Myo Thu Zar. Dr
ကျန်းမာရေးအကြောင်း ပြောကြမယ်
06/07/2026
‼️အထူးကု ဆေးကုသရေး အစီအစဥ်
ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့်
ရန်ကုန်မြို့မှပါမောက္ခဆရာဝန်ကြီးများ မှ လာမည့် ၂၇.၇.၂၆ မှ ၂၈.၇.၂၆အထိ
နှစ်ရက်တိုင်တိုင် မြိတ်မြို့၊
အထွေထွေရောဂါအထူးကု ဆေးရုံကြီး
တွင် ကွင်းဆင်း ဆေးကုသမှုပေးမည် ဖြစ်ပါသည်။
ကျန်းမာရေး ဝန်ကြီး ဌာနမှ
ဖော်ပြပါ ပါမောက္ခ ၊ အထူးကုဆရာဝန်ကြီးများ ဦးဆောင်သော ဆေးကုသမှု
အစီအစဉ်တွင် ကုသမှုခံယူလိုကြသည့် ဝေဒ နာရှင်များအနေဖြင့်
ဖော်ပြပါအတိုင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ
အသိပေးအပ်ပါသည်။
#လူကိုယ်တိုင်စာရင်းပေးလိုသူများအနေဖြင့်
၁- ဆေးရုံအုပ်ကြီးရုံး
၂-အထူးကုပြင်ပလူနာဌာန
(ရုံးဖွင့်ရက် နံနက် ၉:၀၀ နာရီ မှ
ညနေ ၄ :၀၀ နာရီ)
၃-အရေးပေါ်ဌာန
(နေ့စဉ် နံနက် ၉:၀၀ နာရီ မှ
ညနေ ၄ :၀၀ နာရီ)
#ဖုန်းဖြင့်ဆက်သွယ်စာရင်းပေးလိုသူများအနေဖြင့်
ဖုန်းနံပါတ်
၁-ဆေးရုံအုပ်ကြီးရုံး
☎️ ၀၉၄၄၃၄၄၈၄၉၆
၂–အရေးပေါ်ဌာန
☎️ ၀၉၂၅၃၅၀၆၈၃၀
၃-အထူးကုပြင်ပလူနာဌာန
☎️ ၀၉၄၁၀၀၅၀၃၂
(ရုံးချိန်အတွင်းဖုန်းဆက်စာရင်းပေး
နိုင်ပါသည်)
(အထက်ပါဖုန်းနံပါတ်များသို့
Viber message မှလည်းစာရင်းပေး
နိုင်ပါကြောင်းအသိပေးအပ်ပါသည်။)
21/02/2026
‼️ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များအား ကုသမှုစတင်နေပါပြီရှင့်‼️
👉သဲဖြူဆရာတော်ကြီးအားအမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဒေသခံပြည်သူများအား တနင်္သာရီတိုင်းဒေသကြီး၊
👉ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိ စမ်းသပ် ခွဲစိတ်ကုသမှုများကို
👉(21.2.2026 မှ 6.3.2026 ရက်နေ့အထိ) ဆောင်ရွက်ပေးမှာဖြစ်လို့ ရပ်ဝေးရပ်နီးမှ မျက်စိစမ်းသပ်ကုသမှု ခံယူလိုသူ မိတ်ဆွေများအား ဆက်သွယ်ညွှန်းပို့ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။🥰
👉စာရင်းပေးသွင်းရန်
ဆေးရုံကြီးပြင်ပလူနာဌာန
(သို့မဟုတ်)
09788007885
09675595358
တို့သို့ ဆက်သွယ်လို့ရပါတယ်ရှင့်
#ချစ်ခင်စွာဖြင့်_MTZ
04/02/2026
‼️မျက်စိဝေဒနာရှင်များအား ညွှန်းပို့ပေးနိုင်ပါရန်‼️
👉သဲဖြူဆရာတော်ကြီးအားအမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဒေသခံပြည်သူများအား တနင်္သာရီတိုင်းဒေသကြီး၊
👉ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိ စမ်းသပ် ခွဲစိတ်ကုသမှုများကို
👉(21.2.2026 မှ 6.3.2026 ရက်နေ့အထိ) ဆောင်ရွက်ပေးမှာဖြစ်လို့ ရပ်ဝေးရပ်နီးမှ မျက်စိစမ်းသပ်ကုသမှု ခံယူလိုသူ မိတ်ဆွေများအား ဆက်သွယ်ညွှန်းပို့ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။🥰
👉စာရင်းပေးသွင်းရန်
ဆေးရုံကြီးပြင်ပလူနာဌာန
(သို့မဟုတ်)
09788007885
09675595358
တို့သို့ ဆက်သွယ်လို့ရပါတယ်ရှင့်
#ချစ်ခင်စွာဖြင့်_MTZ
28/01/2026
‼️လူပြောများနေတဲ့ နီပါးရ် (Nipah) ဗိုင်းရပ်စ် ဆိုတာဘာလဲ‼️
👉နီပါးရ်ဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ပေါ်သည့် ဗိုင်းရပ်စ်ပိုး မဟုတ်ပါ
👉ယခင်က နိုင်ငံအချို့တွင် ရောဂါဖြစ်ပွားမှုများရှိနေသော်လည်း နိုင်ငံတကာသို့ ရောဂါပျံ့နှံ့ခဲ့ခြင်းမရှိခဲ့ပါ
👉ရောဂါကူးစက်ပုံ
နီးကပ်စွာနေထိုင်၍ တိုက်ရိုက်ထိတွေ့ခြင်း (Direct Contact) မှတစ်ဆင့်သာ အဓိကကူးစက်ခြင်းဖြစ်၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကဲ့သို့ အလွန်ကူးစက်မြန်ခြင်း မရှိကြောင်း သိရသည်။
(က) တိရစ္ဆာန်မှ လူသို့ကူးစက်ခြင်း - နီပါးရ်ဗိုင်းရပ်စ်ရောဂါပိုးရှိသော ဝက်များ သို့မဟုတ် လင်းနို့များ၏ ထွက်ရည်များ (တံတွေး၊ ဆီး) နှင့် တိုက်ရိုက်ထိတွေ့ခြင်း၊
(ခ) အစားအသောက်မှတစ်ဆင့်ကူးစက်ခြင်း - လင်းနို့များ ကိုက်ထားသော သစ်သီး များ၊ လင်းနို့တံတွေး သို့မဟုတ် ဆီးများပေကျံနေသော သစ်သီးများ/ထန်းရည်/ ဓနိရည်များကို စားသောက်မိခြင်း၊
(ဂ) လူအချင်းချင်းကူးစက်ခြင်း - လူနာထံမှ ထွက်သည့်အရည်များနှင့် တိုက်ရိုက် ထိတွေ့ခြင်း၊ လူနာနှင့်နီးကပ်စွာထိတွေ့ရသည့် လူနာပြုစုသူများနှင့် ကျန်းမာရေး ဝန်ထမ်းများကို ကူးစက်စေခြင်းတို့ဖြစ်ပါသည်။
👉ရောဂါလက္ခဏာများ
ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အန်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ကိုခံစားရပြီး ရောဂါပြင်းထန်ပါက စိတ်ရှုပ်ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်းအစရှိသော ဦးနှောက်ရောင်ရမ်းခြင်း လက္ခဏာများ ခံစားရပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိလစ်မေ့မြောခြင်းတို့ဖြစ်ပွားနိုင်ပါသည်။ အချို့လူနာများတွင် ပြင်းထန်သောအဆုတ်ရောင်ရောဂါနှင့် အသက်ရှူရခက်ခဲခြင်းများ ကြုံတွေ့ရတတ်ပါသည်။
👉ရောဂါကာကွယ်ရေးနည်းလမ်းများ
• လင်းနို့/လင်းဆွဲများ တောရိုင်းတိရစ္ဆာန်များနှင့် နေမကောင်းဖြစ်နေသော ဝက်များ နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ မဖြစ်မနေ ကိုင်တွယ်ရပါက လက်အိတ်နှင့် နှာခေါင်းစည်းကို စနစ်တကျ ဝတ်ဆင်ပါ၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ စနစ်တကျ ဆေးကြောပါ၊
• လင်းနို့များ ကျက်စားရာ ဂူများ၊ သစ်ပင်များ သို့မဟုတ် လင်းနို့ချေးများ ရှိနိုင်သော နေရာများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ၊
• လင်းနို့ကိုက်ထားသော လက္ခဏာရှိသည့် အသီးများကို လုံးဝမစားပါနှင့်၊ အသီးများကို မစားမီ သေချာစွာ ဆေးကြောပြီး အခွံနွှာ၍စားပါ၊
• လင်းနို့တံတွေး သို့မဟုတ် ဆီးနှင့် ညစ်ညမ်းနိုင်ခြေရှိသော ထန်းရည်၊ ဓနိရည်များကို မသောက်မီ သေချာစွာ ကျိုချက်ပါ၊
• ဝက်သားနှင့် အခြားအသားများကို သေချာစွာ ကျက်အောင် ချက်ပြုတ်စားသောက်ပါ၊
• သံသယလူနာနှင့်အနီးကပ်ထိတွေ့ရခြင်းမှရှောင်ကြဉ်ပါ၊ လူနာကိုမဖြစ်မနေပြုစုရပါက လက်အိတ်နှင့် နှာခေါင်းစည်းအပါအဝင် တကိုယ်ရေအကာအကွယ်သုံးဝတ်စုံ (PPE) ကို စနစ်တကျ ဝတ်ဆင်ပါ၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ စနစ်တကျ ဆေးကြောပါ၊
• လူနာ၏ အဝတ်အစား၊ ပန်းကန်ခွက်ယောက်များနှင့် အသုံးအဆောင်များကို သီးသန့်ခွဲခြား ထားပြီး ပိုးသတ်သန့်စင်ပါ၊
👉အထူးသဖြင့် -
• လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်ဒေသများ (ဥပမာ - ယခုအခါ အနောက်ဘင်္ဂလားပြည်နယ်) သို့ မလိုအပ်ဘဲခရီးမသွားပါနှင့်၊
• လတ်တလောရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ပြန်လာစဉ်တွင် သံသယရောဂါများခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရပါမည်၊
• ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ ရှိသူများကို တွေ့ရှိပါကလည်းကောင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးနေသည်ကို တွေ့ရှိပါကလည်းကောင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားရပါမည်။
👉ရောဂါကာကွယ်ဆေး/ကုသဆေးရရှိမှု အခြေအနေ
လက်ရှိအချိန်၌ နိုင်ငံတကာတွင် နီပါးဗိုင်းရပ်စ် (Nipah Virus) အတွက် သီးသန့် အတည်ပြုထားသော ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးပါ။
ယခုအချိန်ထိ နီပါးရ် ဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေရှိသည့် လက္ခဏာများဖြင့် ဆေးရုံတက်ရောက်မှု ဖြစ်စဉ်များ မြန်မာနိုင်ငံတွင် မရှိသေးပါ။
👉 မိဘပြည်သူများအနေဖြင့် မိမိတို့နိုင်ငံတွင် ယခင်က ကူးစက်ဖြစ်ပွားခဲ့ဖူးခြင်းမရှိသည့် အပြင် ယခုအချိန်တွင်လည်း ရောဂါကူးစက်ဖြစ်ပွားသူမရှိသည့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် စပ်လျဉ်း၍ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသော ကောလာဟလ များနှင့် သတင်းအမှားများကို ယုံကြည်ခြင်း မပြုကြရန်လိုအပ်ပါသည်။ အဆိုပါရောဂါနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အသိပေးနှိုးဆော်ချက်များနှင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိသည့် သတင်းထုတ် ပြန်ချက်များကိုသာ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြင့် နေထိုင်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားထားပါတယ်။
#ချစ်ခင်စွာဖြင့်_MTZ
မြိတ်ကျွန်းစုသို့ ခရီးတခေါက်
12/12/2025
‼️မျက်စိဝေဒနာရှင်များအား ညွှန်းပို့ပေးနိုင်ပါရန်‼️
👉သဲဖြူဆရာတော်ကြီးအားအမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဒေသခံပြည်သူများအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိ စမ်းသပ် ခွဲစိတ်ကုသမှုများကို
👉(5.1.2026 မှ 19.1.2026 အထိ) ဆောင်ရွက်ပေးမှာဖြစ်လို့ ရပ်ဝေးရပ်နီးမှ မျက်စိစမ်းသပ်ကုသမှု ခံယူလိုသူ မိတ်ဆွေများအား ဆက်သွယ်ညွှန်းပို့ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။🥰
#ချစ်ခင်စွာဖြင့်_MTZ
Click here to claim your Sponsored Listing.
Category
Website
Address
252181895
