Thin Nwe Soe
Knowledge
23/05/2024
'' မိန်းကလေးများအတွက် Relationship စည်းမျဉ်းများ''
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
1. သူက မင်းကို လှတယ်လို့ ပြော
တဲ့အတွက် မင်းရဲ့ခန္စကိုယ်ကို မပေးပါနဲ့။ မင်းကိုလက်ထပ်ခဲ့တဲ့အချိန်မှာပဲ ပေးပါ။
2. မင်းကို အမေကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးမယ်လို့ပြောတဲ့အတွက် မင်းအင်္ကျီတွေကို မချွတ်ပါနဲ့။ မဂ်လာဆောင်ပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ချိန်မှာပဲ ချွတ်ပါ။
3. သူက မင်းသွားချင်နေရာလိုက်ပို့လို့၊
ဒါမှမဟုတ် ရေခဲမုန့်နဲ့ ထမင်းကြော်ဝယ်ပေးတဲ့အတွက် သူ့ကို အိမ်ပြန်မခေါ်ပါနဲ့။ မင်းကို ဘုရင်မလို ဆက်ဆံပြီး မင်းဘဝရဲ့ ချစ်ခြင်းမေတ္တာဖြစ်ဖို့ ကတိပြုထားတဲ့ချိန်မှာပဲ သူ့ကို အိမ်ခေါ်သွားပါ။
4. ဒီနေ့ သူ့မှာ ပိုက်ဆံမရှိလို့ သူ့ကို မငြင်းပယ်ပါနဲ့။ သူသည် အမြော်အမြင်ရှိသောသူဖြစ်လျှင် သူ့ကို ဆွဲထားပါ။ အခြားအမျိုးသမီးတစ်ဦးအတွက်၊ သူသည် ပျားရည်သလိုရှိပြီး အနာဂတ်မှာ ယော်ကျားကောင်းတစ်ယောက် ဖြစ်တယ်။
5. အခြားလူက သင့်ကို နာကျင်စေတဲ့အတွက် သူ့ကို အပြစ်မတင်ပါနဲ့။ ယောက်ျားတိုင်းသည် တူညီကြသည်မဟုတ်။ မင်းကို တကယ်ချစ်တဲ့သူဆိုရင်
မင်းကို ဒုက္ခမပေးပါဘူး။ သူ မင်းကို ချစ်ရင် သူ့ကို အခွင့်အရေး ပေးပါ၊ သူ မင်းအတွက် ကြုံဖူးသမျှထဲက အကောင်းဆုံးအရာ ဖြစ်နိုင်ပါတယ်။
6. လူကောင်းတစ်ယောက် ဘယ်မှာရှာရမလဲလို့ တစ်ညလုံး ဆုတောင်းပြီး တွေးတောမနေပါနဲ့။ သင်၏စရိုက်လက္ခဏာကိုပြင်ပါ၊ စိတ်ကောင်းထားပါ၊ ယော်ကျားတိုင်းနဲ့ မကစားနဲ့ အချစ်စစ်ဆိုတာ အချိန်တန်ရင် မင်းဆီရောက်လာမှာပါ။
21/05/2024
သူရိုင်းတိုင်း ကိုယ်မရိုင်းနဲ့
သူယုတ်တိုင်း ကိုယ်မယုတ်နဲ့။
တချို့စိတ်ဓာတ်တွေက
အောက်တန်းကျရုံတင် မဟုတ်ဘူး
အဝီစိပါ ရောက်နေပြီးသား။
ဒါကို ကိုယ်က သေချာမစဉ်းစားဘဲ
သူတို့လုပ်သလို ပြန်လုပ်လိုက်မယ်
သူတို့ယုတ်သလို ပြန်ယုတ်လိုက်မယ်ဆိုရင်
အများအမြင်မှာ
ကိုယ်ပါ သူတို့နှင့် ယှဉ်ပြီး
တန်းညှိခံရတာမျိုး
တန်ဖိုးချခံရတာမျိုး ဖြစ်သွားနိုင်တယ်။
စိတ်ဓာတ်အဆင့်အတန်းချင်း မတူသလို
တန်ဖိုးချင်းလည်း မတူပါဘူး
မတူရင် မတုတာ အကောင်းဆုံးပဲ
တန်းညှိမခံနဲ့၊ တန်ဖိုးချမခံနဲ့။
ပုတ်နေတဲ့အသီး
ကိုယ်မခြွေလည်း သူ့အလိုလို ကြွေပါတယ်
သူပြုတဲ့ကံ သူ့ဆီပြန်သွားလိမ့်မယ်
သူ့အဆိုးက သူ့ကို ပြန်အကျိုးပေးလိမ့်မယ် ။။
19/05/2024
စိတ်ဓာတ် ယုတ်မာသူ အတွက်
ပညာတတ်ခြင်းဟာ အလကားပဲ…
မျော်လင့်ချက် မရှိသူအတွက်
မနက်ဖြန် ဆိုတာ အလကားပဲ…
သင်္ခန်းစာ မယူတတ်သူအတွက်
အတွေ့ကြုံ ဆိုတာ အလကားပဲ…
ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
ကူညီပေးမှု့ဟာ အလကားပဲ…
အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
ခေါင်းဆောင် ဆိုတာ အလကားပဲ…
ခံစားချက် မရှိသူ အတွက်
နှလုံးသား တစ်စုံဟာ အလကားပဲ…
မကြိုးစားသူ အတွက်
အခွင့်အရေး ဆိုတာ အလကားဘဲ…
နှမြောတွန့်တိုတတ်သူ အတွက်
ချမ်းသာခြင်းဟာ အလကားပဲ…
စိတ်ထားယုတ်သူ အတွက်
ရုပ်လှခြင်းဟာ အလကားပဲ…
မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
ဆရာကောင်းဟာ အလကားပဲ…
ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
ပေါများခြင်းဟာ အလကားပဲ…
ကုသိုလ်မပြုသူ အတွက်
ဘဝဖြစ်တည်ခြင်းက အလကားပဲ…
ပိုင်ဆိုင်ခွင့် ရတိုင်း
ပျော်ရွှင်ရမယ် မထင်နဲ့
လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…
ဆုံးရှုံးသွားတိုင်း
ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…
အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
မကြည်နိူင်ရင် ရှုံးတာပါပဲ…
အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…
စွန့်လွတ်တိုင်းလည်း
ဆုံးရှူံးရတာ မဟုတ်ဘူး
ပိုင်ဆိုင်ရတိုင်းလည်း
ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…
နားလည်မှု့မရှိရင် နီးနေလည်း
အလကားပဲ…
တစ်ယောက်နဲ့တစ်ယောက်
စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
ရှိမလာနိူင်ဘူး…
ဘယ်လောက် ဝေးဝေး
စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
အလိုလိုရောက်လာမှာလေ……။
14/05/2024
ဘယ်သူ့အပေါ်မှာ မဆို
အရိုးသားဆုံးတော့ ဆက်ဆံပေးခဲ့တာပဲ
သူတို့စိတ်တိုင်းကြ မဖြစ်လို့ဆိုပြီး
လျစ်လျူရှုသွားတာတော့ ကိုယ်လဲမတတ်နိုင်ဘူး
တစ်ခုခက်တာက
အရာရာတိုင်းကို လိုက်လျောရေလာက်အောင်ထိတော့
ကိုယ်က မာနမရှိသူမဟုဘူးလေ
12/05/2024
#ကိုယ်ချင်းစာစိတ်
➖➖➖➖➖➖
ကိုယ်ခံစားရမှ ဒဏ်ရာလို့ မထင်နဲ့။
လူတိုင်းမှာ ခံစားတတ်တဲ့
နှလုံးသားရှိကြပါတယ်။
တစ္ခါတေလ
ငါသာဆိုရင် သူ့နေရာမှာဆိုတဲ့စိတ်က
အမြဲတမ်း လူတိုင်းမှာ ရှိမနေတတ်ကြဘူး။
ဒုက္ခနဲ့ကြုံဖူးမှ ဒုက္ခရဲ့အခက်အခဲကို
နားလည်ကြတာ များပါတယ်။
အမှန်တွေဆိုပေမယ့်
အကျိုးအကြောင်းမသင့်လျော်ရင်
ဘယ်အမှန်တရားကိုမှ
လူတိုင်း လက်မခံနိုင်ပါဘူး။
ကိုယ်ကိုယ်တိုင်ကရော သူ့နေရာမှာ
ဝင်ခံစားကြည့်ဖူးလား???
လူဆိုတာ လူသားဆန်တတ်ရတယ်။
လူ့စည်း ဆိုတာရှိရတယ်။
ကိုယ်ချင်းစာတတ်ချင်ရင် စာများများဖတ်ပါ။
လူ့ဘဝမှာ အတုလုပ်ယူလို့မရတာက
ကိုယ်ကျင့်တရားနဲ့ သမိုင်းပါ။
ကိုယ်ကိုယ်တိုင်က မကောင်းသရွေ့
တစ်ပါးသူ ကောင်းလာဖို့လည်း
မမျှော်လင့်ပါနဲ့။
မှန်ထဲမှာ ပြုံးပြတာမြင်ချင်ရင်
ကိုယ်တိုင်က အရင်ဆုံး ပြုံးရပါတယ်။
လူဆိုတာ ကိုယ့်နေရာပဲ ကြည့်နေလို့မရဘူး။
သူ့နေရာမှာလည်း ဝင်ခံစားပေးတတ်ရတယ်။
ဒါမှ လူပီသမှာပါ။
11/05/2024
Relationship တစ်ခုခိုင်မြဲချင်ရင်'
💚❤💚❤💚❤💚❤💚❤
1-အပြန်အလှန် ချစ်ပါ။
2-မလိမ်ပါနဲ့။
3-အဆက်အသွယ်ပြတ်တာမျိုး မရှိပါစေနဲ့။
4-တစ်ခုခု နာကျင်ရရင် ခွင့်လွှတ်ပြီး မေ့ပစ်ပါ။
5-ပြတ်မယ်/လမ်းခွဲမယ်လို့ လုံးဝမပြောပါနဲ့။
6-ဖြစ်နိုင်ရင် မရွဲ့ပါနဲ့။
7-တစ်ယောက်နဲ့ တစ်ယောက်ကြား"မာနနဲ့အတ္တ"ကိုမေ့ထားပါ။
8-ကိုယ်မှားတဲ့ အခါတောင်းပန်ပါ/သူမှားတာကို ခွင့်လွှတ်ပါ(ချစ်သူတွေပါ ရန်သူတွေမှမဟုတ်တာ မှတ်မထားပါနဲ့)
9-(EX) အကြောင်းလုံးဝ မပြောပါနဲ့။
10-အတိတ်နဲ့ ပစ္စုန်ပ္ပန်ကို မနိူင်းယှဉ်ပါနဲ့။
11-အပေးနဲ့ အယူ မျှတမှုရှိပါစေ။
12-သူ/သူမ ရဲ့ ခံစားမှုကို အလေးထားပေးပါ။
13-ရန်ဖြစ်စကားများကြတဲ့အခါ ပြန်အဆင်မပြေသေးပဲနဲ့ နေ့ရက်တွေ မကုန်လွန်စေပါနဲ့။
14-အပျော်တွေ ဝေမျှပါ။
15-တစ်ခြားလူတွေနဲ့ (Facebook)မှာ တော်ရုံပဲ စကား ပြောပါ။
16-ဘာကြောင့်ပဲ စိတ်ဆိုးဆိုး မအော်ပါနဲ့။
17-ရံဖန်ရံခါ အတူတူလျှောက်သွားပါ / ပျော်စရာတွေနှစ်ယောက်အတူရှာဖွေပါ။
18-(2)ရက်ထပ်ပိုပြီးတော့ စိတ်မကောက်ပါနဲ့။
19-အတူရှိနေချိန်မှာ ရှေ့ရေးကို ကြိုတွေးတောပါ /Plan ချပါ။
20-တစ်ယောက်နဲ့တစ်ယောက် တက်နိုင်သလောက် နားလည်မှုထားပါ/ခြားနားချက်တွေကိုရှာဖွေပါ...ညှိယူပါ /နားလည်ပေးပါ........ ။
09/05/2024
**အောင်မြင်မှုတံခါးကို ဖွင့်ဟနိုင်မယ့် သော့ချက်များ**
--------------------------------------------------------------------
၁။ အငြိုးအတေးတွေကို ဆုပ်ကိုင်မထားပါနဲ့။
ခွင့်လွှတ်လိုက်ပါ။
၂။ တခြားသူအပေါ် အပြစ်မတင်ပါနဲ့။
တာဝန်ယူလိုက်ပါ။
၃။ လူတွေကို အာရုံမစိုက်ပါနဲ့။
စိတ်ကူးကိုပဲ အာရုံစိုက်ပါ။
၄။ အပြောင်းအလဲကို မကြောက်ပါနဲ့။
ဖြစ်လာမယ့်အကျိုးကျေးဇူးကိုသာ တွေးပါ။
၅။ ချီးမွမ်းခံရဖို့ အာရုံမစိုက်ပါနဲ့။
တခြားသူတွေကိုသာ ချီးမွမ်းပါ။
၆။ အချိန်မဆွဲပါနဲ့။
လုပ်စရာရှိတဲ့အလုပ်ကို ချက်ချင်းလုပ်ပါ။
၇။ ရည်ရွယ်ချက်မဲ့ လျှောက်မလုပ်ပါနဲ့။
ပန်းတိုင်အတည်တကျ ချမှတ်ထားပါ။
၈။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့။
မျှဝေစာနာမှုရှိပါ။
၉။ ဝေဖန်မှုတွေကို မမုန်းတီးပါနဲ့။
လက်ခံပါ။
၁ဝ။ မာနမထားပါနဲ့။
မသိတာတွေကို အမြဲသင်ယူပါ။
08/05/2024
နံရံလိုနေပါ သမီးရေ
(မိန်းခလေးတိုင်း ဖတ်ဖို)
သမီးရေ……… နံရံဆိုတာ မာကျောတယ် အေးစက်တယ် ခံစားမှုမရှိဘူး တုန့်ပြန်မှုမရှိဘူး။ ဒါပေမယ့်……… အဲ့ဒီနေရာကိုဝင်ဆောင့်တဲ့ သူကတော့ …… ထိမိခိုက်မိ ကြတယ်။
နည်းရင် နည်းနည်းပဲ ထိမယ် …… များရင် များများထိမယ် …… နံရံက တန်ပြန်တော့ မဟုတ်ဘူးနော် ပြုလုပ်သူရဲ့ အတိုင်းသာ တန်ပြန်သွားတာ
ဒီလိုပဲ လူ့လောကမှာနေရင် တစ်ဦးနှင့်တစ်ဦး အမြဲချစ်ခင်နေကြဖို အမြဲတမ်း သင့်တင့်အဆင်ပြေနေကြဖို ……
လူတိုင်းလူတိုင်းမှာ ဆန္ဒရှိကြတယ် အဲ့ဒီဆန္ဒတချိုလည်း အကောင်အထည် ဖော်နိုင်တယ်။Why??
အောင်မြင်တဲ့ သူတွေမှာ ဘယ်လိုလျိုဝှက်ချက်တွေ ရှိပြီး ကျရူံးတဲ့သူတွေမှာရော ဘယ်လိုအားနည်းချက်တွေ ရှိလိုလဲ။
တကယ်တော့ သမီးရေ လူမှုအသိုင်းအဝိုင်းမှ တစ်ဦးနှင့်တစ်ဦး အမျက်မရှိ အမြဲတမ်း အဆင်ပြေဖိုဆိုတာ တကယ်တော့ စိတ်ကူးယဉ်သက်သက်ပါပဲ။
ဘာဖြစ်လိုလဲဆိုတော့ လောကီနယ်ပယ်မှာ ပုထုဇဉ်တို ကိုင်စွဲရာသည် လောဘ ဒေါသ မာန်မာနများက အများဆုံး ဖြစ်နေလိုပါပဲ။
ဒါကြောင့် လူတွေအပေါ်မှာ နားလည်မှု ရစာနာမှု ခွင့်လွတ်မှု မေ့ပျောက်မှုတွေကို သမီးရဲ့ နှလုံးသွင်းမှုတိုင်းမှာ အဓိက ထည့်ထားဖို လိုအပ်မယ်။
ဒီလိုပြောလို မတရားလိုက်တာ သမီးက အမြဲတမ်း အရူံးသမား ဖြစ်နေရမှာလားလို မတွေးလိုက်ပါနဲ့
ခံစားမှု မရှိလေသမီးစိတ်တွေ အေးချမ်းလေပါပဲ ဒီလိုနေတက်သွားရင် သမီးဟာ အင်မတန် တောင့်တင်းခိုင်မာတဲ့ …… နံရံလို လူဖြစ်သွားလိမ့်မယ်……
ကိုယ်ကောင်းတာဟာ ကိုယ်စံဖိုဖြစ်ပြီး
သူမကောင်းတာဟာ သူခံဖိုသာ ဖြစ်တယ်။ နည်းနည်းလေးမှ အထိမခံ ဆတ်ဆတ်ကဲတဲ့ သူဟာ … အပေါ်ယံသာ ခတ်ထန်မာကြောသယောင်နဲ့ တကယ်တော့ ထိလွယ်ရှလွယ် …… လုံခြုံမှု မရှိတဲ့သူပါ။
🌺 အဲ့ဒီလိုလူတွေထဲ သမီးမပါပါစေနဲ့ နံရံလိုသာ ဖြစ်သွားရင် ဘယ်နေရာမှာပဲ ရှိရှိ သမီးလေးအဆင်ပြေဖို အမြဲ ယုံကြည်တယ်။
သမီး လွတ်လွတ်လပ်လပ်တွေးခေါ်ပါ။မိန်းမဆိုတာ မေတ္တာအရေးရော ငွေရေး ကြေးရေး အရပါ သူတပါးကို နည်းနည်းပါးပါး …… အားကိုးလို ရရင် ရမယ်။
ဒါပေမယ့် …… အကောင်းဆုံးကတော့ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲသမီးစာ များများဖတ်ပါ ။များများလေ့လာပါ။ ပန်းအိုးဆိုတာကျကွဲလွယ်လွန်းတက်သလို လှပခြင်းဆိုတာလည်း ရင့်ရော်လွယ်လွန်း လှပါတယ်။
သမီးရဲ့ ရင်တွင်းအလှနဲ့ ပင်ကိုယ်အရည်အသွေး များကသာ သမီးကို အမြဲအဖော်ပြုသွားမှာပါ။
သမီးလေးအထီးကျန်ခြင်းနှင့် ရင်းနှီးကျွမ်းဝင် နေပါစေ။ တခါတလေသူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အဖွဲကျနိုင်ပေမယ့် မိမိကိုမိမိ မိမိအတွင်းစိတ်နှင့် အဆင်ပြေအောင် နေထိုင်တက်ခြင်းသာ ဘဝတစ်ခုလုံးအတွက် အားအကိုးရဆုံး ဖြစ်တက်ပေသည်။
သမီးသူများကို သိပ်ပြီး အားကျစရာ မလိုပါဘူးကိုယ်လျှောက်မယ့် လမ်းကိုသာအကောင်းဆုံးဖြစ်အော် လျှောက်လှမ်းပါ။
လူဆိုတာ ပြောမရဘူးသူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ သမီး……… လူဆိုတာ ကိုယ့်စိတ်ကို နိုင်နင်းရတယ်။
လူဆိုတာ ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင် ကိုယ့်စိတ်ရဲ့ ကျေးကျွန်ဖြစ်သွားတက်တယ်။
သမီးလေးရေ သနား ကြင်နာတက်တဲ့ စိတ် သူများကို ကူညီတက်တဲ့ စေသနာနားလည်ခွင့်လွတ်တက်တဲ့ သဘောထား
ဒါတွေအာလုံးက သမီးကို ပိုမို လှပသွားစေမှာပါ။သမီးရေအခြေအနေအရ ဘာကိုပဲစွန့်လွှတ် ……စွန့်လွှတ် အကျင့်စာရိတ္တရယ် အပြုံးရယ် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရယ်ဘယ်တော့မှ မစွန့်လွှတ်ရဘူး။
ဒါတွေအားလုံးဟာ သမီးဘဝ လှပစေဖို ပံ့ပိုးပေးမယ့်ကိုယ်ရည်ကိုယ်သွေး ချည်းပါပဲ။အားလုံးကို လေးစားလျှက်…
သမီး အထက်တန်းကျောင်းမှာရည်းစားထားရင် ကျောင်းသားနဲ့ဘဲတွေ့မယ်..တက္ကသိုလ်မှာရည်းစားထားရင် တက္ကသိုလ်ကျောင်းသားနဲ့တွေ့မယ်….
အလုပ်ခွင်မှာရည်းစားထားရင် အလုပ်မှာကိုယ်နဲ့ တန်းတူကြိုးစားနေတဲ့ ယောကျာ်းလေးတွေနဲ့တွေ့မယ် …
သမီး ပညာတတ် သူဌေးမကြီးဖြစ်တဲ့အခါ သမီးကိုလိုချင်တဲ့ ဥစ္စာပေါရုပ်ချော သူဌေးတွေက သမီးကို ကမ်းလှမ်းလာလိမ့်မယ်….
သမီးဖြတ်သန်းရမဲ့ ဘဝ ၁ လျှောက်လုံး သမီး ကြိုးစားရင်ကြိုးစားသလောက် ကိုယ်နဲ့ ထိုက်တဲ့သူကိုတွေ့မယ်….
အသက်အရွယ် အတွေ့အကြုံရင့်ကျက်လာတာနဲ့ အမျှ သမီးအတွက် ရွေးချယ်စရာ ယောကျာ်းတွေပေါလာလိမ့်မယ်…..
သမီး ဘဝ အတွက်ရွေးချယ်မှုဟာ သမီးပေါ်မှာဘဲမူတည်တယ်သမီး.ကိုယ့်တန်ဖိုး နဲ့ ကိုယ့်ဂုဏ်ကို မြင့်တင်ပါသမီး…
ခုချိန်မှာဘယ်အရာကိုမှ မသာယာမိစေနဲ့ သမီး….သာယာမိတဲ့ တနေ့ဟာ သမီးဘဝအတွက် ပြန်ပြင်လိုမရတဲ့နောင်တ ဆိုတာကြီးနဲ့ကြုံရလိမ့်မယ် သမီး
မေမေ နဲ့ ဖေဖေပြောသောစကား…
Credit to
#ကဗျာလမ်းညွှန်
Written by Shun Lei Thar
copy-အဖိုးတန်စာစုများ-စာရေးသူပေါင်းစုံ၏
゚
07/05/2024
မေတ္တာတရားရဲ့ အေးမြမှုကို
အတ္တသမားတွေ မခံစားတတ်ဘူး။
ကိုယ့်အတွက်ပဲ သိတဲ့သူဟာ
ပေးဆပ်ခြင်းဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။
သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး ။
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။
မေတ္တာပေးတတ်သူမှ
ပေးဆပ်ခြင်းရဲ့ အရသာကိုခံစားနိုင်တာပါ။
ချစ်ခြင်းတရားရဲ့ တန်ဖိုးကို
လှည့်ဖြားတတ်သူတွေ နားမလည်နိုင်ဘူး။
ကိုယ့်စိတ်သာယာမှုကိုပဲ သိတဲ့သူဟာ
လေးနက်တဲ့ သစ္စာတရားဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။
သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး။
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။
အမှန်တကယ် ချစ်ပေးတတ်သူမှ
လေးနက်ခြင်းရဲ့ တန်ဖိုးကိုခံစားနိုင်တာပါ။
06/05/2024
" လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "
၁။မလိမ်ပါနဲ့....
လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ။ မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။
၂။လှည့်စား ၊သစ္စာ မဖောက်ပါနဲ့
အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်...။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်...။
၃။မမုန်းပါနဲ့
ခဏတာရှင်သန်ရတဲ့ ဘဝေလးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။
၄။စိတ်မပူပါနဲ့
ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။ အကောင်းမြင်တတ်အောင် ကြိုးစားပါ...။
လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။
၆။အမြင့်ဆုံးမှန်းပါ
ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။
အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။
ဒါဟာရှင်သန်ခြင်းအရသာ တစ်မျိုးပဲ...။
၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ
ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်...။ ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်...။
၈။ရိုးစင်းစွာ ရှင်သန်ပါ
တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။ ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။ ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။ ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။
၉။များများ ပေးကမ်းပါ..။
ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို
သင်ပြန်ရတတ်တယ်။
၁၀။အမြဲတမ်းပြုံးပါ..
ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။
၁၁။လက်မလျှော့နဲ့
ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်...။
စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။
ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။
၁၂။လက်လွှတ်တတ်ပါ။
ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။
၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ
လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။
၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ...
တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။ သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အများကို ထောက်ပြတတ်တယ်။
၁၅။အချိန်ကို နေရာပေးပါ...၊၊
မစောင့်ပါနဲ့၊ အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကို
မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။ တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်
၅။သင့်ရဲ့ ဥာဏ်ရည်ကို စမ်းသပ်တာပါ၊
စာပေတွ ဘယ်လိုမျိုး ဖတ်သလည်းဆိုတာကို
သိချင်လို့ပါ စာပေတွ မကျော်ပဲ အစဆုံး ဖတ်ပေးပြီးရင် သင့်အတွက် ဗဟုသုတ ရစရာ ပါမှာပါ။
Click here to claim your Sponsored Listing.
