Nay La Woon

Nay La Woon

Share

မြန်မာ့ တိုင်းရင်းဆေး

20/12/2025

#ဆီးသွားတဲ့အခါ ဆီးက ဝါပြီး အနံ့ဆိုးတာ၊ ဆီးသွားရင် စပ်ပြီး နာကျင်တာတွေ ခံစားနေရပြီဆိုရင် ဒါဟာ သင့်ကျန်းမာရေးအတွက်

သတိပေးချက်ပါပဲ။
ဦးညိုဆိုရင် ဆီးသွားတိုင်း အော်ချင်လောက်အောင် နာကျင်ရုံတင်မကဘဲ ဂေါက်ရောဂါပါထပြီး ခါးနာ၊ ကျောနာနဲ့ တစ်နေ့လုံး နုံးချိနေခဲ့တာပါ။
ဒါပေမဲ့ မီးဖိုချောင်ထဲက စပါးလင် လေးရဲ့ အစွမ်းကြောင့် (၂) ရက်အတွင်းမှာပဲ အံ့ဩစရာကောင်းအောင် ပျောက်ကင်းသွားခဲ့ပါတယ်။ ဦးညိုကိုယ်တိုင် လက်တွေ့သုံးခဲ့တဲ့ နည်းလမ်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်-

စပါးလင်ဆေးရည် ဖော်စပ်နည်း
၁။ အချိုးအစား- စပါးလင် (၅) ပင်ခန့်ကို ရယူပြီး ရေစင်အောင်ဆေးပါ။
၂။ ရေပမာဏ- ရေ (၃) လီတာခန့် ထည့်ပါ။
၃။ ပြုတ်ပုံ- အပူချိန်ပြင်းပြင်းနဲ့ (၁၅) မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပေးပါ။ စပါးလင်နံ့လေး တစ်အိမ်လုံး မွှေးလာပါလိမ့်မယ်။

#သောက်သုံးပုံနှင့် ရလဒ်
ရိုးရိုးရေ သောက်မယ့်အစား ဒီစပါးလင်ပြုတ်ရည်ကို တစ်နေ့လုံး သောက်ပေးရုံပါပဲ။
ရလဒ်အနေနဲ့ကတော့ ဒုတိယနေ့မှာတင် ဆီးသွားရတာ ပေါ့ပါးသွားပြီး ကျောနာ၊ ခါးနာတာတွေ လျော့ပါးသွားကာ လူက လန်းဆန်းပေါ့ပါးပြီး လမ်းလျှောက်ရတာ အဆင်ပြေလာစေပါတယ်

စပါးလင် ဆိုတာ အလွယ်တကူရနိုင်တဲ့ အပင်လေး ဖြစ်ပေမဲ့ သူ့ရဲ့ ဆေးဖက်ဝင်အစွမ်းကတော့ အလွန်တန်ဖိုးရှိပါတယ်။

ဆီးနဲ့ ပတ်သက်တဲ့ ဝေဒနာ ခံစားနေရသူတွေ၊ ဂေါက်ရောဂါကြောင့် ညောင်းညာကိုက်ခဲနေသူတွေအတွက် ဒီသဘာဝဆေးနည်းလေးကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦးနော်! 🙏

#စပါးလင် #ဆီးရောဂါ #ကျန်းမာရေးဗဟုသုတ

20/12/2025

***အနုလုံ ပဋိလုံ ပါဠိ မြန်မာပြန်***
•••••••••••••••••••••••••••••••••••

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဥရုဝေလတော နေရဉ္ဇရာမြစ် ကမ်းနားဖြစ်သော ဗောဓိပင်ရင်း၌ ရှေးဦးစွာ သစ္စာလေးပါးကို သိတော်မူသည်ဖြစ်၍ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက် တင်ပျဉ်ခွေကာ တစ်ထိုင်တည်းဖြင့် နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညဥ့်ဦးယံပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို (အနုလုံ ပဋိလုံ) 'အဖြစ်အပျက်' အားဖြင့် နှလုံးသွင်းတော်မူ၏။

( ပဋိစ္စသမုပ္ပါဒ် အနုလုံ_ပါဠိတော်)

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊
နာမရူပ ပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊
ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ပါယာသာ သမ္ဘ၀န္တိ ။
ဧ၀ မေတဿ ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

( ပဋိစ္စ သမုပ္ပါတ် အနုလုံ_ မြန်မာပြန် )

''မသိခြင်း 'အဝိဇ္ဇာ' ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' တို့ ဖြစ်ကုန်၏၊ ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ဟူသော အကြောင်းကြောင့် 'ဝိညာဉ်' ဖြစ်၏၊ 'ဝိညာဉ်' ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' ဖြစ်၏၊ 'နာမ်ရုပ်' ဟူသော အကြောင်းကြောင့် တည်ရာ 'အာယတန' ခြောက်မျိုး ဖြစ်၏၊ တည်ရာ 'အာယတန' ခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ဖြစ်၏၊ တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ဖြစ်၏၊ ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ဖြစ်၏၊ တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်၏၊ စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ဖြစ်၏၊ ဖြစ်ကြောင်းကံ 'ဘဝ' ဟူသော အကြောင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ဖြစ်၏၊ ဖြစ်ခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစုသက်သက်သည် ဖြစ်ပေါ်၏။

( ပဋိစ္စသမုပ္ပါဒ် ပဋိလုံ_ပါဠိတော် )

အဝိဇ္ဇာယတွေ၀ အသေသဝိရာဂနိရောဓာ သင်္ခါရ နိရောဓော၊
သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊
နာမရူပ နိရောဓာ သဠာယတန နိရောဓော၊ သဠာယတန နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊
တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘ၀နိရောဓော၊
ဘ၀နိရောဓာ ဇာတိနိရောဓော၊ ဇာတနိရောဓာ ဇရာ မရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္စျန္တိ၊ ဧ၀ မေ တဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

(ပဋိစ္စ သမုပ္ပါတ် ပဋိလုံ_မြန်မာပြန် )

''မသိခြင်း 'အဝိဇ္ဇာ'၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာလျှင် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ချုပ်၏၊ ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ချုပ်ခြင်းကြောင့် ဝိညာဉ် ချုပ်၏၊ ဝိညာဉ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ 'အာယတန' ခြောက်မျိုး ချုပ်၏၊ တည်ရာ 'အာယတန' ခြောက်မျိုးချုပ်ခြင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ချုပ်၏၊ တွေ့ထိခြင်း 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ချုပ်၏၊ ခံစားခြင်း 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ချုပ်၏၊ တပ်မက်ခြင်း 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်၏၊ စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်၏၊ ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်ခြင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ချုပ်၏၊ ဖြစ်ခြင်း 'ဇာတိ' ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်သည် ချုပ်လေ၏''
ဟု (နှလုံးသွင်းတော်မူ၏)။ ။
---------------------------------------------

{ ဝိနည်းပိဋက၊ မဟာဝဂ္ဂ ပါဠိတော်၊ အနုလုံ ပဋိလုံ မြန်မာပြန် }

Credit 🙏
*ဓမ္မမိတ်ဆွေ*
••••••••••••••

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay
HELLO