Shoon's Diary

Shoon's Diary

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shoon's Diary, Magway.

27/02/2024

🤍တူတွေ တူမတွေကို သံယောဇဉ် အရမ်းကြီးတဲ့ ဦးလေး ရဲ့ ဝမ်းသာမျက်ရည် 🤍

နလက္ခုပ္ပင် ကျေးရွာမှာနေတဲ့ ဦးလေး ဦးနန်းအောင် ရဲ့ 39 နှစ်ပြည့်မွေးနေ့လေးမှာ တူတွေတူမတွေရဲ့ .....

🎉1သိန်းခွဲ တန်ငွေသားပန်းစည်းနဲ့ မွေးနေ့ကိတ်လေးကို သွားရောက် ပို့ဆောင်ပေးခဲ့ပါတယ် 🎉

🎂ဦးလေး ဦးနန်းအောင်ရဲ့ 39 နှစ်ပြည့်မွေးနေ့မှာ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပီး အသက်ရာကျော်ရှည်ပါစေလို့ မင်မင်တို့မိသားစု က ဆုတောင်းပေးပါတယ်ရှင် 🙏🙏🙏

12/05/2023

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်🔴
မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်ထားရမလဲ ?
⚠️ အဆင်ပြေရင် ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းပါ။
⚠️ စားစရာ အစာခြောက်၊ အဝတ်အစား ၁ စုံ ၂ စုံ၊ ဓား၊ ဓာတ်မီး၊ မီးခြစ်၊ အချက်ပြရန် ဝီစီ (Whistle)၊ အရေးကြီးစာရွက်စာတမ်း တွေပါတဲ့ Emergency Kit ကို ရေလုံအောင်ထုတ်ပြီး ပြင်ထားပါ။
⚠️မုန်တိုင်းနဲ့အတူလှိုင်းတက်လာရင် မိသားစုတွေ ကွဲသွားနိုင်တယ်။ ကွဲသွားရင် ပြန်ဆုံဖို့ တစ်နေရာကို ကြိုတင်သတ်မှတ်ထားပါ။
⚠️ဘယ်မှသွားဖို့အဆင်မပြေရင် အနည်းဆုံး 8/9 မီတာရှိတဲ့တောင်တွေပေါ်ကို တက်ရှောင်ပါ။ ဖြစ်နိုင်ရင် မီတာ 100 ကျော်မြင့်တဲ့တောင်တွေပေါ် တက်ပြီး အကာအကွယ်ယူပါ။ လှိုင်းကိုလွတ်အောင်ရှောင်ပါ။
🔴လေကွယ်တဲ့အရပ်ဖြစ်ဖို့ အရေးကြီးပါတယ်🔴
⚠️မုန်တိုင်းပြီးသွားလို့ ကိုယ်ကျန်ရှိနေရင် ဝီစီမှုတ်ပြီး အကူအညီတောင်းပါ။
🔺လျှပ်စစ်မီးများ၊ ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကို ဆက်သွယ်မှုများ ဖြတ်တောက်ပစ်ရန်၊
🔺လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အဦ ပြိုကျနိုင်သည့်အနေအထားရှိပါက ခိုင်ခန့်သည့်စားပွဲ၊ ကုတင်များ၏အောက်တွင် ခိုလှုံနေထိုင်ရန်၊ ခိုင်ခန့်သည့်တိုင်တစ်ခုကို တွယ်ဖက်ထားရန်၊
🔺မုန်တိုင်းသတိပေးချက်များရရှိသောအခါ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခြင်းများ မပြုလုပ်ရန်၊
🔺မုန်တိုင်းခိုအဆောက်အဦများသို့ အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊
🔺ရေဒီယိုဖြင့် နောက်ဆုံးသတင်းထုတ်ပြန်ချက်များကို အဆက်မပြတ်ဖမ်းယူနားထောင်ရန်၊
🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေငြာချက်ထုတ်ပြန်သည်အထိ အန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊
🔺မုန်တိုင်းကျရောက်ချိန် ကားမောင်းနေပါက ကားကိုရပ်တန့်ထားရန်၊ ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊ သစ်ပင်ကြီးများ၊ လျှပ်စစ်ပါဝါလိုင်းများ၊ ရေလှောင်ကန်များနှင့် ဝေးကွာပါက ကားအတွင်း၌နေရန်။
⚠️မုန်တိုင်းမကျရောက်မီ -
🔺 မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊
🔺 မိမိနှင့်အနီးဆုံးတည်ရှိသော မုန်တိုင်းခိုအဆောက်အဦကို ကြိုတင်သတ်မှတ်ထားရှိရန်နှင့် ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကို ကြိုတင်ရှာဖွေထားရန်၊
🔺ကောလဟာလသတင်းများကိုနားမထောင်မိရန်၊
🔺အရေးကြီးပစ္စည်းများပါဝင်သည့် အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊
🔺မိမိအိမ်အား သေချာစွာစစ်ဆေး၍ ခိုင်ခန့်မှုမရှိသည်များကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားရန်၊
🔺အိမ်၊ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့်အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရန်၊
🔺မိမိအရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်သည့်ဒေသဖြစ်လျှင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်ပုန်းခိုရန်နေရာအား ကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊
🔺အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မည့်အဖွဲ့များ၏ဖုန်းနံပတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိရန်၊
🔺အစာအခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကို စုဆောင်းထားရန်။
⚠️မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက -
🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်း မကြေငြာမချင်း အပြင်မထွက်ရန်၊
🔺ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊
🔺သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့် အကြံပြုချက်များကို ဂရုစိုက်နားထောင်ရန်၊
🔺မိမိအိမ်သို့သက်ဆိုင်ရာမှ အကြံမပြုမခြင်းဆန္ဒစောပြီး မပြန်ရန်၊ ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊
🔺ကုန်းလမ်းခရီးသွားရပါက မြွေအန္တရာယ်အထူးသတိထားရန်၊
🔺လမ်းဘေးတွင်ပြတ်ကျနေသော လျှပ်စစ်ကြိုးများကိုမကိုင်မိ၊ မထိမိရန်သတိပြုရန်၊
🔺မီးဘေးအန္တရာယ်သတိပြုရန်၊
🔺ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်။
မုန်တိုင်းအကြောင်းအသေးစိတ်ကို ဒီမှာဖတ်ပါ။
oz
https://m.facebook.com/story.php?story_fbid=1956176751403394&id=100010332636450&mibextid=Nif5oz
မုန်တိုင်းရှောင်ရန် စစ်တွေမြို့နယ်ရှိ cyclone shelter များစာရင်း
https://m.facebook.com/story.php?story_fbid=1956204694733933&id=100010332636450&mibextid=Nif5oz
လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။
ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။
ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။




info from moezala
Credit - Hnin Thu Zar Aye

Photos from Shoon's Diary's post 25/04/2023

မင်မင်ရဲ့ သားလေး ရှင်ပြုအလှူ 🙏🙏🙏

Photos from Shoon's Diary's post 24/04/2023

ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွား တွေကို ပေးဖို့
ပန်းစည်းတွေက ရိုးနေပီဟုတ် 🤗

မင်မင်ဆီမှာ money cake ဒီဇိုင်းလှလှလေးတွေနဲ့ suprise တိုက်ကြမယ် 😍

လိုချင်တဲ့ဒီဇိုင်းလေးကိုပြောပီး မှာယူလို့ရပါတယ် ချစ်ရတဲ့ ကာကာတို့ရေ ❤

20/04/2023

မနက်ပို့ရမယ့် order လေးအခုမှပီး 😍

မနက်ဘယ်ရွာကိုလာမယ်ထင်လဲ 🙈
သိန်း 20 money cake လေး ❤

11/04/2023

အဖေတစ်ယောက်ရဲ့ သား၊သမီးတွေ ကြောင့်ရတဲ့အပြုံးတွေနဲ့ ဖုံးလွှမ်းနေတဲ့ video လေး ဘေးကကြည့်ပီး အရမ်းကိုစိတ်ချမ်းသာရသော 😊

'' ဖက်သန်းတောင် '' ကျေးရွာမှာနေတဲ့ ဖေဖေဦးမြင့်ကြိုင်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့လေးမှာ.....

ထိုင်းနိုင်ငံမှာရောက်နေတဲ့ သားဖြစ်သူ ဦးသိန်းစိုး ၊ ဦးသိန်းမိုး
တူတော်မောင် ကိုစိန်မြင့် + မမိုးမိုးအောင် တို့ကနေ.....

အဖေ့အတွက် အဖေကြိုက်တဲ့ " ဟင်းကောင်းဖိုးလေး " ကန့်တော့ငွေ ၈သိန်း ၄သောင်းဖိုး ငွေသား suprise ပန်းစည်းလေး 💐

အဝေးရောက်နေတဲ့ သားတွေ တူ /တူမတွေ အစား မင်မင်တို့သွားရောက် ကန်တော့ပေးခဲ့တာဖြစ်ပါတယ်ရှင့် 🙏🙏🙏

Photos from Shoon's Diary's post 26/03/2023

ဒီနေ့လေးကတော့......
မင်မင်တို့မြို့ရဲ့ ကျက်သရေဂုဏ်ဆောင်.....

ဒီပက်ရာကျောင်းတိုက် စာချဆရာတော် အရှင်မာလာဝရ (သာသနာဓဇဓမ္မာစရိယ) ရဲ့ သက်တော် ( ၃၇) နှစ်ပြည့်ဝိဇာတ မဂ်လာနှင့် သိက္ခာထပ်မဂ်လာ ပွဲအတွက် 🙏🙏🙏

စင်ကာပူမှာရောက်နေတဲ့ညီမဖြစ်သူက ..

ကန်တော့တဲ့ ငွေသားမွေးနေ့ကိတ် နှစ်လုံးကို မင်မင်တို့ကိုယ်တိုင် သွားရောက် ကန်တော့ပေးဖြစ်ခဲ့တယ်ရှင် 🙏🙏🙏

05/03/2023

မိန်းမဆိုတဲ့အမျိုးက Suprise သာမျှော်လင့်တာ 😆

ရတဲ့ပိုက်ဆံကြ အကုန်သိမ်းချင်ကြတာမျိုး 😁

Telephone

Website

Address

Magway

Alerts

Be the first to know and let us send you an email when Shoon's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Magway.