Dior hpy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dior hpy, Health/Beauty, Magway, Magway.
31/05/2024
ရှူးရှူးရှဲရှဲ ရာသီစား ငရုတ်စပ်စပ်ချက်နည်း
🌶🌶🌶🌶🌶🌶🌶🌶
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
ဒညင်းသီး ပုဇွန်ခြောက် အစပ်ကြော်.
ချက်နည်း ကတော့.. ကျွန်တော့်ပုံစံနဲ့ပဲ ချက်ပါတယ်.
ဒညင်းသီးပြုတ်ထားပြီးပါးပါးလှီးထား
ငြုပ်သီးစိမ်းနဲ့ ခွဲခြမ်းရောထောင်းထား..
ခွဲခြမ်းကအရောင်လေးထွက်ဖို့သုံးတာပါ..
မန်ကျည်းသီးမှည့်ရေစိမ်ထား(အနည်းငယ်)
ပုဇွန်ခြောက်ရေစိမ်ထား
ဆီသတ်မယ်..
ဆီပူလာရင် နနွင်းမှုန့်ထည့် ကြက်သွန် ဖြူ၊နီ ပါးပါးလှီးဆီသတ် ငြုပ်သီးထောင်းထားတာထည့် ပုဇွန်ခြောက်ရေစိမ်ထားတာထည့် လှိမ့်..
ငံပြာရည် စတီးဇွန်းနဲ့တစ်ဇွန်းထည့် ဟင်းအနံ့ ကောင်းဖို့ အတွက်ပါ.
ဆီလိမ့်နေအောင်သတ်ပြီး ဒညင်းသီး လှီးထားတာထည့်.. အရသာမှုန့် များထည့်..
ထန်းလျက်ခဲ အဖြူ တစ်ခဲထည့်.. (ထန်းလျက်က ကျွန်တော့် ရဲ့ ကိုယ်ပိုင် ဟင်းအရသာပြင်တဲ့ style ပါ လူကြီးမင်းတို့ မကြိုက်ရင် မထည့်လို့ရပါတယ်ဗျ)
မန်ကျည်းသီးမှည့် ရေနယ်ပြီး အနည်းငယ်ထည့်
ပြီးရင်မွှေပေးပြီး အဖုံးအုပ်ထားလိုက်ပါ..
ရေခမ်းပြီးဆီပြန်လာရင်စားလို့ရပါပြီ...
Credit Chan
ဒညင်းသီးငပိချက်
ပါဝင်ပစ္စည်း
၁.ဒညင်းသီး (ပြုတ်ထားပြီးအရွယ်တော်လှီးထားပါ)
၂.ကြက်သွန်နီ ဖြူ (ထောင်းထားပါ)
၃.ငရုတ်နှစ်.ငရုတ်ခွဲကြမ်း
၄.ပုဇွန်ခြောက် (ထောင်းထားပါ)
၅.ငပိ.ဆား.ဆနွင်း.ဆား.dashi.ဆီ
၆.ခရမ်းချဉ်သီး(လှီးထားပါ)
၇.ငရုတ်သီးစိမ်း
ဒယ်အိုးထဲဆီပူလျှင်ကြက်သွန်နီဖြူဆနွင်းထည့်ဆီသတ်ပါ.ခရမ်းချဉ်သီးထည့်ပြီးလိပ်လာလျှင်ပုဇွန်ခြောက်ထည့်ပါ.ငရုတ်နှစ်ထည့်ပါ. ငပိထည့်ပါ.ငရုတ်ခွဲကြမ်းထည့်ပါ.မွှေးလျှင်ဒညင်းသီးထည့်ပြီးရေထည့်ပါ.ဆား.dashiထည့်ပြီးဆီပြန်အောင်ချက်ပါ.အရသာစိတ်ကြိုက်ပြင်ဆင်ပါ.ဆီပြန်လျှင်ငရုတ်သီးစိမ်းအုပ်ပါ.အရသာရှိစွာသုံးဆောင်နိုင်ပါသည်.
Credit: မူရင်း.
ဒညင်းသီးပေါင်း ပြုလုပ်နည်း
━━━━━━━━━━━
ပါဝင်ပစ္စည်း
ဒညင်းသီး ၃၀လုံး
ကြက်သွန်နီ ၆ လုံး
ကြက်သွန်ဖြူ ၁ လုံး
ထန်းညက် ၃ လုံး
ပုဇွန်ခြောက်မှုန့် ၅ ကျပ်သား
cook နေကြာဆီ ၇ ကျပ်သား
မြိတ်ငပိ ကွမ်းသီးလုံးခန့်
ချက်နည်း
၁. ဒညင်းသီးကို အခွံနွှာ ၊ ဇလုံ တခုထဲ ရေထည့် ၊ ဆား တဆုတ် ထည့်ထား ။
၂. ဒညင်းကို ငြုပ်ဆုံထဲ တလုံးချင်း ထည့်ပြီး ၊ တဖက် တချက်စီ ထုပြီး ဆားရေ ထည့်ထားတဲ့ ဇလုံထဲ ထည့်ထားပါ ။
၃. ကြက်သွန်ဖြူ/နီကို ဆနွင်း အနည်းငယ် ၊ ငြုပ်စိမ်းမှုန့် ထည့်ပြီး၊ ငြုပ်ဆုံတွင်
ထည့် ၊ ညက်အောင် ထောင်းပါ ။
၄. ဒယ်အိုး တလုံးထဲ ဆီထည့်ပါ ။
ဆီပူ လာရင် ကြက်သွန်ဖြူ/နီ ထောင်းကိုဆီသတ်ပါ ။
၅. နီရဲ လာရင် ငပိထည့် ၊ ထန်းလျက်ခဲထည့် ၊ ရေ အနည်းငယ် ထည့်ပြီး ၊ ငပိနံ့ပျောက်တဲ့ အထိ မွှေပေးပါ ။
၆. ဆီပြန် လာရင် ပုဇွန်ခြောက်
မှုန့်ထည့်ပါ ။
၇. ဆားရေ စိမ်ထားတဲ့ ဒညင်းသီးတွေကို ရေ ၃ ခါလောက် ဆေးပြီး ၊ ရေစစ် ထားပါ ။
၈. ကြက်သွန် အနှစ် ဆီပြန် လာရင် ဒညင်းသီးတွေထည့် ၊ ရေထည့် ၊ အိုးအဖုံးအုပ်ပြီး ၊ ဒညင်းသီး နူးလာတဲ့ အထိ
ရေ အနည်းငယ်ချင်း ထည့်ပြီး တည်ပါ ။
၉. ဒညင်းသီး နူးပြီး ဆီပြန် လာရင် အရသာ အပေါ့ အငန် မြည်းပြီး ၊ စားသုံး
နိုင်ပါပြီ ။
ဒညင်းသီးက တခါတရံ အဆိပ်
တောက် ဖြစ်စေတဲ့ အတွက် ထန်းလျက်ခဲ ထည့်ချက် ရတာပါ ။
ဆား ၊ အရသာမှုန့်မထည့် လို့လည်း ရပါတယ် ။
ငပိ ၊ ပုဇွန်ခြောက်နဲ့ ထန်းလျက်ခဲ ထည့်ထားတဲ့ အတွက်ပါ ။
ဒညင်းသီးကို အလွယ်ပြုတ်ပြီး ထု၍ ချက်လို့လည်း ရပါတယ် ။
ဒါပေမယ့် ခုလို အစိမ်း ချက်တာနဲ့ လုံးဝအရသာ မတူပါဘူး ။ တမူထူးတဲ့ အရသာမို့ စိတ်ရှည်စွာနဲ့ ချက်စားကြည့်ကြပါ
Credit : Win Thant Hlaing
ငံပြာရည်ကြော်..👇🏻👇🏻👇🏻👇🏻
https://www.facebook.com/100071702117327/posts/299568042443264/
27/05/2024
ကော်ဖီဆိုတာ
တစ်နည်းအားဖြင့် ပြောရရင်
ကျွန်တော့်တို့ရဲ့ အပန်းဖြေစရာ
နယ်မြို့လေး တစ်မြို့ပါ ။
စိတ်တွေ အရမ်းမွန်းကျပ်လာရင်
ကော်ဖီတွေကို စိတ်လိုလက်ရ သောက်မိတယ် !!
#ပုရစ်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Magway
