Nang Lay-Dubai
All our dreams can come true if we have the courage to pursue them💪
02/09/2026
အကြော်စုံပူပူလေး 🥰 Shan Village Asian Restaurant Dubai
02/09/2026
Mangoon ရဲ့ငါးသံပုရာပေါင်းနဲ့ အင်ဒိုကြက်ကြော် ထမင်းပူပူလေးရော စားပြီးကြပြီလားရှင် 🥰 ရှူးရှူးရှဲရှဲနဲ့ အရမ်းကို လိုက်ဖက်ပြီး စားလို့ကောင်းမှ ကောင်း❤️မစားရသေးရင်တော့ အပြေးလေး သွားလိုက်ကြပါဦးနော်🤗
ချစ်တဲ့
နန်း❤️
02/09/2026
ပြုံပျော်နေကြသော Shan Village Asian Restaurant Dubai Team❤️
Mall ထဲက Food Court မှာ ဖွင့်ထားရတာဆိုတော့ Team Outing လုပ်ဖို့ ဆိုင်တစ်ရက်လောက် ပိတ်ချင်တာတောင် မပိတ်ရဘူးလေ😔 ဒါပေမဲ့ ရှိတဲ့အချိန်လေးကိုပဲ အကောင်းဆုံး စီစဉ်ဖြစ်ကြတယ်။ မနေ့ညကဆို ဆိုင်က ၁၀ နာရီပိတ်တာ၊ ပိတ်ရင် ချက်ချင်းသွားကြမယ်ပေါ့။ ဒါပေမဲ့ ၁၀ နာရီကျော် ကို အဝင်မပြတ်သေးတဲ့ Customers တွေကို ပြုံးပြုံးနဲ့ ဆက်လက် ဝန်ဆောင်မှုပေးနေဆဲပါပဲဟေ့😂😂😂 နားရက်ရတဲ့ ကလေးတွေကတော့ အရင်သွားနှင့်ကြဆိုပြီး လွှတ်ပေးလိုက်တယ်။ သူငယ်ချင်း ၂ ယောက်ကတော့ သတ်သတ်လွတ်စားနေလို့ မလိုက်ဖြစ်ကြပေမဲ့ ကျန်တဲ့သူတွေက အစားပိုစားပြီး အစားထိုးပေးခဲ့ပါတယ်လို့😁
အများကြီးတော့ မပြောတော့ပါဘူး။ တစ်ယောက်ချင်းစီတိုင်း အရမ်းတော်ကြပြီး ကိုယ်ကျရာတာဝန်ကို ကြိုးစားပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် ကလေးတို့ရေ 🤗❤️🫶
ဟိုးအမြင့်ဆုံး အောင်မြင်မှုတွေဆီကို အတူတူလက်တွဲပြီး ပိုကြိုးစားကြမယ်နော်။ Fighting my team 🌟
ချစ်တဲ့...
နန်း ❤️
01/09/2026
ကိုယ်ဝင်မပါပဲ လည်ပတ်ဖို့ဆိုတာ နန်းအတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူးထင်တယ် 😆
ဆိုင်ဘက်ခဏလှည့်လာလိုက်တာနဲ့ ချစ်ခင်အားပေးကြတဲ့ ဧည့်သည်တွေ၊ မိတ်ဆွေတွေနဲ့ စည်ကားလို့နေပါပြီ။ အစ်မရေ.. နေ့တိုင်း စျေးလာကူရောင်းပေးပါဦး လို့တောင် အားပေးကြသေးတာ။ စားသုံးသူတွေရဲ့ အဲ့ဒီလို ရင်းနှီးနွေးထွေးတဲ့ စကားသံတွေ၊ ပျော်ရွှင်နေတဲ့ မျက်နှာလေးတွေကပဲ ပင်ပန်းသမျှကို အကုန်ပျောက်စေတဲ့ ဆေးတစ်ခွက်ပါပဲ ❤️
တစ်ဖက်မှာလည်း ကိုယ့်ရဲ့ လုပ်ငန်းလေးကို အမြဲတမ်း စိတ်ရောကိုယ်ပါ နှစ်ပြီး ဦးဆောင်ဖြစ်နေတော့၊ ကိုယ်တိုင်ကိုယ်ကျ ရှင်သန်ရပ်တည်နေတဲ့ ဒီနေ့ရက်တွေက တကယ်ကို တန်ဖိုးရှိလှပါတယ်။ အလုပ်လည်းတွင်၊ ချစ်ရတဲ့သူတွေနဲ့လည်း တွေ့ရဆိုတော့ ပိုလို့တောင် တက်ကြွလာသလိုပဲပေါ့။
ကဲ... ဒီနေ့ရော ဘယ်သူတွေ လာအားပေးကြဦးမလဲနော် 😊 လာခဲ့ကြပါဦးလို့ ဖိတ်ခေါ်
လိုက်ပါတယ်ရှင့် ❤️
Shan Village Asian Restaurant Dubai
ချစ်တဲ့
နန်း❤️
01/09/2026
ဆိုင်လာတဲ့သူတိုင်းက မနန်း အလုပ်နားလိုက်ပြီလားလို့ မေးကြတာနဲ့ တွေ့တဲ့သူတိုင်းကို ဟုတ်ကဲ့၊ တစ်လတိတိ vacationရထားပါတယ်ရှင်လို့ ဖြေဖြစ်နေပါတယ်။ ကံကောင်းချင်တော့ ခွင့်မစခင် ၄ ရက်နဲ့ ခွင့်ပြီးသွားလို့ နောက်ထပ် ၄ ရက်ကလည်း off day တွေနဲ့ တိုက်ဆိုင်သွားတာနဲ့ ရက်ပေါင်း ၃၀ ကျော်တိတိ အားရပါးရ နားခွင့်ရသွားပါတယ်။
တစ်ဖက်မှာလည်း ကိုယ့်ရဲ့စျေးသည်ဘဝလေးကို တာဝန်ကျေကျေ လုပ်ရင်းပေါ့လေ။
အလုပ်ကသာ နားနေတာပါ၊ ဆိုင်လေး ပိုကောင်းလာဖို့၊ တိုးတက်လာဖို့အတွက် အဖက်ဖက်က လိုအပ်ချက်တွေကို လိုက်ဖြည့်ရင်း၊ Menu အသစ်လေးတွေ စမ်းသပ်တီထွင်ရင်းနဲ့ တကယ်ကို မအားရအောင်ပါပဲ။ အားနေရင် ဦးနှောက်ခြောက်တတ်တဲ့ လူဆိုတော့လည်း ဒီလိုလေး မအားမနေဘဲ လှုပ်ရှားနေရတာကိုက ပျော်စရာ တစ်မျိုးပါပဲရှင်🥰
ဒီနေ့လည်း ဆိုင်မှာရှိမယ်နော်🫶
ချစ်တဲ့
နန်း❤️
01/09/2026
မာလာဘဲစပ်ကို Shan Village စတိုင်🥰
ဘဲက costအရမ်းများတော့လေ pre orderလေး တင်ပြီး ရောင်းပေးမလားလို့ 🫶
အရသာတော့ ပြောမနေနဲ့ အကြိမ်ကြိမ်စမ်းပြီးပြီး ပိုကောင်းလာလို့ ကိုယ်ချစ်တဲ့သူတွေကိုလည်း စားစေချင်တာ ရင်ထဲက စေတနာ🤗
Menuထဲတော့ မထည့်သေးဘူး တစ်ပတ်၁ရက် pre orderလေးနဲ့ လုပ်ပေးရင် အဆင်ပြေမလား ဟင်????
ချစ်တဲ့
နန်း❤️
#မာလာဘဲစပ်
စားချင်ရင် ကိုယ့်ဟာကိုယ်မှာ🤣🤣🤣
Mangoon
31/08/2026
မြန်မာဆိုင်တွေ ဘာလို့ စျေးကြီးလဲ ဆိုပြီး တချို့က မေးကြပါတယ်🥺
F&B လုပ်ငန်းကို အသေးစိတ် အစအဆုံး နားမလည်ခဲ့ရင်တောင် ဒီလမ်းကြောင်းပေါ်မှာ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေက ပေးရတဲ့ရင်းနှီးရမှုတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို သင်ပေးခဲ့ပါတယ်။
နန်းတို့ Shan Village Asian Restaurant Dubaiဆိုင်မှာဆိုရင် တကယ့် Authentic ရှမ်းရသာစစ်စစ်ကို ပေးချင်လွန်းလို့ ဒူဘိုင်းမှာ ဝယ်မရတဲ့ ဒေသထွက် ပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေကို လေကြောင်း ကုန်စည်ပို့ဆောင်ရေး (Cargo) နဲ့ တိုက်ရိုက် တင်သွင်းပါတယ်။
ဒါ့အပြင် Mall ရဲ့ Food Court မှာ ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် Mall Management ကို ပေးရတဲ့ ရာခိုင်နှုန်း (Percentage) တွေအပြင်—
ဆိုင်ခန်းခအပြင် ရေဖိုးနဲ့ မီးဖိုး တစ်လကို (၈,၀၀၀ ကနေ ၉,၀၀၀)အထိ လစဉ် ပေးဆောင်ရပါတယ်။
ဝန်ထမ်းတွေအတွက် (၂) နှစ်တစ်ကြိမ် ဆက်ရတဲ့ Visaစရိတ်၊ လေ့ကျင့်သင်တန်းစရိတ်နဲ့ ကျန်းမာရေး အာမခံကြေးတွေ UAE Lawအတိုင်း Employer Liabilityတွေ အားလုံးပေးထားပါတယ်။
စီးပွားရေးလုပ်ငန်းလိုင်စင်နဲ့ အခြား လုပ်ငန်းသုံး အာမခံကြေးတွေလည်း ပါဝင်ပါတယ်။
ဒီလို တရားဝင် စနစ်တကျ (Proper Way) နဲ့ ရပ်တည်နေတဲ့ ဆိုင်တိုင်းက ရင်ဆိုင်ရတဲ့ ကုန်ကျစရိတ်နဲ့ တောင့်ခံရမှုက တကယ်ကို ကြီးမားပါတယ်။ အိမ်မှာချက်ပြီး တိုက်ရိုက်ရောင်းချနေတဲ့ လုပ်ငန်းငယ်တွေနဲ့တော့ ကုန်ကျစရိတ်နဲ့ စနစ်ပိုင်းမှာ အများကြီး ကွာခြားပါတယ်။
နောက်တစ်ချက်က မြန်မာcommunityက ဖိလစ်ပိုင်၊ အိန္ဒိယ သို့မဟုတ် ပါကစ္စတန် ကွန်မြူနတီတွေလို အရမ်းကြီးမားကျယ်ပြန့်လှတာမျိုး မဟုတ်ပါဘူး။ ဒါကို နားလည်ပေးကြပြီး အားပေးကြတဲ့ Customer တွေကတော့ ဘာမှ ထပ်ရှင်းပြစရာမလိုအောင် နားလည်ပေးကြပါတယ်။
မနေ့က အတွေ့အကြုံတွေကနေ သင်ခန်းစာယူရင်း ပြင်စရာရှိတာတွေ ပြင်ကာ ဆိုင်ကို ပိုကောင်းလာအောင်, တိုးတက်လာအောင် နေ့စဉ်နဲ့အမျှ ကြိုးစားနေဆဲပါ။ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အရည်အသွေးအကောင်းဆုံးနဲ့ ဆက်လက်ရပ်တည်သွားမှာပါ🫶
ခက်ခဲနေတဲ့ အချိန်တွေမှာတောင် စည်ကားနေအောင် အမြဲ အားပေးကြတဲ့ ချစ်ရတဲ့ customer များအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်❤️
ချစ်တဲ့
နန်း❤️
မြေအိုးမြီးရှည်🫶
Shan Village Asian Restaurant Dubai
30/08/2026
Shan Village Asian Restaurant Dubai ရောက်ရင် မစားပဲ မနေနိုင် အဲ့ဒီတော့ ဝိတ်ကတော့ လျှော့မယ် လျှော့မယ်နဲ့ စားဖြစ်နေတာပဲ😂😂😂
Click here to claim your Sponsored Listing.
