Hmwe Yee’s World

Hmwe Yee’s World

Share

Feme product သည်မြန်မာနိုင်ငံ FDA လက်မှတ် ရပြီးဖြစ်သည်

Photos from Hmwe Yee’s World's post 22/10/2023

ပန်းရောင် တွေ ကြား က

❤️တစ်ခြမ်းနဲ့ ကောင်မလေး😜


Nang Hmwe Yee

18/10/2023

ကံကောင်းခြင်း တွေ ကို သတိရ၊ အသိမှတ်ပြုပေးပါ
- ကိုယ်ရဲ့ ကျန်းမာခြင်းက မကျမ်းမာတဲ့သူတစ်ယောက်ရဲ့အဖြစ်ချင်ဆုံးအရာပဲ

- ကိုယ့်မှာ ဝင်ငွေ/အလုပ် ရှိခြင်းက အလုပ်မရသေးတဲ့သူတွေ အလိုချင်ဆုံးအရာပဲ

- ကိုယ့်မှာ နေဖို့ အိမ်ရှိခြင်းက အိမ် မပိုင်သေးတဲ့သူတွေအတွက် အိပ်မက်တစ်ခုပဲ

- ကိုယ့်ဘ၀မှာ အားကိုးရမဲ့ မိသားစု ရှိနေခြင်းက တစ်ယောက်ထဲရုံးကန်နေရတဲ့သူတွေ အတွက် အဖြစ်ချင်ဆုံးပဲ

ဒါ့ကြောင့်
အခက်အခဲ အဖုအထစ် တွေက လူတိုင်းမှာရှိမှပဲ
ဒါပေမဲ့ ပြဿနာ လေးတွေကြောင့်
ကိုယ့်မှာရနေတဲ့ ကံကောင်းခြင်းတွေ ကို လုံး၀မေ့ပစ်ပြီး
ငါ့ဘ၀ကြီးအဆင်မပြေပါဘူး လို့ တွေးပြီး အမြဲစိတ်ညစ် နေဖို့မှမလိုတာ ....

Crd
Nang Hmwe Yee

05/08/2023

မျက်ကွင်းညိုတာ ပျောက်ကင်းချင်သလား

ပထမနည်း – သံပုရာရည် တဇွန်း၊ မုန့်ညှင်းဆီတဇွန်းနဲ့ နနွင်းဇွန်းတဝက်စာ ရောပြီး paste ပျစ်ပျစ်ဖြစ်အောင် ဖျော်ပါ။ တချို့က ဒိန်ချဉ်၊နွားနို့လည်း ထည့်တယ်။ ရလာတဲ့ အရည်ပျစ်ကို မျက်ကွင်းအောက်မှာ လိမ်းပြီး လက်ညှိုးနဲ့အသာ ပွတ်ပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။

ဒုတိယနည်း- ပြီးရင် သခွားသီးကို ခပ်ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်ပေးပါ။
နာရီဝက်ခန့်ထားပြီး ရေနွေးနဲ့ ပြန်ဆေးပါ။ သခွားသီးနေရာမှာ အာလူးလည်း သုံးလို့ရတယ်။ အာလူးကိုပါးပါးလှီး၊ မျက်ကွင်းနေရာမှာ လခြမ်းပုံဖြစ်အောင် လုပ်ပြီး ကပ်လို့ရတယ်။

အထက်ပါအတိုင်း နေ့စဉ်ပြုလုပ်ပေးပါက သုံးလအတွင်း ထူးခြားမှုကို ရရှိနိုင်မှာဖြစ်ပြီး မျက်ကွင်းညိုတာ ပျောက်ကင်းသွားပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

05/08/2023

“ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်”

လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။ မမှန်ဘူးခင်ဗျား… ။

နှလုံးနာတဲ့ ဝေဒနာ… အဲ… (Heart Attack) နှင့် ရေဆိုတာ ဒွန်တွဲနေပါတယ်။

“ လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ”

“ နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။ ၀ပ်နေတယ်။ ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ… အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့် တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့ ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။”

ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။ ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ခင်ဗျား။

မှန်ပါတယ်။
အဲ… ဒါပေမယ့်… ။ နှလုံးရောဂါကု ပညာရှင်တွေရဲ့ အဆိုအရ ရေကို ပိုသောက်ပေးသင့်တဲ့ အချိန်တွေကို သတ်မှတ်ပေးထားပါတယ်။

ဘယ်လို သတ်မှတ်ထားသလဲ။
မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာကိုယ်အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။

နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။ အစာကြေ လွယ်တာကို ခံစားရပါမယ်။

ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။

အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။

အဲ… ပြောရအုံးမယ်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။ ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ … Leg Cramp မှလည်း ကင်းဝေးစေပါတယ်။

ဘာကြောင့်လဲ။
ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်သိချင်လျှင်… (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of American College of Cardiology)မှာ ဖတ်ကြည့်ပါ။

နှလုံးနာတဲ့ရောဂါ… heart attack ဆိုတာဟာ နေ့ဘက်မှာပဲ ဖြစ်လေ့ ပိုရှိပါတယ်။ နံနက် (၆)နာရီနှင့် မွန်းတည့်အချိန် အတွင်းမှာ ဖြစ်တတ်ပါတယ်။ ညဘက် မဖြစ်ဘူးလား။ အဖြစ် နည်းပါတယ်။

နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက် (baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။ ညအိပ်ရာ မ၀င်ခင် သောက်ပါ။ ဘာကြောင့်လဲ နေ့ဘက်မှ ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin) တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း အများဆုံး က မနက် စောစောပိုင်း အချိန်တွေပါ။
(အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင် ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။ ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ မှတ်ယူနိုင်ပါတယ်။ မှန်ပါတယ်။ လေဖြတ်ပြီး ဘ၀ပျက်ရမဲ့ ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။

ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာ အပေါ် တင်လိုက်တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်၀င်သွားနိုင်တဲ့ (အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။

Heart attack… အဲ… နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့် ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။

ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။
မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။ ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။

အဲ… ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့ ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။

နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့ ခင်ဗျား။

မှန်ပါတယ်။
အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀(ခြောက်ဆယ်) ရာခိုင်နှုန်းက နှလုံးနာဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။

မြန်မာတွေ ပြောလေ့ရှိတဲ့ “အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ” ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။

ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။
အဲ… အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။

(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။

အဲ… ဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရေပုလင်း… အဲ… ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။

နောက်… ဘာဆက်လုပ်သင့်ပါသလဲ။
အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။
အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။

အနီးပတ်၀န်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water)ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ။

တိုတိုလေးပါ။
ဒါပေမဲ့ ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။ လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။

မှန်ပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။

စာရှုသူ… ။
ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။

(၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။

(၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။

အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈ (ရှစ်)သိန်းနီးပါး ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။
စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။

(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ… ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။

မှန်ပါတယ်။
ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။

*Credit:
ဦးလှဝင်း (လေသူရဲတစ်ဦး)
Thanks.


ပြန်လည်မျှဝေပေးပါသည်။

04/08/2023

အသားဖြူအောင် ဘယ်လိုနေမလဲ❓❓

မြန်မာ မိန်းကလေး အများစု က အသားဖြူချင်ကြပါတယ်. နေထိုင်မှုတွေ မှားယွင်းနေတော့ အသားအရေ က ညစ်သည်ထက်ညစ်လာတယ်. အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်ရှင်... 😻

💧ရေ အများကြီးသောက်ပါ 💧

ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာပါတယ်. အဲ့အတွက် ရေအများကြီးသောက်ပါ. ပိန်ချင်တဲ့ သူတွေ ကလည်း အစာမစားခက် နာရီဝက်အလိုမှာ ရေအဝသောက်ပြီးမှ အစာစားပါ. ပိန်လာပါမယ်.

🌞နေလောင်ကာခရင် လိမ်းပါ 🌞

မြန်မာနိုင်ငံ ရဲ့ ဒေသအများစု က နေတကယ်ပူပါတယ်. အဲ့အတွက် အပြင်ထွက်တိုင်း နေလောင်ကာခရင် လိမ်းပေးပါ. ခန္ဓာကိုယ်အတွက်ရော မျက်နှာအတွက်ပါ လိမ်းပေးရမယ်နော် 😍

🚴🏻‍♀️ ချွေး ထွက်အောင်နေပါ 🚴🏻

လေ့ကျင့်ခန်း လုပ်တာ, spa သွားပြီး ချွေးထုတတာတို့ကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ. ချွေး ထွက်ရင် သိသိသာသာ အသားကြည်လာလိမ့်မယ် 😎

✨Scrub တွေ သုံးပါ ✨

ခန္ဓာကိုယ်အတွက် ဆိုရင် body scrub, မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို့ လိုပါတယ်. ဒါကလည်း တစ်ပတ် တစ်ခါ သုံးရမှာမှာပါ 🤠

🌸 Detox လုပ်ပါ 🌸

အလွယ်ကူဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့. နေ့စဉ်စားသောက်နေတဲ့ အရာတိုင်းမှာ အဆိပ်အတောက်တွေ ရှိနေပါတယ်. အဲ့အတွက် detox water လေး သောက်ပေးပါ. detox water = အသီးအရွက်တွေ စိမ်ထားသော ရေ (အသေးစိတ်ကို internet ပေါ်တွင် ဖတ်ရှုပါ 😝

🙏🏻 ဘုရားသွားပါ 🙏🏻

ကိုယ့်ဘာသာနှင့် ကိုယ် ကိုယ်တိုင်ယုံကြည်ကိုးကွယသော နေရာကို တစ်ပတ်တစ်ခါ သွားပါ. စိတ်ရှင်းမှ ကျန်းမာမှာ. ကျန်းမာမှ အသားအရေ ကောင်းမှာနော်🙏🏻

💋 Skincare ပုံမှန် လုပ်ပါ 💋

နေ့စဉ် မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီးမှ အိပ်, သေချာ အသားအရည်အတွက် တကယ်ကောင်းမယ့် ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ. အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ် 👄

😻Sheet mask လေးတွေ ကပ်ပေးပါ 😻

Sheet Mask လေးတွေ က ချက်ချင်းအသားကို ဖြူအောင် လုပ်ပေးနိုင်ပါတယ်. သူ့အာနိသင်က ၃ရက်လောက်ထိ ခံတာ ဖြစ်လို့ အသားခြောက်သူဆိုရင် တစ်ပတ် နှစ်ခါ, အဆီပြန်သူဆိုရင် တစ်ပတ် တစ်ခါလောက် ကပ်ပေးသင့်ပါတယ်. 👩🏼

ဒီ အချက် (၈) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ဖြူပြီး ကြည်လာမှာပါ. 😼နေ့စဉ်အသားအရေကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ကြပါစေရှင့် 💖

Please Like 👍🏻 & Share

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင့် 💜
#အသားဖြူအောင်နေထိုင်နည်း

Photo Credit- Internet

For all business enquiries, brand collaborations or influencer opportunities, please contact 09795500338.
Feel Free to ask anything on Message Box.
+ Subscribed On YouTube @ Emily's Beauty Diaries
+FOLLOW ME ON INSTRAGRAM @ _emily_cora_16
+SNAPCHAT:_emily_cora20
FTC Disclaimer: Please keep in mind that I would never promote or use a product on my channel that I did not like.

Zawgyi Version

အသားဖြူအောင် ဘယ်လိုနေမလဲ

မြန်မာ မိန်းကလေး အများစု က အသားဖြူချင်ကြပါတယ်. နေထိုင်မှုတွေ မှားယွင်းနေတော့ အသားအရေ က ညစ်သည်ထက်ညစ်လာတယ်. အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်ရှင်... 😻

💧ရေ အများကြီးသောက်ပါ 💧

ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာပါတယ်. အဲ့အတွက် ရေအများကြီးသောက်ပါ. ပိန်ချင်တဲ့ သူတွေ ကလည်း အစာမစားခက် နာရီဝက်အလိုမှာ ရေအဝသောက်ပြီးမှ အစာစားပါ. ပိန်လာပါမယ်.

🌞နေလောင်ကာခရင် လိမ်းပါ 🌞

မြန်မာနိုင်ငံ ရဲ့ ဒေသအများစု က နေတကယ်ပူပါတယ်. အဲ့အတွက် အပြင်ထွက်တိုင်း နေလောင်ကာခရင် လိမ်းပေးပါ. ခန္ဓာကိုယ်အတွက်ရော မျက်နှာအတွက်ပါ လိမ်းပေးရမယ်နော် 😍

🚴🏻‍♀️ ချွေး ထွက်အောင်နေပါ 🚴🏻

လေ့ကျင့်ခန်း လုပ်တာ, spa သွားပြီး ချွေးထုတတာတို့ကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ. ချွေး ထွက်ရင် သိသိသာသာ အသားကြည်လာလိမ့်မယ် 😎

✨Scrub တွေ သုံးပါ ✨

ခန္ဓာကိုယ်အတွက် ဆိုရင် body scrub, မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို့ လိုပါတယ်. ဒါကလည်း တစ်ပတ် တစ်ခါ သုံးရမှာမှာပါ 🤠

🌸 Detox လုပ်ပါ 🌸

အလွယ်ကူဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့. နေ့စဉ်စားသောက်နေတဲ့ အရာတိုင်းမှာ အဆိပ်အတောက်တွေ ရှိနေပါတယ်. အဲ့အတွက် detox water လေး သောက်ပေးပါ. detox water = အသီးအရွက်တွေ စိမ်ထားသော ရေ (အသေးစိတ်ကို internet ပေါ်တွင် ဖတ်ရှုပါ 😝

🙏🏻 ဘုရားသွားပါ 🙏🏻

ကိုယ့်ဘာသာနှင့် ကိုယ် ကိုယ်တိုင်ယုံကြည်ကိုးကွယသော နေရာကို တစ်ပတ်တစ်ခါ သွားပါ. စိတ်ရှင်းမှ ကျန်းမာမှာ. ကျန်းမာမှ အသားအရေ ကောင်းမှာနော်🙏🏻

💋 Skincare ပုံမှန် လုပ်ပါ 💋

နေ့စဉ် မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီးမှ အိပ်, သေချာ အသားအရည်အတွက် တကယ်ကောင်းမယ့် ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ. အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ် 👄

😻Sheet mask လေးတွေ ကပ်ပေးပါ 😻

Sheet Mask လေးတွေ က ချက်ချင်းအသားကို ဖြူအောင် လုပ်ပေးနိုင်ပါတယ်. သူ့အာနိသင်က ၃ရက်လောက်ထိ ခံတာ ဖြစ်လို့ အသားခြောက်သူဆိုရင် တစ်ပတ် နှစ်ခါ, အဆီပြန်သူဆိုရင် တစ်ပတ် တစ်ခါလောက် ကပ်ပေးသင့်ပါတယ်. 👩🏼

ဒီ အချက် (၈) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ဖြူပြီး ကြည်လာမှာပါ. 😼နေ့စဉ်အသားအရေကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ကြပါစေရှင့် 💖

Please Like 👍🏻 & Share

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင့် 💜
#အသားဖြူအောင်နေထိုင်နည်း

Photo Credit- Internet

For all business enquiries, brand collaborations or influencer opportunities, please contact 09795500338.
Feel Free to ask anything on Message Box.
+ Subscribed On YouTube @ Emily's Beauty Diaries
+FOLLOW ME ON INSTRAGRAM @ _emily_cora_16
+SNAPCHAT:_emily_cora20
FTC Disclaimer: Please keep in mind that I would never promote or use a product on my channel that I did not like.

31/10/2022

အရက်မသောက် ဘီယာမသောက်
အသည်းရောင် ဘီပိုး စီပိုး မရှိဘဲ
အသည်းခြောက် အသည်းကင်ဆာ
ဖြစ်ပြီးသေတယ်ဆိုတာ
(Fungus) မှို က အသည်းကို တန်းထိလို့ပါ။

Fungus ဟာမြင့်မားတဲ့
အပူချိန်မှာတောင် မသေပါဘူး။
ရေနှင့်ဘယ်လိုဆေးကြောသန့်စင်
ပျောက်မသွားပါဘူး။

မြန်မာနိုင်ငံရဲ့
အစားအသောက်အတော်များများမှာ
မှို(Fungus)ဖြစ်ပေါ်မှုသည်၇၅% ရှိပါတယ်။

လူရဲ့ခန္ဓာကိုယ်အပေါ်ယံအရေပြားမှာ
ချွေးပေါက်တွေသည်လည်း
အမြဲသန့်ရှင်းမှုမရှိပါက မှိုစွဲကပ်မှုဖြစ်ပေါ်စေပါတယ်။

အဲဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေး
အမြဲပြုလုပ်သင့်ပါတယ်။

ကင်ဆာရောဂါရဲ့၈၀% ဟာ
မှို(Fungus) ကြောင့်ဖြစ်တယ်
လေ့လာရရှိသလောက်မျှဝေပါတယ်။

မှိုတက်တဲ့ အစားအစာတွေကတော့
အများကြီးပါပဲ။ မှိုများများတွေ့ရတတ်တာ
ငြုတ်သီးခြောက်၊ ငြုတ်သီးမှုန့်
အချဉ်အမျိုးမျိုး မုန်ညင်းချဉ် မုန်လာချဉ်
ကြက်သွန်ဥချဉ် ကတက်ချဉ် လဘက်အစို
စီတိုဝူး သနပ်မျိုးစုံ ယိုမျိုးစုံ ပဲအကြော်စုံ
ရက်လွန် ဟင်းလျာများ စသည်ဖြင့်
ဖြစ်ပါတယ်။

Credit

မစားခင် သေချာလေး ရေဆေးရေစိမ် လုပ်ပေးပါ❤️

31/10/2022

လမ်းလျှောက်ကြပါ၊ ဆေးသောက်တာတွေ နည်းလာစေပါမယ်၊
လူတယောက်ဟာ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်၃၀ လမ်းလျှောက်ရင် ဘာအကျိုး ကျေးဇူးတွေရသလဲ သိဖို့လိုတယ်၊
ကိုယ်လုပ်တဲ့ လုပ်ရပ်မှန်သမျှ အသိနဲ့လုပ်ပြီဆို သာမန် အုတ်ရောရော ကျောက်ရောရော ဒီဇင်ဘာလတလ ထ လမ်းလျှောက်တဲ့ စိတ်မျိုး ဟုတ်ကိုမဟုတ်ပဲ နှစ်သက် စွဲလမ်းလာပါတယ်၊

1. လမ်းလျှောက်ခြင်းဟာ ဦးနှောက်ထဲမှာ အင်ဒိုဖင်း Endorphin ဟော်မုန်းပိုမြင့်လာသလို Stress စိတ်ကျဥ်းကြပ်မှုတွေကို သိသိသာသာလျော့စေပါတယ်၊ ပျော်ရွှင်လာပြီး Alzheimer အယ်လ်ဇိုင်းမားနဲ့ Dementia ဒီမင်းရှားခေါ် အသက်ကြီးပိုင်း သတိမေ့ တဲ့ မမှတ်မိတော့တဲ့ ရောဂါဖြစ်နိုင်မှု လျော့နည်းပါတယ်၊

2. အမြင်အာရုံကိုသန်စွမ်းစေပါတယ်၊ တောင်ကြည့်မြောက်ကြည့်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်😀😀 သွေးတွင်းအချိုဓါတ်ကိုလည်းလျော့စေတယ်၊

3. အမေရိကန် နှလုံးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကတော့ လမ်းလျှောက်တာဟာပြေးသလိုပါပဲ၊ လေဖြတ်တာ stroke နဲ့ တခြားနှလုံးနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနည်းစေတယ်ဆိုပါတယ်၊ သွေးလည်ပတ်မှုကောင်းသလို ကိုလက်စထရော ကျမယ်| တခါသွေးဖိအားကိုလည်း ထိန်းညှိပေးလာပါတယ်၊

4. အဆုတ်ဟာသန်မာထွားကြိုင်းလာပြီး အောက်ဆီဂျင်စုပ်ယူမှုကောင်းလာတာနဲ့အမျှ ခန္ဓာကိုယ်က မလိုတဲ့ အဆိပ်တွေဖယ်ထုတ်နိုင်ပြီး အဆုတ်နဲ့ ပတ်သက်တဲ့ တခြားရောဂါဖြစ်မှုကို ကာကွယ်ပေးပါတယ်၊

5. ပန်ကရိယကို ပိုကျန်းမာစေပြီး ရှိသင့်တဲ့ သွေးချိုပမာဏကိုရစေတာမို့ ဆီးချိုမဖြစ်ချင်ရင် လမ်းနေ့တိုင်းလျှောက်ပါ၊

6. လမ်းလျှောက်တာဟာ ကလီစာတွေဖြစ်တဲ့ အူတွေ အူမတွေ အစာဟောင်းအိမ်တွေပါ လှုပ်ရှားမှုဖြစ်စေတာမို့ အစာခြေလမ်းကြောင်းတလျှောက် ကျန်းမာစေတယ်၊ ဝမ်းချုပ်သက်သာသလို အူမကြီးကင်ဆာဖြစ်မှု နည်းပါးစေပါတယ်၊

7. ခန္ဓာကြွက်သားတွေဟာကျစ်လစ်သန်မာလာပြီး ကြွက်သားထဲက အဆီတွေနည်းပါးလာမယ်၊ တနေ့​ခြေလှမ်း တစ်သောင်း လျှောက်သူတွေဒီအကျိုးကျေးဇူး မုချမသွေရပါမယ်၊ ဖြစ်နိုင်ရင်အတက်အဆင်းမြေပြင်တွေလျှောက်နိုင်လေပိုကောင်းလေပါပဲ၊

8. တနေ့ နာရီဝက်လောက်လျှောက်ရုံနဲ့ အရိုးအဆစ် ဂျွိုင့်တွေ ပျော့ပျောင်းသန်မာပါတယ်။ တောင့်တင်းမနေတော့ပါဘူး၊ အရိုးပျော့မှုတွေလည်း ကာကွယ်လာပါတယ်၊

9. ခါးနာတာ သက်သာစေတယ်၊ သာမန်လမ်းလျှောက်ရုံနဲ့ သွေးလည်ပတ်မှုဟာ ကြောရိုးတလျှောက် ကောင်းမွန်သလိုအနေအထားမှန်ကန်မှုပိုဖြစ်စေလို့ခါးနာခြင်း ကိုသက်သာစေတာပါ၊

10. စိတ်ကျဥ်းကြပ်မှု၊ စိုးရိမ်ပူပန်လွန်မှု၊ စိတ်အားငယ်မှု တွေလျော့ပါးရုံမက နေ့စဥ် တက်ကြွ လန်းဆမ်းတဲ့ စိတ်တွေဖြစ်ပေါ်ပါတယ်၊

လမ်းစလျှောက်ရင် တနာရီ ၃ မိုင်လောက်ရအောင် တော့လျှောက်ပါ၊ တမိုင် ၁၇ မိနစ်လောက်ရအောင်တဖြေးဖြေးချင်း နေ့စဥ် အရှိန်မြှင့်လျှောက်ပေးပါ၊ ထမင်းစားကောင်းရုံလေး လှုပ်တိလှုပ်ဖတ်လေးတော့ မလျှောက်ပါနဲ့၊
တနေ့ကို အနည်းဆုံး နာရီဝက်ရအောင် လျှောက်ဖို့ကြိုးစားပါ၊

ပျှမ်းမျှ ကယ်လိုရီ ၆၀၀ လောက်ကျမယ် နာရီဝက်အနည်းဆုံးလဲ လျှောက်မယ်ဆိုလို့ကတော့ သက်ရှည် ကျန်းမာ နုပျို ရွှင်လန်း စိတ်ချမ်းသာစွာ ဘဝကို ပျော်ပျော်ကြီးဖြတ်နိုင်မယ်ဆိုတာ အသိပေး သတိပေးပါတယ်၊
နောက်ကြုံတဲ့ အခါမှ ဝိတ်ကျအောင်ဘယ်လိုလျှောက်သလဲ ကိုယ်တွေ့ စာတွေ့ရေးပါအုံးမယ်

မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ၊

Crd

Photos from Hmwe Yee’s World's post 31/10/2022

#တခါတလေခြေဖဝါးနှစ်ဖက်ကထွက်တဲ့အရည်မတူမမျဘူး
ဆိုတာ သတိထားမိလား?

ကိုယ်တို့အတွင်းအဂ်ါတချို့ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း ညာဘက်ခြမ်းမှာ
အလုပ်လုပ်နေရခြင်းမတူညီသလို ချို့ယွင်းမှုလဲမတူဘူးခ!

☯Balance ညီဖို့ အတွင်းပိုင်းလှုပ်ဆောင်ပုံထိန်းညှိဖို့
#သဘာဝတိုင်းဆေးကပ်ခွာ အထူးသဖြင့် Neg Ions ပါတဲ့
ဝါးမီးသွေးပါထားတဲ့ကပ်ခွာဆို ခြေဖဝါးကနေတဆင့်
ချိတ်စက်နေတဲ့အကြောအစုံ နေရာအစုံ လိုအပ်ရင်လိုအပ်သလို
သွေးလည်ပတ်မှုကို လှုံ့စော်ပေးပြီး ချို့ယွင်းနေတဲ့
အဂ်ါအစိတ်အပိုင်းကို ထိထိမိမိမွမ်းမံပြုစုပေးနိုင်တယ် ✅

ရောင်ရမ်းပျက်စီးနေတဲ့အပိုင်းကိုလဲ ကတ်စမူနာဂျင်းကလဲ
အမြန်သက်သာဖို့ ပြုစုပေးနိုင်ပါတယ်✅

ဒီလိုချို့ယွင်းတဲ့အတွင်းပိုင်းထိထိမိမိပြုစုကူညီပေးနိုင်တဲ့ကပ်ခွာ
မှာလုံးဝရရှိကြောင်း အာမခံတယ်
သုံးမိသူတိုင်း သုံးနေကျကပ်ခွာနဲ့လုံးဝမတူကြောင်း ခံစားရ
သိသာသက်သာမှုရစေသလို ်ခွာ ကိုပဲစွဲစွဲမြဲမြဲ
အမာခံသုံးသူအနေဖြင့်ပြောင်းပြီး အသုံးမပြတ်
ဆက်တိုက်သုံးဆောင်ချင်ကြတော့တာဖြစ်ပါတယ် ✅

#တိုင်းရင်းဆေးကပ်ခွာစစ်စစ်

31/10/2022

#ပဲစေ့လောက်သုံးရုံနဲ့
ခံတွင်းကျန်းမာရေး ဂရုစိုက်နိုင်ပြီနော်🍀

Want your business to be the top-listed Beauty Salon in Banmaw?
Click here to claim your Sponsored Listing.

Telephone

Website

Address

Banmaw