Fairy Myanmar Online Business
အလှအပဆိုင်ရာများကိုသိချင်ရင်ဝင်ရောက်လေ့လာနိုင်ပါတယ်
29/10/2022
ဝက်ခြံမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ?
စိတ်ညစ်စရာကောင်းတဲ့ဝက်ခြံတွေ မျက်နှာလှလှလေးပေါ်ပေါက်နေပြီလား?
နောက်လဲအမြဲတမ်း အလှအပဆိုင်ရာအကြောင်းအရာများတင်ပေးမှာမို့ Page ကို Like & Follow လုပ်ထားပေးပါအုံးနော်။
(၁) မျက်နှာသေချာသစ်ပါ။
အဆီ၊ဖုန်မှုန့်၊ချွေး တို့ကြောင့် ဝက်ခြံဖြစ်တာမို့ နေ့တိုင်း (၂) ကြိမ်ခန့် မျက်နှာကို သန့်စင်အောင် မျက်နှာသစ်ဆေးဖြင့် ဆေးကြောပေးရပါမယ်။ မျက်နှာသစ်တဲ့အခါ တအားမပူသော ရေနွေးနွေးလေးဖြင့်သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ မိမိ၏လက်ချောင်းများကို စက်ဝိုင်းပုံစံဖြင့် ညင်သာစွာဆေးကြောပေးပါ။ ထို့နောက်သန့်ရှင်းသော ပဝါဖြင့်သုတ်ပေးပါ။
(၂) မိမိရဲ့အသားအရည်အမျိုးအစားကိုသိပါစေ
မိမိရဲ့အသားရည်အမျိုးအစားက ဘာလဲ … အဆီပြန်တတ်တာလား? အသားခြောက်တာလား? သာမန်အသားအရည်ပဲလား? Sensitive skin type လား? ဘယ်အသားအရည်မဆိုဝက်ခြံထွက်နိုင်ပါတယ်။ အဆီပြန်သူတွေကတော့ ဝက်ခြံပိုထွက်လေ့ရှိပါတယ်။ မိမိအသားအရည်နဲ့လိုက်ဖက်တဲ့ Skin Care ကို အသုံးပြုသင့်ပါတယ်။ မှန်ကန်တဲ့ skin care ကို အသုံးပြုမှသာ ဝက်ခြံထွက်ခြင်းကင်းဝေးစေမှာပါ။
(၃) ရေဓာတ်အမြဲဖြည့်ပေးပါ
ရေများများသောက်ပေးပါ။ ရေသောက်ခြင်းဟာ အသားအရည်စိုပြေစေရုံမက ဝက်ခြံထွက်ခြင်းအား လျော့နည်းစေပါတယ်။ ၁ ရက်ကို ရေ ၂ လီတာခန့် အနည်းဆုံးသောက်ပေးသင့်ပါတယ်။ Moisturizer အသုံးပြုပေးခြင်းဟာလဲ ဝက်ခြံကာကွယ်ခြင်းအတွက်ထိရောက်ပါတယ်… သို့သော် အဆီဓာတ်ပါဝင်မှုနည်းတဲ့ အမျိုးအစားကိုရွေးချယ်အသုံးပြုသင့်ပါတယ်။
(၄) မိတ်ကပ်သုံးစွဲခြင်း
မိတ်ကပ်အသုံးပြုလို့ရပါတယ်။ သို့သော် ဝက်ခြံထွက်နေစဉ်အချိန်မှာ အရမ်းထူပြီး အဆီဓာတ်များတဲ့ မိတ်ကပ်မျိုးရှောင်သင့်ပါတယ်။ အတတ်နိုင်ဆုံး သဘာဝဆန်တဲ့ မိတ်ကပ်မျိုးသာ လိမ်းချယ်ပြင်ဆင်သင့်ပါတယ်။
(၅) နေရောင်ခြည်မှ ကာကွယ်ခြင်း
နေရောင်ခြည်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့ခြင်းဟာ အသားအရည်ကိုခြောက်သွေ့စေပါတယ်။ ထို့ကြောင့်မျက်နှာမှ အဆီဓာတ်ကိုပိုမိုထုတ်ပေးသဖြင့် ဝက်ခြံပြသနာကိုပိုဆိုးစေပါတယ်။ နေရောင်ထဲထွက်တိုင်း sun protector လိမ်းပေးသင့်ပါတယ်။ နေ့စဉ်သုံးလျှင်ပိုမိုသင့်တော်ပြီး oil free sun protector အသုံးပြုပေးသင့်ပါတယ်။
(၆) လက်ဖြင့် ထိခြင်း ညစ်ခြင်း
ဝက်ခြံများ မျက်နှာမှာပေါက်နေပါက လက်ဖြင့်မကြာမကြာကိုင်ခြင်း ထိခြင်း မပြုလုပ်သင့်ပါ။ လက်မှ ပိုးဝင်ခြင်းများဖြစ်တတ်သဖြင့် ကိုင်တွယ်လိုပါက လက်ကိုသေချာစွာသန့်စင်ပြီးမှ ကိုင်တွယ်သင့်ပါတယ်။
(၇) ပိုးသတ်ဆေး အသုံးပြုခြင်း
ဝက်ခြံများအလွန်များပြားဖြစ်ပေါ်နေပါက ကျွမ်းကျင်ဆရာဝန်ထံ ပြသသင့်ပါတယ်။ သို့မှသာ ဆရာဝန်မှ လိုအပ်တဲ့ ပိုးသတ်ဆေးပေးကာ သင့်တော်သော ကုထုံးဖြင့် ဆက်လက်ကုသပေးခြင်းဖြင့် ဝက်ခြံအရှင်းပျောက်ကင်းနိုင်ပါသည်။
Credit
04/10/2022
ကဲထောပတ်သီး လှိုင်လှိုင်ပေါတဲ့ရာသီရောက်လာပြီဆိုတော့ ထောပတ်သီးရဲ့ ကောင်းကျိုးတွေ မျှပေးမယ်နော်
🥑နောက်ဆုံးမှာ ထောပတ်သီးဝယ်တဲ့အခါကောင်းကောင်း ရွေးဝယ်နည်းပြထားပါတယ်ရှင့်
🥑ထောပတ်သီးကို ကြိုက်လို့စားတယ်ဆိုတာ ထက် ကျန်းမားရေးအတွက် အရမ်းကောင်းတယ်ဆိုတာ လေးပါသိထားတော့ ပိုအရသာရှိမလားပေါ့နော် 😝😝😝
ထောပတ်သီးကို တရက်တလုံး ပုံမှန်စားပြီး ရက် ၃၀ ကြာတဲ့အခါ ✅✅✅✅
၁) ကျောက်ကပ်အားကောင်းလာစေတယ် ကျောက်ကပ်ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတာ မို့ ကျောက်ကပ်အားနည်းသူတွေ ထောပတ်သီးတရက်တလုံးစားပေးနော်
၂) ခံတွင်းအနံ့ဆိုး ထွက်ခြင်းမှ ကာကွယ်ပေးတယ်ဒါကြောင့် အနံ့ဆိုးပျောက်ဆေးရှာမနေနဲ့ သဘာဝကပေးတဲ့ ထောပတ်သီးစားပါ
၃) မျက်စိအားကောင်းစေတယ်
၄) ကိုယ်အလေးချိန်ကျစေတယ်
၅) ကိုယ်ခံအား ကောင်းစေတာမို့ ခနခန ဖျားတက်သူတွေ ထောပတ်သီးစားပေးနော်
အစာသည်လဲဆေး ဆေးသည်လဲ အစာမို့ သဘဝက ပေးတဲ့ ကျန်းမာရေးကောင်းခြင်းတွေကို ပိုင်ဆိုင်ဖို့အသီးအနှံတွေ များများ စားပေးပါရှင့်🥑🥑
24/09/2022
နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ် ။
နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ် ။
ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှ နဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာ ပေါက်လိုက် ဒီနေရာမှာ ပေါက်လိုက်နဲ့ တော်တော်ဆိုးတဲ့ဝက်ခြံ တွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။
နေရာအလိုက်ပေါက်တဲ့ဝက်ခြံတွေနဲ့ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။
နဖူး ။ ။
နဖူးမှာ ပေါက်တဲ့ဝက်ခြံအများစုရဲ့ တရားခံဟာ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်တွေနဲ့ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆီတွေ ရောသွားတဲ့အခါ ဝက်ခြံစပြီးဖြစ်လာပါတော့တယ်။
စိတ်ဖိစီးမှုများတဲ့အခါ မှာလည်း နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်လာလေ့ရှိပါတယ်။
စားလိုက်တဲ့အစားအစာတွေထဲမှာ အဆီပါဝင်မှုနှုန်းများနေခြင်းကလည်း နဖူးပေါ် ဝက်ခြံပေါက်စေတဲ့အကြောင်းအရင်းတစ်ခုပါ။
နောက်ဆုံးတစ်ခုကတော့ နဖူးပေါ် ပေါက်တဲ့ဝက်ခြံတွေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ကလည်း ဆက်စပ်နေတယ်ဆိုတာပါပဲ။
နှာခေါင်း
စပ်လွန်းတဲ့ အစားအစာတွေက နှာခေါင်းမှာ ဝက်ခြံပေါက်ရခြင်းရဲ့ တရားခံတွေပါ။ အဲဒီအစား ပြည့်ဝဆီများတဲ့ ထောပတ်သီးတို့ သစ်ကြားသီးတို့ကို စားပေးရင် နှာခေါင်းပေါ်က ဝက်ခြံ တွေ သက်သာသွားမှာပါ။
နောက်ပြီး နှာခေါင်းမှာ ချွေးပေါက် တွေက အကျယ်ဆုံး ဖြစ်တာကြောင့် ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေမယ့် အလှကုန်ပစ္စည်းတွေ မိတ်ကပ် တွေကို ရှောင်လိမ်းဖို့တော့ လိုပါလိမ့်မယ်။
မျက်ခုံးနှစ်ခုကြားက ဝက်ခြံ
ဒီနေရာမှာ ပေါက်တဲ့ ဝက်ခြံအများစုက ကိုယ်စားလိုက်တဲ့ အစားအစာတွေနဲ့ မတည့်တာကြောင့် အဓိကဖြစ်ရတာပါ။
အထူးသဖြင့် နို့သကြားဓာတ်မစုပ်ယူနိုင်တဲ့သူတွေနဲ့ အစာမကြေတတ်တဲ့သူအများစုက မျက်ခုံးကြားထဲက နေရာလေးမှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။
ပါး ။
ပါးနဲ့ အများဆုံးထိတွေ့နေရတဲ့ မိတ်ကပ်လိမ်းပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေကို သေချာသန့်ရှင်းရေး မလုပ်ဘူးဆိုရင် ဝက်ခြံပေါက်ဖို့ အလားအလာအရမ်းကို များသွားပါပြီ။
နောက်ပြီး ပါးပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေကအသက်ရှူပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။
မေးစေ့နဲ့ ပါးရိုးမှာ ပေါက်တဲ့ဝက်ခြံ
ဒီလို မေးစေ့နဲ့ မေးရိုးမှာ ပေါက်တဲ့ ဝက်ခြံ အများစုဟာ ဟော်မုန်းဓာတ်မမျှတလို့ ဖြစ်ရတဲ့ ဝက်ခြံတွေ ဖြစ်ပါတယ်။
ကိုယ်တွင်းမှာ ပြောင်းလဲနေတဲ့ ဟော်မုန်း တွေကို ထိန်းချုပ်လို့မရပေမယ့် မှန်မှန်အိပ်၊ အသီးအရွက်များများစား၊ ရေများများသောက်ပြီး ဝက်ခြံတွေကို ထိန်းချုပ်လို့ရပါတယ်။
နားရွက်
နားရွက်မှာပေါက်တဲ့ဝက်ခြံအများစုဟာ ရေဓာတ်ခမ်းခြောက်ခြင်းကြော့င့် ဖြစ်ရတာပါ။
ဒ့ါကြောင့် ရေများများသောက်မယ်။ ဂတ်စ်ပါတဲ့အချိုရည်တွေကို ရှောင်နိုင်မယ်ဆိုရင် ဝက်ခြံဖြစ်တာတွေ လည်း သက်သာသွားမှာပါ။
Credit
23/09/2022
အသားအရေခြောက်သွေ့သူတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်(၁၀)ချက်
အသားအရေအမျိုးအစားတွေ တစ်ယောက်နဲ့တစ်ယောက်မတူကြသလို ဂရုစိုက်ပေးရမယ့်ပုံစံချင်းလည်းမတူကြပါဘူး။ ဒါ့ကြောင့်ပဲ Skin care ပစ္စည်းတွေ၊ အလှကုန်တွေကို အသားအရေအမျိုးအစားအလိုက် ခွဲပြီး ထုတ်လုပ်ကြတာပါ။ ဒီတစ်ခါတော့ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုပြောပြမယ်နော်။
ဘက်တီးရီးယားတွေ၊ အရေပြားဆဲလ်သေတွေ၊ အဆီနဲ့ ဖုန်မှုန့်တွေက အရေပြားမှာနေ့တိုင်းကပ်နေမှာပဲ။ အသားအရေလှပကျန်းမာချင်ရင် ဦးစားပေးရမယ့်ပထမဆုံးအဆင့်က သန့်စင်မှုပါပဲ။
(၁) ညတိုင်း မျက်နှာသစ်ပါ
ချွေးပေါက်ပိတ်ဆို့ခြင်းကနေ အရေပြားယားယံတာ၊ရောင်ရမ်းတာ၊ဝက်ခြံထွက်တာတွေဖြစ်လာနိုင်တယ်။ခြောက်သွေ့ပြီးဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေအတွက်ကတော့ ညအိပ်ခါနီးမျက်နှာသန့်စင်ပေးတာအကောင်းဆုံးပါ။မျက်နှာသစ်တဲ့အခါ ဆပ်ပြာမပါတဲ့ အပျော့စားမျက်နှာသစ်ဆေးကိုသုံးဖို့လိုပါတယ်။ အာနိသင် ပြင်းတဲ့ပါဝင်ပစ္စည်းတွေက အရေပြားကိုပိုခြောက်သွေ့၊ပိုထိခိုက်စေနိုင်တယ်။
(၂) ဒီပါဝင်ပစ္စည်းတွေကိုရှောင်ပါ
Triclosan လို ဘက်တီးရီးယားသေစေနိုင်တဲ့ပါဝင်ပစ္စည်းတွေနဲ့ အမွှေးရနံ့၊ အယ်လ်ကိုဟော၊parabens ၊စတာတွေမပါဝင်တဲ့ အသားအရေထိန်းအလှကုန်တွေကိုရွေးချယ်ပါ။ ဒါတွေက အသားအရေကိုခြောက်သွေ့ယားယံပြီး ထိခိုက်စေနိုင်ပါတယ်။
(၃) မျက်နှာသုတ်တဲ့အခါ အသာအယာတို့သုတ်ပါ
မျက်နှာကို တဘက်နုနဲ့ အသာအယာတို့သုတ်ပါ။ မပွတ်သုတ်ပါနဲ့။ခြောက်သွေ့လွယ်တဲ့အသားအရေကို ပွန်းပဲ့စေနိုင်ပါတယ်။
(၄) မျက်နှာသစ်ပြီး ၃ မိနစ်အတွင်း moisturizer သုံးပါ
အသားအရေသိပ်ပြီးခြောက်သွေ့မသွားခင်မှာ အစိုဓါတ်ထိန်းဖို့အကောင်းဆုံးပါ။ ဒါမှmoisturizer ကို အသားထဲစိမ့်ဝင်စေမှာဖြစ်ပါတယ်။ ညအိပ်ခါနီးမျက်နှာသစ်လည်းmoisturizer သုံးပါနော်။
(၅) ရေဓါတ်ဖြည့်ခရင်မ်တွေကို ရွေးပါ
Glycerin နဲ့ dimethicone ပါဝင်တဲ့ ခရင်မ်တွေက အရေပြားမျက်နှာပြင်အလွှာကိုရေဓါတ်ဖြည့်ပေးနိုင်ပြီး မခြောက်သွေ့အောင် ထိန်းသိမ်းပေးပါလိမ့်မယ်။
(၆) Shea butter ပါတဲ့ နှုတ်ခမ်းပေါင်းဆေး(နှုတ်ခမ်းနီအဆီ)ကိုသုံးပါ
ဘယ်နှုတ်ခမ်းနီမှမဆိုးခင် ဒီလိုနှုတ်ခမ်းဆေးအဆီကို အရင်ဆိုးထားပါ။
(၇)ရေများများသောက်ပါ
အသားအရေကိုရေဓါတ်ဖြည့်တင်းဖို့ရေများများသောက်ပေးပါ။ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေဖို့အတွက်လည်းရေကဆေးတစ်လက်ပါပဲ။
(၈) အဲကွန်းအေးလွန်းတဲ့ ဒါမှမဟုတ် အိုက်လှောင်လွန်းတဲ့ အခန်းတွေကိုရှောင်ပါ
ဒီလိုနေရာပတ်ဝန်းကျင်မှာ မလွှဲမရှောင်သာနေရတယ်ဆိုရင်moisturizing creamsတွေပိုလိမ်းထားပါ။ ဆောင်ထားပြီး လိုအပ်လာရင်အသားခြောက်တဲ့အခါ ထပ်လိမ်းပါ။
(၉) Peeling အပါအဝင်ချေးချွတ်ပေါင်းတင်၊ မျက်နှာဆေးတာတွေ မကြာခဏမလုပ်ပါနဲ့
ဒါတွေ မကြာခဏလုပ်ရင် အသားပိုခြောက်စေနိုင်တယ်၊ ယားယံတာ၊ အဖတ်ကွာတာ၊ နီမြန်းတာ၊ရောင်ရမ်းတာတွေဖြစ်လာနိုင်တယ်။
(၁၀) မျက်နှာကို မထိ၊မကိုင်ပါနဲ့
အရာရာကို ထိတွေ့ထားတဲ့လက်ချောင်းတွေမှာ ကပ်ပါလာတဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ၊ဗိုင်းရပ်စ်တွေနဲ့ ဖုန်မှုန့်အညစ်အကြေးတွေက မျက်နှာအသားအရေကို ထိတွေ့ရောက်ရှိလာမှာကို စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် မျက်နှာကိုခဏခဏမကိုင်ဖို့ အရေပြားကျန်းမာရေးပညာရှင်တွေက သတိပေးတာပါ။ ဒီလိုမျက်နှာကို လက်နဲ့မကြာခဏထိတွေ့၊ ကိုင်တွယ်တတ်သူတွေ၊ ကုတ်ဖဲ့နေတတ်သူတွေမှာ ဝက်ခြံပိုဖြစ်တတ်တာ၊ မကြာခဏပိုးဝင်တတ်တာတွေ့ရပါတယ်။ မျက်နှာကို ဘာပဲလိမ်းလိမ်း လိမ်းတဲ့အခါလည်း လက်ကသန့်နေဖို့အရေးကြီးပါတယ်နော်။
တကယ်တော့ ဒါတွေအားလုံးက အသားအရေထိန်းသိမ်းရေးအတွက် အခြေခံအချက်တွေပါပဲ။ အကောင်းဆုံးက ဘာပစ္စည်းပဲဝယ်ဝယ် ကိုယ့်အသားအရေနဲ့သင့်တော်တာကိုရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
Credit
17/09/2022
ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားရည်ထိန်းသိမ်းနည်း
အဘက်ဘက်ကေ ခတ်မှီလာတော့ ခုခေတ် ဆယ်ကျော်သက် ညီမလေးတွေ ကြည့်လိုက်ရင် အမြဲ full makeup နဲ့တွေ့မြင်နေရတတ်ပါတယ်။
နောက်အင်တာနက်ခေတ်ဆိုတော့ skincare products အသစ်တွေ မိတ်ကပ်ပစ္စည်းအသစ်ဆန်းတွေ brand မျိုးစုံကို လွယ်လွယ်ကူကူ ရှာဖွေဝယ်ယူလို့ ရနေတော့ သူတို့လေးတွေ အကြိုက်ပေါ့..
နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ကတော့ အသားရည်ပျက်စီးတာ၊ ကြော်ငြာအားကောင်းလို့ သုံးမိတာ ဝက်ခြံတွေ မတရားပေါက်လာတာ ချွေးပေါက်ကြီးတွေ ကျယ်လာတာမျိုးတွေ အရမ်းဖြစ်လာကြပါတယ်။
ဆယ်ကျော်သက်အရွယ်ဆိုတာ အသားရည် rejuvenation လို့ခေါ်တဲ့ သဘာဝအလျောက် အသားရည်က သူ့ဘာသူပြုပြင်တာ အကောင်းဆုံးအချိန်ပါ။ ဝက်ခြံတစ်လုံးပေါက်ရင် ပျောက်ဖို့ ၁ ပတ်တောင် မစောင့်ရတဲ့ အရွယ်ပေါ့၊ အရည်ပြား ကျုံ့နိုင်ဆန့်နိုင်အားလည်း အကောင်းဆုံးအချိန်ပေါ့။
အဲ့လိုအရွယ်မှာ ဟော်မုန်းမငြိမ်သက်လို့ ဝက်ခြံပေါက်တာကလွဲရင် တခြားအရည်ပြား ပြဿနာ သိပ်ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။
ခုခေတ်မှာတော့ အဲ့လိုမဟုတ်တော့ဘူး။ ဆယ်ကျော်သက် မိန်းကလေးတွေက အရည်ပြားပြဿနာကို အများဆုံး ရင်ဆိုင်နေရပါတယ် ..
ဆယ်ကျော်သက်အရွယ်အတွက် သင့်တော်တဲ့ အရည်ပြားထိန်းသိမ်းနည်းတွေကတော့ …..
– ရေဓာတ်ပြည့်ဝဖို့ အဓိကပါ။
– brand ထက် ကိုယ့်နဲ့သင့်တော်တဲ့ ပစ္စည်းဖြစ်ဖို့လိုပါတယ်။
– အသက် ၂၀ မကျော်သေးရင် anti aging product တွေ လုံးဝလုံးဝ မသုံးပါနဲ့ဦး။
– ရေဓာတ်နဲ့ အဆီဓာတ် balance လုပ်ပေးနိုင်တဲ့ moisturizer တစ်မျိုးလောက်ပဲ သုံးပေးရင်လုံလောက်ပါပြီ။
– skincare steps တွေ အဆင့်ဆင့် မလိုအပ်ပါဘူး။
– suncream ကိုတော့ မမေ့မလျော့လိမ်းပါနော်။
– မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း အိမ်ပြန်ရောက်တာနဲ့ မိတ်ကပ်တန်းပြီး ဖျက်ပါ။
– တစ်ပတ်ကို တစ်ရက် skin ကို ဘာဆိုဘာမှမလိမ်းပဲ အသက်ဝဝပေးရှူပါ။ product free period လေးထားရှိပေးပါ။
– အိပ်ရေး ဝဝအိပ်ပါ
– ဝမ်းမချုပ်ပါစေနဲ့။
ဒီလောက်ဆိုရင်ပဲ ဆယ်ကျော်သက်လေးတွေအတွက် အရည်ပြားထိန်းသိမ်းမှုက လုံလောက်တာထက်ကို ပိုနေပါပြီ။
တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ skincare တွေ အလွန်အကျွံသုံးတာလဲ မကောင်းပါဘူး ..
ချစ်တဲ့ ညီမလေးတွေ ဘဝရဲ့ အလှပဆုံးအချိန်မှာ သဘာဝအတိုင်းပဲ လှနေနိုင်အောင် မှန်ကန်တဲ့ အရည်ပြားထိန်းသိမ်းနည်းလေး ဝေမျှပေးလိုက်ပါတယ်နော် ……
Credit
15/09/2022
ဆားဝက်ခြံနှင့် ပြည်တည်ဝက်ခြံစို များကို ကုသပျောက်ကင်းနိုင်သော သဘာဝနည်းလမ်းများ
ကောင်းခြင်းငါးဖြာတို့အနက် အသားအရေ၏ကောင်း ခြင်းသည် တစ်ပါးအပါအဝင်ဖြစ် သည်။ ကျန်းမာလှပသောအသားအရေပိုင်ရှင်ဖြစ် စေဖို့ တည်ငြိမ်သောစိတ်နေသဘောထား၊
သင့်လျော်သောအစားအ
သောက်၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး တို့အပြင် အသုံးအဆောင်များဖြစ် ကြသော မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွပ်၊ စောင်၊ အလှ ကုန်ပစ္စည်း စသည်တို့သန့်ရှင်းစေရန်လည်း အထူးလိုအပ်သည်။
အရေပြားဆိုင်ရာပညာရှင်များက အလှကုန်ပစ္စည်း နှင့် ဆေးဝါးအမျိုးမျိုးဖော်စပ်ကာထုတ်လုပ်ကြသော်လည်း တချို့ဓာတုပစ္စည်းများမှာဓာတ်မ တည့်
မှုနှင့်ဆိုးရွားသော တုံ့ပြန်မှုများဖြစ်စေသကဲ့သို့ အနာနှင့်ဆေး တွေ့ ပါသော် လည်း ဈေးနှုန်းမြင့်မားခြင်းအချိန်ကြာကြာစွဲလိမ်းပေးရခြင်းတို့ဖြင့် ကြုံတွေ့ကြရပါသည်။
သို့သော် စိတ်မညစ် ပါနှင့် သင့်မီးဖိုးချောင်ထဲရှိ တန်ဖိုးနည်းပစ္စည်းတချို့ဖြင့်မပင်မပန်း ကရိကထမများဘဲ မိမိအိမ်မှာပင် အောက်ပါ နည်းလမ်းအသွယ် သွယ်တို့ဖြင့် မျက်နှာပေါ်ရှိ ဆားဝက်ခြံ နှင့် ပြည်တည် ဝက်ခြံစိုများကိုကုသပျောက်ကင်းနိုင်ပါသည်။
(၁) သွားတိုက်ဆေး
ဝက်ခြံများအတွက် သွားတိုက်ဆေးသည် အလွန်အ ထိရောက်ဆုံးဖြစ်သည်။ ဝက်ခြံအပေါ်ယံနှင့် အနီးတစ် ဝိုက်တွင် သွားတိုက်ဆေးခပ်ပါးပါးလူးအုံပေးပါ။
သွားတိုက် ဆေး၏ ပူရှိန်းရှိန်းအထိအတွေ့ကို ခံစားရသော်လည်း မစိုးရိမ်ပါနှင့်။ ၂၅ မိနစ်ခန့်အကြာတွင် မျက်နှာကို ရေဖြင့် အသာအယာဆေးကြော သန့်စင်ခြင်းဖြင့် အမြစ်ပါထွက် သွားပါလိမ့်မည်။
ဤနည်းအတိုင်း ရက်သတ္တနှစ်ပတ် တိတိ နေ့စဉ်ပြု လုပ်ခြင်းဖြင့် အကျိုးထူးခံစားရပါလိမ့်မည်။ (အကယ် ၍ ရေဖြင့်မဆေးဘဲ သွားတိုက်ဆေးကိုသာခွာယူပါ လျှင် အသားထဲတွင် အမြစ်ကျန်စေခဲ့မည်ကို သတိပြုပါ)
(၂) ခရမ်းချဉ်သီးအမှည့်
ညအိပ်ရာမဝင်ခင် ခရမ်းချဉ်သီးအမှည့်အနေတော် တစ်လုံးကို အခွံနွှာကြိတ်ချေပြီး ဝက်ခြံပေါ်လိမ်းကျံပါ။ နံနံက်အိပ်ရာထတွင် ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။
ခရမ်းချဉ်သီးထဲတွင် သဘာဝပိုးသတ်ဆေး အစွမ်းသတ္တိ ပါရှိခြင်းကြောင့် ဝက်ခြံများကို ခြောက်သွေ့သွားစေနိုင်ပါ တယ်။
(၃) ရှောက်သီး
မျက်နှာကို ဦးစွာရေနွေးဖြင့် သန့်စင်ပါ။ ရှောက်သီး ကို ခွက်တစ်လုံးစာပမာဏအရည်ညှစ်ယူပြီး ဆားစားပွဲ တင်ဇွန်းတစ်ဇွန်းခန့်ထည့်၍သမစွာမွှေပြီး ဝက်ခြံများ ပေါ် လိမ်းကျံပါ။ မိနစ် ၂ဝ ခန့် အကြာတွင် ရေနွေးဖြင့် မျက်နှာဆေးကြောပါ။
(၄) သံပရာသီး
သံပရာရည်နှင့် သစ်ကြံပိုးခေါက်မှုန့်တို့ကို ဆတူ ရော၍ ညအိပ်ရာမဝင်ခင် ဆားဝက်ခြံပေါ်လိမ်းပေးပြီး နံနံက်အိပ်ရာထ ရေအေးဖြင့်သန့်စင်ပေးပါ။
(၅) ပြောင်းဖူးမှုန့်
ပြောင်းဖူးမှုန့်သုံးဇွန်းကို ရှာလကာရည်တစ်ဇွန်းရော ၍ရရှိလာသောအနှစ်ကို ဝက်ခြံပေါ်တို့လိမ်းပေးပါ။ မိနစ် ၂ဝ ခန့်အကြာ ရေနွေးဖြင့် ဆေးကြောပြီး မျက်နှာသုတ် ပဝါသန့်သန့်ဖြင့် သုတ်ပါ။
(၆) ဒိန်ချဉ်
အဆီမပါသော ဒိန်ချဉ်စားပွဲတင်ဇွန်းသုံးဇွန်း၊ ဂျုံမှုန့် စားပွဲတင်ဇွန်းနှစ်ဇွန်း၊ သံလွင်ဆီစားပွဲတင်ဇွန်း တစ်ဇွန်း နှင့် ရှောက်ရည်စားပွဲတင် ဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဝက်ခြံများပေါ်တို့လိမ်းပေးပါ။
ခုနစ်မိနစ်ခန့် အကြာ ရေအေးဖြင့်ဆေးကြော သန့်စင် ပေးပါ။
(၇) ဆန်
ဆန်ကို နွားနို့ထဲ ငါးနာရီခန့်ကြာအောင်စိမ် ထား ၍ အနှစ်ဖြစ်အောင်ကြိတ်ချေပါ။ ှခမကဘ အဖြစ် မျက် နှာအနှံ့လိမ်းကျံပေးပါ။
(၈) အာလူး
အာလူးစိမ်းကိုကြိတ်ချေ၍ ဝက်ခြံများပေါ် ပွတ်တိုက် ပေးပြီး ၁၅မိနစ်ခန့် အကြာ ရေအေးဖြင့်ဆေးကြောပေးပါ။
(၉) နံနံပင်။
ကြိတ်ချေထားသောနံနံပင်၊ မန်ကျည်းသီးနှင့် ရေ အနည်းငယ်တို့ဖြင့် ရောနယ်ထားသော အနှစ်တို့ကို မျက် နှာဖုံး အဖြစ် အသုံးပြုခြင်းဖြင့် ဆားဝက်ခြံများကို သက် သာလာစေပါမည်။
(၁ဝ) ကွေကာအုပ်
ကွေကာအုပ်ကို အမှုန့်ဖြစ်အောင်ကြိတ်ချေပြီး အ လှဆီရည်ဖြင့်ရော၍ ဝက်ခြံများပေါ်လိမ်းကျံပေးပါ။ ၁၅ မိနစ်ခန့်အကြာ ရေအေးဖြင့် ဆေးကြောသန့်စင်ပါ။
(၁၁) မုန့်ဖုတ်ဆော်ဒါ
ဆားဝက်ခြံများအတွက် မုန့်ဖုတ်ဆော်ဒါနှင့် ရေကို ဆတူရော၍ မျက်နှာအနှံ့စိမ့်ဝင်အောင် ပွတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့်အကြာ ရေနွေးနွေးဖြင့် ဆေးကြောသန့် စင်ပါ။
(၁၂) ပျားရည်
ပျားရည်သည် ဆားဝက်ခြံများအတွက် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်၍ ဝက်ခြံများအပေါ်နှံ့အောင်လိမ်းပေး ပြီး ၁၅မိနစ်အကြာတွင် ရေအေးအေးဖြင့် မျက်နှာသစ် လိုက်ပါ။
”သင်လှချင်ပါသလား၊ မျက်နှာနှင့်လက်ကို ဝေး ဝေးထားပါ”
ဆိုလိုသည့်အဓိပ္ပာယ်ကတော့ မျက်နှာပေါ်ရှိ ဝက်ခြံများကို လက်သည်းဖြင့် ထိုးဆွခြင်း၊ ညှစ်ခြင်း၊ ပွတ် တိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းစသည်ဖြင့် ကြမ်းတမ်းစွာမလုပ် သင့်ပါ။
အမာရွတ်စွဲကျန်စေရုံသာမက လက်မသန့်ပါက ပိုးဝင်စေတတ်ပါသည်။ ကျား/မအရွယ်သုံးပါးမရွေး လူ သားတိုင်း လှတစ်မျက်နှာလေးကို ပိုင်ဆိုင်လိုကြသည်ကို တော့ စိုးစဉ်းမျှယုံမှားသံသယဖြစ်ဖွယ်မရှိပါ။
ထို့ကြောင့် အထက်ပါအိမ်တွင်းဖြစ် ဆေးမြီးတိုနည်းများကိုအသုံးပြု ၍ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့် အဝရရှိစေရန် အကျိုး မျှော်ကာ အကြံပြုလိုက်ရပါသည်
Credit to original writer
12/09/2022
ဆားဝက်ခြံတွေ အမြန်ဆုံးပျောက်စေဖို့ ကြက်ဥအကာ
ဒီနည်းလမ်းလေးကတော့ စာရေးသူလည်း လက်တွေ့ကျင့်သုံးနေတဲ့နည်းလမ်းလေးပါ။ တခြားပါဝင်ပစ္စည်းတွေ များများစားစားမလိုဘဲ ရိုးရှင်းလွယ်ကူလို့ လုပ်ရတာလည်းအဆင်ပြေပါတယ်။
တခါလုပ်ရုံနဲ့တင် ဆားဝက်ခြံတွေ သက်သာလို့ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ချွေးပေါက်ကျယ်မှာစိုးလို့ တစ်ပတ်မှ ၃ ခါလောက်ပဲလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။
ဆားဝက်ခြံနဲ့ပတ်သတ်လို့ သဘာဝနည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီနည်းလမ်းမှာအသုံးပြုရမှာကတော့
ကွကျဥအကာ ၁ လုံး
တစ်ရှုး အနည်းငယ်
ပြုလုပ်နည်း
မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပါ။ ကြက်ဥအနှစ်နဲ့ အကာကိုခွဲလိုက်ပါ။
ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။ ထူထူလေးလိမ်းပေးပါ။ ပြီးအရင်အဲဒီအပေါ်မှာ တစ်ရှုးနဲ့ကပ်လိုက်ပါ။ တစ်ရှုနှစ်လွှာရှိပါတယ် ၁ လွှာပဲကပ်ပါ။ ပြီးရင်ခြောက်အောင်ထားပါ။ အသားအရေက တင်းလာပါလိမ့်မယ်။ အဲဒီအခါမှာ ခွာချလိုက်ပါ။
ပြီးရင်မျက်နှာသစ်ပြီး Moisturizer လေးသုံးပေးပါ။
07/09/2022
သင်မသိသေးတဲ့ ဝက်ခြံ ဖြစ်ပေါ်လာခြင်းအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များ
သင်သိထားသင့်သော ဝက်ခြံအကြောင်း‼️
ဝက်ခြံ ဖြစ်ပေါ်လာရတဲ့ ဇစ်မြစ်များ👇
1.နေရောင်ချည်နဲ့ အလွန်အကျွံထိတွေ့မှုကြောင့်
2.ဟောမုန်းဓာတ်အပြောင်းအလဲကြောင့်
3.ဆေးလိပ်သောက်ခြင်းကြောင့်
4.အရေပြားမူမမှန်မှုကြောင့်
5.စိတ်ဖိစီးမှုများခြင်း
6.အဆီပြန်ပြီး ချွေးပေါက်ကျယ်ခြင်းကြောင့်
7.make-up ပစ္စည်းများသန့်စင်မှုမရှိဘဲ ထပ်တလဲလဲ အသုံးပြုချင်းကြောင့်(မင်မင်သိသလောက် ဒီ 7ချက်က အဓိက ဖြစ်မယ်ထင်ပါတယ်)
‼️ဝက်ခြံ ပေါက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ‼️
1.သနပ်ခါးမလိမ်းရ/ဝက်ခြံပေါ် ထုံးမလိမ်းရ🙅🙅
2.သံပုရာသီးမလိမ်းရ/ဆရာခိုမလိမ်းရ🙅
3.vasline gel /whitening cream မလိမ်းရ
4.သွားတိုက်ဆေး/Bar soap(ကိုယ်တိုက်ဆပ်ပြာ )
မသုံးရ
5.alcohol /baking soda
မသုံးရ
6.ဝက်ခြံပေါက်နေတဲ့အချိန်အတွင်း scrubမတိုက်ရ
‼️ဝက်ခြံ မဖြစ်အောင် ကာကွယ်နည်း‼️‼️
1.အိပ်ရေးဝဝအိပ်ပါ
2.ရေများများသောက်ပါ
3.အပူအစပ် လျှော့စားပါ
4.suncream အမြဲလိမ်းပါ(even stay at home)
5.ရေခဲတုံးနဲ့ မကြာမကြာ ပွတ်တိုက်ပေးပါ
6.မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာ သစ်ပေးပါ
7.အလှပြင် ပစ္စည်းတွေကို တစ်ပတ်တစ်ခါ ဆေးကြောပေးပါ
-ဝက်ခြံဖြစ်တာဟာ ခန္ဓာကိုယ် အားနည်းတာနဲ့ အများကြီးဆိုင်ပါတယ်နော်
အဓိက ကတော့ ရေးများများသောက်ပေးပါ အိပ်ရေးဝဝအိပ်ပါ
_Supplement အနေနဲ့ collengenတစ်မျိုးမျိုးကို သောက်ပေးပါ
04/09/2022
ဆားဝက်ခြံနှင့် ချွေးပေါက်ကျဉ်းစေဖို့ သဘာဝနည်းလမ်းများ
၁။ ရေခဲကပ်ပေးပါ။ ရေအေးဟာ ချွေးပေါက်တွေကို ကျဉ်းစေပြီး ရေနွေးကတော့ ပိတ်နေတဲ့ချွေးပေါက်တွေကို ပွင့်စေပါတယ်။ ထို့ကြောင့် ကြက်သီးနွေးရေနှင့် အရင်မျက်နှာသစ်ပြီး ပိတ်နေတဲ့ချွေးပေါက်ကို ဖွင့်ပေးပါ။ ပြီးလျှင် ဆပ်ပြာနှင့် မျက်နှာသစ်ပါ။
ကြက်သီးနွေးရေနှင့် ဘဲပြန်ဆေးချပါ။ ထို့နောက် ရေသန့်ရေအေး ယူ၍ ချွေးပေါက်ကျယ်တတ်တဲ့နဖူး၊ နှာခေါင်းနှင့် ပါးမို့နေရာတွေကို စက္ကန့် ၂၀ စီလောက်ကပ်ပေးပါ။
၂။ အနှစ်ဖယ်ထားသော ကြက်ဥအကာရေ သီးသန့်ကို ဂွမ်းလေးနဲ့ မျက်နှာအနှံ့သုတ်လိမ်းပေးပါ။
ပြီးရင် တစ်သျှူးပါးပါးလေးကပ်ပေးပါ။ မိနစ် ၂၀ လောက်ကြာရင် တစ်သျှူးခြောက်ပြီး တင်းလာတဲ့အခါမှာ အချပ်လိုက်ခွာချလိုက်ပါ။ ဒီနည်းဟာ အသားအရေအတွင်းထဲအထိ သန့်စင် ပေးတာကြောင့် ဆားဝက်ခြံနဲ့ အညစ်အကြေးတွေကို လုံးဝပြောင်စင် သွားစေပါတယ်။
၃။ ပျားရည်နဲ့ ဒိန်ချဉ်စစ်စစ်ကိုရောပြီး မျက်နှာအနှံ့လိမ်းပါ။ မိနစ်အနည်းငယ်ထားပြီး ရေအေးနှင့် ပြန်ဆေးချပါ။ ပျားရည်က ပိုးသေစေပြီး အနာမြန်မြန်ကျက်စေတယ်။ ဒိန်ချဉ်က ချွေးပေါက်အတွင်းထိ သန့်စင်ပေးနိုင်တယ်။ တစ်ပတ် (၂) ကြိမ် သုတ်လိမ်းပေးပါ။
၄။ ထောပတ်စစ်စစ်နှင့် ဆား(သို့) သကြား တို့ကို ခပ်ပျစ်ပျစ်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေကို ပုံပေးပါ။ ဒီနည်းက ချွေးပေါက်ပိတ်တာကို ပွင့်စေပြီး သေးငယ်သွားစေပါတယ်။
၅။ ကြက်သွန်ဖြူ (၂) လုံး (၃)လုံးနဲ့ ခရမ်းချဉ်သီးတစ်ဝက်ကိုရောပြီး အရေဖြစ်အောင်မွှေပါ။
ချေပါ။ပြီးလျှင်မျက်နှာပေါ်တွင် (၁၅) မိနစ် လောက်ထားပြီး ပြန်ဆေးချပါ။
၆။ ဆလပ်ရွက် လတ်လတ်ဆတ်ဆတ်ကို ခြေပြီး အရည်ညှစ်ပါ။ သံပုရာရည်နှင့်ရောပါ။ ဆလပ်ရည် တစ်ဇွန်းကို သံပုရာရည် ၁-၂ စက်သာထည့်ပါ။
မျက်နှာပေါ်တွင် မိနစ် ၂၀ ခန့်ထားပြီး ရေဆေးချပါ။
ချွေးပေါက်ကျယ်လာခြင်းဟာ ဝက်ခြံ၊ ဆားဝက်ခြံတို့ရဲ့အရင်းမြစ်ဖြစ်ပါတယ်။
အပေါ်က နည်းလေးတွေကို စိတ်ရှည်ရှည်သုံးကြည့်ပါ။
ချွေးပေါက်တွေလုံး၀ မကင်းစင်စေပေမယ့် တကယ့်ကို သိသိသာသာ ကျဉ်းစေမှာပါ...
02/09/2022
ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ကျောက်ပေါက်အမာရွတ်
တွေကိုပျောက်ကင်းစေမယ့်နည်းလမ်း(၅)မျိုး
ဝက်ခြံကြိတ်ကြီးတွေ ထွက်ပြီးတဲ့အခါမှာ အမာရွတ်တွေကလည်း ဖုံးမရဖိမရအောင် ကျန်နေခဲ့တတ်ပါတယ်။ ပြင်းထန်တဲ့ ဝက်ခြံအမျိုးအစားတွေကြောင့် တစ်ချို့အမာရွတ်တွေက အသားထဲကို ချိုင့်ပြီး ခွက်နေတာကြောင့် အဲလိုအမာရွတ်တွေကို ကျောက်ပေါက်အမာရွတ်လို့ခေါ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ကျောက်ပေါက် အမာရွတ် တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလေးတွေပဲဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ မပါဝင်တာကြောင့် စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်နော်။
သဘာဝ နည်းလမ်းတွေဆိုတော့ ချက်ချင်းလက်ငင်း အစွမ်းမပြသည့်တိုင်အောင် ပုံမှန်လေးပြုလုပ်ပေးသွားရင် အံ့မခန်းအကျိုးကျေးဇူးတွေကို ရရှိမှာပါနော်။
(၁) ပျားရည်နဲ့ကော်ဖီ
ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ကော်ဖီမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမသွားအောင်ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို မိနစ် ၂၀ လောက် ခဏနှပ်ထားလိုက်ပါ။ ပြီးရင်တော့ ကျောက်ပေါက်အမာရွတ်တွေပေါ်ကိုလိမ်းပြီး ၁၅ မိနစ်အကြာမှာ ရေနွေးလေးနဲ့ဆေးကြောပေးလိုက်ရုံပါပဲ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။
(၂) အယ်လ်မွန်ဆီ
အယ်လ်မွန်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပုရာရည် ၂ စက်ရောပြီး ၂၅ မိနစ်ခန့်နှပ်ထားလိုက်ပါ။ ရလာတဲ့အဆီကို ကျောက်ပေါက်အမာရွတ်တွေပေါ်လိမ်းပြီး မိနစ် ၂၀ အကြာမှာ ရေနွေးလေးနဲ့ဆေးကြော သန့်စင်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးကို နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။
(၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်ကို တစ်နေ့ ၂ ကြိမ် သန့်စင်တဲ့မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ အကြာမှာ ဆေးကြောပေးခြင်းဖြင့် ဝက်ခြံအမာရွတ်တွေတဖြည်းဖြည်းပါးလာပြီး အသားပြန်ပြည့်လာမှာဖြစ်ပါတယ်။
(၄) ပန်းသီးရှာလကာ
ပန်းသီးရှာလကာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေလက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ရောပြီး ရလာတဲ့အရည်လေးကို ဂွမ်းစလေးနဲ့ တို့တို့ပြီး လိမ်းပေးခြင်းဖြင့် ကျောက်ပေါက်အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
(၅) ကွကျဥအကာ
ကြက်ဥအကာကို ညအိပ်ရာဝင်ခါနီးတိုင်း ဂွမ်းစလေးနဲ့တို့ပေးကာ ကျောက်ပေါက်အမာရွတ်တွေပေါ်မှာလိမ်းပေးပြီး အိပ်ရာဝင်လိုက်ပါ။ ဒီနည်းလမ်းလေးကို ညစဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေကို ပျောက်ကင်းစေပြီး နူးညံ့ချောမွေ့တဲ့အသားအရေကို ရရှိစေမှာပါ။
to original writer
31/08/2022
💦အကိုက်အခဲပျောက်ပလာစတာကပ်နည်းအမှန်ပါ
crd photo
31/08/2022
အဆီပြန် တဲ့ မျက်နှာအသားရေတွက် ..........
ဆောင်ရန် ရှောင်ရန်များ...................
အဆီပြန်တဲ့အသားရေရဲ့ အဓိက ပြသနာကတော့ ဆားဝက်ခြံတွေရှိမယ်၊ မျက်နှာ အဆီပြန်မယ်၊ အဆီဖုတွေထွက်မယ်၊ အသားမညီတာတွေဖြစ်မယ်၊ အမဲစက်တွေဖြစ်ပါမယ်။ အပြင်ထွက်ပြီဆိုရင် မျက်နှာအဆီ ပြန်လို့ လိမ်းထားတဲ့ မိတ်ကပ်တွေ သနပ်ခါးတွေ ပျက်ကုန်ပြီလား။ မျက်နှာသစ်ပြီးလည်း ခဏနေဆို အဆီပြန်လာပြီလား။ဒါတွေက အဆီပြန်တဲ့သူတွေဖြစ်တတ်တဲ့ပြသနာတွေပဲဖြစ်တယ်။
ဒါဆိုရင်တော့ စာဖတ်သူတွေအတွက် မျက်နှာအဆီပြန်တာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မျှဝေချင်ပါတယ်။
#ဆောင်ရန်
၁။ တစ်နေ့ကို မျက်နှာ ၂ ခါသစ်ပါ။ PH ပါဝင်မှု ညီမျှတဲ့မျက်နှာသစ်ဆေးကိုသုံးပါ။
၂။ Alcohol မပါဝင်တဲ့ တိုနာသုံးပါ။
၃။ Moisturize (အသားအရေဆိုပြေစေတဲ့) ခရင်မ်လိမ်းပါ။ အဆီမပါတဲ့ Moisturizer ကိုလိမ်းရမှာဖြစ်ပါတယ်။
၄။ အဆီစုပ်တဲ့ စက္ကူဆောင်ပါ။ အဆီစုပ်စက္ကူကို တစ်နေရာတည်းမှာ ၁၅ စက္ကန့် စက္ကန့် ၂၀ ထိ ဖိပြီး အသံးပြုပေးရမှာပါ။ မျက်နှာကို ပွတ်မလိမ်းပါနဲ့။
၅။ မျက်နှာပေါင်းတင်ပါ။
ထောပတ်၊ ဒိန်ချဉ်၊ ရှားစောင်းလက်ပက်၊ သခွားသီးစတဲ့သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်လို့ရသလို အသင့်လုပ်ပြီးသား မျက်နှာပေါင်းတင်တဲ့ စက္ကူကပ်ပြီး ပေါင်းတင်လို့လည်းရပါတယ်။ တစ်ပတ်ကို ၁ ခါပဲလုပ်ပါ။
၆။ အဆီမပါတဲ့ ပေါင်ဒါတွေသုံးပါ။ 2 way အစား ပေါင်ဒါသုံးပါ။ Eyeshadow ကိုလည်း ခရင်မ်အစား ပေါင်ဒါသုံးပါ။
၇။အသီးအရွက်များများစားပေးပါ။ မျက်နှာ အမြဲသန့်နေအောင်ထားပေးတာက အဆီဖုတွေနဲ့ အဆီပြန်တာတွေကို သက်သာစေပါတယ်။
#ရှောင်ရန်
ကြမ်းတမ်းတဲ့ မျက်နှာသစ်စပ်ပြာကို မသုံးပါနဲ့။
မျက်နှာ ခဏခဏမသစ်ပါနဲ့။ တစ်နေ့ ၂ ကြိမ်ထက် ပိုမသစ်ပါနဲ့။
အလှပြင်ပစ္စည်းတွေ အများကြီးမသုံးပါနဲ့။ မိတ်ကပ်အထူကြီးမလိမ်းပါနဲ့။
ကိုယ်သုံးနေတဲ့ မျက်နှာသုတ်ပဝါတွေ တဘက်တွေကိုပြောင်းသုံးပါ။
အဆီများတဲ့ အကြော်တွေ၊ snack တွေရှောင်ပေးပါ။
to original writer
Click here to claim your Sponsored Listing.
