HTOO Gym&Fitness Center Hpa-an
Transform your body, build your strength
💦 သင်္ကြန်ပိတ်ရက်နှင့် ပြန်လည်ဖွင့်လှစ်မည့်ရက် ကြေညာချက် 💦
[HTOO GYM & FITNESS] ၏ ချစ်ခင်ရပါသော အဖွဲ့ဝင်များနှင့် မိတ်ဟောင်းမိတ်သစ်များခင်ဗျာ -
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလတွင် လူကြီးမင်းတို့ ပျော်ရွှင်အေးချမ်းစွာ အပန်းဖြေနိုင်ရန်အတွက် ကျွန်တော်တို့ Gym အား အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
📅 Gym ပိတ်မည့်ရက်:
၁၃.၄.၂၀၂၆ (တနင်္လာနေ့) မှ ၁၉.၄.၂၀၂၆ (တနင်္ဂနွေနေ့) အထိ
📅 Gym ပြန်လည်ဖွင့်လှစ်မည့်ရက်:
၂၀.၄.၂၀၂၆ (တနင်္လာနေ့)
✨ အဖွဲ့ဝင်များအတွက် အထူးအသိပေးချက်
• Membership သက်တမ်း: ပိတ်ရက်များအတွက် Membership သက်တမ်းကို (၇) ရက် တိတိ ပြန်လည်တိုးပေးသွားမည် ဖြစ်ပါသည်။
• သင်္ကြန်အပြီး အစီအစဉ်: သင်္ကြန်တွင်း စားသောက်ထားသမျှ အဆီတွေကို ပြန်ချဖို့အတွက် ၂၀ ရက်နေ့မှာ အားအင်အပြည့်နဲ့ ပြန်ဆုံကြရအောင်နော်။ 💪
အားလုံးပဲ ဘေးကင်းဘေးကင်းနဲ့ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော် ဖြစ်ပါစေကြောင်း [HTOO GYM & FITNESS] မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
📍 ပြည်ထောင်စု လုပ်သားလမ်း ဘားအံမြို့
2.3.2026 တနင်္လာနေ့trainerနဲ့အဖွဲ့သားများတောင်တက်ကြမှာဖြစ်လို့gymတစ်ရက်
ပိတ်ပါတယ်…
3.3.2026 င်္အဂါနေ့မှစပြီးပုံမှန်အတိုင်းပြန်ဖွင့်ပါမယ်…
01/02/2026
လူအများစုက အသက်ကြီးလာရင် နားရမယ်၊ Gym မဆော့သင့်တော့ဘူး လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အဲဒီအယူအဆက မမှန်ပါဘူး။ အသက်ကြီးလာတဲ့အချိန်မှာပဲ Gym လေ့ကျင့်ခန်းတွေက ပိုလိုအပ်လာတာ ဖြစ်ပါတယ်။
အသက်ကြီးလာရင် ခန္ဓာကိုယ်ရဲ့ ကြွက်သားအား လျော့နည်းလာတတ်ပြီး အရိုးပါးလာခြင်း၊ အဆစ်နာခြင်း၊ လှုပ်ရှားရခက်ခဲခြင်းတွေ ဖြစ်လာတတ်ပါတယ်။ Gym လေ့ကျင့်ခန်းကို သင့်တော်အောင် ပြုလုပ်ပေးနိုင်ရင်
• ကြွက်သားအားကို ထိန်းသိမ်းပေးနိုင်ပြီး
• အရိုးသန်မာမှုကို တိုးစေနိုင်သလို
• လမ်းလျှောက်၊ ထိုင်ထ စတဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို လွယ်ကူစေပါတယ်။
ဒါ့အပြင် Gym ဆော့ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်ဖိစီးမှု လျော့နည်းလာပြီး စိတ်ဓာတ်လည်း တက်ကြွလာတတ်ပါတယ်။ အသက်ကြီးသူများအတွက် စိတ်ကျန်းမာရေးက အရမ်းအရေးကြီးတဲ့အတွက် Gym က အထောက်အကူကြီးတစ်ခု ဖြစ်ပါတယ်။
Gym ဆော့တဲ့အခါ အလွန်ပြင်းထန်စရာမလိုပါဘူး။ ကိုယ့်အသက်အရွယ်၊ ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီတဲ့
• ပေါ့ပေါ့ပါးပါး weight training
• Cardio လေ့ကျင့်ခန်းအနည်းငယ်
• Stretching
တွေကို စနစ်တကျ လုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ Trainer ရဲ့ညွှန်ကြားမှုနဲ့ ဆော့နိုင်ရင် ပိုပြီး လုံခြုံပါတယ်။
26/01/2026
ဘားအံမြို့ကgymချစ်သူများအားလုံးကိုHTOO Gym&Fitness မှကြိုဆိုပါတယ်….
Weight ချဖို့ပဲဖြစ်ဖြစ် weight တင်ဖို့ပဲဖြစ်ဖြစ် …ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် …..
body transformation လုပ်ဖို့စဉ်းစားနေတာဆိုရင် 1month37000ကျပ်တည်းဖြင့်သာလာရောက်ကစားနိုင်ပါတယ်….
Sweat today, healthy tomorrow 🔥
Goodbye 2025 ✨
GYM&FITNESS
31/12/2025
Gym မိသားစုဝင် အားလုံးကို
နှစ်သစ် 2026 မှာ ကျန်းမာခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း၊ အောင်မြင်မှုများ အပြည့်အဝရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏
နှစ်သစ်ကြိုဆိုရန်အတွက်
31.12.2025 / 1.1.2026
Gym ၂ ရက်ပိတ်ပါမယ် 🎊
2.1.2026 မှာ ပုံမှန်ပြန်ဖွင့်ပါမယ် 💪
အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ New Year ဖြစ်ပါစေ🧡🧡🧡
24/12/2025
လမ်းကောင်းသွားလို့ဆိုင်ကယ် ကား လွတ်လွတ်လပ်လပ်ရပ်လို့ရသွားပါပြီး…
Gymလာကစားဖို့ပဲကျန်တော့တယ်…🤭
Click here to claim your Sponsored Listing.
Category
Website
Address
Hpa-an
Opening Hours
| Monday | 07:00 - 10:00 |
| 15:00 - 20:00 | |
| Tuesday | 07:00 - 10:00 |
| 15:00 - 20:00 | |
| Wednesday | 07:00 - 10:00 |
| 15:00 - 20:00 | |
| Thursday | 07:00 - 10:00 |
| 15:00 - 20:00 | |
| Friday | 07:00 - 10:00 |
| 15:00 - 20:00 | |
| Saturday | 07:00 - 10:00 |
| 15:00 - 20:00 |
