Sharing Hub

Sharing Hub

Share

Just concentrate the mind on the present moment ❤️

24/03/2026

#ဗဟုသုတ #ချင်းမိုင်

23/03/2026

#ဗဟုသုတ

20/03/2026

#မိဘ #ဗဟုသုတ

31/10/2025

Roblox Game ဆော့တာစိတ်ပူနေကြတဲ့မိဘတွေအတွက်

08/04/2025

မိဘတွေအနေနဲ့ သားသမီးတွေကို ဆုံးမရာမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တဲ့ **အမှားတွေ** ရှိတတ်ပါတယ်။

05/04/2025

🌎1930 ပဲခူးငလျင်ကလဲ စစ်ကိုင်းပြတ်ရွေ့ကြောပါပဲ…

🌎သပ်သပ်စီမဟုတ်ဘူးလို့ထင်ပါတယ်…ဒေသဦးတည်ဖြစ်လို့သာ ဒေသနာမည်ပေးထားပုံရ…

🌎မြန်မာနိုင်ငံတွင်း အပြင်းအထန်ဖြစ်ခဲ့တဲ့ ငလျင်သမိုင်းကိုပြန်ကြည့်ရင်-

🌎အနည်းဆုံးက 10နှစ်ခြားဖြစ်ပြီး အကြာဆုံးက 37 နှစ် ခြားမှာပြန်ဖြစ်ပါတယ်…

🌎နောင် 10နှစ်မှာ တကြော့ပြန်လာနိုင်တာမို့ ပြတ်ရွေ့ကြောတစ်လျှောက် မြို့တွေအားလုံးပြင်ဆင်ထားသင့်ပါပြီ…

🌍 စစ်ကိုင်းပြတ်ရွေ့ကြောက 1200km (745miles) ရှည်လျားတဲ့ပြတ်ရွေ့ကြောလို့သိရတယ်… မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တွေက စစ်ကိုင်းပြတ်ရွေ့ပေါ်မှာတည်ရှိနေတာလဲ တွေ့ရတယ်.. ဥပမာ - စစ်ကိုင်း၊ အင်းဝ၊ မန္တလေး၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ နေပြည်တော်၊ပဲခူး၊ ရန်ကုန်စသည်တို့ပေါ့… သူကတော့ 35mm/yr ရွေ့တယ်..

🌎စစ်ကိုင်းပြတ်ရွေ့ကြောကြောင့်ဖြစ်တဲ့

😩1839 #အင်းဝငလျင်က အင်းဝကိုပျက်စီးစေခဲ့တယ်

😩1930 #ပဲခူးငလျင်တုန်းက Aftershocks က 7လခန့်ကြာမြင့်ခဲ့ပြီး ဖြူးငလျင်နဲ့အဆုံးသတ်ခဲ့တယ်လို့ဆိုပါတယ်… လူပေါင်းများစွာလဲ သေဆုံးခဲ့သလို အဆောက်အအုံတွေလဲအတော်ပျက်စီးခဲ့တယ်လို့သိရတယ်… ပဲခူးရွှေမော်ဓောဘုရားသက်သေပါ…

😩1946 #စစ်ကိုင်းငလျင် (ဝန်းသိုငလျင်) စစ်ကိုင်းဘုရားများစွာပျက်စီးခဲ့ရကြောင်းသိရ

😩1956 #စစ်ကိုင်းငလျင် ကလဲ အဆောက်အဦတွေပျက်စီးခဲ့တယ်… မင်းကွန်းဘုရားပျက်စီးခဲ့ရတဲ့အကြောင်းပါပဲ…

😩1975 #ပုဂံငလျင် ကြောင့် ပုဂံဘုရားများစွာ ပျက်စီးခဲ့ရပါတယ်..

😩2021 #ရွှေဘိုငလျင် ကြောင့် မြစ်ကူးတံတားပြိုကျခဲ့ပြီး အပျက်အစီးတွေများခဲ့တယ်

😩2025 ကတော့ မြင်တဲ့အတိုင်းပါပဲ…

***********************

🌎ကြားထဲမှာ #ရှမ်းပြတ်ရွေ့ (ကျောက်ကြမ်းပြတ်ရွေ့ကြော) ကြောင့်ဖြစ်တဲ့ငလျင်ရှိသေး… အဲ့ဒီရှမ်းပြတ်ရွေ့က စစ်ကိုင်းပြတ်ရွေ့နဲ့အပြိုင်ဖြစ်ပြီးတော့ ရှမ်းပြည်ကနေ ထိုင်းနိုင်ငံထဲထိ 510km (316 mile) ရှည်လျားတယ်လို့သိရ… ရှမ်းပြည်ကနေ နယ်စပ်မြို့တွေဖြတ်ပြီး ဘန်ကောက်မြောက်ပိုင်းမှာအဆုံးသတ်တယ်… သူက 1mm/yr ပဲရွေ့နေတယ်…

😩1912 မှာ #ပြင်ဦးလွင်ငလျင် ဖြစ်ပြီး ပြင်ဦးလွင်၊ တောင်ကြီး၊ မိုးကုတ်၊ မန္တလေးမှာ အပျက်အစီးတွေများခဲ့တယ်လို့သိရပါတယ်…
😩2011 မှာ ထိုင်းနိုင်ငံက ငလျင်ဗဟိုချက်မကနေ ငလျင်လှုပ်ခဲ့တာကြောင့် ရှမ်းပြည်ဘက်မှာ တာလေငလျင်ဆိုပြီးလှုပ်ခဲ့သေးတယ်… အပျက်အစီးသေကြေမှုတွေရှိခဲ့တယ်လို့သိရပါတယ်)

********
🌎 #ကဘော်ပြတ်ရွေ့ကြောသည် အိန္ဒိယ - မြန်မာ နယ်နိမိတ်နှင့်အပြိုင်တည်ရှိကာ မိဇိုရမ်ပြည်နယ်အနီးတွင် တည်ရှိပြီး ချင်းနှင့် ရခိုင်ရိုးမ ကို ဖြတ်သန်းထားတဲ့ ငလျင်ကြောရှိပါတယ်… အဆိုပါပြတ်ရွေ့ကြောင့် 1762 မှာ ရစ်ခ်တာစကေး 8.8 ရှိတဲ့ #ရခိုင်ငလျင်ကြီးဖြစ်ခဲ့ကြောင်းသိရ…

*********

🌎 ၂၀၀၃ ခုနှစ်မှာ #တောင်တွင်းကြီးငလျင် ကို ဖြစ်ပေါ်စေခဲ့တဲ့ Gwegyo Thrust ပြတ်ရွေ့- စစ်ကိုင်းပြတ်ရွေ့ကြောအနီး ပဲခူးရိုးမတောင်ခြေ၏ အရှေ့ဘက်တစ်လျှောက်တွင် တည်ရှိသေးတယ်လို့သိရ

*******
မနှိုးထလာပါနဲ့တော့ငလျင်ကြောတွေရယ်😭

03/04/2025

Apple က ထိုင်းမှာ iPhone တွေထံ သဘာဝဘေးအန္တရာယ် သတိပေးချက်ပေးပို့နိုင်အောင် ပြုလုပ်ပေးမည်

ထိုင်း သဘာဝဘေး ကာကွယ်ရေး ဌာန (DDPM) က မိုဘိုင်းဖုန်း သုံးစွဲသူ သန်း ၅၀ ကို အရေးပေါ် သတိပေးချက်ပေးပို့နိုင်အောင် Apple က ပြုလုပ်ပေးမယ်လို့ အမျိုးသား ဆက်သွယ်ရေး ကော်မရှင် (NBTC) က ကြေညာလိုက်ပါတယ်။

NBTC ရဲ့ အတွင်းရေးမှူး Trairat Viriyasirikul က Apple ဟာ DDPM ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပြီး ၅ ရက်အတွင်း အဲဒီ စနစ်ကို အကောင်အထည်ဖော်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

SMS Alert ကို ၂ ပတ်အတွင်း ပေးပို့နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ 4G နဲ့ 5G ကွန်ရက်ကနေ ၁ နာရီကို Message သန်း ၃၀ ပို့နိုင်တဲ့ စနစ်ဟာ နိုင်ငံရဲ့ အရေးပေါ်ဆက်သွယ်ရေး အခြေခံ အဆောက်အဦးကို တိုးတက်စေမှာ ဖြစ်ပါတယ်။

Apple ရဲ့ စနစ် အပြင် NBTC ဟာ သုံးစွဲသူ ၂၀၀,၀၀၀ ကို သတိပေးချက်ပို့နိုင်တဲ့ LINE ALERT ကို အသုံးပြုနေပါတယ်။ ဒါ့အပြင် အမျိုးသား သဘာဝဘေး သတိပေးတဲ့ ရုပ်သံလိုင်း ၁ ခုကိုလည်း တည်ထောင်ထားပါတယ်။

ငလျင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပို့နိုင်တဲ့ 1531 Special Hotline ကိုလည်း ပြုလုပ်ပေးထားပါတယ်။

Ref : Nation Thailand

Crd-ဘန်ကောက်လမ်းညွှန်ကိုစိုင်း

30/03/2025

⚠️

ပြင်းအား ၇.၇ မန္တလေး ငလျင် နောက်ပိုင်း
၃ ရက်အတွင်းမှာ၊
မြန်မာနိုင်ငံမှာ ပြင်းအား ၄.၅ နဲ့အထက်
ငလျင်ပေါင်း ၁၄ ကြိမ် လှုပ်ထားတာကို
ဝမ်းနည်းစွာ တွေ့ရပါတယ် ...

ငလျင်ဟာ
ပြတ်ရွေ့အတွင်း နေသားပြန်ကျအောင်ထိ လှုပ်ခတ်နိုင်တာမို့၊

ပြင်းအား ၇.၇ ငလျင်ကို
ပင်မငလျင်ကြီးလို့ မပြောနိုင်သေးသလို၊
လက်ရှိ ငလျင်တွေကိုလည်
ရှေးပြေးငလျင်တွေလား၊
နောက်လိုက်ငလျင်တွေလား

ဘယ်ပညာရှင်မှ တပ်အပ် မပြောနိုင်သေးပါဘူး ...

မြန်မာ့သမိုင်းမှာ
၁၉၂၉ - ၁၉၃၁ ခုနှစ်၊
၂ နှစ်အတွင်း
အင်အား ၇ အထက်
ငလျင်ကြီး ၆ ကြိမ်
လှုပ်ခတ်ခဲ့ဖူးတာ တွေ့ရပါတယ် ...

မြန်မာပြည်သူများအားလုံး
သတိဝိရိယနဲ့ နေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ် ...

၁) ပြင်းအား 7.7 မန္တလေး
2025 Mandalay, Burma (Myanmar) Earthquake
2025-03-28 06:20:52 (UTC)
10.0 km
၂) ပြင်းအား 6.7 စဉ့်ကိုင် အနောက်ဖက်
Burma (Myanmar)
2025-03-28 06:32:04 (UTC)
10.0 km
၃) ပြင်းအား 4.8 တောင်တွင်းကြီး အရှေ့ဖက်
29 km E of Taungdwingyi, Burma (Myanmar)
2025-03-28 06:39:15 (UTC)
10.0 km
၄) ပြင်းအား 4.9 စစ်ကိုင်း အနောက်ဖက်
14 km W of Sagaing, Burma (Myanmar)
2025-03-28 06:42:24 (UTC)
10.0 km
၅) ပြင်းအား 4.9 တောင်ငူ
Burma (Myanmar)
2025-03-28 06:45:45 (UTC)
10.0 km
၆) ပြင်းအား 4.6 ရွှေဘို
23 km NE of Shwebo, Burma (Myanmar)
2025-03-28 07:27:47 (UTC)
10.0 km
၇) ပြင်းအား 4.6 ရွှေဘို
Burma
2025-03-28 07:36:58 (UTC)
10.0 km
၈) ပြင်းအား 4.5 ရွှေဘို
Burma
2025-03-28 07:57:00 (UTC)
10.0 km
၉) ပြင်းအား 4.5 ပျဉ်းမနား
3 km NNW of Pyinmana, Burma (Myanmar)
2025-03-28 09:55:36 (UTC)
10.0 km
၁၀) ပြင်းအား 4.5 မန္တလေး
Burma
2025-03-28 11:16:50 (UTC)
10.0 km
၁၁) ပြင်းအား 4.6 မန္တလေး
12 km WNW of Mandalay, Burma (Myanmar)
2025-03-28 12:21:56 (UTC)
10.0 km
၁၂) ပြင်းအား 4.5 ရမည်းသင်း
22 km S of Yamethin, Burma (Myanmar)
2025-03-28 16:46:21 (UTC)
10.0 km
၁၃) ပြင်းအား 5.1 နေပြည်တော်
19 km SW of Nay Pyi Taw, Burma (Myanmar)
2025-03-29 09:20:48 (UTC)
10.0 km
၁၄) ပြင်းအား 5.1 မန္တလေး
28 km NNW of Mandalay, Burma (Myanmar)
2025-03-30 08:08:01 (UTC+01:00)
10.0 km

Crd - Kyaw Win Khaing

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address

Mandalay