Esperanza Beauty & Nature

Esperanza Beauty & Nature

Share

"Embracing nature's beauty for radiant skin. Pure ingredients for a glowing complexion. Your journey to healthier skin starts here."

30/07/2026

⁉️“ဘာလို့ တချို့ Whitening Cream တွေမှာ Mercury, Steroid, Lead တွေ ထည့်ကြတာလဲ?”

“သူတို့က လူကို အဆိပ်ပေးချင်လို့ ထည့်တာလား?”

အဖြေက မဟုတ်ပါဘူး။

အကြောင်းရင်းကတော့ အမြန်ဖြူစေချင်တဲ့ ဈေးကွက်လိုအပ်ချက် ကြောင့် ဖြစ်ပါတယ်။

အမျိုးသမီးအများစုက…

“၃ ရက်အတွင်း ဖြူချင်တယ်။”

“တစ်ပတ်အတွင်း တင်းတိပ်ပျောက်ချင်တယ်။”

“လိမ်းလိုက်တာနဲ့ Glow ဖြစ်ချင်တယ်။”

ဒီလို Result ကို စောင့်မနေနိုင်တဲ့ Market ရှိတဲ့အတွက် တချို့ထုတ်လုပ်သူတွေက အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို အသုံးပြုလာကြတာပါ။



Mercury (ပြဒါး)

Mercury က Melanin ထုတ်လုပ်မှုကို တားဆီးပေးလို့ အသားရောင် မြန်မြန်ဖြူသွားတတ်ပါတယ်။

ဒါပေမယ့်…

အဲ့ဒီဖြူတာက “ကျန်းမာတဲ့အသားအရေ” မဟုတ်ဘူး။

အချိန်ကြာလာရင်

* ကျောက်ကပ်ပျက်စီးနိုင်တယ်
* အာရုံကြောထိခိုက်နိုင်တယ်
* လက်တုန်ခြင်း
* Memory ကျဆင်းခြင်း
* ကိုယ်ဝန်ဆောင်ကလေးကို ထိခိုက်စေနိုင်တယ်

Mercury က Skin မှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲ စုပ်ယူသွားနိုင်ပါတယ်။



Steroid

Steroid cream လိမ်းရင်…

ပထမပိုင်းမှာ

✔ နီတာပျောက်တယ်

✔ ဝက်ခြံကျတယ်

✔ ဖြူလာတယ်

✔ Glow ဖြစ်လာတယ်

ဒါကြောင့် လူတွေက

“ဒီ cream က တကယ်ကောင်းတာပဲ”

လို့ ထင်သွားတတ်ပါတယ်။

ဒါပေမယ့် လအနည်းငယ်ကြာလာရင်…

* အသားပါးလာတယ်
* သွေးကြောပေါ်လာတယ်
* Steroid acne ဖြစ်လာတယ်
* နီမြန်းလာတယ်
* Cream မလိမ်းရင် ပိုဆိုးလာတယ်

ဒါကို Steroid dependence လို့ ခေါ်ပါတယ်။



Lead

Lead က Whitening effect ကို တိုက်ရိုက်မပေးပေမယ့် တချို့အလှကုန်တွေမှာ မသန့်စင်တဲ့ ကုန်ကြမ်းတွေကြောင့် ညစ်ညမ်းမှု (contamination) အဖြစ် ပါလာနိုင်ပါတယ်။

Lead က

* ဦးနှောက်
* အာရုံကြော
* ကျောက်ကပ်
* သွေးဖွဲ့စည်းမှု

တို့ကို ထိခိုက်စေနိုင်ပါတယ်။



“ဒါဆို ဘာလို့ အရင်တုန်းက သုံးခဲ့တဲ့သူတွေ အခုထိ ကောင်းနေတာလဲ?”

ဒါက လူတိုင်းမေးတဲ့ မေးခွန်းပါ။

ဆေးလိပ်သောက်တဲ့သူတိုင်း အဆုတ်ကင်ဆာ မဖြစ်သလို…

Mercury cream သုံးတဲ့သူတိုင်းလည်း ချက်ချင်း မဖြစ်ပါဘူး။

ဒါပေမယ့်

Risk က တက်နေပါတယ်။

တချို့က ၅ နှစ်…

တချို့က ၁၀ နှစ်…

တချို့က အသက်ကြီးမှ ပြဿနာပေါ်လာပါတယ်။



“ကျွန်မတို့ ငယ်ငယ်က အာချီ၊ ပရိုမီနာ စတဲ့ Cream တွေ သုံးခဲ့တာပဲ…”

ဟုတ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးအများစုက မျိုးဆက်လိုက် သုံးလာခဲ့ကြပါတယ်။

ဒါပေမယ့်

အရင်က သုံးခဲ့တာ မှန်တိုင်း ဆက်သုံးသင့်တယ်လို့ မဆိုလိုပါဘူး။

သိပ္ပံပညာ တိုးတက်လာတဲ့အခါ…

Laboratory နဲ့ စစ်ဆေးနိုင်လာတဲ့အခါ…

အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေကို ပိုမိုတွေ့ရှိလာတာ ဖြစ်ပါတယ်။



ဘယ်လိုရွေးချယ်သင့်လဲ?

✔ FDA အသိအမှတ်ပြု ထုတ်ကုန်ကို ရွေးပါ။

✔ “၃ ရက်ဖြူ” “၁ ပတ်အတွင်း တင်းတိပ်ပျောက်” ဆိုတဲ့ ကြော်ငြာတွေကို သတိထားပါ။

✔ Ingredient list ကို ဖတ်တတ်အောင် လေ့ကျင့်ပါ။

✔ Whitening ထက် Healthy Skin ကို ဦးစားပေးပါ။



နောက်ဆုံး ပြောချင်တာက…

အသားဖြူတာက လှတာ မဟုတ်ပါဘူး။

ကျန်းမာတဲ့ Skin Barrier ရှိတာ၊ အရေပြားမပျက်စီးတာ၊ နေရောင်ကာကွယ်ထားတာက ပိုတန်ဖိုးရှိပါတယ်။

တစ်ပတ်အတွင်း ရတဲ့ အလှအပက ခဏတာဖြစ်နိုင်ပေမယ့်၊ Mercury၊ Steroid နဲ့ Lead ကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေက နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

Beauty should never come at the cost of your health.

📢 ဒီ Post ရဲ့ ရည်ရွယ်ချက်က ဘယ် Brand ကိုမှ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။

ကျွန်မက Biochemistry ကို လေ့လာသင်ကြားလာတဲ့သူတစ်ယောက်အနေနဲ့ FDA နဲ့ သက်ဆိုင်ရာ Laboratory တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး ပြည်သူတွေ ကျန်းမာရေးအသိပညာ ရရှိစေဖို့ မျှဝေပေးတာသာ ဖြစ်ပါတယ်။

အလှအပက အရေးကြီးပေမယ့်… ကျန်းမာရေးက ပိုအရေးကြီးပါတယ်။

18/07/2026

မျက်နှာသစ်ပြီး SERUM လိမ်းပါ…✨
SERUM လိမ်းပြီး CREAM ပါးပါ…🤍

Skincare မှာ လူတော်တော်များများ လွဲနေတဲ့အချက်က…
Cream တစ်မျိုးတည်းလိမ်းရင် လုံလောက်တယ် လို့ ထင်နေကြတာပါ။

တကယ်တော့…

💧 Serum က
✔️ အသားအရေထဲကို အရင်ဝင်ရောက်ပြီး
✔️ Active Ingredients တွေကို ထိရောက်စွာ ပို့ဆောင်ပေးပါတယ်။

🫧 Cream က
✔️ Serum ပေးထားတဲ့ အစိုဓာတ်နဲ့ အာဟာရတွေကို Lock လုပ်ပေးတယ်။
✔️ Skin Barrier ကို ကာကွယ်ပေးပြီး ရေဓာတ်မဆုံးရှုံးအောင် ထိန်းသိမ်းပေးပါတယ်။

ဒါကြောင့်…

Serum + Cream ကို တွဲသုံးတဲ့အခါ
✨ Hydration ပိုကောင်းတယ်
✨ Skin Barrier ပိုကျန်းမာတယ်
✨ အသားအရေ နူးညံ့တောက်ပလာဖို့ ပိုအထောက်အကူဖြစ်ပါတယ်။

လိမ်းတဲ့အစဉ်ကတော့…

🧼 Cleanser
➡️ 💧 Serum
➡️ 🧴 Cream
➡️ ☀️ (မနက်ဆို) Sunscreen

မှန်ကန်တဲ့ အစဉ်နဲ့ လိမ်းတာက Product ကောင်းတာထက်တောင် အရေးကြီးပါတယ်။

16/07/2026

Skincare ကို အလှအပအတွက်ပဲ လုပ်တယ်လို့ ထင်နေသေးရင်… အဲဒီအမြင်ကို ပြောင်းဖို့ အချိန်ရောက်ပါပြီ။

အရေပြား (Skin) ဟာ ကိုယ်ခန္ဓာရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ပြင်ပပတ်ဝန်းကျင်နဲ့ ကိုယ်ခန္ဓာကြားက ပထမဆုံး ကာကွယ်ရေးစည်း (First Line of Defense) ဖြစ်ပါတယ်။

နေ့စဉ် နေရောင်ခြည် (UV Radiation)၊ လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်၊ စိတ်ဖိစီးမှုနဲ့ Oxidative Stress တွေဟာ Skin Barrier ကို တဖြည်းဖြည်း ထိခိုက်စေပြီး Collagen ပျက်စီးခြင်း၊ ရောင်ရမ်းမှု တိုးလာခြင်းနဲ့ အရွယ်မတိုင်မီ Aging ကို မြန်ဆန်စေပါတယ်။

Skincare က ဒီဖြစ်စဉ်တွေကို လုံးဝရပ်တန့်ပေးနိုင်တာ မဟုတ်ပေမယ့် အရေပြားရဲ့ သဘာဝကာကွယ်ရေးစနစ်ကို ပံ့ပိုးပေးပြီး ထိခိုက်မှုကို လျှော့ချနိုင်ပါတယ်။

ဒါကြောင့် Skincare ဆိုတာ—

✔️ အလှအပထက် ကျန်းမာရေးကို ဦးစားပေးခြင်း
✔️ Skin Barrier ကို ထိန်းသိမ်းခြင်း
✔️ ရေဓာတ်ညီမျှမှုကို ကာကွယ်ခြင်း
✔️ UV Damage ကို လျှော့ချခြင်း
✔️ Healthy Aging ကို ပံ့ပိုးခြင်း

ဆိုတဲ့ သိပ္ပံအခြေခံ နေ့စဉ်ကျန်းမာရေးအလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

အသားအရေက သင်နဲ့ တစ်ဘဝလုံး အတူရှိမယ့် အင်္ဂါအစိတ်အပိုင်းပါ။ အလှပျောက်မှ ဂရုစိုက်တာထက် မပျက်စီးခင်ကတည်းက ဂရုစိုက်တာက ပိုတန်ဖိုးရှိပါတယ်။

“Healthy skin is not created overnight. It is built through knowledge, consistency, and the right daily habits.” ✨

14/06/2026

Skin Barrier ဆိုတာ ဘာလဲ?

Skin Barrier ကို အရေပြားရဲ့ သဘာဝ ကာကွယ်ရေးတံတိုင်း လို့ ခေါ်နိုင်ပါတယ်။

အရေပြားရဲ့ အပေါ်ဆုံးအလွှာ (Stratum Corneum) မှာရှိတဲ့ skin cells တွေကို အုတ်ခဲများ လို့ သတ်မှတ်ရင် Ceramides, Cholesterol နဲ့ Fatty Acids တွေက အုတ်ကြားက ကော် လိုမျိုး အလုပ်လုပ်ပါတယ်။

Skin Barrier က ဘာတွေလုပ်ပေးလဲ?

✅ အရေပြားထဲက ရေဓာတ် မဆုံးရှုံးအောင် ထိန်းပေးတယ်။

✅ ဖုန်မှုန့်၊ ဘက်တီးရီးယား၊ ဓာတုပစ္စည်းတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတယ်။

✅ Sensitive skin ဖြစ်စေတဲ့ irritants တွေကို တားဆီးပေးတယ်။

✅ အသားအရေကို နူးညံ့ချောမွေ့စေတယ်။

Skin Barrier ပျက်စီးသွားရင်?

❌ အသားခြောက်လာမယ်

❌ နီရဲလွယ်မယ်

❌ ယားယံမယ်

❌ Skincare လိမ်းရင် စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်

❌ ဝက်ခြံ၊ eczema နဲ့ sensitive skin ပြဿနာတွေ ပိုဆိုးလာနိုင်တယ်

Skin Barrier ပျက်စီးစေတဲ့ အကြောင်းရင်းများ

• မျက်နှာကို အလွန်အကျွံ ဆေးကြောခြင်း
• Scrub များများ သုံးခြင်း
• Acid, Retinol များကို အလွန်အကျွံ သုံးခြင်း
• နေရောင်ခြည် ထိတွေ့မှုများခြင်း
• အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း

Skin Barrier ကို ဘယ်လို ပြန်ပြုပြင်မလဲ?

💙 Ceramide ပါတဲ့ skincare သုံးပါ

💙 Gentle cleanser သုံးပါ

💙 Moisturizer နေ့တိုင်း လိမ်းပါ

💙 Sunscreen မဖြစ်မနေ သုံးပါ

💙 Exfoliation ကို ခဏရပ်ပြီး skin ကို အနားပေးပါ

13/06/2026
13/06/2026

💎Sensitive Skin သမားများအတွက်
ရွှေစည်းကမ်း (၇) ချက်💎

Sensitive Skin ရှိသူတွေအနေနဲ့ အသားအရေကို ပိုမိုကျန်းမာစေဖို့၊ နီမြန်းခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတွေကို လျှော့ချဖို့ ဒီအချက်လေးတွေကို သတိထားပေးစေချင်ပါတယ်။

1️⃣ Laser Treatments မလိုအပ်ဘဲ မလုပ်ပါနဲ့။

Laser Treatment တွေက အချို့သူတွေအတွက် အကျိုးရှိနိုင်ပေမယ့် Sensitive Skin တွေအတွက် Skin Barrier ကို ထိခိုက်စေနိုင်ပါတယ်။

Dermatologist ရဲ့ အကြံပြုချက်မရှိဘဲ မလုပ်သင့်ပါဘူး။

2️⃣ Chemical Peeling တွေကို သတိထားပါ။

ပြင်းထန်တဲ့ Acid Peeling တွေဟာ အသားအရေကို ပိုမိုနီမြန်းစေပြီး Irritation ဖြစ်စေနိုင်ပါတယ်။ Sensitive Skin ဖြစ်ရင် အထူးသတိထားဖို့လိုပါတယ်။

3️⃣ Skincare ကို တွေ့ရာမသုံးပါနဲ့။

TikTok, Facebook မှာ Trend ဖြစ်နေတဲ့ Product တိုင်းက ကိုယ့်အတွက် မသင့်တော်နိုင်ပါဘူး။ Ingredient List ကို ကြည့်ပြီး Skin Type နဲ့ ကိုက်ညီတာကိုသာ ရွေးချယ်ပါ။

4️⃣ နေရောင်ခြည်ကို ကာကွယ်ပါ။

UV Rays တွေက Sensitive Skin ကို ပိုမိုထိခိုက်စေပါတယ်။ Sunscreen အသုံးပြုခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ နေရောင်ပြင်းချိန်မှာ အပြင်ထွက်ခြင်းကို လျှော့ချခြင်းတို့ လုပ်ပေးသင့်ပါတယ်။

5️⃣ Spicy Food နဲ့ Preserved Food တွေကို လျှော့စားပါ။

အချို့သောသူတွေမှာ အစပ်များတဲ့ အစားအစာများ၊ Processed Food များက နီမြန်းခြင်းနဲ့ Inflammation ကို ပိုမိုဖြစ်စေနိုင်ပါတယ်။

6️⃣ ရေကို လုံလောက်စွာ သောက်ပါ။

ရေဓာတ်ပြည့်ဝမှုဟာ Skin Health အတွက် အရေးကြီးပါတယ်။ တစ်နေ့တာလုံး ရေကို ပုံမှန်သောက်ပေးခြင်းက အသားအရေကို ပိုမိုကျန်းမာစေပါတယ်။

7️⃣ အိပ်ရေးဝဝ အိပ်ပါ။

Skin Repair လုပ်ငန်းစဉ်တွေဟာ အိပ်ချိန်အတွင်းမှာ အများဆုံးဖြစ်ပါတယ်။ အိပ်ရေးပျက်တာက Skin Barrier ကို အားနည်းစေပြီး Sensitive Skin Symptoms တွေကို ပိုဆိုးစေနိုင်ပါတယ်။

Tips -

Sensitive Skin ကို ကုသဖို့ထက် Skin Barrier ကို ထိန်းသိမ်းကာကွယ်ဖို့က ပိုအရေးကြီးပါတယ်။ Barrier ကောင်းတဲ့ အသားအရေဟာ နီမြန်းခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတွေကို လျော့နည်းစေပြီး ကျန်းမာတဲ့ Skin ကို ရရှိစေပါတယ်။

Photos from Esperanza Beauty & Nature's post 20/05/2026

Ygn ပြန်ရောက်ပြီမို့ Skincare လေးတွေ
ပြန်မှာလို့ ရပါပြီရှင်…🩵🦋

သေချာ ထုတ်ပေးတဲ့ Skincare လေးတွေမို့

အမြဲသုံးကြတဲ့ customer လေးတွေ ရဲ့ စိတ်ချမ်းသာ
အဆင်ပြေပြီး လှ နေကြတာလေး ပြန်သိရတဲ့အခါ

ကိုယ်ထုတ်တဲ့ Esperanza လေး အတွက်
ပိုပြီး ကောင်းမွန်အောင် ကြိုးစားချင်စိတ်လေးတွေ
ဖြစ်ရပါတယ်..

ကျေးဇူးအများကြီး တင်ပါတယ်ရှင်…🌸🙏

19/04/2026

ကိုယ့်ရဲ့ Skincare လေး နံမည်ပေးထားတာ

Esperanza တဲ့..
စပိန် နံမည်လေး..☘️

Hope မျှော်လင့်ချက်လေးပေါ့..💙

Serum လေး ကနေ စထုတ်တာ
အခုဆို

Day cream Night cream
Rose Jelly mask
အမျိုးတွေ ထပ်ထုတ်ဖြစ်တယ်..

တစ်ခုနဲ့တစ်ခု မတူတော့ ထုတ်ရတာ
လက်ဝင်တယ်
အချိန်ပေးရတယ်..

Customer တွေကလည်း Esperanza ရဲ့
ထုတ်သမျှလေးတွေ တော်တော် ကြိုက်ကြတယ်..

မှာတဲ့သူတွေက ခဏ ခဏ ထပ် မှာကြတယ်..

ဒီနှစ်မှာ promotion discount မလုပ်ထားဘူး..

Serum အသစ်လေးပဲ ကြော်ငြာထားတာ..

မှာတဲ့သူက ထုတ်သမျှ အကုန် ယူမယ်

၆ မျိုး ဆိုတော့ ဘာပြောရမယ်မသိ

Skin လေးတွေ Glow ပြီး healthy ဖြစ်လို့

စိတ်ချမ်းသာတယ် ဆိုတော့

ကိုယ်လည်း ဝမ်းသာ စိတ်ချမ်းသာရတယ်..🥰

အဆင်မပြေတာရှိလည်း ပြန်ပြောပေးလို့ရတော့

လိုအပ်ချက်လေးတွေ ပြန်ပြုပြင်ရတယ်..

Ingredients လေးတွေအကုန် US က မှာတော့
ကုန်ကြမ်းကုန်လို့မှာရတဲ့အခါ

စိတ်နည်းနည်း ညစ်ရတယ်..

ဒေါ်လာစျေးက အရမ်းတက်နေတော့
အစစ အရာရာ ချင့်ချိန်နေရတာ..

အခုအချိန်အထိ အလုပ်လေး လုပ်နေနိုင်တာလေး

မိဘဆရာသမားများကို ကျေးဇူးတင်မိ..🙏💕

16/04/2026

❓Skin Treatment တွေ ဘာပဲလုပ်လုပ် "Sunscreen" မပါရင် အလကားပါပဲ..

အသားအရေလှပဖို့အတွက်

Serum ကောင်းကောင်းတွေ
သုံးနေတာပဲဖြစ်ဖြစ်၊

ဆေးခန်းမှာ Facial Treatment တွေ
လုပ်နေတာပဲဖြစ်ဖြစ် …

နေလောင်ကာခရင်မ် (Sunscreen) မလိမ်းဘူးဆိုရင်တော့

သင်လုပ်သမျှ အရာအားလုံးဟာ သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်။

၁။ အသားအရေကို ပိုမိုထိခိုက်လွယ်စေခြင်း

Treatment တော်တော်များများ

(ဥပမာ - Chemical Peeling, Laser Treatment သို့မဟုတ် AHA/BHA ပါဝင်တဲ့ ပစ္စည်းများသုံးစွဲခြင်း)

ဟာ အသားအရေရဲ့ အပေါ်ယံဆဲလ်အသေတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေက နုပြီး

နေရောင်ခြည်ဒဏ်ကို ပိုမိုခံစားရလွယ်စေပါတယ်။

ဒီအချိန်မှာ Sunscreen မလိမ်းရင်
အသားအရေ ပိုပျက်စီးတတ်ပါတယ်။

၂။ တင်းတိပ်နဲ့ အမည်းစက်များ ပိုဆိုးလာခြင်း

အသားဖြူဖို့ ဒါမှမဟုတ်
အမည်းစက်ပျောက်ဖို့

ကုသမှုတွေလုပ်ပြီး ‘နေကာခရင်မ်’ မ လိမ်းရင် ..

ခရမ်းလွန်ရောင်ခြည် (UV) ကြောင့်
Melanin ဓာတ်တွေ ပိုထွက်လာပြီး

အမည်းစက်တွေက အရင်ကထက်
ပိုသိသာလာနိုင်ပါတယ်။

၃။ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေခြင်း

စျေးကြီးတဲ့ Anti-aging treatment တွေ ဘယ်လောက်လုပ်လုပ်

UV ရောင်ခြည်က Collagen ဓာတ်ကို ဖျက်ဆီးပစ်တာကြောင့်

Sunscreen မလိမ်းရင် အသားအရေက

အရွယ်မတိုင်ခင် တွန့်ခြင်း၊ လျော့ရဲခြင်းတွေ
ဖြစ်လာမှာပါ။

💡 အကြံပြုချက် - >

အိမ်ထဲမှာပဲနေနေ၊ မိုးအုံ့နေပါစေ
UV ရောင်ခြည်က အမြဲရှိနေတာကြောင့်
နေ့စဉ် ပုံမှန်လိမ်းပေးဖို့ လိုအပ်ပါတယ်။

နေပူထဲထွက်ရင်တော့ (၂) နာရီခြား တစ်ခါ ထပ်လိမ်းပေးတာက အကောင်းဆုံးပါ။

"လှပတဲ့ အသားအရေကို ရရှိဖို့ထက် ရရှိထားတဲ့ အလှတရားကို ကာကွယ်ဖို့က ပိုအရေးကြီးပါတယ်"
🦋🩵

ကဲ သကြင်္န် ကဲ လို့ ဖြစ်ဖြစ်
နေလောင် လို့ ဖြစ်ဖြစ်
ညစ်နေတာတွေ လင်းပြီး glow ဖို့ရာ

Esperanza လေး ရှိနေပါပြီ..

Suncream ကောင်းကောင်းလေး မှာလိုက်တော့နော်..

07/04/2026

ရဲ့ item hot အဖြစ်ဆုံး serum လေး နှစ်မျိုး✅

Esperanza က ထုတ်ထားတဲ့ serum တွေအထဲမှာ
Hot အဖြစ်ဆုံး serum လေး နှစ်မျိုးကတော့
Rapid Dark Spot Correcting Serum လေးနဲ့
Ageless DNA Repairing Serum လေး နှစ်မျိုးပါပဲ…

သုံးကြတဲ့ customer တွေ က အစွဲကြီးကြတယ်..😻

ပန်းရောင် sticker လေးနဲ့ Dark Spot Serum လေး ကြိုက်ကြသူကလည်း Dark Spot မှ Dark Spot ပန်းရောင်လေးပဲနော်..🌷

သူလေးကို လိမ်းလိုက်ရင်
အရည်အေးအေး ချောချောလေးနဲ့ hyaluronic ပါဝင်တဲ့ serum လေးမို့

inflammation ကိုအစွမ်းကုန် လျော့ စေတဲ့
Anti inflammatory action ပါတဲ့ Licorice root extract နဲ့ အတူ
Alpha Arbutin powder လေးနဲ့
Glutathione ပါတဲ့
Triple Action Whitening Ingredients လေးတွေပါတော့✅

Skin tone ကို Lightening Brightening နဲ့ ဘလင်း ဘလင်း ဖြစ်စေတာလေးမို့..😻

ဘယ်လောက် အသားညိုညို ..
ဘယ်လို အမည်းစက်ရှိရှိ..
အသားအရေ မညီ ကွက်တိကွက်ကြား..,
ဝက်ခြံ အမည်းစက် တွေနဲ့ အတူ အမာရွတ်တွေ ရှိနေရင်တောင်
အမြန်ဆုံး ယူပစ်သလို သက်သာပျောက်ကင်းပြီး ချောမွေ့ လှပစေတာပါရှင်..🥶

အခြား ပါဝင်တာကတော့
Vitamin C E ferulic အပြင်
Natural preservative Optiphen ကိုပဲ သုံးထားပေးတာမို့

ဘယ်လောက် sensitive ဖြစ်ပါစေ
အမြန် သက်သာတာလေးပါရှင်..👌

🌷🌷🌷🌷🌷

နောက်ထပ်အများဆုံးကြိုက်ကြတာလေးကတော့
Syn-coll collagen polypeptide ပါတဲ့
DNA serum လို့ ခေါ်ကြတာလေးပါ….😻

တော်ရုံအရေးအကြောင်း လေးတွေ ကျီးခြေရာ လို မျက်လုံးဒေါင့်မှာ ပေါ်တာလေးတွေမျက်ကွင်းညို လေးတွေ မျက်အိပ်ဖောင်းတာလေးတွေ ကို surgery မလုပ် filler ထိုးသလိုလေး action ရဖို့ နေ့တိုင်းသုံးတဲ့ skincare လေးအနေနဲ့ သုံးကြတာလေးပါ…✅

Anti-aging ကို တားမြစ်ဖို့ ထုတ်ထားတာလေးမို့
ဆယ်ကျော်သက်လေးကနေ middle aged မမလှလှတွေ မအိုပဲ ever နုပျိုဖို့ စိတ်ချ သုံးလို့ ရတဲ့ serum လေးပါရှင်..

သူကလည်း Hyaluronic အခြေခံထားတဲ့ serum လေးမို့ skin အတွက် ရေဓါတ်ကို 100% ဖြည့်ပေးပြီး

Syn-coll polypeptide လို DNA အထိ ပြုပြင်ပေးနိုင်တဲ့ collagen synthesis ကို များစေတဲ့ တန်ဖိုးကြီး Luxury ingredient လေး ပါတာလေးမို့

အရေးအကြောင်း ထိနိးသိမ်းချင်သူ
အမည်းစက်သက်သာပြီး ever နုပျို လှပ ချင်သူ
သုံးပါရှင်..

Green tea extract
Vitamin C E Ferulic အပြင်
Chamomile Extract ပါပါတာလေးမို့
Sensitive skin လေးတွေ စိတ်ချ သုံးလို့ရပါတယ်ရှင်…
———————————
စျေးနှုန်း

Dark Spot Correcting Serum (50 ml) -50000ကျပ်
DNA Repairing Serum (50 ml) - 50000 ကျပ်
———————————-

April လ မှာ မှာယူတဲ့ Customer လေးတွေအတွက် အထူးအစီအစဉ်အနေနဲ့..
Esperanza က အသစ်ထုတ်ထားတဲ့
Special Facial Foam လေး လက်ဆောင် ထည့်ပေးဦးမှာပါရှင်…🌹

🍾သုံးကြတဲ့ Esperanza ချစ်သူလေးတွေ အဲ့ဒီ Serum လေး နှစ်မျိုးထဲမှာ ဘယ် serum လေး ပိုကြိုက်လဲ Comment လေး ရေးပေးကြပါဦးနော်…👌✅

စိတ်တိုင်းမကျရင် 100% Money Back Guarantee လေး ပေးထားတာမို့ စိတ်ချ မှာယူလိုက်ပါရှင်..💝💝

——————☘️☘️————————

ဆက်သွယ်ဝယ်ယူလိုပါက:
📞 09 448 051 822 ကို မှာယူနိုင်သလို

📩Page messenger သို့လည်း ကိုယ့်ရဲ့ Skin type ကို သေချာပြောပြပြီး တိုင်ပင်ဆွေးနွေး ပြီး personalized လေး သီးသန့် မှာယူ ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါတယ်။

🛒 မြို့ကြီးများအတွက် အိမ်အရောက်ငွေချေစနစ်၊ နယ်မြို့များအတွက် ကားဂိတ်တင်စနစ်ဖြင့် တစ်နိုင်ငံလုံး အနှံ့ပို့ဆောင်ပေးပါတယ်။

( KBZ pay, Wave money, AYA pay အစရှိတဲ့ Mobile banking များဖြင့်လည်း ငွေပေးချေနိုင်ပါတယ်)

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Address

80 Th Street, Bet 9 Th & 10 Th Street
Mandalay
05011