမ်းအဆင်ပြေသလို၊ တစ်နေကုန်တောင်မပျက်တာပါနော်။ စျေးကလည်း ¥၁၁၀၀ ပဲ။
7/11 ဆိုင်တိုင်းနီးပါးမှာရှိပါတယ်။
ကိုယ်ညွှန်းရင် ဝယ်သုံးကြည့် မမှားစေရပါဘူးနော်
21/06/2026
တစ်ခါတစ်ခါ အရင်ကလုပ်ခဲ့တဲ့ MC Donald ဆိုင်ကိုအရမ်းသတိရမိတာပဲ။ ဘာစကားမှမရတဲ့ အင်တာဗျူးတောင် ယောက်ကျားကိုခေါ်သွားပြီးဘာသာပြန်ဖြေတဲ့ ကိုယ့်ကို အလုပ်ခန့်ပေးခဲ့တဲ့ တန်းချောကိုလည်း သတိရ ရတယ်။
ဟိုဟာခိုင်းရင် ဒီဟာလုပ်၊ ဒီဟာခိုင်းရင် ဟိုဟာလုပ်တဲ့ ကိုယ့်ကို စိတ်ရှည်ရှည်သင်ပေးခဲ့တဲ့ ဂျပန် စီနီယာ၊နီပေါ နဲ့ ဘင်္ဂလားဒေ့ရှ် စီနီယာ သူငယ်ချင်းတွေကိုလည်း အောက်မေ့ရတာပဲ။
ညတိုင်း ဘာဂါဝယ်စားရင် မမှာတာတွေလည်း ပိုထည့်ပေးတတ်တဲ့ သူငယ်ချင်းတွေ၊ မှတ်စုလေးတွေရေးပေးတတ်တဲ့ သူငယ်ချင်းတွေ သတိရမိပါရဲ့။
ကြုံရင်တော့ Roppongi ဆိုင်လေးသွားလည်ရဦးမယ်။
အရင်လူတွေ၊ အရင်အတိုင်းလေးပဲရှိနေသေးဖို့ မျှော်လင့်လို့ရပါရဲ့နော်။
ここをクリックしてあなたのスポンサー付きリスティングを獲得。
