Magway Gentleman
အလုပ်အကိုင်ရှာဖွေနေသူများ၊ SME လုပ်ငန်းများ၊ စီးပွားရေးကြော်ငြာများ၊ ဗဟုသုတများကို လွတ်လပ်စွာ မျှဝေနိုင်ရန်။
care
13/02/2026
#ပဌာန်းရွတ်ဖို့
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
28/01/2026
နီပါးရ်ဗိုင်းရပ်စ်ရောဂါလက္ခဏာများခံစားရပါက ကျန်း မာရေးဌာန၌ လိုအပ်သည့်စစ်ဆေးကုသမှုများခံယူရန် ကျန်းမာရေးဝန်ကြီးဌာနအသိပေး
မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများတွေ့ရှိရခြင်းမရှိသေးသော်လည်း နီပါးရ်ဗိုင်းရပ်စ်ရော ဂါလက္ခဏာများခံစားရပါက ကျန်းမာရေးဌာန၌ လိုအပ်သည့်စစ်ဆေးကုသမှုများခံယူရန် ကျန်းမာရေးဝန်ကြီး ဌာနမှ ဇန်နဝါရီ ၂၆ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် နီပါးရ်ဗိုင်းရပ်စ်၏ မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများပေါများစွာတည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ နီပါးရ်ဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ် ပွားနေသည့်ဒေသများသို့ မလိုအပ်ဘဲခရီးမသွားရန်၊ လတ်တလောရောဂါဖြစ်ပွားရာဒေသများသို့ရောက်ရှိနေသူများသည် ရောဂါဖြစ်ပွားရာဒေသများရှိ ဆေးရုံများ(သို့)ဖျားနာသူများပြားသော နေရာများသို့မလိုအပ်ဘဲသွားရောက်ခြင်းမပြုရန် အသိပေးခဲ့သည်။
ထို့ပြင် လတ်တလောရောဂါဖြစ်ပွားရာဒေသများသို့ ခ ရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ပြန်လာစဉ်၌ သံသယရောဂါလ က္ခဏာများဖြစ်သည့် ပြင်းထန်စွာဖျားခြင်း၊ ခေါင်း ကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း(သို့)အိပ်ငိုက်ခြင်းတို့ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန(သို့)နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျကျန်းမာရေးဝန်ထမ်းများထံ မပျက်မ ကွက်သတင်းပို့ရမည်ဟု အသိပေးခဲ့သည်။
အကယ်၍ ရောဂါဖြစ်ပွားရာဒေသမှပြန်လာပြီး (၁၄) ရက်အတွင်း သံသယရောဂါလက္ခဏာများခံစားရပါက ချက်ချင်းနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားခဲ့သည့်ရာဇဝင်ရှိကြောင်းကို ဆရာဝန်အားသေချာစွာပြောပြပြီး လိုအပ်သည့်စမ်းသပ်စစ်ဆေးကုသမှုများအချိန်မှီခံယူရန် အသိပေးခဲ့သည်။
ထို့အတူ မိသားစုတွင်ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန် လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ်ရောဂါ လက္ခ ဏာရှိသူများတွေ့ရှိခြင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ(ဝက်/လင်းနို့)တို့ ထူးထူးခြားခြားသေဆုံးခြင်းများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက် ချင်းအသိပေးအကြောင်းကြားရန်လည်း အသိပေးခဲ့သည်။
24/01/2026
ရေပိုက်ပိတ်နေပြီလား? ဘိုထိုင်ရော အမြဲရေကျ နေလို့ ညစ်ပတ်နေပြီလား? ရေပိုက်လိုင်း အသစ်ဆွဲမလား အဟောင်းပြင်ဖို့လား ..
#ဘာပဲလိုလို GMSS (Magway) ကို သတိရပေးပါ🛀👇👇👇
24/01/2026
ဘာပဲလိုလို သတိရပေးပါ 🧑🏭🧑🔧
# မှာ ရယူနိုင်မယ့် ဝန်ဆောင်မှုတွေကို မကွေးမြို့မှ လူကြီးမင်းများထံ မိတ်ဆက်ပေးပါရစေ🙏🙏🙏
- ကား/ဆိုင်ကယ် သက်တမ်းတိုးခြင်း၊ အမည်ပြောင်းခြင်း။ (မကွေး၊ မန္တလေး)
- ယစ်မျိုးလိုင်စင် ကိစ္စရပ်များ။ (မကွေး၊ မန္တလေး)
- ဆ/ဥ ပြင်ဆင်ထိန်းသိမ်းခြင်းကိစ္စရပ်များ။ (ရေ၊ မီး အဲကွန်း စသည်)
- မော်တော်ယာဉ်ငှားရမ်းအသုံးပြုခြင်းကိစ္စရပ်များ။
- အိမ်၊ ခြံမြေ သန့်ရှင်းရေးကိစ္စရပ်များ။
- လုပ်ငန်းသုံးပစ္စည်းများ မှာယူပေးခြင်း။
- ရေသန့်စက် တပ်ဆင်ပြုပြင်ခြင်း။
- မိလ္လာကန်၊ ရေမြောင်း ဆယ်ယူပြုပြင်ခြင်း။
- Solar & Inverter တပ်ဆင်ပြုပြင်ခြင်း။
အခြား အခြားသော နေ့စဉ်ဘဝ လိုအပ်ချက်များကို အသေးစားမှသည် အကြီးစားအထိ ဝန်ဆောင်မှုများ။
# #ပြောရရင်တော့ ဥပဒေနဲ့ လျော်ညီသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့၊ အချိန်ကုန်သက်သာ လူမပင်ပန်းစေဖို့ စိတ်ချယုံကြည်လောက်တဲ့ ဝန်ဆောင်မှုရယူနိုင်ဖို့ ကျွန်တော်များဘက်မှ ကူညီပေးပါရစေ။💯💯💯
🥰"စေတနာ" နဲ့ထပ်တူညီသော ဝန်ဆောင်မှုပေးဖို့က ပထမ
🤑 "အကျိုးအမြတ်" သည် ဒုတိယ
✅✅✅ ဒါကြောင့် လိုအပ်ချက်များ ရှိပါက လက်တွဲကြည့်ဖို့ ဆက်သွယ်ပေးပါ။
09771922317
Category
Website
Address
Magway
04012
Alerts
Be the first to know and let us send you an email when Magway Gentleman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
