Cosmetics Bar Dawei

Cosmetics Bar Dawei

Share

All for you

Photos from Cosmetics Bar Dawei's post 27/11/2025

Fraijour Original Herb Wormwood Cleansing Foam Review

Fraijour wormwood foam ကတော့ ဟိုအရင်ထဲကမသိသူမရှိလောက်အောင် နာမည်ကြီးပြီးသား cleanser ပါ။မေကဒါလေးကို EOS K ရဲ့ Special Edition Set ပို့ပေးမှပဲသုံးဖူးတာ။ကိုယ်သုံးဖူးတာတောင်နောက်ကျနေပြီဆိုပေမဲ့ မေရဲ့ cleanser recommendation လိုချင်သူတွေအတွက် personal အမြင်ကို ရေးလိုက်ပါတယ်။

သူက တွေ့နေကျ cleansing foam တွေအတိုင်း
▪️Dense foam အမြှုပ်လေးတွေ အတော်ထွက်တယ်
▪️မပြောင်လို့အကြာကြီးရေဆေးချနေစရာမလိုဘူး
▪️မျက်နှာရှင်းသန့်သွားပေမဲ့ ခြောက်သယောင်းပြီးကြမ်းသွားတဲ့ feeling မကျန်ဘူး
ဒီအချက်တွေက oily/combination skin တွေ လိုချင်တဲ့ cleanser ပုံစံနဲ့ကိုက်မယ်လို့ မေထင်တယ်။
အဲ့လို cleansing အားကောင်းတဲ့အတွက် အဆီသေချာပြောင်တယ်၊ ချွေးပေါက်ရှင်းပြီး အဆီဖုတွေနည်းသွားအောင်လည်းအထောက်အကူပြုနိုင်တယ်။မေခုတလော cleansing balm အသစ်လေးတစ်ခုစမ်းရင်း ဒီဟာနဲ့တွဲသုံးနေတာလည်း တော်တော်အဆင်ပြေတယ်။ oil တွေ ကျန်ခဲ့ပြီး pore clog ဖြစ်မှာ မပူရဘူးပေါ့။

Foam type cleanser အများစုရဲ့အားနည်းချက်တစ်ခုက သုံးပြီးသွားရင်အသားကြမ်းသွားသလိုခံစားရတတ်ပေမဲ့ ဒီ cleansing foam လေးကတော့ ရေဆေးပြီးလည်း မျက်နှာကချောပြီး moisture stripping အရမ်းမဖြစ်သလိုခံစားရတယ်။

Ingredient list ကို မေဖတ်ကြည့်ရသလောက် mugwort အဓိကပါတယ်။အသားအရေအတွက်အကျိုးရှိပြီး soothing ကောင်းတဲ့ အသီးအရွက်အမြစ်အစုံရောထည့်ထားတဲ့အတွက် texture က ခပ်ပျစ်ပျစ် Green paste အနှစ်လေးထဲမှာ အဖတ်လေးတွေပါတာတွေ့ရတယ်။အနံ့ကလည်း လိုက်ဖက်ညီတဲ့ herbal နံ့လေးပဲ။

Essential oil တွေပါလို့ fungal acne နဲ့ ထစ်ကနဲဆို sensitive ဖြစ်တတ်တဲ့ skin နဲ့တော့ အဆင်မပြေလောက်ဘူး။ Any skin types သုံးလို့ရပေမဲ့ dry skin အတွက်တော့ အသားနည်းနည်းခြောက်နိုင်ပါတယ်။ artemisia princeps ဆိုတဲ့ mugwort ပါလို့ mugwort နဲ့ မတည့်ရင်လည်းရှောင်ပါ။

Oily,combination,normal skin တွေအတွက်တော့ ဒီနွေမှာ budget လည်း save ဖြစ်သလို သုံးလို့ကောင်းမယ့် cleanser ဖြစ်ပါတယ်။

Cosmetics Bar Dawei
O-new

Photos from Cosmetics Bar Dawei's post 26/11/2025

အားပေးမှုတိုင်းအတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် ❤️🥰

Photos from Cosmetics Bar Dawei's post 25/11/2025

အစုံပလုံ instock ထပ်ဝင်တာလေးတွေပါရှင်❤️💙

လိုအပ်တာလေးတွေကိုအားပေးလို့ရပါတယ်ရှင်

ဈေးလေးတွေသိချင်ရင် အားမနာတမ်း Cb ကနေလာမေးလို့ရပါတယ်ရှင်❤️

Photos from Cosmetics Bar Dawei's post 25/11/2025

✨ပိုးသားလေးလို တောက်ပြောင်တဲ့ ဆံကေစသာအလှတရားကို 𝐆𝐨𝐨𝐦𝐨𝐫(ဂူးမော) 𝐒𝐡𝐚𝐦𝐩𝐨𝐨 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐞𝐫 နဲ့ ရယူလိုက်ပါ...

👉အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေနဲ့ နေ့စဉ်ထိတွေ့နေလို့ဖြစ်ဖြစ်
👉 အပူပေးပစ္စည်းတွေ အသုံးများလို့ပဲဖြစ်ဖြစ်
ပျက်စီးသွားတဲ့ ဆံသားတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ 𝐆𝐨𝐨𝐦𝐨𝐫 𝐒𝐡𝐚𝐦𝐩𝐨𝐨 နဲ့ 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐞𝐫 ပါပဲ 💯

💫 Goomor Shampoo က ဆံသားနဲ့ ဦးရေပြားမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ဖြည့်ပေးတယ်

💫 Goomor Conditioner ကတော့ ခေါင်းလျှော်ပြီးချိန်မှာ ဆံသားရှုပ်ထွေးတာ မဖြစ်အောင် ကာကွယ်ပေးပြီး ပိုးသားလို ချောမွေ့တဲ့ ဆံသားအလှကို ပိုင်ဆိုင်စေတယ်

💦ဆံသားကို လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အတွက် ခြောက်သွေ့ကြမ်းတမ်းမှုမရှိဘဲ နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာကို ရရှိစေမှာပါ 💁‍♀️🌸

💕သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ 𝐆𝐨𝐨𝐦𝐨𝐫 𝐒𝐡𝐚𝐦𝐩𝐨𝐨 နဲ့ 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐞𝐫 ကို ပုံမှန်သုံးပြီး ကျန်းမာလှပတဲ့ ဆံသားလေးကို အခုပဲ အရယူလိုက်တော့နော်..🙋‍♀️🛍

Photos from Cosmetics Bar Dawei's post 25/11/2025

Primer ဘာသုံးရမလဲ စဉ်းစားနေတဲ့သဲတို့အတွက် စျေးတန်ပြီး quality ကောင်းတဲ့ IN2IT primer လေး မင်မင်တိို့ဆီမှာရပါပြီရှင် ✨

Matte finish ဖြစ်လို့ အဆီပြန်တာကို ထိန်းပေးပါတယ်✅

ချွေးပေါက်လေးတွေမမြင်အောင်ဖုံးပေးပါတယ်ရှင် 💯

မိတ်ကပ်ကွက်တာရွေ့တာကိုလည်းထိန်းပေးလို့အရမ်းအဆင်ပြေပါတယ်ရှင့်✅

Makeup လိမ်းတဲ့ အခါ primer က အရေးကြီးတဲ့နေရာကဖြစ်တာကြောင့် primer လိမ်းထားတဲ့ look နဲ့ မလိမ်းတဲ့ look တော်တော်ကွာတယ်နော်သဲလေးတို့✨

Makeup လိမ်းပြီးတဲ့အခါတိုင်းကြည့်ကောင်းနေစေပြီး perfect finish ဖြစ်စေဖို့✨

စျေးတန်တဲ့ ထဲကဆိုရင် မင်မင်ကတော့ IN2IT ကိုသုံးကြည့်ပါနော်✅

25/11/2025

💙🍏

Photos from Review  by Maw Lay's post 25/11/2025

KIYOI Cotton Pad အစုံရပါတယ်ရှငါ

Photos from Thaung's Vlog's post 25/11/2025

၂မျိုးစလုံး instock ပါရှင်

25/11/2025

Instock ရပါပြီရှင်

အခုအချိန်မှာ အသားခြောက်တာအတွက် အသင့်လျော်ဆုံး Essence တွေထဲက တစ်ခုဆိုရင် Cosrx Snail Essence ပဲ 🐌

ရာသီဥတုက ချမ်းစိမ့်စိမ့်ဖြစ်ချင်သလိုလိုနဲ့ ပူတော့ပူတယ်
ဒါပေမယ့် ဆောင်းအငွေ့အသက် နည်းနည်းတော့ရနေပြီ
အသိသာဆုံးကတော့ အသားအရေပဲ
ဆောင်းဝင်မဝင်ကို ငုံးက အသားအရေကို ကြည့်ပြီး ဆုံးဖြတ်တယ် 😆
Dehydrated ဖြစ်တာလိုလို အဆီပြန်သော်ငြား
တင်းခြောက်ခြောက် ဖြစ်လာတဲ့ အသားအရေကို သတိထားမိသလို
လက်မှာလည်း အရေခွံ kwar လာတာကြောင့်
Routine ထဲကို hydration အပြည့်ပေးမယ့် product တစ်ခု
ထည့်သုံးမှဖြစ်မယ်ဆိုပြီး လက်က snail essence ကိုရောက်သွားရော

အသားအရေကို အစိုဓာတ်လည်းအပြည့်ရတယ်
အမဲစက် အမာရွတ်တွေကိုလည်း ဖြည်းဖြည်းချင်းသက်သာလာပြီး
တုံတုံအိအိနဲ့ healthy skin လေး ရချင်တယ် ၊
Snail နဲ့သာတည့်တယ်ဆိုရင် ဒီ Cosrx ကတော့
Holy Grail Essence တွေထဲက တစ်ခုပါပဲ
ငုံးသုံးနေတာ ဘယ်နှဘူး ရှိနေပြီလဲ မသိဘူး

ဒါနဲ့ ငုံး အပြင်းတကာ့ အပြင်းစား active တစ်ခုကို
Oct , Nov မှာ တောက်လျှောက်စမ်းလာတာမို့လို့
အခုလို အေးလာတဲ့အချိန်မှာ အသားက သိသိသာသာ ပိုပြီး
dry & flaky ဖြစ်လာတာမို့ Snail Essence ကို
ပြန်ပြီး အားကိုးနေရပါတယ်လို့

✨ Snail Secretion Filtrate 96% ပါဝင်လို့
အရေပြားရဲ့ healing process ကိုမြန်စေပေမယ့်
ဒီ Snail Essence ရဲ့ Result က ငုံးအသားအရေမှာဆို ပြတာ နှေးတယ်
ဝက်ခြံညှစ်ထားတဲ့ Open Wounds တွေပေါ် သုံးမိရင် နည်းနည်းစပ်တယ်

✨ Snail Mucin က သဘာဝအတိုင်းကို Collagen ,
Hyaluronic Acid , Antioxidants တွေကြွယ်ဝတဲ့အပြင်
သူ့မှာ Glycolic Acid လည်း naturally ပါဝင်တာမို့လို့
Skin Texture ကို သိသိသာသာ improve ဖြစ်စေပြီး
လိမ်းလိမ်းချင်းကို Plumping effect အပြည့်ရ‌စေတယ်

ဆိုတော့ ရာသီဥတုရယ် active အပြင်းစားတစ်ခုရယ်ကြောင့်
ခြောက်ကပ်နေတဲ့အရေပြားကို snail essence နဲ့
ပြန်ပြီး အစာကျွေးနေပါတယ်လို့ !!

Photos from Cosmetics Bar Dawei's post 25/11/2025

ကိုယ့်ရဲ့ body scent ကို သိသိသာသာအီပြီးမွှေးတဲ့ ရနံ့မျိုးထက် ကိုယ်သင်းနံ့လေးလို သင်းသင်းလေးနဲ့ fresh ပြီး စွဲနေတာမျိုးလေးကြိုက်တယ်ဆို

Elizabeth Arden ရဲ့ Green Tea body mist လေးက ဘေးနားကဖြတ်သွားတဲ့သူတောင် ခေါင်းကြည်စေမယ့် ရနံ့မျိုးလေးနော် ☘️ 💚

ချိုပြီးမွှေးတဲ့ အနံ့မျိုး မဟုတ်ဖဲ green tea ရနံ့ သင်းသင်းလေးမို့ ယောကျာ်းလေးရော မိန်းကလေးရော သုံးလို့အဆင်ပြေတာလေး ✊🏻

စိတ်ကြိုက်ဖြန်းလိုက်ရမှ ကျေနပ်တာဆိုလည်း 236 ml တောင်ပါတာမို့ အရမ်းမိုက် 😌💚

❤️ပစ္စည်းအစစ်အမှန်သာရောင်းချပေးပါတယ်ရှင် ❤️

Want your business to be the top-listed Beauty Salon in Dawei?
Click here to claim your Sponsored Listing.

Website

Address

No(11), Kayaut Pyin, Rzarni Road
Dawei

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 13:00