JujueZan's Daily

JujueZan's Daily

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JujueZan's Daily, Health/Beauty, Dawei.

15/11/2024

စီလုံtea ပြောင်းသောက်ကြည်ပေမယ့်🍵

Coffee မင်းလောက် ကောင်းမနေဘူးကွယ်☕️

#ကျွန်မရဲ့စွမ်းလန်းကြီးမှုတွေထဲကတစ်စုံတစ်ရာသာ🍀

17/09/2023

ဒီနေ့က. ပိတ်ရက်ဆိုတော့

ဖွားအတွက် ဖြည့်စွတ်စာ လေးတစ်ခုကို စမ်းလုပ်ကြည့်ဖြစ်တယ်

( လေဗျန်း ထားတယ်ဆိုတော့ အရည်ဘဲ့သောက်နေရလို့)

လုပ်နေရင်း အတွေးတစ်ခုဝင်မိတယ်

သူ အသက် 92 ရွယ်မှာ 9 လ သားကလေးတွေ စားသလို သူ့စားနေ

ရလိမ့်မယ်လို့ တစ်ခါမှ သူမတွေးမိလောက်ဘူး

ပြောချင်တာက

ငယ်ရွယ်တုန်းကနေ အချိန်ရှိတုန်းလေး

ကျန်းမာအောင်နေထိုင်

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Healthfood လေးတွေ တတ်နိုင်အောင်ရွေးချယ်စား

ကိုယ်လက်လုပ်ရှားမှုတွေများများလုပ်

( Gym တွေမသွားနိုင်ဘူးဆိုရင်တောင် နေ့တိုင်း ခြေလှမ်း တစ်သောင်းလောက်တော့ပြည့်အောင်သွား)

တစ်နေ့တာအတွက် Healthlife တစ်ခုကို ရအောင်တည်ဆောက်

အရေးကြီးဆုံးက. ကိုယ့်ကိုယ်ကိုချစ် Selflove 😘

ဂျူး

03/09/2023

လူသားတွေက. အချစ်ချစ်နဲ့တွေ့ရင်
လှလာတယ်တဲ့
Selflove (ကိုယ့်ကိုယ်ချစ်ခြင်းဆိုတဲ့)
အချစ်နဲ့သာတွေ့ရင်
လူဘဲ့လှလာတာမဟုတ်ဘဲ အတွင်းစိတ်လေးကအေးချမ်းပီးလှလာတယ်ဆိုတာကို ယုံလား😊
သူမတို့ရေ Self love နော့😘

ပုံလေးမင်မင်လာSave တာပါ😝

02/09/2023

အရာရာ က ပိုကောင်းဖို့ဖြစ်လာတာပါလို့

တွေးလိုက်တိုင်း

လက်ရှိခဏ တာကို တည်ငြိမ်ငြိမ်းချမ်းစွာဖြတ်သန်းလိုက်နိုင်တယ်

ကျွန်မတို့ရဲ့အတွေးတွေက လက်တွေ့ဖြစ်လာမယ့်အရာတွေရဲ့

ရှေ့ပြေးနမိတ်ဘဲ့မို့ အတွေးတွေကောင်းပေးပါ😊
JujueZan's Daily

Photos from JujueZan's Daily's post 27/08/2023

Avocado 1လုံးကို 1800

oatmeal တစ်ဘူး 14500(တစ်လလောက်ဘဲ့ရ😞)

နွားနို့တစ်ခွက်ကို 1000

ပျားရည်တောင်သူများလာပေးထားတာရှိလို့😌

( ဒီနေ့က ကြက်ဥ ပြုတ်ဖိုးမပါသေးဘူး)
18:6 Fasting လေးထွက်တော့ဆုချ😝

အပြင်စာတွေရှောင်တော့ သက်သာမှာပေါ့တဲ့သက်သာတာပေါ့ရှင့် ပိုက်ဆံအိတ်တောင် လက်ထဲမကိုင်နိုင်လို့ သက်သာမှသက်သာ😂😂😂)(မနက်ဖန်Gymဖိုးသွင်းရမှာကိုမေ့ထားတယ်)😂

ဒါပေမယ့် ရူးသွပ်စွာ အားတင်းထားတယ်
ဆရာက လက်သုံးချောင်းထောင်ပြထားတဲ့ 3 နှစ်တဲ့သုံးနှစ်😂😂

Idol. အစ်မတစ်ယောက်ကလဲပြောထားတယ် Workout လုပ်တာ ဘယ်ချိန်နားသင့်လဲဆိုတာကို

အသက်ထွက်မှနားတဲ့😂😂😂
#ကျွန်မလိုပေတေစွာရူးမှလိုက်လုပ်ပါ😂

10/08/2023

မင်မင် Page လေးကနေ
အသဲတို့အတွက်
အလှကုန် နဲ့ Skincare အစုံ ရောင်းပေးမယ်နော့😊😍😍

Discount တွေ နဲ့ ရှယ်လာမယ်😍

ပုံက Page မင်မင်လေးကို မှတ်မိနေအောင်ပါနော့😘😍

04/08/2023

Have a nice day🌧🌧🌧

အဆာပြေမုန့်လေးလုပ်စား

( လူက ဖျားနေလဲ ကွေးပီးနေရမှပျင်းတဲ့ မင်မင်ဂျူး😊)

Oak ရယ်
ကြက်ဥ
ငှက်ပျော်သီး

ပန်ကိတ်လေးပါ

အာဟာရလဲရှိ
အရသာရှိ
Baby လေးတွေကိုလဲလုပ်ကျွေးလို့ရ😘

Photos from JujueZan's Daily's post 01/07/2023

ဗဟုသုတရစရာလေးတွေအနဲငယ်ရေးပေးထားတာမို့ အဆုံးထိဖတ်ပေးဖို့ မျှော်လင့်ပါတယ်ချစ်ရသော အနယ်နယ်အရပ်ရပ်မှ သုံးစွဲအားပေးသူများရှင့် 🙏

Queen S&L - ဦးရေပြားနှင့်ဆံသားအားဖြည့်လက်ဖက်နှပ်ဆီ သည် ပါဝင်ပစ္စည်း ၈ မျိုးဖြင့်
စုလတ်ကိုယ်တိုင်ကြိုချက် ပေါင်းစပ်ပီး
နှစ်ချီစမ်းသပ် လိမ်းနှပ်ပီးမှ ဈေးကွက်ထဲ ဖြန့်ချိရောင်းချဖို့အတွက်
မှတ်ပုံတင်အမှတ် ၀၀၃/၂၀၂၂
ဖြင့် တရားဝင်မှတ်ပုံတင်ပီး
ရှမ်းပြည်မြောက် ပိုင်းဒေသမှာ တစ်ဦးတည်း
ချက်လုပ်ရောင်းချတဲ့ ပလောင် ဒေသထွက်
သဘာဝလက်ဖက်နှပ်ဆီတမျိုး ဖြစ်ပါသည်ရှင့်....

သူများအသင့်ချက်လုပ်ပီး ရောင်းတမ်းဖြစ်တဲ့
ရှမ်းတောင် ဒေသက ချက်လုပ်တဲ့
လက်ဖက်ဆီကို လုံးဝ မှာယူထည့်သွင်းအသုံးမပြုပါ

ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသက ထွက်ရှိတဲ့ လက်ဖက်အစိုကုန်ကြမ်းအရည်နဲ့သာ ချက်လုပ်အသုံးပြုထားတာပါရှင့်
လက်ဆွဲအိတ်ခွံရဲ့ အပေါ်ဆုံးမှာလဲ ထည့်သွင်းရေးပြထားပါတယ်ရှင့်

အထူးခြားဆုံးအချက်မှာ လက်ဖက်ဆီကုန်ကြမ်းရရှိလာအောင် စုလတ်ကိုယ်တိုင်နေ့မနားညမနား ချက်လုပ်ထားတာမို့ သန့်ရှင်းမှု အရည်အသွေးပြည့်ဝမှုကို အထူးအာမခံပါတယ်ရှင့်

အတော်များများ လက်ဖက်ဆီချက်လုပ်ရောင်းချသူများမှာ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ဖြစ်တဲ့
ပင်းတယ ဓနု ကလော အစရှိသည့်ဒေသများမှဖြစ်ပါတယ်ရှင့်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ထုတ်လုပ်ရောင်းချတဲ့ လက်ဖက်ဆီ ရောင်းချပြုလုပ်သူမှာ ယခုချိန်အထိ လေ့လာရသလောက်
မည်သူတဦးတယောက်မှ မရှိခဲ့သေးပါ

လက်ရှိအချိန်အခါအထိ ရှမ်းမြောက် ပလောင်ဒေသ တခုလုံးမှာ စုလတ်တယောက်သာ
ကြိုချက်ရောင်းချနေခြင်းဖြစ်ပါတယ်ရှင့်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံမှာ လက်ဖက်အစိုအများဆုံး စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်သည့် ဒေသမြို့လေးတခုဖြစ်တာမို့

လက်ဖက်အစို လက်ဖက်အညွှန့် အများဆုံးထွက်ရှိရာအရပ်မှသာလျှင် လက်ဖက်ဆီ ကောင်းကောင်း ထွက်ရှိနိုင်မှာဖြစ်ပါတယ်...

ဒီလိုပြောလို့ လက်ဖက်ကုန်ကြမ်းအစိုရည်အရမ်းပေါမှာ ပေါ့ စုလတ်ရေလို့ မေးပြန်ရင်လည်း အရမ်းပေါလာနေတာမျိုး မဟုတ်ရပါဘူးရှင့်

ကုန်ကြမ်းအရည်စုဆောင်းရသည့်အလုပ်မှာ ခေါင်းကိုက်တွေးပူပီး အော်ဒါရသလောက်မပေးနိုင်မှာပဲ စိုးရိမ်ရပါတယ်ရှင့်

စုလတ်ကြိုချက်တဲ့ လက်ဖက်အစိုအရည်မှာ
ပထမတန်းစား လက်ဖက်ပင် အညွှန့်များရဲ့ ပေါင်းခံ အစိုရည်ဖြစ်တာကြောင့် အာနိသင်မှာလဲ အထူးသိသာပါတယ် အခုထိ ရောင်းချလာခဲ့သည် တနှစ်ပြည့်သည့်တိုင် bad review လုံးဝမရှိခဲ့ဖူးပါ

ကြိုချက်နည်းပုံစံ ကုန်ကြမ်းလက်ဖက်အစိုရည် ပြုလုပ်မှုအနေအထား လက်ဖက်ပင်အမျိုးအစား မြေနေရာဒေသ သဘာဝအတိုင်းစိုက်ပျိုးထားသည့် အမြင့်ပေ ချင်း လုံးဝ မတူညီပါရှင်....

ရှမ်းအရှေ့
ရှမ်းတောင်
ရှမ်းမြောက်
ဆိုပီး ရှမ်းပြည်နယ်မှာ အပိုင်း ၃ ပိုင်းခွဲထားပါတယ်ရှင့်

အလွယ်နည်းပြောရရင်
နမ့်စန်သည် ရှမ်းတောင်ဖြစ်ပီး
နမ့်ဆန်သည် ရှမ်းမြောက်ဒေသဖြစ်ပါတယ်

သုံးစွဲအားပေးသူများ ခဏခဏမှားတတျကွလှနျးလို့ကိုယျသုံးတဲ့ထုတျကုနျရဲ့ ဖြစ်တည်လာတဲ့ ရေမြေအနေအထား ဒေသပုံစံ ကွာဟခြင်းကို
ဗဟုသုတရစရာအနေနဲ့ ဒီပို့စ်လေးကို တင်ပြရခြင်းဖြစ်ပါတယ်....

နှစ်သက်ရာလေး ရွေးချယ်အသုံးပြုရင်း ကျန်းမာလှပတဲ့ ဆံသာအလှကို ရယူလိုက်ပါရှင့် ... 🙏

အားလုံးပဲ ကောင်းမွန်ပြည့်စုံသော နေ့ရက်လေးဖြစ်ပါစေရှင့် 🙏🙏

#တောင်ပေါ်ဒေသသဘာဝထုတ်ကုန်
#ပြည်တွင်းထုတ်ကုန်အစစ်ကိုအားပေးကြပါ
#သဘာဝအော်ဂဲနစ်လက်ဖက်မြေ

01/07/2023

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Yun Sandi Nan Mon မှ ရေးသားသည်။ 20/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ

ဆံကေသာအလှဟာ ပျိုမေတိုင်းအတွက် အရေးပါလှပါတယ်။ ဆံပင်ပုံစံလေးပြောင်းလိုက်တာနဲ့ တအားဆွဲဆောင်မှုရှိသွားတာမျိုး၊ ဆံပင်တွေ ကပိုကရိုနဲ့လှတဲ့သူတွေရှိပေမယ့် တချို့မှာတော့ ဆံပင်မသပ်ရပ်လို့ အလှတွေမြုပ်သွားတာမျိုး။ ဒီလိုအရေးပါတဲ့ ဆံကေသာရဲ့ ကျန်းမာရေးအတွက် သေချာဂရုစိုက်သင့်တာ လက်ခံတယ်မလား။

ဆံသားပြဿနာအမျိုးမျိုးကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

အရေးကြီးတာက rebonding လုပ်ပြီးတဲ့အခါ

၃ ရက်အတွင်း ခေါင်းမလျှော်ပါနဲ့။
ဒါ အရေးကြီးဆုံးအချက်ပါ။ rebonding လုပ်ထားတဲ့ ဆံပင်ကို ပုံသွင်းထားတာမပျက်စေဖို့ ၃ ရက်အတွင်း ရေမထိအောင် သတိထားရပါမယ်။

ဆံပင်မစည်းပါနဲ့။
ဆံပင်စည်းတာ၊ ကလစ်တွေနဲ့ညှပ်တာ၊ ထုံးတာတွေ မလုပ်ပါနဲ့။ rebonding က တာရှည်ခံတာမို့ အခုလိုလုပ်လိုက်ရင် ပုံစံသွင်းထားပြီးသား ဆံသားကို ကျိုးကြေတာတွေ ဖြစ်စေနိုင်ပါတယ်။

အပူနဲ့ ပုံမသွင်းပါနဲ့။

နောက်ပိုင်းခေါင်းလျှော်ပြီးတဲ့အခါ အခြောက်ခံစက် အပူပြင်းပြင်းနဲ့ မသုံးဖို့ သတိထားပါ။ ဆံသား ပိုပျက်စီးစေနိုင်ပါတယ်။

ဆံပင်အရောင်ပြောင်းမယ့်အစီအစဉ်တွေကို နောက်ဆုတ်ပါ။
နောက် ၆ လအတွင်း ဓာတုပစ္စည်းပါတဲ့ ဆံပငျပွုပွငျမှုတှကေို ရှောင်သင့်ပါတယ်။ ဆံပင်ဆေးဆိုးတာ၊ အရောင်ချွတ်တာတွေအပါအဝင်ပေါ့။

ခဏခဏ ခေါင်းမလျှော်ပါနဲ့။
ဆံပင်မှာ အစိုဓာတ်လေးထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဆံသားကျန်းမာချင်တယ်ဆိုရင် ဆံသားရဲ့ အဆီတွေခမ်းခြောက်မသွားစေဖို့ ခေါင်းမကြာခဏလျှော်တာတွေလျှော့ဖို့လိုပါတယ်။ တစ်ပတ်ကို အလွန်ဆုံးသုံးကြိမ်သာလျှော်ပါ။

အစားအသောက်ကို ဂရုစိုက်ပါ။
ညီညွတ်မျှတတဲ့ အစာအာဟာရကို စားပါ၊ အစေ့အဆန်တွေ စားပါ။ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုးနဲ့ ပရိုတင်းအစားအစာတွေအပါအဝင် ဆံသားကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအသောက်တွေကို ရွေးချယ်စားပါ။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ ဖက်တီးအက်စစ်၊ သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းတို့လည်း အရေးပါပါတယ်။

hair care Knowledge
-ခင်

Want your business to be the top-listed Beauty Salon in Dawei?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Dawei