Cupid Diary

Cupid Diary

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cupid Diary, Health/Beauty, Mandalay.

Photos from Cupid Diary's post 22/09/2024

Blind Date MDY gp ရဲ့ ရေဘေးအလှူကျေးဇူးတင်အသိအမှတ်ပြုလွှာ

-ရေဘေးသင့် ပြည်သူတွေကိုမြင်ရကြားရပီး စိတ်မကောင်းလို့ ကိုယ်တတ်နိူင်သလောက် ကြိုးစားကြည့်မယ်ဆိုပီး စခဲ့လိုက်တာ မထင်မှတ်ပဲ အလှူငွေတွေ တခဲနက်ဝိုင်းထည့်ကြတဲ့အတွက် တာဝန်တွေပိုကြီးလာခဲ့

-လှူတဲ့ငွေတွေပစ္စည်းတွေများလို့ admin team နဲ့အပြင် gp member တွေထဲက ရင်းနှီးရတဲ့ ညီအကိုမောင်နှများကို အပူကပ်အကူညီတောင်းပီး volunteer team လေးဖွဲ့ပီး တာဝန်ကိုယ်စီ ခွဲဝေယူခဲ့ကြ

-အများအလှူငွေတွေကိုဖြုန်းတီးရာမရောက်ပဲ ထိထိရောက်ရောက်နဲ့ လိုအပ်နေတဲ့ ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိအောင် အဆက်အသွယ်တွေ ရွာခံတွေရှာပီး သေချာစီစဉ်ခဲ့ကြပါတယ်
(ကူညီချိတ်ဆက်စီစဉ်ပေးတဲ့ ပုလိပ်အင်းနားရွာခံ ညီလေးနဲ့ မြစ်သားမြို့နယ် ဒါးရယ်ကောင်းရွာခံ ညီမကိုကျေးဇူးတင်ပါတယ်
ပီးတော့ နှစ်ရွာလုံးခရီးစဉ်မှာ ကားကြီးကူညီပေးခဲ့တဲ့ ကိုမွန်ကြီး နဲ့ဇနီး ရွှေမြင့်မိုရ်လောင်စာတောင့်စက်ရုံ ကိုလဲ ကျေးဇူးတင်ပါတယ်🙏)

ရရှိတဲ့အလှူငွေ, အဝတ်အထည် နဲ့ ပစ္စည်းတွေကို တကယ်ခက်ခဲလိုအပ်နေတဲ့ ရွာနှစ်ရွာကို သုံးခေါက် ခွဲပီး သေချာစီစဉ်လှူဒါန်းခဲ့ပါတယ်

-ဒါတွေအားလုံးက လှူဒါန်းပေးကြတဲ့ အလှူရှင်တွေနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းမိမိတတ်နိူင်တဲ့ဘက်က အားဖြည့်ကူညီပေးကြတဲ့ ညီအကိုမောင်နှမ များရဲ့ စုပေါင်းအင်အားကြောင့်ခုလို ဘာအခက်အခဲမှမရှိပဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ခဲ့တာပါ

-အယောက်စီတိုင်းက တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်မှုတွေကြောင့်
သဘောထားကွဲလွဲမှုတွေ ငြင်းခုန်မှုတွေရှိခဲ့ကြပေမယ့် အားလုံးစိတ်ဝမ်းမကွဲပဲ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ပဲ ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါတယ်

-တကယ်ကို လေးစားဖို့ကောင်းချစ်ဖို့လဲကောင်းတဲ့ လူငယ်လေးတွေပါဗျာ
နောက်များမှာလဲ အများအကျိုးအတွက် ကူညီလုပ်ဆောင်မှုလေးတွေကို တတ်အားသ၍ကြိုးစားလုပ်ဆောင် သွားအုံးမှာပါ☺️

-ခုကြိုးစားမှုလေးကတော့ gp သက်တမ်း ၂နှစ်ကျော်အတွင်းမှာ ပီတိအဖြစ်ရဆုံးနဲ့ အမှတ်အရဆုံး တခုဖြစ်ခဲ့ပါပီဗျာ 🤍

(အလှူငွေစာရင်းရှင်းတမ်း နှင့် မှတ်တမ်းphoto video များကိုလဲ မကြာခင်မှာတင်ပေးသွားပါမယ်)

Cupid Diary by Blind Date MDY

Dd

Photos from Cupid Diary's post 20/09/2024

BDM Team ရဲ့21.9.2024ရက်နေ့တွင် မြစ်သားမြို့နယ်ရေဘေးသင့် ကျေးရွာများသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်မှုများ 💪💪💪

အိမ်ခြေ 348 အိမ်စာ

တစ်မိသားစုခြင်းစာ အတွက်

1. ဆန် တစ်ပြည်
2. ဆီ ၃၀သား တစ်ဗူး
3. ဆား တစ်ထုပ်
4. ကြက်ဥ 5 လုံး
5. ဘာလချောင်ကြော် ၅ ကျပ်သားထုပ်
6. ဖွားထွေး လက်ဖက်ထုပ်
7. မုန့်ခြောက်
8. ခေါက်ဆွဲခြောက်
9. ဖယောင်းတိုင်ထုပ်
10. မီးခြစ်
11. ဆပ်ပြာမှုန့်
12. ရေဖလား
13. သောက်ရေခွက်
14. စတီးဇလုံ
15. ရေသန့် တစ်လီတာ ၃ ဗူး
16. ဆပ်ပြာခဲ

သီးသန့်

1. အိမ်သုံးဆေးဝါးများ
2. ဒန်အိုး အရေအတွက်အလုံး (၅၀)
3. မိသားစုခြင်ထောင်အလုံး (၁၀၀)
4. အမျိုးသမီးလစဉ်သုံးပစ္စည်းများ
5. ဖိနပ် လူကြီးစီး ၁၃၂ ရံ
6. ဖိနပ် ကလေးစီး ၂၄ ရံ
7. အဝတ်အထည်များ

18/09/2024

Blind Date MDY Group မှ

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုက်ကြက်ဝါသနာရှင်များ အသင်း သို့

#ရမည်းသင်းဒေသ ရေဘေးကူညီကယ်ဆယ်ရေးအတွက်

အလှူငွေ 100000 ကျပ် ပြန်လည် လှူဒါန်းလိုက်ပါတယ် ။

ခုလို BDM အဖွဲ့ကိုယ်တိုင် မသွားရောက်နိုင်တဲ့ နယ်ဝေး ရေဘေးသင့်ဒေသတွေအတွက် တတ်နိုင်သလောက် ပြန်လှူပေးခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ရှင်။

ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များအားလုံးလဲ
ကျန်းမာချမ်းသာဘေးကင်းကြပါစေ 🙏

𝘾𝙪𝙥𝙞𝙙 𝘿𝙞𝙖𝙧𝙮 𝙗𝙮 𝙗𝙡𝙞𝙣𝙙 𝙙𝙖𝙩𝙚 𝙈𝘿𝙔

17/09/2024

#အဖြူရောင်ပရဟိတအဖွဲ့ ကို
Blind Date Mdy Group မှ တောင်ငူမြို့ရေဘေးသင့်ပြည်သူများအတွက် 100,000 ကျပ်တိတိလှူလိုက်ပါတယ်ရှင့်
၇ ရက်သားသမီးများ ကောင်းမှု ထပ်တူရကြပါစေ 🙏🙏🙏

Photos from Cupid Diary's post 17/09/2024

ယနေ့ 17-9-2024

Cupid Diary by Blind Date MDY Group မှ

#ဒုတိယအကြိမ်_ရေဘေးလှူဒါန်းမှု

ပုလိပ်မြို့
ဒုတ္ထဝတီမြစ် ဟိုဘက်ကမ်းမှာရှိတဲ့
သောက်ရေခက်ခဲလိုအပ်နေတဲ့ အင်းနားအနောက်ရွာ
ရဲ့ အိမ်ခြေ၂၂၀ စာ အတွက်

✅Alpine ရေသန့် 5လီတာ ဗူးကြီး 330
✅ ငါးခြောက်ကြော် နှင့် ဘာလချောင်ကြော်အထုပ်သေး ၂၀၀
✅ရွှေမြင့်မိုရ် လောင်စာတောင့်လုပ်ငန်းမှ
ကို မွန် ကြီးနှင့် ဇနီး မိသားစုတို့ လှူဒါန်းသော
ကြက်ဥကဒ် ၄၀ ကို

သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါတယ်။

ဘုန်းဘုန်းမှတဆင့် အိမ်ထောင်စုစာရင်းအတိုင်းပြန်လည် ဝေမျှပေးသွားမည်ဖြစ်ပါသည် 🙏

တဖက်မှာလည်း
Blind Date MDY gp ရဲ့ Volunteer Team မှ

လာမယ့် 21-9-2024 စနေနေ့မှာ

#တတိယအကြိမ် လှူဒါန်းရန်

မြစ်သားမြို့နယ် ဒါးရဲကောင်းကျေးရွာ ပြန်လည်ထူထောင်ရေးအတွက်

မိသားစု တစ်စုခြင်းစာ အခြေခံလိုအပ်သမျှ
ရိက္ခာ ၊ အခြောက်ခြမ်း၊ ဆေးဝါးနှင့် အိမ်သုံးပစ္စည်း အစုံလှူဒါန်းနိုင်ဖို့
စုစည်းတိုင်ပင်ပြီး ဝယ်ခြမ်းဖို့အတွက် ပြင်ဆင်နေကြပါပြီ ။

လူအားဖြင့်လဲ အင်အားဖြည့်ပါဝင်နိူင်သလို
အကြံဉာဏ်အားဖြင့်လဲ ကူညီပြောပြလို့ရပါတယ်ရှင်

Photos from Cupid Diary's post 17/09/2024

15-9- 2024 (Sunday ) နေ့တွင်

Cupid Diary by Blind Date MDY Group မှ

ပထမအကြိမ် ရေဘေးလှုဒါန်းမှု

ပုလိပ်မြို့ အင်းနား အရှေ့ / အနောက် နှစ်ရွာစာအပြင် မြစ်သားဘက်ရှိ
ရေဘေးသင့်ဒေသများသို့

✅ထမင်းဗူးရေ ၁၀၀၀
✅ရေသန့်ဗူး ၁၂၀၀
✅လက်ဖက်ထုပ်များ
✅မုန့်များ
✅ဆေးဝါးများ
✅အမျိုးသမီး လစဉ်သုံးနှင့် Underwear အစုံ ၅၀
✅အဝတ်အထည်များ နှင့်

သွားရောက်လှူဒါန်းကြသည့် အဖွဲ့သားများမှ
ကလေးများ အတွက် သီးသန့် မုန့်ဖိုးများပေးဝေခဲ့ကြပါတယ်။

ဒါ့အပြင်
အင်းနားဘုန်းကြီးကျောင်းသို့

✅ဆန်တစ်အိတ်
✅ဆီ ၁၀ ပိဿာ
✅အလှူငွေကျပ် - တစ်သိန်း

တို့ကို လှူဒါန်းခဲ့ပါတယ်။

အင်းနားအရှေ့ရွာက ရေကျနေပြီဖြစ်၍
အဖွဲ့သားများကိုယ်တိုင် လှေဖြင့် တစ်အိမ်ချင်းစီ သွားရောက်လှူဒါန်းခဲ့ကြပြီး

အင်းနား အနောက်ရွာအတွက် ကျေးရွာဘုန်းကြီးကျောင်းမှ တဆင့် စက်လှေဖြင့် ပေးပို့လှူဒါန်းခဲ့ကြပါတယ်

ရွာသူရွာသားများ အဖိုး အဖွားများမှ
လာရောက်လှူဒါန်းပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း တဖွဖွပြောကြပြီး
အလှူရှင်များအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတွေ တသီကြီး ပေးကြလို့လဲ
ပိုပြီး ကြည်နူးပီတိဖြစ်ရပါတယ်ရှင် 🙏

အတူ ကုသိုလ်ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များအားလုံးလဲ သာဓုခေါ်ဆိုနိုင်ရန်
လှူဒါန်းမှု ပုံရိပ်များကို မျှဝေလိုက်ပါတယ် ရှင် 🙏🙏🙏

Photos from Cupid Diary's post 15/09/2024

ကျောက်ဆည်မြို့ ၊မြစ်သားမြို့၊ ပုလိပ်မြို့ ရေဘေးအလှူသို့

လှူဒါန်းသောအလှူရှင်များအား BDmdy Group မှ

မှတ်တမ်းတင်ခြင်း သာဓုခေါ်ပါတယ်🙏🙏🙏

Like&share လုပ်ပေးကြပါဦး

Photos from Cupid Diary's post 15/09/2024

ကျောက်ဆည်မြို့ ၊ မြစ်သားမြို့၊ ပုလပ်မြို့ ရေဘေးအလှူသို့

လှူဒါန်း‌သောအလှူရှင်များအား BDmdy Group မှ

မှတ်တမ်းတင်ခြင်း သာဓုခေါ်ပါတယ်🙏🙏🙏

Like&Shareလေးလုပ်ပေးကြပါ

15/09/2024

တော်ဝင်ဆေးရုံဝန်ထမ်း မိသားစု ရေဘေးအတွက်

အလှူ 213,000 ကျပ်တိတိ

လှူဒါန်းမှူအား BDmdy Groupမှ မှတ်တမ်းတင်ခြင်း

သာဓုခေါ်ပါတယ်🙏🙏🙏

Like&Share လုပ်ကြပါဦး

Photos from Cupid Diary's post 15/09/2024

**e_Myanmar မိသားစု ရေဘေးအလှူ

VS V**e Myanmar MDY/ YGN/ ဝန်ထမ်းများ/ Warehouse

စုပေါင်း 1484000 (တစ်ဆယ့်လေးသိန်းရှစ်သောင်းလေးထောင်တိတိ)

ပါဝင်လှူဒါန်းမှုအား BDmdy Group မှတ်တမ်းတင်ခြင်း

VS V**e Myanmar မိသားစု စီးပွာဥစ္စာတိုးပွားပြီး
ဆထက်တပိုးလှူနိုင်ပါစေ ပေးသောလက်ဖြစ်ပြီး
အကျိုးပြုလုပ်ငန်းများလဲဒီထက်လုပ်ဆောင်နိုင်ပါစေ
ဆိုင်ခွဲ‌တွေလဲများများဖွင့်နိုင်ပါစေရှင့်

like&Share လုပ်ပြီးဂုဏ်ပြုကြအောင်ရှင့်

Photos from Cupid Diary's post 15/09/2024

**e_Myanmar မိသားစု ရေဘေးအလှူ

VS V**e Myanmar MDY/ YGN/ ဝန်ထမ်းများ/ Warehouse

စုပေါင်း 1484000 (တစ်ဆယ့်လေးသိန်းရှစ်သောင်းလေးထောင်တိတိ) ပါဝင်လှူဒါန်းပါတယ်ရှင့်

VS V**e Myanmar မိသားစု စီးပွာဥစ္စာတိုးပွားပြီး
ဆထက်တပိုးလှူနိုင်ကြပါစေ ပေးသောလက်ဖြစ်ပြီး
အကျိုးပြုလုပ်ငန်းများလဲအများကြီးလုပ်ဆောင်နိုင်ပါစေ
ဆိုင်ခွဲတွေလည်းများများဖွင့်နိုင်ပါစေရှင့်

like&Share လုပ်ပြီးဂုဏ်ပြုကြအောင်ရှင့်

Photos from Cupid Diary's post 14/09/2024

အခုချိန်ထိ Update အလှူငွေ သိန်း ၉၀ ကျော်ပါပြီ 🎉🙏

မနက်ဖြန် သွားလှူဖို့ အတွက် လိုအပ်တာတွေ အားလုံးလဲ အဆင်သင့် ပြင်ဆင်ထားပြီးပါပြီ

အားလုံးအတူတူ ပင်ပန်းကြရပေမယ့်လဲ
တကယ်ကို ပီတိဖြစ်ရပါတယ်

မနက်ဖြန်အတွက်လဲ အားလုံးက Energy အပြည့်ပါပဲ 💪

နောက်အပတ် Sat/Sun မှာလဲ ဒုတိယအသုတ်အနေနဲ့ သွားလှူကြဦးမှာမို့

နောက်အပတ်တွက် ထပ်လှူဖို့ ပြောထားတဲ့ အလှူရှင်တွေလဲ ရှိပါသေးတယ်

ထပ်မံပါဝင် လှူဒါန်းလိုတဲ့ အလှူရှင်များက

Page Messenger ကိုဖြစ်စေ

ADMIN TEAM ကို ဖြစ်စေ ဆက်သွယ်ပြီး လှူနိုင် ကူနိုင်ပါတယ်

အားလုံးလဲ ထပ်တူ ပီတိဖြစ်ရအောင်လို့ ယနေ့ပြင်ဆင်မှူ ပုံလေးတွေ တချို့ကို မျှဝေလိုက်ပါတယ်ရှင်

**မြင်ရသူတိုင်းလဲ မုဒိတာပွားနိူင်အောင် ညီမတို့ post လေးကို like and share လေးလုပ်ပေးကြပါအုံးရှင့် **

𝘾𝙪𝙥𝙞𝙙 𝘿𝙞𝙖𝙧𝙮 𝙗𝙮 𝙗𝙡𝙞𝙣𝙙 𝙙𝙖𝙩𝙚 𝙈𝘿𝙔

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

Mandalay