Myint Mo Amber&Cosmetic

Myint Mo Amber&Cosmetic

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myint Mo Amber&Cosmetic, .

23/12/2020

ဒီနေ့မှာတော့ နတ်ဆေးလို့ခေါ်တဲ့ ရောဂါအများစုကို
ပျောက်ကင်းစေနိုင်တဲ့ မြိတ်ဒေသထွက်ကမ်းဇော်ဆီ စစ်စစ်ကိုရောင်းချပေးတော့မှာဖြစ်ပါတယ်🤩🤩

ကမ်းဇော်ဆီကို ယုံကြည်စွဲမြဲစွာသောက်ပေး လိမ်းပေးခြင်းဖြင့် ဝမ်းတွင်းရောဂါ ဝေဒနာများကို သက်သာပျောက်ကင်း​စေပါသည်။

ကမ်းဇော်ဆီ ကကိုယ်ခံအားလဲကောင်းစေတယ်။ ဝမ်းတွင်းအနာရောဂါ တော်တော်များများကိုလည်း ပျောက်ကင်းစေပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါဘူး၊

ဘာရောဂါမှမဖြစ်လဲ ကာကွယ်တဲ့အနေနဲ့ မနက်တစ်ဇွန်း၊ သို့မဟုတ် ညတစ်ဇွန်းသောက်ထားမယ်ဆိုပါက အစာအိမ်၊ အူလမ်းကြောင်းနှင့် အမျိုးသမီးများ မီးယပ် ရောဂါများဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။

သွေးစုနာ၊ အိုင်းနာ ပြည်တည်နာနှင့် အနာစိမ်း၊ အနာဆွေးများကိုလည်း ကမ်းဇော်ဆီ ထည့်ပေးခြင်းဖြင့် အမာရွတ်ပါမကျန် သက်သာပျောက်ကင်းစေပါတယ်။

ဝက်ခြံ၊ အဖုအပိန့် အဆီကျိတ်များကိုလည်း ကမ်းဇော်ဆီလိမ်းပေး အုံပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

ဝမ်းမသွားလို့ ဝမ်းခဏ ခဏ ချုပ်တတ်တဲ့ သူတွေအတွက် ကမ်းဇော်ဆီ မနက် တဇွန်း ညတစ်ဇွန်း သောက်ပေးခြင်းဖြင့်
တဖြေးဖြေးဝမ်းမှန်လာပါလိမ့်မယ်

ရင်​ပြည့် ရင်ကယ်ဖြစ်လို့ အစာမစားချင်ဖြစ်နေတဲ့သူတွေအတွက်လဲ ကမ်းဇော်ဆီ ဟင်းစားဇွန်းဖြင့် မနက် တစ်ဇွန်း ညတစ်ဇွန်းသောက်ပေးရုံဖြင့် အစာစားချင်စိတ်ဖြစ်စေပါတယ်။

သက်ကြီးရွယ်အို ဖိုး၊ဘွားများ အတွက် ကမ်းဇော်ဆီ နေ့တိုင်းသောက်ပေးခြင်းဖြင့် ခွန်အားဖြစ်စေခြင်း၊ ဝမ်းမှန်ခြင်း၊ လေရောဂါ၊ အစာမကြေ ဗိုက်မအီမသာ ဖြစ်ခြင်းမှ သက်သာစေခြင်းပါတယ်

အဆုတ်ရောဂါ လည်ချောင်းနာ ချွဲကပ်ရောဂါများလည်းသက်သာပျောက်ကင်းစေပါတယ်။

အခုလို ရောဂါဆိုးရဲ့ဒဏ်ခံနိုင်ဖို့ ကိုယ်ခံအားကောင်းရမယ် အသီးအရွက်၊ အသားငါး၊ အဟာရမျှတအောင်လဲစားမယ်။
ကမ်းဇော်ဆီကိုလဲ နေ့စဉ် မနက် တစ်ဇွန်း ညတစ်ဇွန်းသောက်ကြမယ်။

အဲ့တာကြောင့် မြိတ်ဒေသထွက် ကမ်းဇော်ဆီကို အိမ်တိုင်းမှာဆောင်ထားကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေရှင်

Cb or 09257663703 💕

ဆိုဒ်စုံရပါမယ်နော်

22/10/2020
Photos from Myint Mo Amber&Cosmetic's post 15/10/2020

ပိုးဖဲ ကချင်ဝမ်းဆက်
၂၇၀၀၀ ကျပ်

Photos from Myint Mo Amber&Cosmetic's post 15/10/2020

ကြွေတယ်ဟုတ်🥰🥰🥰

၂/၁၀၀ ချည်ပေါ်ချည်ဖောက်

လုံချည်တစ်ကွင်း ၃၈၀၀၀ ကျပ်

07/12/2019

၁၀၀ ရာနှုန်းပြည့် ကမ်းဇော်ဆီစစ်စစ်

ကမ်းဇော်ဆီသည် ကျွန်တော်တို့ငယ်စဉ်က တနင်္သာရီတိုင်း ဒေသခံများသာ အသိများခဲ့သော သဘာဝဆေးဖက်ဝင် အဆီဖြစ်ပါသည်။ မြိတ်ခရိုင်တိုင်းရင်းဆေးဦးစီမှူး ဒေါ်ဝါ၀ါ၏ မြန်မာနိုင်ငံတိုင်းရင်းဆေး သုတေသနစာတမ်းတွင် ကမ်းဇော်ဆီ အသုံးဝင်ပုံများအကြောင်း ပြုစုရေးသားပြီးနောက်ပိုင်းတွင် တနိုင်ငံလုံး တဖြည်းဖြည်းနှင့် လူသိများလာခဲ့ပါသည်။

သုတေသနအနေဖြင့်လည်း ပညာရေးဝန်ကြီးဌာန၊ ရုက္ခဗေဒဌာနမှ ဒေါက်တာမိုးမိုးလွင်ကလည်း ကမ်းဇော်ဆီကို ကြွက်ဖြူဖြင့် စမ်းသပ်ရာ၌ လတ်တလောအဆိပ်မရှိသည်ကို တွေ့ရကြောင်းနှင့် အစာအိမ်ကိုသက်သာစေသည့် အာနိသင်ရှိကြောင်းစသည့် ဆေးကုသမှုအတွေ့အကြုံများကို မှတ်တမ်းတင်ထားခြင်းနှင့် သုတေသနကျမ်းပြုစုထားခြင်းများ တွေ့ရှိရပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကလည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ သုတေသနလုပ်ငန်းများအတွက် ခွင့်ပြုပေးခဲ့သောကျပ်ငွေ ၁ ဒဿမ ၅ ဘီလီယံကို ကမ်းဇော်ဆီသုတေသနလုပ်ငန်းများအတွက် အသုံးပြုဖို့ ဆုံးဖြတ်ထားကြောင်းလွတ်တော်တွင် ပြောဆိုကြေညာခဲ့ပါသည်။

ပရဆေးသုတေသနဌာန၊ သုတေသနမှူး ဒေါ်ယုယုနွယ်ဦး၏ ၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် သုတေသနစာတမ်းပါ ရှေးဦးစမ်းသပ်ချက်များအရ
• ကမ်းဇော်စေ့တွင် အပင်များ၌ ပါဝင်လေ့ရှိသော ဆေးဝါးများ ဖော်စပ်ရာတွင် အလားအလာရှိသောကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဒြပ်ပေါင်း အုပ်စုများပါဝင်ကြောင်း၊
• ကမ်းဇော်ဆီ၏ ရူပ-ဓါတုဂုဏ်သတ္တိတန်ဖိုးများအရသော်လည်းကောင်း၊ ကမ်းဇော်ဆီ၏ Fatty Acid Profile အား GC-MS analysis ဖြင့် တိုင်းတာရာကမ်းဇော်ဆီတွင် ပြိုကွဲလွယ်သော Omega 9 Fatty Acid ဖြစ်သော Oleic Acid ပါဝင်မှုကြောင့်လည်းကောင်း၊ ကမ်းဇော်စေ့သည် စားသုံး၍ရသောအဆီအုပ်စုတွင် ပါဝင်ကြောင်း၊
• ကမ်းဇော်ဆီ၏ အဆိပ်သင့် အာနိသင်ရှိ/ မရှိစမ်းသပ်မှု (In Vivo Toxicity Test) (Pharmacognostic Study of payenaparalleloneuraKurz (ကမ်းဇော်) ph.D dissertation, Moe MoeLwin, Department of Botany, University of Yangon) အရကမ်းဇော်ဆီအား 40 ml/kg အထိသောက်သုံး၍ ရကြောင်းနှင့်
• ကမ်းဇော်ဆီ၏ အဏုဇိဝများအပေါ် အာနိသင်သက်ရောက်မှုနှင့် အနာကျက်အာနိသင် စမ်းသပ်ရာတွင် ကမ်းဇော်ဆီသည် ထိခိုက်ရှနာများတွင် ပိုမိုအာနိသင်ရှိကြောင်း စသဖြင့် လေ့လာတွေ့ရှိချက်များဖော်ပြထားသည့် အဆီလည်းဖြစ်ပါတယ်။
ကမ်းဇော်ဆီသည် ယခုနှစ်ပိုင်းအတွင်းတွင် လူသိပိုများလာခဲ့ပြီး ပြည်တွင်းပြည်ပ တိုင်းရင်းဆေးလောကတွင်သာမက အနောက်တိုင်း ဆေးနယ်ပယ်အထိပါ အသုံးပြုမှုများ ရှိလာပြီဖြစ်ပါတယ်

အိမ်တိုင်းဆောင်ထားသင့်တယ့် ကမ်းဇော်ဆီအကြောင်း သိပြီးဖြစ်လို့ မှာယူမယ်ဆိုရင်တော့ ဖုန်း 09-257663703 ကိုဆက်သွယ်ပြီး မှာယူနိုင်ပါတယ်ရှင့်

Photos from Myint Mo Amber&Cosmetic's post 22/11/2019

မြို့ရွှေမန်းလေးမှ မှာယူအားပေးမှုအတွက် ကျေးဇူးအထူးပါ
စီးပွားဥစ္စာ ဒီရေအလားတိုးတက်ကြပါစေ

Photos from Myint Mo Amber&Cosmetic's post 14/11/2019

သွေးလည်ပတ်မှု အားကောင်းစေသော
လက်ထုံနာ ကျင်နာ လက်ကိုက်တာများကို သက်သာပျောက်ကင်းစေသော
ပယင်း လက်ပတ်

09 257663703

Photos from Myint Mo Amber&Cosmetic's post 14/11/2019

ဖုန်းကွန်ပျူတာအသုံးများပြီးဇက်ကြောတက်အာရုံကြောထိနေသူများအတွက်/ကိုယ်တိုင်ကျန်းမာဖို့အတွက်/ဘုန်းတော်ကြီးများနှင့်​ သီလရှင်​ဆရာလေးများ/ သက်ကြီးဘိုးဘွား လူကြီးမိဘများ ခေါင်းကြည်​ကျန်းမာပြီး နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ပါရှင့်​ မြေခွံချွတ်​သန့်​စင်​ပေါင်းတင်​ပြီးသား အရောနှောကင်းတဲ့ ပယင်းခေါင်းအုံးဆိုဒ်​ကြီးရှယ်​ ချုပ်​သားကောင်းလေးနဲ့လှူဒါန်း ကန်တော့ပြီးကျန်းမာရေးကုသိုလ်ပါထပ်ရမှာပါရှင့်​ ☺️ ဆေးဖက်ဝင် ပယင်းမှာပါဝင်တဲ့Succinic Acid ကြောင့် သွေးလည်ပတ်မှု့ကောင်းမွန်စေပြီး သွေးသားသန့်စင်စေကာသွေးတိုးသွေးကျမဖြစ်အောင်ထိန်းပေးထားနိုင်သလို
ကျီးပေါင်း ဇက်ကြောတက် မူးဝေ ခေါင်းကိုက် ခါးနာ ဒူးကိုက် အကြောထိုး အဆစ်မြစ်ကိုက် တို့ကိုလဲသက်သာစေတာမို့ဝေဒနာခံစားနေရသူတွေအတွက်FeedBack ကောင်းကောင်းရထားတဲ့ကျန်းမာရေးသုံးပယင်းခေါင်းအုံးဆိုဒ်စုံရနိုင်ပါပြီရှင့် သန့်စင်ပြီး အရောနှောကင်းပယင်းကျောက်ပြည့်ပါ ခေါင်းအုံး
ဒူးပတ် ခါးပတ် အိပ်ယာခင်း များကို စိတ်တိုင်းကျမှာယူ နိုင်ပါပြီရှင့်

09 257663703

NNN (Burmite fossils)
ကိုးကား.. Amber Herb . .
ဘာသာပြန် - Dr. Htet wai M.O.( Naypyitaw)

ပယင်းနှင့်ပယင်းထွက်ပစ္စည်းများသည် ရင်တုန်ခြင်းနှင့် အတတ်ရောဂါ ကုသမူ့ များတွင်သုံးသည့်အပြင် စိတ်ကို ကြည်လင်စေသည်ဟု ဆိုသည်

တရုတ်တိုင်းရင်းဆေးပညာတွင် ပယင်းမှုန့် ကို အခြား တိုင်းရင်းဆေးများနှင့်တွဲဖက်၍ ဝတ်ရှုးပြန်ရောဂါကိုကုသလာခဲ့ကြသည်. .

Baltic Amber မှရရှိသော ပယင်းအက်ဆစ် Succinic acid သည် အခြားသောအစားအစာများတွင်ထည့်သွင်းစားသုံးခြင်းဖြင့် ခုခံအားကို မြှင့်တင်ပေးပြီး အရောင်ကျခြင်း . .အနာလျှင်မြန်စွာ ကျက်ခြင်းများ . .အကျိုးဖြစ်စေမည်။

ပယင်းအက်ဆစ်ဟုခေါ်သော Succinic acid သည်အရက်အလွန်အကျွံသောက်သုံးခြင်း ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကို ထိရောက်စွာ ဖယ်ရှားပေးသည်ဟု ဆိုကြသည်။

Succinic acid သည် antioxidant တမျိုးဖြစ်ပြီး လူခန္ဓာ ဆဲလ်များကို အိုမင်းခြင်းမှ ကာကွယ်ကုသ ခြင်း ခန္ဓာဆဲလ်များ ပြုပြင် အစားထိုးဖြစ်ပေါ်စေခြင်းသည် ဖြစ်စေသည် ဟု ဆိုကြသည်။

ပယင်းအက်ဆစ် Succinic သည် သိုက်ရိုက်ဂလင်း ကို လှုံ့ ဆော်မှုပေးပြီး ခန္ဓာကိုယ်မှ hormone ဟိုမုန်း များကို ထိန်းညှိုပေးသည်။

ပယင်းဆီ ဖြင့် နှိပ်နယ်ခြင်းသည် သွေးလှည့်ပါတ်မူ့ ကို တိုးတတ်ကောင်းမွန်စေသည်။နှိပ်နယ်ခြင်းဖြင့် ပယင်းဆီသည် အသားထဲသို့  စိမ့်ဝင်သွားကာ ကြွက်သားများနာကျင်မှုကို လျော့စေသည်။

အမှုန့်ကြိတ်ထားသောပယင်း သို့ ပယင်းမှုန့်သည် ခန္ဓာကိုယ်ကို အားဖြစ်စေပြီး ထိခိုက်ရှနာ ဒါဏ်ရာများကို ကောင်းမွန်စေသည်။အပူနာ ဖြစ်သော အနာ့ပဆုတ် ရေနွေးပူနာ အပူလောင်နာ များကို လိမ်းပေးခြင်းဖြင့် အရောင်ရော့ကျ စေကာ အသားတတ်မှု ကို မြန်စေသည်။ပယင်းသည် ကျောက်ကပ် နှင့်ဆိုင်သော ဆီးသွား ခက်ခဲခြင်း ဆီးကျန်ခြင်း ပြဿနာများကို ထိရောက်စွာ ကုသနိုင်သည်။

၎င်းသည် ဆီးကျောက်ဝေဒနာ ခံစားရမှု ကိုလည်း အကျိုးထူးစေသည်။တရုတ်တိုင်းရင်းဆေးပညာတွင် သွေးလှည့်ပါတ်မှု ပြဿနာများ နှင့် ဗိုက်နာ ခြင်းတို့ တွင်အသုံးပြု မှု ကို ဖော်ပြထားသည်။ ပယင်း . . ဂျင်ဆင်း နှင့် အခြားဆေးဖက်ဝင်အပင်များသည် သွေးကြောပိတ်ခြင်း . .သွေးခဲခြင်း နှလုံးသွေးကြောကျဉ်းများ ကုသရာတွင် အသုံးဝင်ကြောင်းတွေ့ရှိခဲ့ကြသည်။

သွားပေါက်ခါစအရွယ်ကလေးပယင်းဆွဲကြိုးကို အသားနှင့်ကပ်ကာဝတ်ဆင်ထားခြင်းသည် သွားပေါက်စကလေးငယ်ကို ချော့မြူ စေပြီး ကျေးဇူးတင်ထိုက်သော သဘာဝ ကလေးမြူဆေး အရောင်ကျဆေး အကိုက်ခဲပျောက်ဆေးဖြစ်သည်။

ပယင်း တင်ချာဆေးရည်ကို vodka ဗော်ကာ နှင့်ကြိတ်ပြီးပြုလုပ်သော ပယင်း ဆေးရည်သည် ဘတ်တီးရီးယားနှင့် virus ကူးဆက်မှု ရောဂါများ ကာကွယ်တိုက်ခိုက်ပေးသည်။ပယင်းသည် အမျိုးသမီး ရာသီသွေးကို တိုးတတ်ကောင်းမွန်စေပြီး မီးယပ်ကိုက်ခြင်းကို သက်သာစေသည်။

ပယင်းသည် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းနေသူများအတွက်လည်း စိတ်ငြိမ်သက်မှု ပေးကာ အသုံးဝင်စေသည်။၎င်းသည် အေးချမ်းစွာ အိပ်ပျော်စေပြီး လူကို အေးချမ်း သက်တောင့် သက်သာဖြစ်စေသည်။၎င်းသည် အမျိုးသမီးများ မီးတွင်း သွေးမသန့်ခြင်းကြောင့်ဖြစ်သော ဗိုက်အောင့်ဝေဒနာ ခံစားရမှုကို အကျိုးရှိစေသည့်အပြင် ကိုယ်ဝန်ဆောင်သည်များလဲ ပယင်းဝတ်ဆင်ထားခြင်း ပယင်းမှုန့် မီးရှို့ရှုခြင်း ဖြင့် မီးဖွားရလွယ်ကူ စေကြောင်း ဗဟုသုတ အဖြစ် မှတ်သားရပါ သည်

Photos from Myint Mo Amber&Cosmetic's post 13/11/2019

ဆွဲကြိုးလှလှဝတ်ချင်သူများအတွက်
ကြက်သွေးနီနဲ့
ကာလာဆန်း

09 257663703

13/11/2019

ပယင်း Amber

ပယင်းဆိုတာ တွင်းထွက်ကျောက်မဟုတ်ပါ ဘူး။ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားသော သစ်စေး Resin. ရီစင် သာဖြစ်တယ်၊ သူရဲ့ အရောင် နဲ့ သဘာဝအလှတရားကို တန်ဖိုးထား ခဲ့တာကတော့ Neolithic အချိန်ကတည်းက ဖြစ်တယ်၊

အပင်ကနေထွက်လာသော သစ်စေးဆိုတာ အော်ဂဲနစ် ပစ္စည်း organic materials တခုပါဘဲ၊ သက်ရှိ အရာကနေ ထုတ်ပေးသော သစ်ရှိ အစိတ်အပိုင်း တခုဖြစ်တယ် ၊ ပတ္တမြား၊နီလာ၊ စိန်၊ ကျောက်စိမ်းတို့လို တွင်းထွက် သတ္ထု အစစ်ကြီး မဟုတ်ဖူးလေ၊ အဲဒီ တန်ဖိုးရှိသော ကျောက်မျက်တွေကို gemstone လို့ခေါ်ကြပါတယ်၊

အဲဒီ ကျောက်မျက်အရိုင်းတုံး တွေကို ဖြတ်တောက် သွေးပြီး အရောင်တင်လိုက်ရင် အရမ်းကိုတန်ဖိုးရှိသော လက်ဝတ်ရတနာ jewelry တွေဖြစ်လာမှာ၊ ဒါပေမဲ့ ပယင်း Amber ကတော့ သတ္ထု မဟုတ်ပါဘဲ gemstone ကျောက်မျက်အရိုင်းတုံး တခုအဖြစ် သတ်မှတ်ထားကြတာ အံသြဖွယ်ရာပါဘဲ၊

"ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တာ" ဆိုသော ရှေးစကားအရ ကျောက်မျက်ရတနာ ၉ ပါးထဲမှာ ပယင်းကို ထည့်​သွင်းထားတယ်၊​​​၊ ရတနာထဲမှာ အပေါ့ဆုံး ဖြစ်ပြီး မာဆင့် ၂.၅ သာရှိကာ သိပ်သည်းဆ မှာ ၁.၀၇ သာ ရှိတယ် ​၊ ပျက်စီးလွယ်တယ်​၊ မီးရှို့ရင်​ အလွယ်တကူ ​လောင်ကျွမ်းနိုင်​တယ်​။

ပယင်း အရိုင်းတုံး တွေကို လှပအောင် သွေးယူပြီး လက်ဝတ်ရတနာအဖြစ် အမြတ်တနိုး ဆင်မြန်းကြတယ်။ ပယင်း မှာ ပါဝင်ဖွဲ့စည်းထားသော ဓာတုဖွဲ့စည်းပုံအပေါ်မူတည်ပြီး အတန်းအစား ၅ (five classes) မျိုးလောက် ရှိတယ်။

ပယင်းမဖြစ်ခင်က အပင်ကြီးက ထွက်လာသော သစ်စေးဆိုတာ ပျော့ပြောင်း တယ် ၊ စေးကပ်သော သဘော ရှိတယ် ( soft sticky tree resin) ၊ အဲဒီ သစ်စေး ၏ ရနံ့ကို နှစ်သက်သော ပိုးကောင်လေးတွေ ဝိုင်းအုံခိုနားရာမှ ကပ်ညှိပြီး မလွတ်မြောက်နိုင်​ကြတော့၊ အ​စေး အပေါ် နားမိသော ပုရွက်ဆိတ်လေးတွေ၊ ခြင်ကောင်လေးတွေ၊ ခြလေးတွေ၊ သေးငယ် သော အင်းဆက်လေးတွေ၊ သစ်ပင်လေးတွေရဲ့ အပိုင်းအစ လေးတွေ၊ သတ္တဝါငယ်ငယ်လေးတွေ ဟာသစ်စေးရဲ့ ဖုံးကာမှုခံရပြီး သက်ရှိ ရုပ်ကြွင်း ဘဝကို ရောက်သွားရရှာတယ်။

အဲဒီအရာလေးတွေကို inclusions လို့ သတ်မှတ်ကြတယ်၊ ထိုသစ်စေးတို့ မြေသို့ ပြုတ်ကျကာ ကျောက်ခဲသစ်ရွက်များနှင့် ရောထွေးကုန်တယ် ၊ ကာလကြာသော် အပင်ကြီးများ လည်း ပျက်စီးကုန်တယ် ၊

သို့သော် သစ်စေးတို့ကမူ မပျက်စီးပါဘူး၊ နှစ်​​တွေကြာ​တော့ အပင်ကြီးတွေ အပေါ်ကနေ မြေဆိုင်ခဲများ အထပ်ထပ်ပိလာရသည်၊ ဖိအား အပူချိန်များကြောင့် အချိန်ကြာမြင့်လာသောအခါ ကျောက် ဘဝကို တဖြည်းဖြည်း ​ပြောင်းလဲခဲ့ကြတယ်​၊

ထိုသစ်စေးများသည် နောင်တွင် ပယင်း ဖြစ်လာတော့တယ် ​။ အများအားဖြင့် ပယင်းတို့သည် ထင်းရှူးစေးများမှ ဖြစ်လာတတ်တယ်​။

ထူးခြားချက်...

ပယင်းအစစ်သည် လူ့အရေပြားနှင့် ထိတွေ့ပါက ပူနွေးနေတယ်၊ ​အေးစက်မ​​နေဖူး၊ ဒါက ထူးခြားချက်​ဘဲ၊ ကျောက်၏ အဝါရောင်သန်းသည့် ​​ရွှေဝါ​ရောင် အရောင်သည် အရက်နှင့် ရေရောသည့်အခါ ဖြစ်လာသည့် အရောင်နဲ့တူလှသည်မို့ ပယင်းရောင် လို့ခေါ်တာဖြစ်မည် ။

သို့သော် အညို လိမ္မော် ခရမ်း အစိမ်း အဖြူ စသည်​ဖြင့်​ အခြားအ​ရောင်​​တွေလည်းရှိတယ်​၊ ပယင်းစစ်မစစ် စမ်းသပ်သောနည်းမှ လွယ်ကူလှတယ်၊ ဆားရေထဲစိမ်ကြည့်လျှင် ပေါ့ပါးသော ပယင်းသည် ရေပေါ်ပေါ်နေတတ်တယ်။ ​​၊

အပေါ်က ဖော်ပြခဲ့သလို အင်းဆက်အကောင်လေးတွေပါသော ပယင်းသည် တန်ဖိုးက အကြီးဆုံး၊ ၊ အရောင် နဲ့ ပါဝင်သော inclusion ကို လိုက်ပြီး၊ အချို့သော ပယင်း ကျောက်တွေက ကျပ်သိန် ၃၀ မှ ၅၀ အထိတန်ကြေးရှိကြတယ်။

ယခုလည်း ကောင်တာထဲက ပယင်းပုတီး တခုဟာ အရည်အသွေးကောင်းရင် အနည်းဆုံး ကျပ် ၅ သောင်း ကနေ တသိန်း အထိရှိနေပါတယ်။ လူ​တွေရဲ့ စိတ်​ကိုလှည့်​စားပြီးအ​ကောင်​အတု​တွေထည့်​ပြီး ဖန်​တီးထား​သော အတု​တွေလည်းရှိတာမို့ ဝယ်​ယူတဲ့အခါ သတိထားဖို့လိုပါတယ်​၊

ပယင်းရဲ့ ထူးခြားချက်တခုရှိပါသေးတယ် သက်ရှိတကောင်ရဲ့ ရုပ်ကြွင်းကို နှစ်သန်းပေါင်း ၁၂၀ အထိ မပုပ်မသိုးအောင် ထိမ်းသိမ်းနိုင်တဲ့ ဂုဏ်သတ္တိဖြစ်ပါတယ်၊ ပယင်းထဲက အကောင်လေးရဲ့ DNA ဟာ ပျက်စီးမသွားဖူး၊

Botany major မှာ Plant geography ဘာသာရပ်သင်တိုင်း Jurassic period ဆိုတာကိုသင်တိုင်း Jurassic park ရုပ်ရှင်အကြောင်းကို အားရပါးရ ရှင်းပြဖူးတယ်၊

ကမ္ဘာဦးအစကရှိနေတဲ့ ဒိုင်နိုဆောသွေးကို စုတ်သည့် ခြင်ကို သစ်စေးနဲ့အဖုံးခံရပြီး ပယင်းကျောက်ဖြစ်သွားရတယ်၊ အခုခေတ် ရောက်တော့ အဲဒီခြင် သွေးကို ထုတ်ယူပြီး DNA ကို ကလုံးနည်းပညာနဲ့ ပွားယူတယ်၊

အခုခေတ်မှာ မရှိနိုင်တော့တဲ့ ဒိုင်နိုဆော့တွေကို ကျွန်းပေါ်မှာ မွေးယူရင်း လူတွေပြစားဖို့ကြံစည်ရာကနေ ဒီဇတ်ကားဖြစ်လာရတယ်၊ video နဲ့ပြသင်တော့ ကလေးတွေ အရမ်းသဘောကျကြတယ်၊

ပယင်းဝတ်ဆင်ထားရင်.....

ပယင်းဟာ.သက်ရှိက ဖြစ်သော အော်ဂဲနစ် ပစ္စည်းဖြစ်တာမို့ လူမှာ ဝတ်ထားရင် ကောင်းကျိုးတွေရစေပါတယ်၊ နားထိုင်း ၊နားကိုက် ၊လေးဖက်နာ ၊အစာမကြေ.၊ သားသမီးမရလို့. မြုံခြင်းတို့ကို မဖြစ်စေရုံသာမက ခန္ဓာကိုယ်အတွင်းဖြစ်တတ်သည့် ရောဂါတွေကိုလည်း သက်သာစေပါတယ်၊

ဝတ်ထားရင် အမြင်အာရုံ ကောင်းပြီး မျက်စေ့ကိုလည်း အားတိုး စေသည်ဟုလည်းယုံကြည်ကြတယ်။

ပယင်းကို သွေးလိမ်းရင် အရေပြားရောဂါ အတော်များများကို မြန်မြန်ပျောက်ကင်းစေတယ်၊ ခန္ဓာကိုယ်ထဲက အပူဓာတ်ကို စုတ်ယူတာကြောင့် အသားအရည်ကို ကြည်လင်စေတယ်။

ပယင်းကိုနှလုးသွးကြောကျဉ်းရောဂါခံစားနေရသူများ ၊အမောမခံနိုင်သောသူများ ၊ သွေးတိုး သွေးကျ ရောဂါသည်များအဆစ်အမြစ်ကိုက်ခဲသော
ရောဂါသည်များ ၊ ကိုယ်ဝန်ဆောင်များ ၊ ကျီးပေါင်းရောဂါသည်များ ၊အာရုံကြော အားနည်းသူများ ၊ ညည အိပ်မပျော်ရောဂါခံစားနေရသူများ ရောဂါသက်သာစေဖို့ ပယင်းကို ဝတ်ဆင်သင့်တယ်လို့ သိရပါတယ်၊

နောက်ဆုံးပြောခြင်တာက လှလို့ဘဲ ဝတ်ဝတ် ၊ ဂမ္ဘီရအရ အ​ဆောင်​လိုဘဲ ယုံကြည်မှု အရ ဝတ်ဝတ်၊ ကျမ်းမာရေးအရ ဝတ်ဝတ် ၊ ပယင်းဟာ တန်ဖိုးရှိလှသော ရတနာတပါးဖြစ်တာကိုတော့ ငြင်းလို့မရပါဘူး၊

ကျမ်းမာရေးအထောက်ကူပြုတာမို့ .အခြားရတနာတွေထက်တောင်သာနေ ပါသေးတယ်။ ချစ်သူ ခင်သူ ..လက်ဆောင်ပေးရင်လည်း..အလွန်ကောင်းသော.. ရတနာတပါးမို့...လက်တို့ပါရစေရှင့်..............

Credit

Photos from Myint Mo Amber&Cosmetic's post 13/11/2019

ကချင်ပြည်နယ်
တနိုင်းဒေသထွက်
အနာကင်း
အရည်တင်း
သဘာဝ ဆေးဖက်ဝင်ပယင်းကျောက်များကို
လှလှခန့်ခန့်ဝတ်ဆင်ချင်တဲ့
ချစ်တို့အတွက်
ရွှေကွပ်ပြီးသား
ပယင်းလော့ကဒ် လှလှလေးများကို လည်း ဝယ်ယူအားပေးနိုင်ပါတယ်နော်

09257663703

Photos from Myint Mo Amber&Cosmetic's post 13/11/2019

ချစ်တို့ရေ
ကိုယ်မြတ်နိုးတန်ဖိုးထားသူတွေကို
လက်ဆောင်ပေးချင်လား
ကိုယ်တိုင် ဝတ်ဆင်ချင်လား
ကချင်ပြည်နယ် ဖားကန့်
ကျောက်စိမ်း မန်ကျည်းဖတ်လေးတွေ
လည်း
စိတ်တိုင်းကျမှာယူ ရရှိနိုင်ပါတယ်နော်

09257003145

Website