Lai's Jewelry
Love to make
09775299394 to call
telegram - @Marniooo
just call me ;)
16/06/2026
လေ့ကျင့်ရတယ်
Customerတွေက မင်မင်ဒီလိုလေးလိုချင်ပါတယ်ဆိုပြီးပုံပြလာရင်လေ
ဟုတ်ကဲ့ လုပ်ပေးမယ်နော်ဆိုပြီး
ပလာယာထကိုင်
ထလုပ်လိုက်လို့ရတာမျိုးတော့မဟုတ်ဘူး။
ကိုယ်နဲ့ လက်မယဉ်သေးတဲ့ ဒီဇိုင်းတွေဆိုရင်
Wireကြိုးအရင်ဆုံး အကုန်ခံ အစမ်းလုပ်ကြည့်ပြီး ကောင်းပြီ စိတ်ကျေနပ်ပြီဆိုမှ
Customer ကိုပေးမဲ့ ပစ္စည်းအချောကို လုပ်ရတယ်။
Handmade ဆိုတာမှာ သေသပ်ပြီး အမြင်တင့်တယ်မှ
ပစ္စည်းကောင်းလို့ယူဆတယ်။
အဲ့လိုပစ္စည်းကောင်းရဖို့ အချိန်က
တကယ့်ပစ္စည်းလုပ်တဲ့အချိန်ထက်ကြာတယ်။
ဘယ်ကနေဘယ်လိုလုပ်ရင်တော့ ကောင်းမယ်🤓
ဘယ်ကုန်ကြမ်းတွေသုံးရမယ်🤔
စသဖြင့် အများကြီးတွေးတောပြီး
အချိန်တွေအများကြီးကို လက်အနာခံပြီး ပေးရတယ်။
ဆိုတော့
သိစေချင်တာက
ရိုးရိုးကလေးကစားတဲ့ handmade မဟုတ်ပါဘူး။
ပလာယာလေးကိုင်တတ်ရုံနဲ့ပြီးသွားတဲ့ artမဟုတ်ပါဘူး
တန်ဖိုးသိတဲ့သူတွေသာ
ထိုက်တန်တဲ့ handmade artမျိုးဖြစ်ပါတယ်🤍
Art by Lai's Jewelry 🤍
14/06/2026
မသိမသာနဲ့ သိသိသာသာပေးလို့ရတဲ့လက်ဆောင်😗
Bouquet keychain 🌹 လေးနဲ့မိတ်ဆက်ပေးပါမယ်။
Bouquet ဆိုတာက ပန်းစည်းကိုပြောတာပါ။
ဆိုတော့ ပန်းစည်းလေးကို နေရာတကာ
သယ်သွားချင်သူလေးတွေအတွက် ရည်ရွယ်ပြီး
သဘာဝတရားကိုချစ်မြတ်နိုးတဲ့ cutieလေးတွေအတွက်
ဟောဒီက မင်မင်က ကြိုးစားပမ်းစား လုပ်ထားတဲ့ keychain /phone chain လေးဖြစ်ပါတယ်🤍🍀
Keychain/phone chainတင်မကဘူးနော်
စိတ်ပါရင်
- ဘောပင်မှာတပ်တာဖြစ်ဖြစ်
- အင်္ကျီကြယ်သီးမှာ တပ်တာဖြစ်ဖြစ်
- ခေါင်းစည်းကြိုးနဲ့ တွဲပြီးချည်တာဖြစ်ဖြစ်
- အိတ်မှာချိတ်ချိတ်
- စာအုပ်မှာ bookmark လုပ်လုပ်
စဉ်းစားတတ်ရင် အကုန်လုပ်လို့ရတဲ့
creation လေးပါနော်😗🌹
ချည်ကြိုးနဲ့မို့ အရောင်ပျက်မှာ/ညှိမှာ/ပျက်စီးသွားမှာ စိတ်ပူစရာမလိုဘူးနော့်
ဪ ဟုတ်သား🤔
ဈေးလေးလဲ ပြောရအုံးမယ်
တစ်ခုကိုမှ - 5000ထဲပါရှင်✨✨✨
အကုန်မြန် အမြန်ကုန်လို့ လက်သွက်ဖို့လိုပါမယ်🤓
မှာရန် ➡️ Lai's Jewelry messenger
Telegram -
Ph: 09775299394
06/06/2026
Wire only ကြိုက်သူတွေအတွက်
မင့် ကာကာလေးတွေမှာ 50%က
classic wire artဖြစ်တဲ့
Wire တစ်မျိုးတည်းသုံးတဲ့ accessoriesတွေကို သဘောကျတာတွေ့ရပါတယ်🥰
တကယ်တော့ မင်မင်ကိုယ်တိုင်လဲ
wire only သာဝတ်ပါတယ်😗
ဆိုတော့ simple design လေးတွေပြပေးထားပါတယ်။
ဒါမျိုးတွေက လက်သည်းရှည်ရှည်ကို
လက်သည်းလှလှဆိုးးပြီးးဝတ်ရင်
အရမ်းအရမ်းးးးကိုမှ လှတာရယ်
မင်မင်ကတော့ လက်သည်းနီညို/အညိုရောင်/အနက်ရောင်/အပြာရင့်(navy)/ခရမ်းရင့်
စတဲ့ လက်သည်းအရောင်ရင့်ဆိုးထားပြီး
ဒီလိုdesign ရွှေရောင်နဲ့ဝတ်ရင်
တော်တော်ကြီးကို လိုက်ဖက်မယ်လို့ ထင်ပါတယ်ရှင့်
ဈေးလေးတွေရေးပေးထားတာမို့🍀
ဝင်ကြည့်ရင်းနဲ့ လိုက်ဖက်မဲ့ ကွင်းလေးတွေရွေးသွားနော်
နောက်ကျ aesthetic style ပါတင်ပေးမယ်နော်🤍
ပုံအောက်မှာ ဈေးကြည့်ပါ💫
Art by Lai
💯 Handmade
💯 High quality
💯 Love item 💗
01/06/2026
မင်မင့်ဆီမှာ ဒါလေးတွေရပါပြီရှင်🎊💫✨
ဒါလေးတွေလုပ်ပေးနိုင်ဖို့ကိုလဲ အချိန်နည်းနည်းကြာသွားပေမဲ့ နောက်ဆုံးတော့ရပါပြီရှင်🤍
ဒါလေးတွေက ကျောက်အရိုင်းလေးတွေဖြစ်ပြီး
ရေခဲသားလို ပုံစံလေးမို့အရမ်းလှ
အရောင်လေးတွေကတော့
ပန်းရောင်ဖျော့၊အစိမ်းရင့်နဲ့ အဖြူရောင်ပြေးလေးရှိပါတယ်။
Towerပုံပေါ်တဲ့ အပြာဖျော့၊ခရမ်းနဲ့
အဝါလေးလဲရပါမယ်😘
Price - 13000 (ဘာယူယူ) ✅ကြိုးအမဲပါ
Chain 14K ကြိုးတပ် - 16000 (gold only)
23/05/2026
5000ထဲနဲ့ဘယ်မှာမှမရတဲ့ လက်စွပ်တွေကိုရနိုင်တယ်❓
မင်မင့်ဆီမှာ 5သိန်းကနေစပြီး လက်စွပ်တွေအမျိုးမျိုးရှိပါတယ်။
ဒီနေ့မှာတော့ popular အဖြစ်ဆုံး
ရောင်းအားအကောင်းဆုံး
သဘာဝကျောက်လက်စွပ်လေးတွေကို
တင်ပေးလိုက်ပါတယ်။
100%သဘာဝကျောက်အစစ်ပါ။
ကျောက်စစ်တဲ့နေရာတွေထိ သွားစစ်လို့ရပါတယ်နော်
ဒီလက်စွပ်တွေက အသက်အရွယ်မရွေးဝတ်ကြတဲ့ဟာလေးပါရှင့်🤍
ကဲ order တင်မယ်ဆိုရင်ဖြင့်
Page messenger ကိုကြွပါ🙂↔️
Ph: 09775299394
Telegram -
Lai's Jewelry 🤍
14/05/2026
အသားအရည်ပြဿနာဖြစ်တတ်သူများအတွက်သာ🎁
မင်မင့်ဆီမှာ ကာကာလေးတွေလာမေးကြတယ်
မင်မင်ရေ ကျောက်လေးတွေနဲ့ accessories လေးတွေဝတ်ချင်တယ် ဒါပေမဲ့
- အရောင်ပျက်တာမြန်လို့
- အသားတွေ ယားလို့
- အသားတွေပြာသွားလို့ (copper ကြောင့်)
- ချွေးစိုမခံလို့
စသဖြင့် ပြဿနာလေးတွေပြောပြတော့
ဖြေရှင်းနည်းရှာရတော့တာပေါ့ရှင်😵💫
"ကိုယ့်နဲ့အဆင်မပြေတာကိုတော့ အတင်းမဝတ်ပါနဲ့
အဆင်ပြေတာ လုပ်ပေးမယ်လေနော် "✋🏻🧠✍🏻💡!!!!
ဆိုပြီး လုပ်ပေးဖြစ်တဲ့ ချည်ကြိုးနဲ့လုပ်ထားတဲ့
Rose quartz setလေးဖြစ်ပါတယ်။
ကျောက်ပန်းရောင်လေးကို ပိုပေါ်လွင်အောင်
အရောင်ရင့်ကြိုးနဲ့သီပေးထားတယ်🧚🏻♀️
အပြင်မှာတော့ ကျောက်တွေက လုံးဝပန်းရောင်နော်
ကြိုးကလဲ ပါးပါးအိအိလေးမို့
အသားလောင်မှာ
အသားအရည်ပြဿနာဖြစ်မှာ လုံးဝ! စိတ်မပူရ🧐
ဈေးလဲ သက်သာသေးတယ်ကွယ်
ဘာလိုသေးလဲ 🙂↔️
Price - 5000 (လက်ကောက်)
Price - 7000 (ဆွဲကြိုး)
တခြားကျောက်ရတာလေးတွေ comment ထဲမှာ ပြပေးထားပါမယ်ရှင့်🤍
Order တင်ချင်ရင်တော့ Lai's Jewelry ကို
အချိန်မရွေးဆက်သွယ်လိုက်ပါနော်😘
03/05/2026
ခင်လေးစိမ်းတဲ့ အစိမ်းမျိုး 🤣
Green theme လေးမို့ အစိမ်းရောင်လေးတွေချည်း
သစ်ရွက်လဲစိမ်း *သူ*လဲစိမ်း *သူမ*လဲစိမ်း
ခပ်စိမ်းစိမ်းနေကြတာပေါ့
Instock ရှိတုန်း 🤙📱
01/05/2026
မိန်းကလေးတို့ရေ သူတို့ဒါလေးမှမဝယ်ပေးရင်
ထားခဲ့လိုက်တော့
(တကယ်ပြောတာဟုတ်ဘူးနော်🤭)
အကွင်းပေါင်း 67ကွင်းအထိ ရောင်းရပြီးပြီဖြစ်တဲ့
Fairy bracelet 🧚🏻♀️လေးတွေဖြစ်ပါတယ်✨✨✨
ဈေးလဲသင့်ပြီး အရမ်းကိုမှ လှလွန်းတဲ့
bracelet လေးတွေမို့
လူကြိုက်များတာတော့ ဆန်းတယ် မပြောနိုင်ဘူးရယ်
ဒါလေးတွေက မင်မင့်မှာ လိုအပ်တဲ့ stockတွေရှိတုန်းပဲမှာလို့ရမှာပါနော်
ကုန်သွားရင်တော့ မတတ်နိုင်ဘူးနော်🥲
ဈေးလေးတွေကို ပုံအောက်မှာရေးပေးထားပါတယ်နော်
💯 High quality
💯 Handmade
💯 Love item 💗
🍀CODရပါတယ်နော်
24/04/2026
Spider on my chest 😘🕸️
တို့တွေက ပင့်ကူဆို တုန်နေအောင်ကြောက်ကြပေမဲ့
သူတို့က ပတ်ဝန်းကျင်အတွက်မရှိမဖြစ်လေးတွေပါ
ဒါကြောင့် မရှိမဖြစ် ပင့်ကူကို ရင်ထိုးအနေနဲ့
ဘယ်သွားသွား ချိတ်သွားလို့ရအောင်
လုပ်ပေးဖြစ်ပါတယ်😁
Carnelianကျောက်ကိုမှ quality ရှယ်နဲ့လုပ်ပေးထားတဲ့
Cusတစ်ယောက်ရဲ့ customize order လေးပါရှင့်
Price - (ကျောက်ပေါ်မူတည်)
ကြိုက်တဲ့ကျောက်နဲ့မှာလို့ရပါတယ်နော် 😘🤍
Lai's Jewelry to order 🤍
Ninjavan COD ရပါတယ်
ကျန်တဲ့ deliဆို ငွေအပြည့်ချေရပါတယ်နော်
💯 Water/sweat proof
💯 Highe Quality
💯 Handmade
💯 Love item 💗
23/04/2026
တစ်သက်လုံး တန်ဖိုးထားမယ်လို့
တွေးမိတဲ့အရာမျိုး ရှိဖူးလား?
သေချာပေါက် ကိုယ့်ရဲ့ချစ်ရသူတွေဆီက
ကိုယ့်ရဲ့အဖေ၊အမေ ညီကိုမောင်နှမအပြင်ကို
ချစ်သူ၊ crush စီကနေရတဲ့ အရာတွေကလဲ
တစ်သက်လုံး တန်ဖိုးထားချင်တဲ့အရာတွေ
ဖြစ်လာနိုင်ပါတယ်။
ဒီတစ်ခါမှာတော့ အမြဲတမ်းဝတ်ထားရအဆင်ပြေစေမဲ့
ပွဲတက် ၊daily wearပါ ကျော့မော့စေတဲ့ လက်စွပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Bond Ring လို့ခေါ်ပါတယ်
မင်မင်ကိုယ်တိုင်လဲ တစ်ကွင်းရှိပြီး
ကိုယ့်ကိုယ်ကိုယ်ချစ်လို့ ပေးထားခြင်းဖြစ်ပါတယ်။
ဒီလက်စွပ်ဟာ ဒီတိုင်းသာမန် "ရော့__အင့်"ဆိုပြီး ပေးလိုက်လို့ရတာမျိုးတော့ လုံးဝမဟုတ်ဘူးနော်
သေချာတဲ့လူကို သေချာတဲ့အကြောင်းပြချက်နဲ့
ပေးစေလိုပါတယ်။
ဆင်တူဝတ်ရင်တော့အကောင်းဆုံးပေါ့
Uni sexမို့ အမျိုးသား၊အမျိုးသမီး
သက်ကြီးပိုင်း၊သတ်လတ်ပိုင်းနဲ့ အငယ်လေးတွေလဲဝတ်လို့ရပါတယ်နော်
Price - 8000kyats
💯Water proof
💯sweat proof
Lai's Jewelry to order 🤍
Click here to claim your Sponsored Listing.
Contact the business
Website
Address
Bago
