Travel with MrLinn

Travel with MrLinn

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Travel with MrLinn, Kalaw.

Photos from Villa Inle Boutique Resort's post 20/10/2023

💛

06/10/2023

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်က
စင်္ကာပူဆိုတဲ့တံငါကျွန်းရွာလေးက
#လီကွမ်ယု ဆိုတဲ့ လူငယ်လေးတစ်ယောက်က
အခုလို ပြောဖူးပါတယ်။

" မြန်မာပြည်က အရမ်းခမ်းနားတဲ့
ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်နိုင်ဖို့က
ငါ့ရဲ့ အိပ်မက်ပဲ ... "တဲ့။

၁၉၅၀- ၆၀ ခုနှစ်အတွင်း၊ ရွှေတစ်ကျပ်သား
၂၀၀/ ၃၀၀ ခေတ်၊ မြန်မာတွေ ရွှေထီးဆောင်း
ခဲ့ကြစဉ်ကပေါ့။

အဲဒီတုန်းက

ရန်ကုန်မြို့ဆိုတာ အရှေ့တောင်အာရှမှာ
အလှပဆုံးနဲ့ခေတ်အမှီဆုံးမြို့တော်...

မင်္ဂလာဒုံလေယဥ်ကွင်းဆိုတာ အရှေ့တောင်
အာရှမှာအကျယ်ဆုံးနဲ့အကောင်းဆုံးလေယဥ်ကွင်း..

ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ
နာမည်အကြီးဆုံးနဲ့အခမ်းနားဆုံး နံပါတ်တစ်
တက္ကသိုလ်...

နှစ် ၆၀ ကြာအပြီး...

ဒီနေ့ခေတ်မှာတော့ အရာအားလုံးက ပြောင်းပြန်
တွေဖြစ်ကုန်ပါရောလား...။ ။

🥺🥺🥺

မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

05/09/2023

ကြွားစိန်ဆိုတာ

ခေတ်အဆက်ဆက်မှာ ရှိတယ်

Photos from Travel with MrLinn's post 02/01/2023

ခေတ်အဆက်ဆက်
လူကြမ်းတွေသာပြောင်းသွားတယ်
မင်းသမီးကတော့ တစ်ယောက်တည်းပဲ 🦚❤️

Photos from Travel with MrLinn's post 01/01/2023

မိန်းကလေး တစ်ယောက်ရဲ့13နှစ်တာ ငယ်ရွယ်မှု့တွေကို
ဘယ်လို ပြန်ပေးဆပ်မှာလဲ🤧🤧

အခုက ဆိုရှယ်မှာပဲ ရှိသေးတယ်
အပြင်မှာ စပ်စပ်စုစုတွေ လိုက်မေးပြီး ကွယ်ရာကြရင်အတင်းတုတ် မဲ့ ဟာတွေကရှိဦးမှာ
အဲ့ဒီဒဏ်တွေ ကို မိန်းကလေးက ပိုခံရတာ

မသိရင်ပဲ ကိုယ့်အတွက်
စိတ်မကောင်းသလိုလိုနဲ့ နောက်ကွယ်မှာ
ဝမ်းသာနေမဲ့ အဖွဲ့က သက်သက်ကို ရှိဦးမှာ😏😏

Photos from Travel with MrLinn's post 09/09/2022

ဘုရင်မကြီးအဲလိဇဘက်သရဖူမှ ရတနာများ ပြန်လည်ရရှိရေး အိန္ဒိယနှင့် အာဖရိကမှတောင်းဆိုသံများ ကျယ်လောင်လာ
------ ------ ------ ----- -----

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ကွယ်လွန်ပြီးနောက် ဘုရင်မကြီး၏သရဖူမှ ရတနာအချို့ကို ပြန်လည်ရရှိရေးအတွက် အာဖရိကနှင့် အိန္ဒိယရှိ ပြည်သူများ၏ တောင်းဆိုသံများ ပိုမို ကျယ်လောင်လာလျက်ရှိသည်။

ကျန်ရစ်ခဲ့သောသရဖူများတွင် ကမ္ဘာ့ အရှားပါဆုံးနှင့် ဈေးအကြီးဆုံး ကျောက်မျက်ရတနာများပါဝင်ပြီး ယင်းကျောက်မျက်ရတနာများကို ဗြိတိသျှကိုလိုနီနိုင်ငံများမှ သိမ်းပိုက်ယူဆောင်ခဲ့ခြင်းဖြစ်ပြီး သမိုင်းကြောင်းအရ မူလနိုင်ငံများနှင့် ပိုင်ဆိုင်မှုအငြင်းဖွယ်ရာများဖြစ်သည်။

ပြန်လည်ရရှိရေး တောင်းဆိုနေကြသည့် ရတနာများထဲမှ ထင်ရှားသည့်ရတနာနှစ်ခုမှာ အိန္ဒိယနိုင်ငံမှ Koh-i-noor စိန်နှင့် Great Star of Africa တို့ဖြစ်ပြီး ခန့်မှန်းတန်ဖိုး တလုံးလျှင် ဒေါ်လာ သန်း ၄၀၀ ခန့် တန်ကြေးရှိကြောင်း သိရသည်။

"အိန္ဒိယက ခိုးယူခံခဲ့ရတဲ့ ဗြိတိသျှပြတိုက်ထဲက koh-i-noor စိန်ကို ပြန်ရနိုင်မလား"ဟု အိန္ဒိယနိုင်ငံသားတဦးက သူ၏တွစ်တာတွင် ရေးသားထားသည်။

Koh-i-noor စိန်သည် အလေးချိန် ၁၀၅ ဒသမ ၆ ကာရက်ရှိကာ ၁၃၀၀ ပြည့်နှစ် အစောပိုင်းကာလများက အိန္ဒိယတောင်ပိုင်းမှတူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းစိန်သည် ၁၉၃၇ ခုနှစ်တွင် အဲလိဇဘက်ဘုရင်မကြီး၏မယ်တော် အဲလိဇဘက် အိန်ဂျလာ မာဂရိ ဘိုးစ် လီယွန်းအတွက်ပြုလုပ်သည့် သရဖူ၏ထိပ်ဖူးတွင် ဝင့်ကြွားစွာ နေရာယူထားသည်။ ထိုစိန်၏မူလပိုင်ရှင်အဖြစ် တောင်းဆိုသူများအနက် မဂိုဧကရာဇ်များ၊ အီရန်ရှားဘုရင်များ၊ အာဖဂန်နစ္စတန်ဘုရင်များနှင့် ဆစ်ခ် မဟာရာဂျာများလည်း ပါဝင်သည်။

ထိုစိန်ပွင့်ကို အသက်ဆယ်နှစ်အရွယ် မဟာရာဂျာ Duleep Singh ထံမှ အရှေ့အိန္ဒိယကုမ္ပဏီက ၁၈၄၉ ခုနှစ်တွင်ရယူခဲ့ခြင်းဖြင့် ဗြိတိသျှတို့၏လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

ပထမ အင်္ဂလိပ်-ဆစ်ခ် စစ်ပွဲ စစ်ပြေငြိမ်းစာချုပ်ဖြစ်သည့် လာဟိုးစာချုပ်တွင်Koh-i-noor စိန်ကို
ဗြိတိန်ဘုရင်မကြီး ဗစ်တိုးရီးယားထံ ပေးအပ်ရမည်ဟု ထည့်သွင်းချုပ်ဆိုခဲ့သည်။

Great Star of Africa ဟုခေါ်သည့် ကမ္ဘာအကြီးဆုံး Cullinan စိန်တုံးကြီးကို အာဖရိကတွင် ၁၉၀၅ ခုနှစ်ကတွေ့ရှိခဲ့သည်။ ၃၁၀၆ ကာရက်ရှိ Cullinan စိန်းတုံးကို စိန်ပွင့်ကြီး ၉ ပွင့်နှင့် စိန်ပွင့်ငယ် ၉၆ ပွင့်အထိ ဖြတ်ထုတ်ခဲ့ပြီး အများအပြားသည် ဗြိတိသျှတို့၏လက်ဝယ်တွင် ရှိနေသည်။
Great Star of Africa သည် ဘုရင်မကြီး၏တောင်ဝှေ့တော်တွင် ထည့်သွင်းအလှဆင်ထားပြီး Cullinan II ဟု လူသိများသည့် နောက်ထပ်စိန်ကြီးမှာလည်း အင်ပီရီရယ်သရဖူတွင် ထည့်သွင်းထားသည်။

လက်ရှိ အင်ပီရီရယ်သရဖူမှာ အဲလိဇဘက်ဘုရင်မ၏ ခမည်းတော် ဆဌမမြောက် ဂျော့ဘုရင်အတွက် ၁၉၃၇ ခုနှစ်တွင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၁၈၃၇ ခုနှစ်က ဗစ်တိုးရီးယားဘုရင်မကြီးအတွက် ပြုလုပ်သည့်သရဖူပုံစံကို အခြေခံထားသည်။

အင်ပီရီရယ်သရဖူတွင် စိန် ၂၈၆၈ လုံး၊ နီလာ ၁၇ လုံး၊ မြ ၁၁ လုံး၊ ပုလဲ ၂၆၉ လုံးနှင့် ပတ္တမြား ၄ လုံးပါဝင်ကာ ယင်းသရဖူကို ကွယ်လွန်သွားသည့် အဲလိဇဘက်ဘုရင်မကြီးက ၂၀၁၇ ခုနှစ်အထိ ပါလီမန်ဖွင့်ပွဲများတွင် ဝတ်ဆင်ခဲ့သည်။

သရဖူသည် အသက် ၉၀ အရွယ် ဘုရင်မကြီးအတွက် လေးလံလွန်းသဖြင့် ၂၀၁၉ ခုနှစ်တွင် George VI Diamond Diadem ကို ပြောင်းလဲဝတ်ဆင်ခဲ့ကြောင်း သိရသည်။

အသက် ၉၆ ခုနှစ်အရွယ် ဘုရင်မကြီးသည် စက်တင်ဘာ ၈ ရက်တွင် ကွယ်လွန်ခဲ့သည်။

Ref ; Calls Grow for Return of Crown Jewels to India, Africa After Queen's Death (Newsweek)

Photos from Travel with MrLinn's post 04/08/2022

ဆွမ်းတော်ဗျို့ 🔔🔔📣📣
ဥပုသ်နေ့တိုင်း ရွာထဲဆွမ်းခံထွက်တဲ့ မောင်ကျောင်သား လေး 😄
ရွာဓလေ့ အလွမ်းပြေလေး တင်ပေးလိုက်ပါတယ် 😍
ဆွမ်းခံရင်ရွာထဲက အပျိုတေကိုရှိုး😁

Photos from Travel with MrLinn's post 02/08/2022

💚တောင်တွေ💚 ပတ်ခြားဝိုင်းပီး သဘာဝ ပန်းချီတွေ ချယ်မိုးထားတဲ့ The Hotel- Kalaw Hill Lodge.✍
နေရာ💞 ကလောမြိူ့ လည်နာရီစဥ်ကနေ ၁၅ မိနစ် ခန့်လောက်ဆိုရောက်ပါတယ်
အစားအသောက်ကလည်း💟😘 ရိုးရာ ဒေသစာလေးတွေ အကုန်ရပါတယ် သင့်တင့်မျှတတဲ့ MMK လေးနဲ့
အေးဆေး ကော်ဖီလေးသောက်ရင်း အဖွဲ့လိုက် Chill လို့ရတယ်​ေနာ် 😘🤗
တည်းခိုမယ်ဆိုလည်း💛 စျေးနှုန်း က အများကြီးလျော့ထားတာဆိုတော့ Hotel ရဲ့ Page လေးမာ စုံစမ်းလို့ရတယ်နော် 😍🤗
ကိုသဘောကျတဲ့ နေရာလေးကိုလည်း ပုံအောက်မှာစာလေး ရေးထားပေးတယ်နော် 😍

Photos from Travel with MrLinn's post 01/08/2022

မိုင်းဖုန်းဆရာတော် ဂူမှ ထွက်လာပြီး ဝေါယာဉ်ဖြင့် ဆံချရန် ရေဆိပ်အသွား လမ်းတလျောက် တပည့် ဒကာများမှ လာရောက် ဖူးမြော်သည့် မြင်ကွင်း။

#မိုင်းဖုန်းဆရာတော်

photo: Credit

Photos from Travel with MrLinn's post 01/08/2022

popa တောင်မကြီးပေါ် ရာသီစာ မှီုကောက် မန်းကျည်းသီးစွတ် မြေပဲနုတ် 😘

Photos from Travel with MrLinn's post 08/05/2022

အမေများနေ့ အမှတ်တရ

" အ မေ "
********
ဖတ်ကြည့်နော်…

အဖြေကို ရှာ မဖောက်မလွဲ သိစေဖို့
မြေ-ဂြိုဟ်-ကမ္ဘာတစ်လျှောက်
ဝဲကြည့်လိုက်ပြန်တော့
''အမေ''ဆိုတာ တစ်ယောက်ထဲရှိတယ်။

အဆိုးဘဝ အလယ်ထဲမှာ
တစ်မျိုးအလှ မကြွယ်ခဲ့ပေမယ့်
ကိုးလလွယ်ခဲ့တာလည်း
''အမေ''။

အချဉ် အစပ် အဖန် အခါးတွေကို
အစဉ်မပြတ် ခံစားချင်ပေမယ့်
တမင်အငတ်ခံသွားတာလည်း
''အမေ''။

မျက်နှာမမြင်သေးခင်က
တစ်သက်စာ အစဉ်တွေးပါလို့
ရတက်ဖြာ
ဘဝင်မအေးခဲ့တာလည်း
''အမေ''။

ဒုက္ခနဲ့ မီးဖွားရပေမယ့်
သရုပ်မလှတဲ့ သမီး သားတွေကို
မုချကွဲ့
ကြီးပွားစေချင်တာကလည်း
''အမေ''။

မနုဿ ဤကမ္ဘာတစ်ဖက်မှာ
ပုတ္တ ဓီတာအတွက်ဆိုရင်
ဒုက္ခ ရှည်ကြာဆက်ခံရဲတာလည်း
''အမေ''။

မူလ အခြေမွဲလို့
ဖြူသမျှ အရေရွှဲနေတဲ့
အနူကျ အမေလည်း
"အမေ''။

အကြောင်းတရား အခြေမလှရှာလို့
တောင်းစားနေရပါတဲ့
သူတောင်းစား အမေကလည်း
''အမေ''။

အရှိကံကြမ္မာ အခြေမလှလို့
အဖြည့်ခံရာ အနေဘဝနဲ့
ပြည့်တန်ဆာ အမေကလည်း
''အမေ''။

ရွှေကမ္ဘာ မြေလွှာထဲမှာ
နေရာ အခြေသာကွဲပေမယ့်
အ မေဟာ
အမေပါပဲ ''အမေ''။

အို…ချစ်သော မေမေ…

ရေတွေ့ကြာအလား ပုံတုလို့
မေမေ့ကဗျာ စကားအငုံအနုတွေနဲ့
အမေများနေ့မှာ
သားဂုဏ်ပြုလိုက်ပါတယ်" အမေ "။

ဝဠာထက်က ကဗျာငှက်

မေတ္တာဖြင့်❤❤❤

Want your business to be the top-listed Beauty Salon in Kalaw?
Click here to claim your Sponsored Listing.

Website

Address

Kalaw