Çapricorñ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Çapricorñ, Beauty, cosmetic & personal care, .
07/03/2024
ပန်းချီကားသဖွယ်🌅
ဘယ်နေရာလဲဗျာ🧏
15/01/2024
ပုဂံမှာ ဘောလုံးစီးခက
Local တစ်ဦး ၂၈၀၀၀၀ကျပ် ပါ 💥
ဘာလို့စျေးကြီးနေရလဲဆိုတာ ခုမှသိပါတယ်...
သူ့ရဲ့သဘောက
အတက်အဆင်းကိုသာထိန်းချုပ်လို့ရပါတယ်
လိုရာကို မောင်းနှင် / ဆင်းသက် လို့
မရပါဘူး ..
လေကြောင်းသင့်ရာကိုသာ အလိုက်သင့်
စီးမျောရတာမို့
ကိုယ် သွားချင်တဲ့နေရာ ဆင်းသက်ချင်တဲ့နေရာကို
သွားလို့မရ ဆင်းလို့မရပါ..
ဒါ့ကြောင့်
လေဆိပ် မှ လေကြောင်းဆိုင်ရာ
အချက်အလက်တွေကို အရင် ရယူရပါတယ်
မြေပြင်မှာ လေဖိအား နဲ့ လေတိုက်နှုန်းက
ပုံမှန်ဆိုပေမယ့်
အမြင့်ပေ ဘယ်၍ဘယ်မျှ မှာ
ပြောင်းလဲပြင်းထန်နေရင် { ၎င်းနေ့ } မှာ
ခရီးစဥ်ကို နားရ / ပယ်ဖျက်ရပါတယ်
ပုဂံ ရဲ့ ရာသီဥတု / လေတိုက်နှုန်းအရ
တစ်နှစ်မှာ Nov Dec Jan Feb လေးလ ပဲ
စိတ်ချလက်ချ စီးနင်းလို့ရပါသတဲ့..
မုန်တိုင်းဖြစ်နေတဲ့အချိန်သာမဟုတ်
မိုးဦးလေဦး နဲ့ လေရူးမွှေတဲ့အချိန်တွေမှာလည်း
ရပ်နားထားရပါတယ်
ကောင်းကင်ပေါ်တက်သွားပြီဆိုပေမယ့်
မြေပြင်မှာကျန်ခဲ့တဲ့ ဝန်ထမ်းအဖွဲ့သားတွေ ရဲ့
တာဝန်က အရမ်းကြီးလေးလှပါတယ်
ဘယ်နေရာ ဘယ်နားမှာ ဆင်းသက်မယ်ဆိုတာ
ကြိုမသိရတဲ့အတွက် ဘောလုံးပျံသန်းရာနောက်ကို
ထပ်ချက်မကွာ လိုက်နေရပါတယ်
လေကြောင်းပြောင်းလဲတိုက်ခတ်တဲ့အခါတွေမှာ
ဧရာဝတီမြစ်လယ် { ရေလယ်ကျွန်း } ထဲ
ဆင်းသက်ရတာတွေရှိလို့
ခရီးသည်တွေကို စက်လှေ / ကားနဲ့ ပြန်ကြိုရတာတွေ
မလွှဲသာလို့ စိုက်ခင်းထဲဆင်းသက်ရတဲ့အခါ
လျော်ကြေးပေးရတာတွေ လဲ ရှိပါသတဲ့
{ ဘောလုံးရွက်ဖျင်သားတွေမထိခိုက်အောင်
အခင်းလိုက်ရှင်း ရတာတွေ လဲ ရှိ }
အဓိက ကတော့ စီးနင်းသူတွေ အန္တရာယ်မဖြစ်
အောင် တာဝန်ယူစောင့်ရှောက်ရတာပါ
စီးနင်းသူတွေ ဦးရေ ရဲ့ ဝိတ်ချိန်ပေါင်းက
သတ်မှတ်အလေးချိန်မပြည့်မှီပါရင်လည်း
ပြည့်မှီအောင် လုပ်ဆောင်ရပါသတဲ့
အလွယ်ဆုံးနည်းကတော့ ထိန်းချုပ်မယ့်
ပိုင်းလော့သင်တန်းသားကို တင်ခေါ်သွားခြင်းပေါ့
တက်သွားတာကတော့ဟုတ်ပြီ
ဘုရားဉာဏ်တော်အမြင့် နဲ့ မလွတ်တာ
သစ်ပင်အမြင့် နဲ့ မလွတ်တာမျိုးကြုံလာရင်
ဂက်စ်ပါဝါကို တိုးပြီး
ဒါ့ထက်မြင့်တက်အောင် လုပ်ဆောင်ရပါသေးတယ်တဲ့
26/01/2022
Skincare အကြောင်း.သိကောင်းစရာ
Skin care is so important
တချို့က skin care ကို သေချာမသိကြသေးဘူး
Skin care ကို တခါတလေ မှသုံးလည်း ရတယ်လို့ ထင်နေကြတယ်...
တချို့က အပြင်သွားခါနီးမှ လိမ်းလိုက် mask ကပ်လိုက် လုပ်တက်ကြတယ် အဲ့တာကို care တယ်လို့ထင်နေကြတယ်
တကယ်တော့ Skin care ကို အမြဲလိမ်းပေးရပါမယ် ၊နေ့ဘက် မိက်ကပ်လိမ်းတယ် အလုပ်သွားတယ်ပြန်ရောက်လို့ ညဘက်ရောက်ရင် skin care လုပ်ဖို့ လိမ်းဖို့ မမေ့ပါနဲ့ နေ့တိုင်း care ပေးမှ အမြဲ Glow ဖြစ်မှာပါ mask ကပ်တယ်ဆိုတာကလည်း
၁ပတ် ၂ခါ အနည်းဆုံး လုပ်ပေးသင့်ပါတယ်။
အမြဲတမ်း ပွဲရှိမှ အပြင်သွားမှ skin care လုပ်တာမျိုး mask ကပ်တာမျိုး ကို ဆင်ခြင်ပါ...
တချို့က skin care အစပိုင်းမှာ ဖုသေးသေးလေးတွေ ထွက်တက်ပါတယ်
ဆက်လိမ်းလို့ရပါတယ် နောက်ဆို ပျောက်သွားပါလိမ့်တယ်
တချို့က ဘာမှမထွက်ဘူး ပိုလှလာတယ်
ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်
တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့ Skin care မကောင်းဘူးလို့ ထင်ကြပြန်တယ်...
တချို့ကလည်း ၁ပတ်မှ ၁ရက်သာ skin care လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး မကောင်းဘူးပြောကြပြန်တယ်... သေချာတာက သုံးပုံသုံးနည်းမှားနေလို့ပါ....
မျက်နှာကို ၁နေ့ ၂ကြိမ် သစ်ပေးရပါမယ်၊
Skin care ကို နေ့တိုင်း လိမ်းပေးရပါတယ်
Mask ကို အနည်းဆုံး ၁ပတ် ၂ကြိမ် သုံးပေးရပါမယ်
ရေများများသောက်ပေးရမယ်
အိပ်ရေးမှန်ရမယ်
အစပ်နဲ့ အငံ လျှော့ စားရမယ်
တခုခု ချို့ ယွင်းနေရင်
ဝက်ခြံ နဲ့ ဖုလေးတွေ ထွက်လာနိုင်ပါတယ်
ဒါကြောင့် skin care ကို သေချာလုပ်ပေးကြပါလို့
သူများလှတာ၊ သူများ glow တာဘဲ ငေးမောမနေပါနဲ့တော့နော် ကိုယ်ကိုယ်တိုင် Glow လိုက်ကျပါ။
ဘယ်လောက်စျေးကြီးပြီးကောင်းတဲ့ make up တွေသုံးသုံး Skin မကောင်းရင် လှချင်သလောက်မလှတော့ဘူး ။
Skin Care တွေကစျေးကြီးလို့ မသုံးနိုင်ပါဘူးလို့တော့ မပြောလိုက်ပါနဲ့
Crd to the original🙏
19/12/2021
Suncream လိမ်းဖို့ ပျင်းတဲ့ သူတွေ အတွက်
Motivation တစ်ခုခု လိုနေပြီဆိုရင် ဒါလေးကို ဖတ်ပေးပါ ☺️
👉👉Sun cream ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်လေးတွေရယ် Suncream အကြောင်း သိကောင်း စရာ အပိုင်း (၁)👈👈
အသက် ၆၉ နှစ်အရွယ် Truck ကားမောင်းသူ Kristen Johanssen ဟာ သူ ကားမောင်း သက်တမ်း ၂၈ နှစ်တစ်လျှောက် Selfie တစ်ပုံလောက် ဆွဲထားလိုက်ပါတယ် ......အဲဒီပုံလေးဟာ မထင်မှတ်ဘဲ internet .social mediaမှာ အရမ်း နာမည်ကြီးသွားပါတယ် ...
ဘာဖြစ်လို့လဲ ဆိုတော့ ပုံမှာ မြင်ရတဲ့ အတိုင်း သူ့ရဲ့ မျက်နှာ တစ်ဖက် ဟာ တခြား တစ်ဖက်ထက်ကို ပိုမို အိုမင်းရင့်ရောနေလို့ပါပဲ 😱😱😱
ဒါကတော့ ကားမောင်းတဲ့သူတွေ အသိဆုံးပါ
ညာဘက်မှာ စတီယာရှိရင် ညာဘက်က ပို နေထိုးပြီး ဘယ်ဘက်မှာ စတီယာတိုင်ရှိရင် ဘယ်ဘက်က နေထိုးပြီး နေပိုလောင်တယ် ဆိုတာကိုပေါ့...
ဒီဖြစ်စဉ်ကို ‘Photodamage Skin - Fabre-Racouchot system လို့ခေါ်ပါတယ်
UVAနဲ့ UVB
▪️UVA -ultra violet radiation (long wave)ကတော့ မျက်နှာကို အိုမင်းခြင်း(Aging)ကို ဖြစ်စေပါတယ်
UVB- ultra violet radiation (short wave) ကတော့ မျက်နှာအရေပြား နီမြန်း(Redness) တွေ ဖြစ်ပေါ်စေပါတယ်🌝
ဒါအပြင် Skin cancer , တင်းတိတ်, skin aging တွေကိုပါ ဖြစ်စေပါတယ်
▪️ဒါဆို ကျွန်မတို့ သုံးနေကြတဲ့ Sun creamတွေကို UVAရော UVBရော ကာကွယ်ပေးရဲ့လား ဆိုတာ စဉ်းစားစရာပါပဲနော်...
SPF (Sun Protection factor) 15,30,50++ တွေ အနီးအနား cosmetic ဆိုင်တွေမှာ တွေ့ဖူးကြမှာပါ.
suncream က SPF များလေလေ နေရောင်ခြည်ကို ကာကွယ်ပေးလေလေ ?
SPF 15 > 93%
SPF 30> 97%
SPF 50> 98% ကိုပဲ ကာကွယ်ပေးတာမလို့ SPF 15နဲ့ SPF 50က သိပ်မကွာပါဘူးနော် ၅%ဘဲ ကွာပါတယ်
(Higher SPF does not protect much Sunlight )
Sun cream တစ်မျိုးရဲ့ SPF (Sun protection factor)က Suncream က နေရောင်ခြည်ကို ဘယ်လောက် ကြာကြာ ကာကွယ်နိုင်တာလဲ ဆိုတာ ပြတာပါ
အကယ်၍ သင်ဟာ နေပူထဲထွက်ရင် ၁၀ မိနစ်ဆိုရင် နေလောင်ပြီဆိုရင်
☀️SpF15 ဆိုရင်> ၁၅*၁၀ မိနစ် ~ ၁၅၀ မိနစ် ကြာရှည်ပါတယ်
☀️Spf 30ဆိုရင် > ၃၀* ၁၀မိနစ် ~ ၃၀၀ မိနစ် ကြာရှာခံပါတယ်
☀️SPF 50ဆိုရင် > ၅၀*၁၀မိနစ် ~ ၅၀၀ မိနစ် ကြာရှည်ခံပါတယ်နော်
အကယ်၍ သင်ဟာ နေပူထဲ ထွက်လို့ ၁ မိနစ် အတွင်း နေလောင်ပြီဆိုရင်တော့ SPF 15> 15 mins, Spf 30> 30mns , Spf 50>50mins ခံပါတယ်နော်
❤️❤️❤️❤️ပြောချင်တာက SPF များတာက ပိုကာကွယ်တာမဟုတ်ဘဲ အချိန် ကြာကြာ ပို ကာကွယ်တာကို ပြောတာပါနော် ❤️❤️❤️❤️
ဒါဆိုရင် Sun cream နဲ့ ပက်သက်ပြီး မှားယွင်းစွာသိနေတဲ့ အချက်လေးတွေကို စုစည်းပြီး ဖော်ပြသွားပါမယ်
⁉️ စျေးကြီးတဲ့ Suncream တွေက ပို ထိရောက်ပြီး ပို ကာကွယ်ပေးတာလား ??
အဖြေ ~ နိုးပါ (စျေးကြီးတိုင်း ပို ကာကွယ်ပေးတာ မဟုတ်ပါဘူး)
⁉️Higher SPF မြင့်ရင် အသားအရည် ပိုထိခိုက်နိုင်လား ??
အဖြ ~ နိုးပါ (SPF မြင့်တိုင်း အသားအရည်ကို မထိခိုက်စေပါဘူး အချိန် ပိုကြာကြာ ကာကွယ်ပေးပါတယ်)
⁉️foundation /cushion / Base / Tone up cream/ သနပ်ခါးကို လိမ်းထားရင် Sun cream လိမ်းစရာ မလိုဘူးလား ??
အဖြေ ~ နိုးပါ (Foundation မှာ Sun protection ပါပေမယ့် Suncreamမှာ ပါသလောက် မကာကွယ်နိုင်ပါဘူး)
ကယ် ဒါဆို Suncream အကြောင်း သိကောင်းစရာ ပထမ အပိုင်းတော့ ဒီမှာပဲ ရပ်နားလိုက်ပါမယ်
နောက်ထပ် Skincareနဲ့ပတ်သက်တဲ့Knowledgeလေးတွေအများကြီးလုပ်ပေးဦးမှာမို့ PageလေးကိုLike&Followလေးလုပ်ထားဖို့မမေ့နဲ့နော်😘
16/12/2021
ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့!!🙅🙅
- သနပ်ခါး မလိမ်းပါနဲ့။
- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။
- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
- ပင်လယ်စာ မစားရ။
- နို့ထွက် စာ မစားရ။
- တာရှည်ခံ စာများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
- အချိုများသော အစားအစာမ်ား မစားရ။
- ဝက်ခြံကို မညှစ်ပါနဲ့။
- အိပ်ရေး ၀၀ အိပ်ပါ။
- ရေများများ သောက်ပါ။
- ကိုယ့် skin type နဲ့ လိုက်တဲ့ မျက်နှာ သစ်ဆေးမျိုး
ရွေးသုံးပါ
- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။
' သင့်ရဲ့အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '
အခုဘဲ comment မှာ 'ok'လို့ရိုက်ပီ
ဝက်ခြံထိန်းသိမ်းဖို့နည်းလမ်းများရယူလိုက်ပါ
Crd #
19/11/2021
🌞နေပူထဲထွက်လို့ မျက်နှာအသားအရည် နေလောင်တဲ့အခါ အထိရောက်ဆုံးကုသနည်း(၁၀)နည်း🌞
ဆောင်းတွင်းနဲ့ နွေရာသီမှာ ဘာအကာအကွယ်မှမပါပဲ နေပူထဲအကြာကြီးသွားရင် မျက်နှာအသားအရေထိခိုက်ပြီး နေလောင်ခံရပါလိမ့်မယ်။ မျက်နှာအသားအရေက အရေးကြီးတဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်။တကယ်လို့ နေလောင်ခံထားရရင်လည်း အိမ်မှာပဲ ပြန်လည်ကုသလို့ရအောင် အကောင်းဆုံးနည်းလမ်းလေး တွေမျှဝေပေးလိုက်တယ်နော်။
(၁)ရေများများသောက်ပါ💧💧
နေလောင်ခံထားရရင် အိမ်ပြန်ရောက်တာနဲ့ ရေများများသောက်ပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေပဲသောက်ပါ။
(၂) သခွားသီး🥒🥒
သခွားသီး ကို မွှေစက်နှင့်ကြိတ်ပြီး ရလာတဲ့အနှစ်ကို နေလောင်ဒဏ်ရာရသည့် အရေပြားပေါ်တွင် ကပ်ပေးပါ။ မျက်နှာပေါ်မှာလည်း ကပ်နိုင်ပါတယ်။ သခွားသီးမှာ ပါတဲ့ အကိုက်အခဲပျောက်စေသည့် အစွမ်းနှင့် အင်တီအောက်ဆီးဒင့်အစွမ်းကြောင့် နေလောင်ဒဏ်ရာများကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။
(၃) လက်ဖက်ခြောက်🫖🫖
ရေနွေးကြမ်းသောက်ပြီး ကျန်သော လက်ဖက်ခြောက်ကို သန့်ရှင်းသောအဝတ်စနှင့် ထုပ်ပြီး နေလောင်ထားသည့် အရေပြားတွင် ကပ်ပေးပါ။ လက်ဖက်ခြောက်တွင် ပါဝင်သည့် တန်းနစ်အက်ဆစ်က နေလောင်ဒဏ်ရာမှ အပူများကို စုပ်ယူနိုင်သော ဂုဏ်သတ္တိရှိပါတယ်။
(၄) ဗီတာမင်အီး💊💊
နေလောင်နေသော အရေပြားတွင် ဗီတာမင်အီးအဆီလိမ်းပေးပါက အရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင်အီးက အင်တီအောက်ဆီးဒင့် တစ်မျိုုးလည်းဖြစ်ပါတယ်။
(၅) နောက်တစ်ခုက နို့အေးပါ🥛🥛
သူက အရေပြားနေလောင်ဒဏ်ရာကို ကုသပေးသည့်အရာဖြစ်တယ်။ နို့ထဲတွင်ပါတဲ့ ပရိုတင်းက နေလောင်ဒဏ်ကြောင့် ဖြစ်သည့် အရေပြားဝေဒနာမှန်သမျှကို သက်သာစေနိုင်ပါတယ်။
(၆)ရေခဲရေနဲ့မျက်နှာသစ်ပါ🧊🧊
မျက်နှာသစ်တဲ့အခါမှာ ရေခဲရေနဲ့ သစ်ပေးပါ။ ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖြေးဖြေးချင်းစီ ဖိဖိပြီးသုတ်ပါ။ ပွတ်ပြီးသုတ်တာမျိုး မလုပ်ပါနဲ့။ ရေခဲတုံးကပ်ပေးလည်းရပါတယ်။ဒီလိုလုပ်ရာမှာ တခုသတိထားရမှာက နေပူထဲက ပြန်လာလာခြင်း မလုပ်ဖို့ပါ။
(၇) ရှားစောင်းလက်ပတ်အနှစ်လိမ်းပါ🍃🍃
ရှားစောင်းအနှစ်က နေလောင်ခြင်းအတွက် အထိရောက်ဆုံးထဲကတစ်နည်းပါ။ရှားစောင်းလက်ပတ်မှာ Aloin, Barbaloin, aloe emodin, resins, tannis, polysaccharides စတဲ့ ဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေ များပြားစွာ ပါဝင်ပါတယ်။ဒီလိုဓါတ်တွေများပြားစွာပါတဲ့အတွက် ရှားစောင်းလက်ပတ်ဟာ အရေပြားအနာတွေနဲ့ အပူလောင်ခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်တာ အချို့ကိုလည်းသက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။ရှားစောင်းအနှစ်ကိုလိမ်းပြီး 15မိနစ်ခန့်ကြာရင်ရေဆေးချပါ။
(၈) သဘောင်္သီးမှည့်နဲ့ ပျားရည် ရောစပ်ပြီးလိမ်းပါ🤍🤍
သဘောင်္သီးမှည့်ကို ချေပြီး ပျားရည်အသင့်တင့်ရောကာ နေလောင်ပျက်စီးနေတဲ့ အသားအရေတွေပေါ်ကို လိမ်းပေးပါ။ ပြီးရင် ၁၅မိနစ်လောက်ထားပြီးနောက် ရေသန့်နဲ့ဆေးချပေးပါ။ ရေခဲသေတ္တာထဲထည့် အအေးခံပြီးမှ လိမ်းရင် အေးအေးလေးလည်း လိမ်းရပြီး ပိုလည်းထိရောက်နိုင်ပါတယ်။
(၉) အာလူးကပ်ပါ🥔🥔
အာလူးကို ခပ်ပါးပါးလှီးထားတဲ့ အာလူးပြားတွေနဲ့ နေလောင်ထားတဲ့ အသားအရေ နေရာပေါ်ကို ၁၅ မိနစ်ခန့် ကပ်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း တနေ့ ၂ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ နေလောင်ခြင်းကို သိသိသာသာ ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
(၁၀) ဒိန်ချဉ်🧉🧉
ဒိန်ချဉ်ဟာ နေလောင်ထားတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းလာစေနိုင်တဲ့အပြင် နေလောင်ခြင်းကြောင့် အသားအရေ နီမြန်းရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်ကို နေလောင်ထားတဲ့ အသားအရေပေါ် သုတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့်ထားပေးပြီးမှ ရေနဲ့ပြန်လည် ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။
19/11/2021
တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ
၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃
Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်
[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့
Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်
AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]
၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼
Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....
၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾
Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]
၄။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨
Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..
၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙
နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်
၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C
Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....
ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..
မင်မင်Pageထဲက အသဲလေးတွေ သိရအောင် ပြန် shareလိုက်တာပါရှင့်
09/07/2021
BP essence ကဘာအတွက်ဘယ်လိုသုံးရတာလဲမေးနေသူများအတွက်ပါ
Price - 10000
Imported from Thailand
ဒီ Essence က Hyaluronic Essence ပါ
ဘာအတွက် သုံးသင့်လဲဆိုရင် အသားရေမွဲခြောက်လာတဲ့သူတွေ အဓိက သုံးသင့်တာပါ ။
ငယ်ငယ်တုန်းက Baby Skin လေးတွေဆို နူးညံ့ပီး စိုအိနေတာ Hyaluronic Acid ကြွယ်ဝနေလို့ပါ ။
အချိန်ကြာတော့နေဒဏ်တွေကြောင့် လေထု ညစ်ညမ်းတာတွကြောင့် Hyaluronic တွေ လျော့နည်းပီး အသားရည်တွေ မွဲခြောက်လာတာပါ ။
ဒါတွေ ထိန်းသိမ်းဖို့ အသားရည် ပြန်ပီးကြည်လင်စိုအိနေဖို့ဆို Hyaluronic Acid ပါတဲ့ Skin Care မျိုးကို သုံးဖို့အကြံပေးပါရစေ။
အရင်ကနေပူထဲ ထွက်တာများလို့ အသားရေတွေမွဲခြောက်ပြီး အသားရောင်မညီတာလေးတွေက တစ်ပတ်လောက်လိမ်းအပြီးမှာ အသားရည်တွေ ရေဓါတ်ပြည့်ပြီး စိုပြည်လာတဲ့အပြင် အသားရောင်တွေပြန်ညီလာတာကိုယ်တွေ့မို့ပါ။
စေကပ်ခြင်းလဲမဖြစ်ပဲ နေရတာ သက်တောင့်သက်သာဖြစ်စေပါတယ်။
တချို့ Face Skin Care Brand တွေမှာဆို Hyaluronic Acid တွေကို ကြွယ်ကြွယ်၀၀ကို သုံးထားတာပါ
Lotion မှာဆို အရင် သတိထားကြတာက အနံ့ ။ အနံ့လေးက အရမ်းအဆင်ပြေတယ် မပြင်းဖူး အရမ်းလဲ မပျော့ဖူး မွှေးမွှေး သင်းသင်းလေး ။ အနံ့လေးက လုံး၀ လူကို Fresh ဖစ်စေတယ် ။ ရွှေမှုန်လေးတွေ အများကြီးပါလို့ကို နေပူထဲ ထွက်လဲ Glow . ညမီးရောင်အောက်လဲ Glow . 1000 ml ဆိုဒ်ကြီးဆိုတော့ စိတ်ကြိုက်သုံးပဲ
နေပူထဲ ထှက်မယျဆိုရငျတော့ SPF ပါတဲ့ Lotion နဲ့ တွဲ သုံးပေးနော် ။ သူက Essence Type မို့ နေဒဏ် မကာပေးနိုင်ပါဖူး ။ ညဘက် Scrub တွေ ဘာတွေ တိုက်ပီး ဒါလေး လူးအိပ်လိုက်ရင်တော့ Result ပိုကောင်းတယ်
09/07/2021
ရေစို ဘောင်းဘီရှည်🍓🍓
🍂တထည်....9000
💐Free size💐
Colour....show as photo🍄
09/07/2021
ဂျင်းနောက်စာတန်းဆိုဒ်ပွ🍓🍓
🍂တထည်....12500
Colour....show as photo🍄
