Htoo beauty & cosmetics

Htoo beauty & cosmetics

Share

ဆိုင်လိပ်စာ ကံပေါက် မြသီတာလမ်း မြတ်သဒ္ဒါအလှပြင်ဆိုင်

Photos from Htoo beauty & cosmetics 's post 17/08/2026

အသစ်လေးတွေအနည်းငယ်ရောက်ထားပါတယ်နော်🥰

07/08/2026

Instock now

ခြေထောက် မှာရှိတဲ့ ဂျွတ်တတ်သမျှ ကွာကျ ပြီး နုနုဖတ်ဖတ်ဖတ်ဖြစ်ချင်လို့ ဒီ Foot Mask သုံးမယ်ဆို?

ဒီ Foot mask ကလေ တကယ်လည်းကောင်းသလို မတည့်တဲ့သူတွေလည်းရှိတယ်...တည့်ခြင်းမတည့်ချင်းကို ကိုယ့်အရေပြားရဲ့အနေအထားကိုကြည့်ပြီးသုံးသင့်တယ်....သူက chemical peeling သဘောမျိုးပဲကိုမှ ခပ်ကြာကြာလေး ခြေထောက်မှာပေါင်းထားသလိုဖြစ်တော့ ရှိသမျှ Dead Cell တွေက ကွာကျတော့မှာ...ကွာတာကတော့ တစ်ယောက်နဲ့တစ်ယောက်မြန်တာမတူနိုင်ဘူး...တစ်ချို့ကြဖြေးဖြေးလေးကွာတယ်...တစ်ချို့ကြ အချပ်လိုက်ကြီးကွာကြတယ်...တစ်ချို့က တစ်ပတ်လောက် အသားဖတ်တွေကွာလာတာ တွေရှိတယ်...သတိထားပေးရမှာကတော့ခွာတဲ့အချိန် ​ဖြည်းဖြည်းခွာပေးပါ...အသားစိုက်မှာဆိုးလို့ပါ

နောက်တစ်ခုက Hydrating lotion သီးသန့်ပြန်မလိမ်းပေးနိုင်ရင်အဆင်မပြေဘူး...အသားပါးရင်အဆင်မပြေဘူး...သုံးနေရင်းယားတာမျိုးရှိရင်ရပ်ထားပေးရပါမယ် ...15mins ထက်ပိုမကပ်ပါနဲ့... အဓိက Dead Cells တွေသိပ်မရှိနေပဲသုံးမိရင်မတည့်လာတာမျိုးဖြစ်နိုင်တယ်...ပြောရရင်တော့ Foot peeling ဆိုတာသိသာတာမြန်ပေမဲ့ Scrub သေချာတိုက်မယ်...lotion သေခ​လေူးပေးမယ်...အရိပ်အောက်နေမယ် suncream လုံလုံလောက်လောက်
လူးမယ်ဆိုလည်း အနှေးနဲ့အမြန် အုအက်လာမှာပဲ

ဒီ Footmask ကသုံးရတာစဥ်းစားဖို့လိုတယ် ...အဆင်မပြေတဲ့သူကလုံးဝမပြေပဲ ပြေတဲ့သူကတော့အရမ်းပေါ့... သောင်းသုံး နေတာ၂ခါတော့ ၂ခါလုံးကရလဒ်တစ်မျိုးစီ

သုံးတတ်ရင်တော့ရွှေပေါ့လေ

26/07/2026

Instock now

နာမည်ကြီးတာနဲ့တန်အောင် တကယ်ကောင်းပါတယ် lux က ဘာဘဲထွက်ထွက်ကိုကောင်းနေတာ ကာရံ့အမေဆိုဒါနဲ့ဘဲ ရေချိုးတာနော် သူဆို ဂျေးအတော်များတာ တော်ရုံဟာဆိုမသုံးဘူး...
အရင်ကထွက်ဖူးတဲ့ lux ဆပ်ပြာ တွေနဲ့ကွာတယ် သူက gel typeလေးထုတ်ထားတာ အထဲမှာ bubble လို ပူစီဖောင်းလေးတွေပါတယ် သူက တိုက်လိုက်ရင် oxygen နဲ့ဓာတ်ပြုပြီး အသားအရေပိုကြည်သွားအောင် formula နဲ့ထုတ်ထားတာ...
Cooling effectပါလို့ တိုက်လိုက်ရင် ပူရှိန်းပြီး အေးနေတာဘဲ...

ဆပ်ပြာကလေ အမြှပ်လဲအတော်ထတယ် ရေဆေးချရတာလဲလွယ်ပြီး lux ဆပ်ပြာတွေထုံးစံအတိုင်း ချွဲချွဲကြီးမကျန်ခဲ့ဘူး...
ချေးပြောင်သလိုဖစ်သွားပေမယ့် အသားခြောက်သွားတာမျိုးမရှိဘူး အစိုဓာတ်လေးပါရနေတာမျိုးလေး...
ပြီးတော့ သုံးပြီးရင် အသားအရေကြည်ပြီးဝင်းနေတာ အာ့အကြိုက်ဆုံးဘဲ...
အနံ့ကလဲ အတော်မွှေးပြီး အတော်ကြာကြာစွဲတယ် ရေချိုးပြီး တနာရီလောက်ထိကို ကိုယ်ပေါ်အနံ့ထွက်နေတုန်းဘဲ...

ကာရံက fresh ဖစ်တာကြိုက်လို့ ဆားနဲ့ သံပုရာသီးရောထားတဲ့ အနံ့လေးယူလိုက်တာ အနံ့က အတော်လေးလန်းဆန်းသွားတဲ့ခံစားချက်ရတယ်...
ဆားနဲ့သံပုရာသီးက ချေးတွေပိုပြောင်သလို အသားအရေလဲ ကြည်ပြီး ဖြူလာစေတယ်...

အခြားအနံ့တွေလဲရှိလို့ ကြိုက်ရာရွေးဝယ်ပါ...
ကွာလတီအရမ်းကောင်းတဲ့ ဆပ်ပြာမို့သုံးကြည့်ဖို့ recommend လုပ်ပါတယ်...
Moony မှာမေးဝယ်ကြည့်နော်...

23/07/2026

2မျိူးစလုံးunstick

၂ဗူးလုံးအပြောင်ပဲ အပြာဗူးပါဖြတ်ရတော့မှာ

Extra Bright ကတော့ လုံးဝသိသိသာသာ ဖွေးတက်လာတာ
Texture ကျဲကျဲလေးနဲ့ မစေးကပ် လိမ်းရမခက်ဘူး
Moisturizing အားကတော့ နည်းနည်းလျော့တယ် မင်ဘုန်းတွက်တော့အဆင်ပြေတယ်
အသားခြောက်ရင်တော့သိပ်မတိုးလောက်ဘူး

အသားခြောက်ရင် Body Milk အပြာသုံး
အစိုဓာတ်ကိုအပြည့်ဖြည့်ပေးတာနော်
လိမ်းပြီးပြီးခြင်းကိုအသားရည်က ချောမွတ်ပြီးနေလို့အရမ်းကောင်းတာ

အနံ့လေးတွေက ငယ်ငယ်တုန်းကရဖူးတဲ့အနံ့လေးတွေလိုပဲ ၂မျိုးလုံးကိုကြိုက်
တယ်။

နှစ်ဗူးလုံး အသစ်ထပ်ဖောက်ထားပြီ🫣

Photos from Htoo beauty & cosmetics 's post 16/07/2026

💦အသားအရေကို ရေဓာတ်ကောင်းကောင်းပေးနိင်ပြီး
စျေးသင့်တဲ့ Moisture ကောင်းလေးရှာနေရင်💢

Lebelage super water drop လေးသာ try🫰🏻🩵

‼️သုံးဖူးသူတိုင်းအကြိုက်တွေ့ကြတဲ့ moisturizer လေးနော်

🧊Texture ကလဲ စေးကပ်တာမဖြစ်ဘဲ စိမ့်ဝင်လွယ်လို့ all skin types သုံးလို့အဆင်ပြေတာလေး

🧊အသားအရေခြောက်တာတွေ၊ကြမ်းတာတွေကိုပျောက်ကင်းစေပြီးအစိုဓာတ်ပေးနိုင်တာလေးမို့ အသားအရမ်းခြောက်ရင်ဒါလေးသူံးကြည့်နော်

🧊လိမ်းရတာလဲ အေးအေးလေးနဲ့ မလို့ ရာသီမရွေးလည်းလိမ်းလို့အဆင်ပြေသော✨

🧊ချွေးပေါက်တွေကိုကျဉ်းစေပြီး အသားရေကိုစိုကြည်လာစေပါတယ်နော်🙆‍♀️

🧊Super Water Drop 💧 ဆိုတဲ့နာမည်အတိုင်းအသားအရေကိုအစိုဓာတ်အပြည့်အဝပေးပြီး ကြည်လင်နေစေမှာပါနော်🐼🥑

now
superwater drop

16/07/2026

စမ်းသုံးချင်တဲ့သူလေးတွေအတွက်အထုပ်လေးunstick
Price 2500

sunscreen အပြီးပေါ့ပေါ့ပါးပါးတန်းလိမ်းချင်တဲ့သူတွေဆို dear klairs ရဲ့ illuminating supple blemish cream ကအသင့်တော်ဆုံးပဲ။

ကျဲပါတယ်ဆိုတဲ့ foundation ဆိုရင်တောင်ဘုတ်ဘုတ်ဘုတ်လိမ်းဖို့ puff လိုသေးပေမယ့်ဒါကတော့လက်နဲ့တင်ဘတ်ဘတ်ဘတ်လိမ်းလိုက်ရင်ပြီးတာမလို့ daily wear နဲ့ထသွားထလာအတွက်အတော်ကိုအဆင်ပြေတဲ့ကောင်ပါ။ natural beige colour ကိုမှ texture ကျဲကျဲ light coverage မလို့ unisex ကောင်းကောင်းလိမ်းလို့အဆင်ပြေပါတယ်။

foundation တွေလို long lasting ဖြစ်ပြီး full coverage ပေးဖို့မဟုတ်တဲ့ texture ကျဲ pigment နည်းပြီး skincare benefits တွေကိုဦးစားပေးတဲ့ bb cream ဖြစ်တာမလို့ skin ပေါ်မှာသက်တောင့်သက်သာဖြစ်တာနဲ့အညီ foundation တွေထက်တော့ရွေ့လွယ်ကွက်လွယ်လို့လှုပ်ရှားမှုများပြီးအဆီအရမ်းပြန်တတ်တဲ့သူဆိုရင်တော့ powder လေးအုပ်ပေးရင်ပိုငြိမ်ပါတယ်။

bb cream ကိုမှ dear klairs ကဖြစ်လို့ acne-prone တွေနဲ့လဲအတော် friendly ဖြစ်ပါတယ်။ double cleansing ကတော့ထုံးစံအတိုင်း colour cosmetic တွေတင်ပြီဆိုသေသေချာချာပြန်လုပ်ပေးရပါမယ်။ natural beige အရောင်မလို့အသားအရမ်းညိုတဲ့သူတွေနဲ့အရမ်းဖြူဖွေးတဲ့ကလွဲရင် skin tone အများစုလိမ်းနိုင်တဲ့အရောင်မျိုးပါ။

natural radiant satin finish ကိုမှ natural beige colour ဖက်သွားပြီး pigment မများ ၊ oil absorbing ingredient တွေမများလို့တချို့အသားအရေတွေမှာနေ့လယ်ဆိုနည်းနည်းပို oxidized ဖြစ်တာနဲ့ရွေ့သွားကွက်သွားတာကိုခံစားရနိုင်ပါတယ်။ အဲတာကိုကတော့ skin prep, လိမ်းတဲ့ပမာဏ နဲ့ retouch မှာပြန်ညှိလို့လွယ်ပါတယ်။

သူကအထုပ်နဲ့ဗူးလာတာကိုအထုပ်ကဗူးထက်အများကြီးပိုတန်လို့အထုပ်ပဲဝယ်လိမ်းတာကပိုတန်ပါတယ်။ အထဲပါတာအတူတူပဲကိုအထုပ် 3g-2.5k နဲ့ ဗူး 40g-60k ဝန်းကျင်မလို့ ထက်ဝက်လောက်ကွာလို့ dan" ကတော့အထုပ်ပဲဝယ်လိမ်းဖို့အားပေးပါတယ်။ အထုပ်ကိုအပေါက်သေးသေးဖောက်ပြီးလိုသလောက်ညှစ်လိမ်း ၊ ပြီးရင် zipper bag လေးထဲထည့်ပြန်သိမ်းရင်ကွက်တိပါ။

16/07/2026

Instock now

Lux ကဘယ်တော့မှ စိတ်မပျက်စေဘူးနော်။ အသစ်ထွက်တဲ့ shower gel လေးတွေထဲက Grape နဲ့ Peach Soda လေးနှစ်ခုကို စမ်းကြည့်တာ တော်တော်မိုက်တယ် အနံ့လေးတွေဆို ရှယ်ပဲ။ ရေချိုးဆပ်ပြာကို အနံ့မွှေးတာလေးကြိုက်ပြီး quality အနေအထားတစ်ခုမှာ ရှိတဲ့ shower gel မျိုးကို ရှာနေရင် ဒီ နှစ်ခုကို စမ်းကြည့်ပါ။ နှစ်ခုထဲမှာ ကျွန်တော်ကတော့ ခရမ်းရောင်လေးကို ပိုသဘောကျတယ်။ သူ့အနံ့က သစ်ခွပန်းနဲ့ စပျစ်သီးပေါင်းထားတဲ့အနံ့လေး၊ အနံ့မအီပဲနဲ့ အရမ်းမွှေးတာ။ လူတိုင်းသဘောကျနိုင်တဲ့ အနံ့မျိုးပါ။ ပန်းရောင်လေးရဲ့အနံ့ကတော့ peach သကြားလုံးလိုအနံ့မျိုးပါ ချစ်ဖို့ကောင်းတယ်။ သူ့အနံ့က ကလေးတွေ ဆယ်ကျော်သက်လေးတွေနဲ့ လိုက်တယ်။ လူကြီးတွေတော့ သိပ်သဘောမကျလောက်ဘူး။ အနံစွဲလားဆိုရင်တော့ ရေချိုးပြီး တစ်နာရီလောက်အထိတော့ အသားပေါ် အနံ့စွဲပါတယ်။ တစ်ခုခုလိမ်းလိုက်ရင်တော့ အနံ့ပျောက်သွားပါတယ်။ gel texture မို့ အရင် lux shower ထက်တော့ အမြှုပ်ထွက်တာ နည်းသွားတယ်။ ဒါရဲ့ အားသာချက်က သူ့ကိုသုံးပြီးရင် အသားခြောက်ပြီး ကျန်ခဲ့မနေစေဘူး။ ဒီ shower gel က ချွဲတယ် ရေဆေးရင်မပြောင်ဘူးလို့ ပြောကြပေမယ့် ကျွန်တော်ကတော့ အဲ့လိုမခံစားရဘူး။ gel texture မို့ ပုံမှန်ထပ် နည်းနည်းချွဲပေမယ့် ရေဆေးချလိုက်ရင်တော့ပြောင်ပါတယ်။ သူ့ကိုသုံးပြီး အသားဖြူတာတို့ ဘာတို့တော့ မရှိနိုင်ပါဘူး။ အနံမွှေးပြီး သုံးလို့ကောင်းပြီး ဈေးလည်းအရမ်းမများတာမို့ ရေချိုးဆပ်ပြာကောင်းကောင်း တစ်ခုလောက်ရှာနေရင်တော့ ဒါကိုသုံးကြည့်ဖို့ recommend ပေးပါတယ်။

12/07/2026

Instock
8000ks

ဒီHair Serumကိုတော့ အားနေ Salonသွားပြီး ဆံပင်ကို ခဏတိုင်း ဆေးဆိုးလိုက်၊ဖြောင့်လိုက်၊ကောက်လိုက်တွေလုပ်ပြီး ဆံသားတွေခြောက် ပြောင်းဖူးမွှေးလိုဖွာလန်​ကျဲကျွတ်ဆတ်နေတဲ့ ဆံသားပိုင်ရှင်တွေ အဓိကသုံးသင့်တယ်။

၂-၃ပတ်လောက် သေချာလေးဂရုစိုက်သုံးပေးနိုင်ရင်ကို ဒီSerumက အဖျားနှစ်ခွဖြစ်တာ၊ ဆံသားခြောက်ပြီးဖွာတာ၊ ဆံသားက ကြွပ်ဆပ်ပြီးမာခြောက်နေတာတွေကို အတော်လေးသက်သာအောင်လုပ်ပေးနိုင်တာတွေ့ရတယ်။အနံ့လေးလည်း မဆိုးဘူး သင်းသင်းလေး။

Textureကတော့ Serumဆိုပေမဲ့ပျစ်တဲ့ဘက်သွားလို့ သူ့တစ်မျိုးတည်းလိမ်းတာထက် Hair oil (or) Lightweight hair serum တစ်ခုခုနဲ့ရော​ပြီးလိမ်းရင်ပိုပြေမယ်။မဟုတ်ရင် စေးတာကပ်တာဖြစ်တတ်လို့။

ခေတ်ကတော့ Ogx hair oil တစ်စက်လောက်ထည့်ပြီးတွဲလိမ်းဖြစ်တယ်။အဲ့ဆိုဆို လိမ်းလိမ်းပြီးချင်းမှာတင် ဆံသားကပုံကျပြီးဝပ်ဆင်းသွားတာမိုက်ချက်ဘဲ။ Dryer မှုတ်လို့လည်းပို့ကောင်းသွားတယ်။

ဒီHair Serum မှာက ဆံသားအတွက် အထောက်ကူပြုစေတဲ့ Collagenလည်းပါသလို Pro Vitamin B5 လည်းပါသေးတာမို့ ဆံသားနှစ်ခွဖြစ်နေတာ ၊ ကျိုးကြေနေတာ၊ ဖွာနေတာတွေက အစသက်သာပြီးဆံသားကို သိသိသာသာပြန်ကောင်းသွားစေတဲ့ serumမျိုးမို့ ကိုယ်ကဒီပြသနာတွေထဲက တစ်ခုခုကြုံနေခံရရင် Tryကြည့်ပါ။

❌ ပုံတွေ၊စာတွေ ယူသုံးခွင့်မပြုပါ။ ❌

Photos from Htoo beauty & cosmetics 's post 06/07/2026

☀️ 𝙇𝙚𝙗𝙚𝙡𝙖𝙜𝙚 𝙨𝙪𝙣𝙘𝙧𝙚𝙖𝙢 𝙎𝙋𝙁 50+ 𝙋𝘼+++ တွေ Instock ပြန်ရနေပြီနော် 😍

1️⃣𝘿𝙖𝙞𝙡𝙮 𝙉𝙤 𝙨𝙚𝙗𝙪𝙢 ( The best seller )
•အဆီပြန်တတ်တဲ့ သူတွေအတွက် အဆီမပြန်အောင်ထိန်းပေးပါတယ်

2️⃣𝙇𝙤𝙣𝙜 𝙇𝙖𝙨𝙩𝙞𝙣𝙜
•ရေစို ချွေးစို ခံတဲ့အတွက် ကမ်းခြေသွားတဲ့သူတွေ အားကစားလုပ်တဲ့ သူတွေအတွက်သင့်တော်ပါတယ်

3️⃣𝙀𝙭𝙩𝙧𝙚𝙢𝙚
•နေရောင်ခြည်နဲ့ တော်တော်များများ ထိတွေ့နေရတဲ့ သူလေးတွေအတွက် အဆင်ပြေပါတယ်ရှင်

Price - 12000 (30 ml)


&cosmetic

Photos from Htoo beauty & cosmetics 's post 05/07/2026

အသစ်လေးတွေထပ်ရောက်ထားပါတယ်နော်😍

Want your business to be the top-listed Beauty Salon in Dawei?
Click here to claim your Sponsored Listing.

Category

Website

Address

Dawei
14011