phyu phyu than 2026
နေ့စဥ်
10/07/2026
🌟 ဒီသမီးလေးရဲ့အမည်က မနေခြည်ထွေးလို့ခေါ်တယ်။
🎓 သမီးလေးက ဒီနှစ် G-12 စာမေးပွဲအောင်စာရင်းမှာ သီတာကုန်းပြင်ကျောင်းကနေ ဂုဏ်ထူး (၄) ဘာသာနဲ့ အောင်မြင်ခဲ့သူပါ။ 👏💐
📅 အောင်စာရင်းထွက်တဲ့ (28.6.2026) မနေ့က သီတာကုန်းပြင်စာစစ်ဌာနက အောင်မြင်တဲ့ကျောင်းသား (၁၉) ယောက်ထဲမှာ ဂုဏ်ထူး (၄) ဘာသာနဲ့ အောင်မြင်သူ (၂) ယောက်ရှိတယ်။
အဲဒီနှစ်ယောက်ထဲမှာ စဉ့်အိုးကွဲရွာက ကလေးမလေးကတော့ 😔 မပြည့်မစုံနဲ့ ကျောင်းတက်ခဲ့ရတာ။ ကျူရှင်ဆိုတာ ဘာမှန်းတောင် မသိခဲ့ရဘူး လို့ မိတ်ဆွေတချို့က ဖုန်းဆက်အသိပေးလာတဲ့အတွက် ဒီနေ့ (29.6.2026) မှာ သမီးလေးနေတဲ့ စဉ့်အိုးကွဲရွာလေးကို သွားဖြစ်ခဲ့ပါတယ်။
🏡 စဉ့်အိုးကွဲရွာလေးက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အနီး မိဿလင်အုပ်စုအပိုင်ထဲမှာရှိတဲ့ ရခိုင်ရိုးမတောင်ခြေက ရွာလေးတစ်ရွာပါ။
⏰ ကျွန်တော်တို့ ရွာကိုရောက်တော့ မနက် (၉) နာရီပဲရှိသေးတယ်။ ရွာသားအများစုက 🌿 ဝါးခုတ်၊ 🪵 ထင်းခုတ်၊ 🧺 နှီးဖျာရက်၊ 🌱 မျှစ်ချိုးရင်း ဘဝရပ်တည်နေကြရတဲ့ရွာပါ။ ယခုတော့ နယ်မြေမတည်ငြိမ်မှုကြောင့် ရိုးမပေါ်တက်အလုပ်လုပ်ဖို့ အဆင်မပြေတော့ဘူး။
💔 စစ်ဘေးကြောင့် အနီးအနားရွာတွေကလည်း (၁၅) လကျော် ရှောင်တိမ်းနေကြရတယ်။
🏠 သမီးလေးနေခြည်ထွေးရဲ့အိမ်က ရွာထဲမှာမဟုတ်ဘဲ လယ်ကွင်းအဆုံး တောင်ကုန်းလေးပေါ်မှာရှိတယ်။ ရွာကနေ အိမ်ရောက်ဖို့ 🌾 လယ်ကွင်းတွေ၊ ⛰️ တောင်ကုန်းတွေကိုဖြတ်ပြီး (၁၅) မိနစ်လောက် လမ်းလျှောက်ရတယ်။
👨👩👧👦 သမီးလေးရဲ့မိဘတွေက ဦးမြင့်အေးနဲ့ ဒေါ်ဝါဝါထွေးပါ။ သားသမီး (၄) ယောက်ရှိပြီး နေခြည်ထွေးက ဒုတိယသမီး။
👨 အဖေက နွေရာသီမှာ 🧺 ကြက်အုပ်ခြင်းတောင်းရက်ပြီး လှည့်လည်ရောင်းတယ်။ 🌧️ မိုးရာသီမှာ 🪵 ထင်းခုတ်၊ 🎋 ဝါးခုတ်တယ်။
👩 အမေက 🧶 နှီးဖျာရက်ပြီး မိသားစုကို ထောက်ပံ့တယ်။
💛 သမီးလေးက ကျောင်းတက်ရင်း အားရင်အားသလို အမေ့ကို နှီးဖျာရက်ပေးရတယ်။
🚲 သီတာကုန်းပြင် အထက်တန်းကျောင်းကိုတက်ဖို့ 🌾 တောလမ်းကို (၁၅) မိနစ်လမ်းလျှောက်၊ ပြီးတော့ 🚲 စက်ဘီးနဲ့ ဆင်သေ၊ ဒရယ်ခုန်ရွာတွေကို (၃၀) မိနစ်ကျော် ဖြတ်ပြီး နေ့တိုင်းကျောင်းတက်ရတာ။
🌧️ မိုးကြီးရေကြီးချိန်ဆိုရင် လမ်းတလျှောက် 💦 ရေလေးငါးပေခန့် တက်လာလို့ သမီးကျောင်းမပျက်အောင် မိဘနှစ်ပါးက လိုက်ပို့ပေးရတယ်။
💥 ၂၀၂၅ ခုနှစ်ကစပြီး အိမ်နောက်တောင်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ 🔥 လက်နက်ကြီးသံ၊ 🔫 သေနတ်သံတွေကို နီးနီးကပ်ကပ် ကြားခဲ့ရတယ်။
😢 ကြောက်လွန်းလို့ မိသားစုတစ်စုလုံး မီးသွေးဖိုကျင်းထဲ ဝင်ပုန်းခဲ့ရတယ်။ တိုက်ပွဲဖြစ်တဲ့ညတွေမှာ စာမဖတ်နိုင်ဘဲ 🌅 မိုးလင်းမှ အမြန်ဖတ်ခဲ့ရတယ်။
🕯️ သမီးလေးဟာ G-12 ရောက်တဲ့အထိ ဖယောင်းတိုင်မီးနဲ့ပဲ စာဖတ်ခဲ့ရတယ်။
💔 "ဖယောင်းတိုင်ဝယ်စရာ ပိုက်ဆံမရှိလို့ တစ်ညစာ မဖတ်ခဲ့ရဘူး..." လို့ အမေ ဒေါ်ဝါဝါထွေးက ငိုကြွေးရင်း ပြောပြခဲ့တယ်။
👕 G-12 စာမေးပွဲဖြေပြီးတဲ့အထိ ကျောင်းဝတ်စုံ အင်္ကျီ (၃) ထည်၊ လုံချည် (၂) ထည်နဲ့သာ ကျောင်းတက်ခဲ့ရတယ်။
🍱 မိဘတွေက တစ်နေ့လုပ်တစ်နေ့စားတွေဖြစ်လို့ သမီးက ကိုယ်တိုင်ထမင်းချက်ပြီး ကျောင်းသွားရတယ်။ အများဆုံးစားဖြစ်တာက 🥗 လက်ဖက်သုတ်နဲ့ 🌿 ကစွန်းညွန့်ကြော်။
💬 သမီးလေးက...
«"မပြည့်မစုံနဲ့ ကျောင်းတက်ရသူမို့ ကျောင်းမုန့်ဖိုးဆိုတာ တစ်ခါမှမရခဲ့ဘူး။ 📚 ကျူရှင်၊ ဂိုက်ဆိုတာ ဘာမှန်းတောင် မသိခဲ့ရဘူး။ ကိုယ့်ဘဝက နိမ့်ကျလေလေ ကိုယ့်ဘဝကို အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ စာကိုပဲ အာရုံစိုက်ပြီး ကြိုးစားခဲ့တာပါ။" ❤️»
🏅 ယခုတော့ G-12 ကို မြန်မာစာအပါအဝင် ဂုဏ်ထူး (၄) ဘာသာနဲ့ နှစ်ချင်းပေါက်အောင်မြင်သွားပြီ။
🏆 စဉ့်အိုးကွဲရွာသမိုင်းမှာလည်း ဒီလိုအောင်မြင်မှုမျိုး မရှိခဲ့ဖူးဘူး။
✨ "သမီးရဲ့အိပ်မက်က ဘာလဲ" လို့ မေးတော့...
👩🏫 "ကလေးတွေကို ပညာသင်ပေးတဲ့ ကျောင်းဆရာမဖြစ်ချင်တယ်။ ✍️ ဝတ္ထု၊ ဆောင်းပါးတွေရေးပြီး စာရေးဆရာမကြီးလည်း ဖြစ်ချင်ပါတယ်။" လို့ မဆိုင်းမတွ ဖြေခဲ့တယ်။
📖 အကြိုက်ဆုံးစာရေးဆရာတွေကတော့...
❤️ ဆရာကြီးလယ်တွင်းသားစောချစ်
❤️ ဆရာမဂျူး
❤️ ဆရာမပုညခင်
📚 အဲဒီအချိန်မှာ သူ့အမေက ဗလာစာအုပ်တစ်အုပ်ယူလာပေးတယ်။
အထဲမှာ ✍️ "မာနမြစ်ကမ်းပါးပေါ်က အချစ်ဌက်" ဆိုတဲ့ ကိုယ်တိုင်ရေးဝတ္ထုရှည် (၁၈) မျက်နှာပါနေတယ်။
🖋️ ဇာတ်ကောင်နာမည်တွေက...
✨ ဂုဏ်ရှိန်ခ
✨ အလင်္ကာ
✨ ကာရန်မိုး
✨ တော်ဝင်နွယ်
✨ မဟာချို
✨ မြင်းမိုရ်ယံ
👏 ဖတ်မိတဲ့သူတိုင်း အံ့ဩသွားစေမယ့် အရည်အချင်းပါ။
📚 "သမီးဖတ်ချင်တဲ့စာအုပ်ရှိရင် ပြောပါ" လို့ မေးတော့...
🌍 "ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့အကြောင်း ရေးထားတဲ့စာအုပ်တွေ ဖတ်ချင်ပါတယ်။" လို့ ပြောတယ်။
🏠 လက်ရှိမှာတော့ နယ်မြေအခြေအနေကြောင့် မိသားစုဟာ မိမိတို့အိမ်ကို ခေတ္တစွန့်ခွာပြီး စဉ့်အိုးကွဲရွာထဲက အိမ်တစ်အိမ်မှာ နေထိုင်နေကြရတယ်။
💖 ကျူရှင်မရှိ...
💖 အဝတ်အစားမပြည့်စုံ...
💖 ဖယောင်းတိုင်မီးနဲ့ စာဖတ်...
💖 စစ်ဘေးကြားမှာ ကျောင်းတက်...
ဒါပေမယ့် မြန်မာစာအပါအဝင် ဂုဏ်ထူး (၄) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ သမီးလေးနေခြည်ထွေးရဲ့ ကြိုးစားမှုက သီတာကုန်းပြင်ရဲ့ ပညာရေးသမိုင်းမှာ မှတ်တမ်းတင်ထိုက်တဲ့ အောင်မြင်မှုတစ်ခုပါ။ 🌟👏
🙏 ရှေ့ဆက်လျှောက်လှမ်းရမယ့် သမီးလေးရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ 💕 တာဝန်သိတဲ့ သီတာကုန်းပြင်ကျောင်းသားဟောင်းများ၊ သီတာကုန်းပြင်သားများနှင့် စေတနာရှင်များရဲ့ အားပေးကူညီမှုတွေ လိုအပ်နေပါတယ်။
🤝 သမီးလေးရဲ့ ပညာရေးအောင်မြင်မှုကို ချီးမြှောက်ဂုဏ်ပြုလိုပါက အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်နိုင်ပါတယ်။
📞 ကိုဖိုးအောင် – 09451238228 (မိဿလင်ရွာ)
📞 ဒေါ်မိုးမိုး – 09690773451 (ဒရယ်ခုန်ရွာ)
📞 ကိုမျိုးမင်းထွန်း – 09789598015 (ရန်ကုန်)
📞 ကိုခင်ဇော် – 09422498474 (လက်ပံပင်ရွာ)
✍️ ခင်ဇော် (သီတာကုန်းပြင်)
📅 29.6.2026
💙 "ပညာဟာ ဘဝကိုပြောင်းလဲနိုင်တဲ့ အကြီးမားဆုံးအင်အားပါ။"
🌹 သမီးလေး မနေခြည်ထွေးရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာပါစေလို့ ဆုတောင်းပေးကြရအောင်။ 🙏❤️
#နေခြည်ထွေး #၄ဘာသာဂုဏ်ထူးရှင် #အိမ်မက်အကောင်အထည်ဖော် #မေတ္တာရဲ့အောင်မြင်မှု #ဘဝပြောင်းလဲမှု #အလှူရှင်များကိုကျေးဇူးတင်ပါတယ် 🏡❤️✨
10/07/2026
Click here to claim your Sponsored Listing.
Category
Website
Address
Kawkareik
