Dawei Thu Daw Moe
18/08/2026
" အပိုင်း ၁ "
ဒေါသထွက်နေတဲ့ အချိန်မှာ စကားမပြောပဲ နေလိုက်တာဟာ
အမှားပေါင်းများစွာ ၊ အကျိုးမဲ့ပေါင်းများစွာ ၊ ဆုံးရှုံးမှုပေါင်းများစွာကို အကောင်းဆုံးသောနည်းနဲ့ တားဆီးတာပါပဲ ..။
18/08/2026
" အပိုင်း ၂ "
၁ ။ ဒေါသနဲ့ ပြောတဲ့ စကားတွေဟာ
ဉာဏ်ပညာကိုလည်း ဖျက်ဆီးနိုင်တယ်
၂ ။ ကျေးဇူးသိတတ်သော စိတ်ကိုလည်း ဖျက်ဆီးနိုင်တယ်
၃ ။ မေတ္တာတရားကိုလည်း
ဖျက်ဆီးနိုင်တယ်
၄ ။ အကြင်နာတရားကိုလည်း
ဖျက်ဆီးနိုင်တယ်
၅ ။ အနှစ်နှစ် အလလ ချစ်ခဲ့သမျှတွေကိုလည်း ဖျက်ဆီးနိုင်တယ်
၆ ။ သည်းခံစိတ် ခန္တီတရားကိုလည်း ဖျက်ဆီးနိုင်တယ်
၇ ။ အတိတ်က ကောင်းခဲ့တာတွေကိုလည်း ဖျက်ဆီးနိုင်တယ်
၈ ။ အနာဂါတ်အတွက်မျှော်လင့်ချက် အိပ်မက်တွေကိုလည်း ဖျက်ဆီးပစ်နိုင်တယ်
18/08/2026
18 . 8 . 2026 ( 2:50 pm )
World Gold – 4,393$
ရည်ညွှန်းဈေး – 7,050,000 Ks
🪙 ပြင်ပဈေးကွက်
━━━━━━━━━━━━━━━
အဟောင်း အခေါက်ရွှေ __
🔸အရောင်း – 10120000 ကျပ်
🔹ဝယ်ဈေး – 10060000 ကျပ်
🔸၁၅' ရောင်း – 9520000 ကျပ်
အသစ် အခေါက်ရွှေ __
🔸အရောင်း – 9950000 ကျပ်
🔹ဝယ်ဈေး – 9890000 ကျပ်
🔸၁၅' ရောင်း – 9360000 ကျပ်
📌 မှတ်ချက် ___
အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးနှုန်းမှားယွင်းမှု ၊ အရောင်းမှား ၊ အဝယ်မှား မဖြစ်စေရန် ရရှိထားသော ဈေးတန်းများကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
18/08/2026
နောက်၂၄နာရီအတွင်း ရာနှုန်းပြည့်မိုး
မင်္ဂလာမနက်ခင်းပါဗျ။ အခုပိုစ့်တင်ချိန်မှ နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးရွာမယ့်ဒေသများကိုသာ ရွေးချယ် တင်ပြထားပါတယ်။ ရာနှုန်းပြည့်မိုးဆိုတာ မိုးကြီးမယ်လို့ ပြောတာမဟုတ်ဘဲ မိုးရွာဖို့ သေချာတယ်လို့ ပြောတာဖြစ်ပြီး ဒီစာရင်းထဲမှာ မိုးကြီးမယ့်ဒေသတွေလဲ ပါကောင်းပါနိုင်ပါတယ်။ သို့သော် မိုးရွာမယ့်ဒေသနဲ့ မိုးကြီးမယ့်ဒေသကို ခွဲခြားရလွယ်အောင် နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသတွေကိုလဲ သီးသန့်ပိုစ့်တစ်ခုဖြင့် ခွဲတင်ပေးထားပါသေးတယ်ဗျ။
ကချင်ပြည်နယ်
ပန်နန်းဒင်၊ နောင်မွန်း၊ ပူတာအို၊ မချမ်းဘော၊ မကော၊ တနိုင်း၊ နောင်းမီ၊ လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ တာမခန်၊ ဟောင်းပါး၊ ကာမိုင်း၊ လဝါး၊ မိုးကောင်း၊ နမ္မတီး၊ အင်ဂျန်းယန်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီ၊ တာလောကြီး၊ လိုင်ဇာ၊ လဂျားယန်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ မံစီ၊ ဗန်းမော်၊ မိုးမောက်၊ မိုင်းခေါင်၊ မိုင်းဂျာယန်၊ လွယ်ဂျယ်၊ ပန်ခမ်း၊ ရွှေကူ၊ မြို့လှ၊ ပင်းဘော၊ ဟိုပင်၊ နန်းမား။
ကယားပြည်နယ်
ရာနှုန်းပြည့် မိုးရွာမည့်ဒေသ မရှိပါ။
ကရင်ပြည်နယ်
လိပ်သို၊ သံတောင်၊ သံတောင်ကြီး၊ ဘုရင့်နောင်မြို့၊ ဘောဂလိ၊ နတ်တောင်၊ လှဂွန်းပျို၊ ကတိုင်တိ၊ မြိုင်ကြီးငူ၊ ကမမောင်း၊ ရင်းဘိုင်း၊ ရွှေဂွန်း၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ မင်းဇီ၊ နောင်ကမြိုင်၊ တောင်ဝိုင်း၊ ဘားအံ၊ ဇွဲကပင်တောင်၊ နောင်လုံ၊ အိန္ဒု၊ ဝင်းစိန်၊ ကျုံဒိုး၊ ကော့ကရိတ်၊ ဇာသပြင်၊ ကော့ဘိန်း၊ သင်္ဘောထိုး၊ ဝေါလေမြိုင်၊ စုကလိ၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး၊ မြို့ဟောင်းရွာ၊ တံခွန်တိုင်၊ ကမ်းနီ၊ ဘုရားသုံးဆူ။
ချင်းပြည်နယ်
ဖလမ်း၊ ဟားခါး၊ မတူပီ၊ ဆမီး၊ ပလက်ဝ။
မွန်ပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။
ရခိုင်ပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။
ရှမ်းပြည်နယ်မြောက်ပိုင်း
မဘိမ်း၊ မိုးမိတ်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ ပန်လုံ၊ နာဝီး၊ မိုင်းမော၊ ပန်ဝိုင်၊ ခွန်းမား၊ လုံထန်၊ ပန်ဆန်း၊ မက်မန်း၊ လားရှိူး၊ တန့်ယန်း။
ရှမ်းပြည်နယ်အရှေ့ပိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။
ရှမ်းပြည်နယ်တောင်ပိုင်း
မိုင်းပန်၊ ကျိုင်းတောင်း၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းစံ၊ ကာလိ၊ ကွန်ဟိန်း၊ ခိုလမ်၊ ပေါင်းလောင်း။
စစ်ကိုင်းတိုင်းအထက်ပိုင်း
ခန္တီးမြို့၏အနောက်ပိုင်းဒေသအချို့နှင့် တောင်ပိုင်းဒေသအချို့။
စစ်ကိုင်းတိုင်းအောက်ပိုင်း
မင်းကင်း။
မန္တလေးတိုင်း
ရာနှုန်းပြည့် မိုးရွာမည့်ဒေသ မရှိပါ။
မကွေးတိုင်း
ရာနှုန်းပြည့် မိုးရွာမည့်ဒေသ မရှိပါ။
နေပြည်တော်
လယ်ဝေး၊ ပျဉ်းမနား၊ ဧလာ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ သာဝတ္ထိ။
ပဲခူးတိုင်းအရှေ့ပိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။
ပဲခူးတိုင်းအနောက်ပိုင်း
ရာနှုန်းပြည့် မိုးရွာမည့်ဒေသ မရှိပါ။
ရန်ကုန်တိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။
ဧရာဝတီတိုင်း
မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ။
တနင်္သာရီတိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။
၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးရွာမယ့်ဒေသများနဲ့ ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများကို တစ်နေ့လျှင်နှစ်ကြိမ်ခွဲ၍ မနက်ပိုင်းတစ်ကြိမ်၊ မွန်းလွဲပိုင်းတစ်ကြိမ် အပ်ဒိတ် တင်ပေးနေပါတယ်ခင်ဗျာ။ ဒီစာရင်းထဲမှာ မပါဝင်တဲ့ဒေသတွေက မိုးတိမ်တောင်တွေ ယာယီဖြတ်သန်းသွားလို့ မိုးပြေးလေးတွေပဲရွာတာ၊ တကိုယ်စွတ်မိုးလေးပဲရွာတာ၊ မိုးဖွဲဖွဲပဲကျတာ၊ တိမ်တွေရှိနေလို့ မိုးအုံ့နေတာမျိုးနဲ့ မိုးအုံ့တစ်လှည့် နေသာတစ်လှည့်တွေသာ ဖြစ်နိုင်ပါတယ်ဗျ။ မိုး သေချာပေါက်ရွာဖို့အတွက် ရာနှုန်းမပြည့်မီလို့ မထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒီထဲက အချို့ဒေသတွေကို ရက်ကြိုခန့်မှန်းချက် တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။
Issued Time: 18-08-2026/9:15AM
Derived from: Multi-Model Consensus (ECMWF, GFS, ICON, UKMO, GEM, JMA, WRF, PPD, ACCESS, GSM, CMA, NCUM, NCMRWF)
ဒေါက်တာ စိုင်းခွန်အာကာ
17/08/2026
🙏🙏🙏
17/08/2026
နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသများသို့ ရောက်ရှိခဲ့ကာ ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဂျက်ခမ်းပြည်နယ်နှင့် ဘီဟာပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
17/08/2026
အရမ်းကို တန်ဖိုးကြီးတဲ့ စာသားတွေပါ။
သေချာလေး ဂရုစိုက်ဖတ်ကြပါနော်...
17/08/2026
17 . 8 . 2026 ( 3:20 pm )
World Gold – 4,395$ ⬆️
ရည်ညွှန်းဈေး – 7,050,000 Ks
🪙 ပြင်ပဈေးကွက်
━━━━━━━━━━━━━━━
အဟောင်း အခေါက်ရွှေ __
🔸အရောင်း – 10120000 ကျပ်
🔹ဝယ်ဈေး – 10060000 ကျပ်
🔸၁၅' ရောင်း – 9520000 ကျပ်
အသစ် အခေါက်ရွှေ __
🔸အရောင်း – 9950000 ကျပ်
🔹ဝယ်ဈေး – 9890000 ကျပ်
🔸၁၅' ရောင်း – 9360000 ကျပ်
📌 မှတ်ချက် ___
အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးနှုန်းမှားယွင်းမှု ၊ အရောင်းမှား ၊ အဝယ်မှား မဖြစ်စေရန် ရရှိထားသော ဈေးတန်းများကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
16/08/2026
16 Aug 2026 ( 10 :00 AM )
ကမ္ဘာ့ရွှေဈေး - 4376 🔺
USD - 4400 mmk
YGEA ဈေး - 7050000 Ks
စနစ်ဟောင်း ပြင်ပဈေးတန်း
------------
အခေါက်ရွှေ (16.606g )
ရောင်းဈေး - 10100000 Ks
ပြန်ဝယ် - 10040000 Ks
၁၅ ပဲရည်ဈေး
ရောင်းဈေး - 9500000 Ks
စနစ်သစ် ပြင်ပဈေးတန်း
---------------
အခေါက်ရွှေ (16.329g )
ရောင်းဈေး - 9930000 Ks
ပြန်ဝယ် - 9870000 Ks
၁၅ ပဲရည်ဈေး
ရောင်းဈေး - 9340000 Ks
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ် ”
16/08/2026
နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
==========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော လေဖိအား နည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာ နိုင်သည်ဟု ခန့်မှန်းရပါသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
Click here to claim your Sponsored Listing.
