Htet Htet online store

Htet Htet online store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Htet online store, Kyaikto.

Photos from Htet Htet online store's post 04/10/2021

Wax တွေထဲမှာ အပူပေးစရာမလိုတဲ့ Dr.Wax Yellow လေးကို ဓာတ်ကျနေတယ် 🙆‍♀️

🌟 ဆိုင်သွားစရာမလို

🌟 အခုလုပ် အခုပြောင်

🌟 အချိန်မကုန်

🌟 Budget Save ဖြစ်

🌟 မနာမကျင်

🌟 မယားမယံပဲ

🌟 သဘာဝကုန်ကြမ်းတွေကို အခြေခံထုတ်ထားတဲ့

🌟 Sugar Wax အမိုက်စားကို သုံးရလို့

NEM ရဲ့ Dr.Wax ကို အရမ်းကြိုက်တယ်လို့ 🧚‍♀️

အရောင် ၃ ရောင်ရှိတဲ့အထဲ ခြေသလုံးမွှေးအတွက်သုံးတဲ့အခါ Soft Wax - Ready to use ဖြစ်တဲ့ အဝါရောင်လေးကို ပိုကြိုက်တယ်။ Sponsored Post မဟုတ်ပါ။ Waxing လုပ်ဖြစ်ရင်း သိချင်နေသူများအတွက် Info share ပေးတာပါနော်။

Irene ရဲ့ Review Video လေး ကြည့်ချင်ရင် -
https://fb.watch/7U0FUyM-Ps/

NEM page link 🔻
https://m.facebook.com/naturalessencemyanmar/

Photos from Htet Htet online store's post 28/09/2021

Waxing တော့လုပ်ချင်တယ် နာမှာလဲကြောက်တယ်☹

ပြထားတဲ့အတိုင်းသာ နည်းမှန်မှန်လိုက်လုပ်နော်
နာတယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရမယ်😎

အပြောမကြီးဘူး ချဲ့ကားမပြောဘူး မင်မင် ကိုယ်တိုင်ဝယ်သုံးရင်းကြိုက်လွန်းလို့ ပြန်ရောင်းတဲ့အထိဖြစ်လာရတာ💜
Waxing ဆိုတာနဲ့ NEM's Sugar wax လေးကိုပြေးမြင်လိုက်ကြနော်😉

320 g ပါတဲ့ဘူးကြီးကို 6800 ကျပ်ပဲနော်
အသုံးပြုမို့ paper, stick, အညွှန်းစာရွက် အပြည့်စုံပါပြီးသား

သေချာပြီဆိုမှ မှာယူပေးပါရှင် 🙏

မှာယူလိုပါက

Page messenger 💌

Ph.09424320151📞

သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်





#ပြည်တွင်းဖြစ်ကိုအားပေးပါ

Photos from Htet Htet online store's post 25/09/2021

Sugar waxလေးတွေရောက်တာနဲ့ပို့နေရ🥰

instock ပါရှင့်

Sugar wax
ဘူးကြီး- 6800ks
ဘူးသေး- 3800ks

11 ဘူးကစ ကိုယ်စားလှယ်ဝင်လို့ရပါတယ် 1 ဘူးအပိုရ💙

Page messenger 💌
Chat box 💌

Ph.09424320151📞

သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

ကျိုက်ထို အနီးတဝိုက် cash on delivery ပါရှင့်🥰

24/09/2021

- Sugar Wax ကို Microwave ဖြင့် အပူပေးနည်း -

မင်မင်တို့ Page Messenger လေးမှာ Customer တစ်ယောက်က Hard Wax (hard to Melt) လေးကို microwave နဲ့ အပူပေးလို့ရလားဆိုပြီး မေးဖူးတာရှိလို့မို့ တခြားသော Customer လေးတွေလဲ Hard Wax လေးတွေကို microwave နဲ့ အပူပေးနည်းလေးကိုသိသွားအောင် ဝေမျှပေးလိုက်ပါတယ်။

အရင်ဆုံး Sugar Wax လေးကို အပူပေးမယ်ဆိုရင်double boiling method ကိုသုံးပေးရပါမယ်။

Double Boiling Metod ဆိုတာ Material (or) Object တစ်ခုခုကို တိုက်ရိုက်အပူပေးတာမျိုးမဟုတ်ပဲ ရေ(💧) ကိုကြားခံနယ်အဖြစ်ထားပြီးနှစ်ဆင့်အပူပေးတဲ့ နည်းစံနစ်ပါ။

ပထမဆုံး sugar wax ကို ဘောင်(သို့)ဇောက်နက်တဲ့ဇလုံတစ်ခုထဲထည့်ပါ။ပြီးတော့အဲ့ဒီ့ဇလုံထဲကို Sugar Wax ပုလင်းရဲ့ တစ်ဝက် (1/2) (သို့) 2/3 အထိ မြုပ်အောင်ရေကိုထည့်ပါ။ပြီးရင် Microwave ထဲကို sugar wax ထည့်ထားတဲ့ဇလုံလေးကိုထည့်လိုက်ပါ။

အပူချိန်ကို 60C - 80 Cကြားထားရပါမယ်။

(60 degree ထက်နည်းရင် အရည်မပျော်တာဖြစ်တတ်ပြီး 80 degree ထက်မြင့်ရင် ဖန်ပုလင်း ကွဲတတ်ပါတယ် )

1 minute (60s )ပဲအပူပေးရပါမယ်။ လုံးဝ အရည်ပျော်တဲ့အထိထားချင်ရင်တော့ 2 minutes (120s )လောက်ထားပါ။ 2 minutes ထက်တော့မပိုစေနဲ့နော်။

ကဲအအချိန်ပြည့်သွားရက်တော့ sugar wax လေးကို microwaveထဲကထုတ်လိုက်ပါ။

အထဲထဲက sugar paste လေးတွေ အရည်ပျော်နေပြီဆိုရင်တော့ Sugar Wax ဝယ်သူတိုင်းကိုထည့်ပေးတဲ့ User Instructionလေးကိုသေချာဖတ်ပြီး Happy Wax Time လေးကိုဖန်တီးကြမယ်နော်။

တစ်စုံတစ်ခု ပြဿနာ ရှိခဲ့ရင်တော့ page messenger ကိုအပြေးသာလာမေးလိုက်ပါ။ မင်မင်က အမြဲ Ready ရှိနေပါ့မယ်နော်။

21/09/2021

Colour သုံးမျိုးနဲ့ အကျိုးအာ နိသင် ❓

Q : ဘာနဲ့ခွဲရမလဲ ❓

A : ဘူးအဖုံးရဲ့အရောင်တွေနဲ့ခွဲရပါတယ်။(အတိအကျဆိုရင် sticker ) အရောင်နဲ့ပါ။

---------------

အဝါ - ( Ready to use )

Wax အမျိုးအစား - Soft Wax

အားသာချက် - အပူပေးစရာမလိုပဲတန်း၍အသုံးပြုနိုင်။

အားနည်းချက် - private area , ယောက်ျားလေး နှုတ်ခမ်းမွှေး ၊မုတ်ဆိတ်မွေးတို့လိုမျိုး အရမ်းကြမ်းတဲ့ အမွှေးတွေအတွက်သုံးရန်မသင့်တော်ပါဖူး။

အထူးသဖြင့် ခြေနဲ့ လက် ၊ ဂျိုင်းပါသုံးချင်တယ်ဆိုရင် ( မိန်းကလေးဂျိုင်း) အထိသာ သုံးသင့်ပါတယ်။

-----------------

အဖြူ - Easy to melt

Wax အမျိုးအစား - Hard Wax

အားသာချက် - ရေနွေကြိပ်"ဆူကိုဇလုံထဲထည်​့၊ရေနွေးစိမ်ပြီးသုံးရုံနှင့်အရည်ပျော်လွယ်သောကြောင်​့ အပူလောင်မှာ မစိုးရိမ်ရ။

ရေနွေးစိမ်ရုံနှင့်ခန္ဓာကိုယ်တစ်ခုလုံးအသုံးပြုနိုင်။

--------------------------

အနက် - Hard to melt

Wax အမျိုးအစား - Hard Wax

အားသာချက် - အမွှေးကြမ်းများပါမကျန်နာကျင်မှုသက်သာစွာဖြင့်ဖယ်ရှားနိုင်။

အထူးသဖြင့် private area နဲ့ ယောက်ျားလေး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး တို့အတွက် အထူးသီးသန့်ထုတ်လုပ်ထားသည်။

အားနည်းချက် - အရည်ပျော်ရန် အချိန်စောင့်ရသည်။

-----------------------------------

21/09/2021

ဒီလို ပြောင်ရှင်းနေတဲ့ခြေထောက်လေးပိုင်ဆိုင်ချင်ပါသလား😉

ဘာလုပ်ရမလဲတွေးမနေနဲ့ 🤔
NEM's Sugar wax လေးနဲ့သာ waxing လုပ်လိုက်ပါ

ခြေထောက်ကမဲနေတယ် အတိုဝတ်မရဲဘူး😣 ပြောနေသူလေးတွေ
တကယ်တော့ ထင်သလောက်မမဲပါဘူး 🙅
အမွှေးကြမ်းတွေဖုံးအုပ်တာကြောင့်သာ မဲတယ်ထင်ရတာပါ

အဆင်ပြေပါ့မလား ဟုတ်ရဲ့လား နဲ့တွေးနေမယ့်အစား
မင်မင့်ဆီကိုအပြေးကလေးလာတော့ 🏃‍♀️

စိတ်ဝင်စားတယ် မေးကြည့်အုံးမယ် သဘောကျရင်ဝယ်မယ်တွေးနေသူလေးတွေရှိတယ်ဟုတ်😪
လာပါ မေးပါ အခမဲ့ကိုသေချာရှင်းပြပေးမှာပါ💜

မေးပြီးမှ မဝယ်ရင်စိတ်ဆိုးမယ်လဲမမြင်နဲ့ မဆိုးဘူး😘
ဝယ်ရင်တော့ချစ်တာပေါ့😛 နော်

ဒါဆို ဒီသဘောကောင်းပြီး ချစ်စရာကောင်းတဲ့ မင်မင်ရဲ့ Page messenger 💌 ကိုခုပဲလာခဲ့တော့နော်

09.424320151📞 ကိုလဲဆက်သွယ်နိုင်ပါတယ်ရှင်





#ပြည်တွင်းဖြစ်ကိုအားပေးပါ

Photos from Htet Htet online store's post 20/09/2021

" Sugar Wax လေးတွေကြာကြာအသုံးခံစေမည့် နည်းလမ်း (၂) သွယ် "

Organic Product တွေကိုချစ်တတ်တယ်ဆိုရင် သူ့ရဲ့အကျိုးရလဒ်တွေကိုပဲချစ်ရမှာမဟုတ်ဖူးနော်။

သူလေးတို့က ကြာရှည်ခံဆေး ၊ မှိုထိန်းဆေး အစရှိတာတွေမပါတော့ သာမန်ဈေးကွက်ထဲက product တွေထက် အသုံးပြုပုံနဲ့၊ ထားသိုသိမ်းဆည်းပုံ ပိုပြီးဂရုစိုက်ရပါတယ်။

No.1 ) ဂရုစိုက်ရမဲ့အချက်က Sugar Wax လေးရေမဝင်စေဖို့ပါ။ ✅

Soft Wax (Ready to use) ကလွဲလို့ NEM ရဲ့တခြားသော Wax တွေကရေနွေထဲကိုထည့်ပြုတ်ရပါတယ်။

ရေနွေးအိုးထဲထည့်ပြုတ်တာသော်လည်းကောင်း၊ရေနွေးပူစိမ်တာသော်လည်းကောင်း wax ပုလင်းထဲကိုရေဝင်သွားရင် wax ပျက်တတ်ပါတယ်။

ဒါကြောင့်ရေနွေးနဲ့ပြန်ပြုတ်တဲ့အခါ ရေကို wax ပုလင်းရဲ့ တစ်ဝက် (သို့) 2/3 မြှုပ်တဲ့အထိပဲထည့်ရမယ်နော်။ဒါမှရေနွေးတွေပွက်လာတဲ့အခါကျရင်လည်း wax ပုလင်းထဲကိုရေမဝင်မှဖြစ်ပါတယ်။

ပုလင်းထဲကိုရေဝင်တဲ့အခါ wax ရဲ့စေးကပ်မှုအားလျော့နည်းပြီး အမွှေးမပါတော့တာကြောင့်sugar wax က quality ကျသွားတာဆိုပြီး page messenger မှာ customer တွေအမေးများကြပါတယ်။

ဒါကြောင့်မလို့ Wax လေးကြာကြာအသုံးခံချင်ရင် ရေမဝင်အောင်အထူးသတိပြုရမယ်နော်။

No.2) သိမ်းဆည်းထားသိုပုံပါ။ ✅

Packing က Storage Instruction မှာ ရေးပေးထားတဲ့ "store at cool and dry place " ဆိုတဲ့ အတိုင်း

အေးမြပြီးခြောက်သွေ့တဲ့နေရာမှာထားဖို့လိုပါတယ်။

နေရောင်နဲ့ တိုက်ရိုက်ထိတွေတဲ့နေရာမှာထားတာ၊ အစိုပျံတဲ့နေရာမှာထားတာတွေက natural priduct တွေကို quality ကျဆင်းစေပါတယ်။

ဒါကြောင့်အေးမြပြီးခြောက်သွေ့တဲ့နေရာလေးမှာထားပေးပါနော်။

*** Highly Recommend လုပ်ချင်တဲ့နေရာကတော့ရေခဲသေတ္တာ အဖုံးရဲ့အောက်ဆုံးအထပ်လေးပါနော် ****

ဒီနည်းလေးနှစ်ခုကိုလိုက်လုပ်ကြမယ်ဆိုရင်တော့ လူကြီးမင်းတို့ရဲ့ Sugar Wax လေးတွေ ကြာကြာအသုံးခံမှာဖြစ်ပြီ ဘယ်အချိန်မှာ ဘယ်လောက် ဆွဲခွာခွာ မလိုအပ်တဲ့အမွှေးအမျှင်တွေအကုန်ပါလာမှာ အသေအချာပဲနော်။

Photos from Htet Htet online store's post 20/09/2021

အိမ်မှာနေရင်း လွယ်လွယ်ကူကူစျေးသက်သာလေးနဲ့ waxing မလုပ်ချင်ကြဘူးလား... ❓

ဘူးသေး 3800
ဘူးကြီး 6800

ပေးရတဲ့စျေးထက် ပြန်ရတဲ့ Quality ကရှယ်တန်🤧
အကြာကြီးသုံး အကြာကြီးခံ

Can order now 🙆





#ပြည်တွင်းဖြစ်ကိုအားပေးပါ

19/09/2021

အသဲလေးတို့ကို NEM's Sugar wax အရောင် 3 မျိုးမှာ ဘယ်လိုအားသာချက်လေးတွေရှိသလဲ ❓

ဘူးသေးနဲ့ဘူးကြီးမှာရော ဘာတွေပါသလဲ ❓

Sugar wax အရောင်သုံးမျိုးလေးရှင်းပြမယ်နော်💁💜

အဝါ💛 (Ready to use)
သူ့ရဲ့အားသာချက်လေးက အပူပေးစရာမလိုဘဲအဆင်သင့်အသုံးပြုနိုင်ပါတယ် (အပျင်းလေးတွေရဲ့အကြိုက်ပေါ့😜)
Waxing ပြုလုပ်နိုင်တဲ့နေရာလေးတွေကတော့ ခြေ၊လက်ပါနော် (ချိုင်းပါသုံးချင်ရင်တော့ မိန်းကလေးချိုင်းပဲရမယ်နော်)

အဖြူ🤍 (Easy to melt)
သူ့ရဲ့အားသာချက်လေးကတော့ ရေနွေးဆူဆူကိုဇလုံထဲထည့်စိမ်ရုံနဲ့ အရည်ပျော်လွယ်တာကြောင့် အပူလောင်မှာလဲမစိုးရိမ်ရဘူးနော်
အရည်ပျော်တာနဲ့ body တစ်ခုလုံးအသုံးပြုလို့ရတယ်နော်

အမဲ🖤 (Hard to melt)
အားသာချက်လေးကတော့ အမွှေးကြမ်းတွေပါမကျန်နာကျင်မှုသက်သာစွာနဲ့ ဖယ်ရှားပေးပါတယ်
အထူးသဖြင့်် private area နဲ့ ယောကျာ်းလေးတွေရဲ့နှုတ်ခမ်းမွှေး၊ပါးသိုင်းမွှေး စတဲ့အမွှေးကြမ်းတွေတွက်အထူးသင့်လျော်ပါတယ်
အရည်ပျော်ရန် အချိန်အနည်းငယ်တော့ပေးရပါမယ်နော်
(ကြိုပေးရပါမယ်)

ကဲ ဒါဆို ဘူးသေးနဲ့ဘူးကြီးမှာဘာတွေပါသလဲပြောပြမယ်နော်💁💜

ဘူးသေး - 3800 ကျပ်

ပါဝင်ပစ္စည်းလေးတွေကတော့
Sugar wax - 130 g
Waxing paper - 15 sheets
Stick - 2
User instruction - 1

ဘူးကြီး - 6800 ကျပ်

ပါဝင်ပစ္စည်းလေးတွေကတော့
Sugar wax - 320 g
Waxing paper - 50 sheets
Stick - 5
User instruction - 1

အသဲလေးတို့ ကြိုက်နှစ်သက်ရာရွေးချယ်ပြီး အပြေးလေးလာဝယ်တော့နော်🏃‍♀️

မှာယူပြီးမည်သည့်အကြောင်းနှင့်မျှ cancel ခွင့်မရှိပါ❌
သိလိုတဲ့အကြောင်းအရာလေးတွေကိုလဲ အခမဲ့လာရောက်မေးမြန်းနိုင်ပါတယ်နော်🙆

မှာယူလိုပါက

Page messenger 💌

Ph.09424320151📞

သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်





#ပြည်တွင်းဖြစ်ကိုအားပေးပါ

19/09/2021

အကျီ င်္ဂျိုင်းပြတ် ၊စကပ်တိုလေးတွေဝတ်ဖို့ လက် ဂျိုင်း ခြေသလုံးကအမွှေးတွေကြောင့် ဝတ်လို့မရလို့ စိတ်ညစ်နေပီလား??

ဒီပြဿနာတွေဖြေရှင်းဖို့NEMရဲ့Sugar wax လေးရှိနေပါပီ 💗

130g ကိုမှ 3800 ksထဲပါနော်
သုံးရတာအရမ်း ကောင်းတဲ့Waxလေးပါ အနံ့လေးကမွှေးနေတာပဲ😚😚

စားချင်စရာကိုဖစ်လို့ 😋 ( မီကတော့စားတယ်😛)
ဘာဆိုးကျိုးမှမရှိပါဘူးနော်💯

ဒါလေးကိုသုံးပီးသွားရင်တော့အမွှေးကြမ်းမထွက်တော့ပဲ အမွှေးနုပဲထွက်တော့မှာနော် woow...မိုက်တယ် ✨✨✨

Sugar wax လေးသုံးပြီး ပြောင်ရှင်း ချောမွေ့တဲ့ ခြေသလုံး လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်🙆✨

INSTOCK
Can order now!

19/09/2021

‼️သင်သိထားသင့်သော ဝက်ခြံအကြောင်း‼️

ဝက်ခြံ ဖြစ်ပေါ်လာရတဲ့ ဇစ်မြစ်များ👇

1.နေရောင်ချည်နဲ့ အလွန်အကျွံထိတွေ့မှုကြောင့်
2.ဟောမုန်းဓာတ်အပြောင်းအလဲကြောင့်
3.ဆေးလိပ်သောက်ခြင်းကြောင့်
4.အရေပြားမူမမှန်မှုကြောင့်
5.စိတ်ဖိစီးမှုများခြင်း
6.အဆီပြန်ပြီး ချွေးပေါက်ကျယ်ခြင်းကြောင့်
7.make-up ပစ္စည်းများသန့်စင်မှုမရှိဘဲ ထပ်တလဲလဲ အသုံးပြုချင်းကြောင့်(မင်မင်သိသလောက် ဒီ 7ချက်က အဓိက ဖြစ်မယ်ထင်ပါတယ်)

‼️ဝက်ခြံ ပေါက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ‼️

1.သနပ်ခါးမလိမ်းရ/ဝက်ခြံပေါ် ထုံးမလိမ်းရ🙅🙅
2.သံပုရာသီးမလိမ်းရ/ဆရာခိုမလိမ်းရ🙅
3.vasline gel /whitening cream မလိမ်းရ
4.သွားတိုက်ဆေး/Bar soap(ကိုယ်တိုက်ဆပ်ပြာ )
မသုံးရ
5.alcohol /baking soda
မသုံးရ
6.ဝက်ခြံ‌ပေါက်‌နေတဲ့အချိန်အတွင်း scrubမတိုက်ရ

‼️ဝက်ခြံ မဖြစ်အောင် ကာကွယ်နည်း‼️‼️
1.အိပ်ရေးဝဝအိပ်ပါ
2.ရေများများသောက်ပါ
3.အပူအစပ် လျှော့စားပါ
4.suncreen အမြဲလိမ်းပါ(even stay at home)
5.ရေခဲတုံးနဲ့ မကြာမကြာ ပွတ်တိုက်ပေးပါ
6.မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာ သစ်ပေးပါ
7.အလှပြင် ပစ္စည်းတေကို တစ်ပတ်တစ်ခါ ဆေးကြောပေးပါ

-ဝက်ခြံဖြစ်တာဟာ ခန္ဓာကိုယ် အားနည်းတာနဲ့ အများကြီးဆိုင်ပါတယ်နော်

အဓိက ကတော့ ရေးများများသောက်ပေးပါ
အိပ်ရေးဝဝအိပ်ပါ

_Supplement အနေနဲ့ collengenတစ်မျိုးမျိုးကို သောက်ပေးပါ💚💛

Photos from Htet Htet online store's post 19/09/2021

Waxing ကိုဘယ်လိုလုပ်ရမလဲနဲ့ဆိုပြီးတွေးမနေနဲ့🤔
ပြထားတဲ့အတိုင်းသာ နည်းမှန်မှန်လုပ်သွား
မနာမကျင်အေးဆေးလေးပဲ အမြစ်ကနေပြောင်ရှင်းသွားရမယ်



#ပြည်တွင်းဖြစ်ကိုအားပေးပါ

Want your business to be the top-listed Beauty Salon in Kyaikto?
Click here to claim your Sponsored Listing.

Telephone

Website

Address

Kyaikto