Nan Pyo Madi - Pyin Oo Lwin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nan Pyo Madi - Pyin Oo Lwin, Health/Beauty, May Myo, Maymyo.
26/07/2026
နန်းပျိုမဒီ (97)အမျိုးသမီးများအဖွဲ့ရဲ့ တစ်လတစ်ကြိမ် ရောက်ရှိလာခဲ့တဲ့ စုပေါင်းအလှူနေ့ရက်လေးဖြစ်သော ယနေ့ 26-07-2026 မှာ
ယခုလအတွက်ရည်ရွယ်လှူဒါန်းဖြစ်သောကျောင်းမှာ ရွှေစင်မင်းသီလရှင်ကျောင်း၊ ရပ်ကွက်ကြီး (1)ဖြစ်ပါတယ်ရှင်။
နန်းပျိုမဒီရံပုံငွေမှစုပေါင်းအများအလှူအနေဖြင့် ဆန်အိတ်၊ဆီ၊ဆား၊ဆပ်ပြာမှုန့်အထုတ်ကြီးများနှင့် Tea mix အထုတ်များတစ်ဦးချင်းထပ်မံအားဖြည့်သောအလှူရှင်များအနေဖြင့် ဦးကြည်လှိုင် + ဒေါ်ကေသီခင်မိသားစုမှ အလှူငွေတစ်သိန်းနှင့် လစဉ်သုံးပစ်စည်းများ၊ ဦးမင်းမင်းကျော် + ဒေါ်ခင်ခင်သူမိသားစုမှ ဆပ်ပြာမှုန့်အထုတ်ကြီး( 5 )ထုတ်၊ အချိုရည်ဗူး (5)ကတ် နှင့် အလှူငွေတစ်သိန်း၊ ဦးကျော်ကျော်မွန် + ဒေါ်မင်းမြတ်ဆွေမိသားစုမှ အလှူငွေ (5)သောင်း၊ဦးကျော်စွာ +ဒေါ်ခင်မိုမို့လွင်တို့မှ ကြက်သွန်နီများ၊တစ်ဦးချင်းထပ်မံထည့်ဝင်လှူဒါန်းသောအလှူငွေများနှင့်နန်းပျိုမဒီအဖွဲ့ရံပုံငွေမှလှူဒါန်းငွေများစုပေါင်းပြီး နဝကမ္မအလှူငွေ (650000)ကျပ် တို့အားရွှေစင်မင်းသီလရှင်ကျောင်းသို့လှူဒါန်းခဲ့ပါတယ်။
ယနေ့လှူဒါန်းမှုအစုစုကိုဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေရန်မျှဝေပေးပါတယ်ရှင်။🙏🙏🙏
နန်းပျိုမဒီမိသားစုများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာလို့၊ဆထပ်တိုးလှူနိုင်ပါစေရှင်။
28/06/2026
ယနေ့ 28-6-2026 မဂ်လာရှိသောရက်လေးဟာ
နန်းပျိုမဒီ (97)အမျိုးသမီးများအဖွဲ့ရဲ့ တစ်လတစ်ကြိမ် ရောက်ရှိလာခဲ့တဲ့ စုပေါင်းအလှူနေ့ရက်လေးပါရှင်။
ယခုလအတွက် ရွေးချယ်လှူဒါန်းဖြစ်သောကျောင်းမှာ ဗုဒ္ဓဓိတာကျောင်း၊ ရပ်ကွက်ကြီး (17)အနီးစခန်းဖြစ်ပါတယ်ရှင်။
နန်းပျိုမဒီရံပုံငွေမှစုပေါင်းအများအလှူအနေဖြင့် ဆန်အိတ်၊ဆီ၊ဆား၊ဆပ်ပြာမှုန့်၊ကြက်သွန်နီ၊တစ်ဦးချင်းထပ်မံအားဖြည့်သောအလှူရှင်များအနေဖြင့် ဦးမင်းမင်းကျော် + ဒေါ်ခင်ခင်သူမိသားစုမှ ဆန်အိတ်၊ဆီ၊ဆပ်ပြာမှုန့်၊ အချိုရည်ဗူးများ၊ ဦးကြည်လှိုင် +ဒေါ်ကေသီခင် မိသားစုမှ အလှူငွေတစ်သိန်းကျပ်၊ ဦးသီဟန် + ဒေါ်အေးအေးငြိမ်းမိသားစုမှ ဆန်တစ်အိတ်နှင့်အမွေးတိုင်များ၊ တစ်ဦးချင်းထပ်မံထည့်ဝင်လှူဒါန်းသောအလှူငွေများနှင့်နန်းပျိုမဒီအဖွဲ့ရံပုံငွေမှလှူဒါန်းငွေများစုပေါင်းပြီး နဝကမ္မအလှူငွေ (540000)ကျပ် တို့အားဗုဒ္ဓဓိတာကျောင်းသို့လှူဒါန်းခဲ့ပါတယ်။
ယနေ့လှူဒါန်းမှုအစုစုကိုဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေရန်မျှဝေပေးပါတယ်ရှင်။🙏🙏🙏
နန်းပျိုမဒီမိသားစုများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာလို့၊ဆထပ်တိုးလှူနိုင်ပါစေရှင်။
31/05/2026
31-05-2026
တစ်လတစ်ကြိမ် ရောက်ရှိလာခဲ့တဲ့ နန်းပျိုမဒီ (97)အမျိုးသမီးများအဖွဲ့ရဲ့ မဂ်လာရှိသောအလှူရက်လေးပါရှင်။
ယခုလအတွက် ရွေးချယ်လှူဒါန်းဖြစ်သောကျောင်းမှာ ပဇ္ဇောတာရုံကျောင်း၊ ရပ်ကွက်ကြီး (1)ဖြစ်ပါတယ်။
နန်းပျိုမဒီရံပုံငွေမှစုပေါင်းအများအလှူအ နေဖြင့် ဆန်အိတ်၊ဆီ၊ဆား၊ဆပ်ပြာမှုန့်၊ကြက်သွန်နီ၊နှင့်နဝကမ္မအလှူငွေ (3)သိန်းကျပ်၊တစ်ဦးချင်းထပ်မံအားဖြည့်သော
လစဉ်အလှူရှင်မဇင်မိသားစု (ဌေးဌေးကြွယ်ဆီဆိုင်)မှ ဆန်အိတ်၊ဆီ၊ဆား၊ဆေးအလှူ၊မသူဇာမိသားစုတို့မှလည်း ဆန်အိတ်နှစ်အိတ်၊ တစ်ဦးချင်းထပ်မံထည့်ဝင်လှူဒါန်းသောနဝကမ္မအလှူငွေများအား ပဇ္ဇောတာရုံကျောင်းသို့ လှူဒါန်းခဲ့ပါတယ်။
နန်းပျိုမဒီများအားလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာလို့၊ဆထပ်တိုးလှူနိုင်ပါစေရှင်။
26/04/2026
26-04-2026 နေ့လေးကတော့ နန်းပျိုမဒီအဖွဲ့ရဲ့တစ်နှစ်ပြည့်အလှူပွဲနေ့လေးဖြစ်ပါတယ်ရှင်
အလှူပွဲလေးကို သကျဓိတာကျောင်း ရပ်ကွက်ကြီး (7) ရွာသစ်ကလေးမှာကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။
တစ်နှစ်ပြည့်အလှူလေးမှာ
သံဃာတော်ငါးပါးအား
သဃ်န်း၊ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခြင်း၊သီလရှင်ဆရာကြီးနှင့်ဆရာလေးများအား
လစဉ်အလှူဖြစ်သောဆန်၊ဆီ၊ဆား၊ဘုရားပန်း၊ဝတ္ထုငွေ၊လှူဒါန်းဖွယ်ပစ္စည်းအစုံလင်နှင့်အတူ၊ ဆရာတော်သံဃာတော်များနှင့်သီလရှင်ဆရာကြီး ဆရာ လေးများကိုနေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
နန်းပျိုမဒီအဖွဲ့တစ်နှစ်ပြည့်အမှတ်တရအဖြစ်ကျောင်းဆောက်လုပ်ရန် အလှူငွေ(10)သိန်းကျပ်တို့ကိုလည်းအဖွဲ့ဝင်များအားလုံးရဲ့စုပေါင်းထည့်ဝင်လှူဒါန်း ငွေဖြင့်ယနေ့ထပ်မံလှူဒါန်းနိုင်ခဲ့ပါတယ်ရှင်။
နန်းပျိုမဒီအဖွဲ့ နှင့်မိသားစုဝင်များစုံညီစွာတက်ရောက်ချီးမြှင့်ပေးခဲ့သော နှစ်ပတ်လည်အလှူမှတ်တမ်းလေးများအား နန်းပျိုမဒီအဖွဲ့ဝင်များနှင့်ခုနှစ်ရက်သား/သမီးများကြည်နူးပိတိဝမ်းမြောက်စွာဖြင့် သာဓု သာဓု သာဓုခေါ်ဆိုနိုင်ပါစေရန် မျှဝေပေးလိုက်ရပါတယ်ရှင်
🙏🙏🙏
29/03/2026
ယနေ့၊
29-03-2026ခုနှစ်၊အတွက် နန်းပျိုမဒီအဖွဲ့မှလှူဒါန်းဖြစ်ခဲ့သောကျောင်းတိုက်ကတော့ အေးမြချမ်းသာ သီလရှင်ကျောင်းတိုက်(နန္ဒဝန်)ဖြစ်ပါတယ်ရှင်။
ယခုလိုတစ်လတစ်ခါ စုပေါင်းအလှူလေးမှာနန်းပျိုမဒီအမျိုးများအားလုံး စုစုစည်းစည်း ပျော်ရွှင်စွာနဲ့ အေးမြချမ်းသာသီလရှင်ကျောင်းသို့ ဆန်၊ဆီ၊ဆား၊ပန်း၊လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့်အတူဝတ္ထုငွေများပြည့်ပြည့်ဝဝလှူဒါန်းနိုင်ခဲ့ပါတယ်။
လစဉ်အလှူလေးဖြစ်မြောက်စေရန်အတွက်နန်းပျိုမဒီအဖွဲ့ဝင်များ၏စုပေါင်း ရံပုံငွေမှမတည်အလှူငွေများ၊ တစ်ဦးချင်းစီ၏ထပ်မံထည့်ဝင်လှူဒါန်းမှု့များဖြင့်တစ်လလျှင်တစ်ကျောင်းလှူဒါန်းနိုင်ရန်ရည်မှန်းထားခြင်းဖြစ်ပါတယ်ရှင်။
ယခုလိုလစဉ်ကုသိုလ်ယူလှူဒါန်းပေးပါသော နန်းပျိုမဒီ အမများ ညီမလေးများနှင့်မိသားစုများ အလိုရှိရာများပြည့်စုံလို့ ယခုထပ်ပိုလှူဒါန်းနိုင်သူများလည်းဖြစ်ပါစေရှင်။
🙏🙏🙏🙏🙏
22/02/2026
နန်းပျိုမဒီအဖွဲ့လေးရဲ့လစဉ်အလှူပြီးမြောက်အောင်မြင်ပြီးနောက် အစဉ်လာမပျက်ဒုတိယအစီအစဥ်အဖြစ်မမင်းမြတ်ဆွေမှညီအမများအားမုန့်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါတယ်ရှင်🥰🥰🥰
22/02/2026
နန်းပျိုမဒီညီအမများ ၏စုပေါင်းအလှူအဖြစ်22-2-2026 ခုနှစ်
ဖေဖော်ဝါရီလတွင်
မဟိန္ဒာရာမမိုးညိုကျောင်းသို့သွားရောက်လှူဒါန်းခဲ့သော အလှူမှတ်တမ်းအမှတ်တရများပါရှင်။
ယခုလိုလှူဒါန်းနိုင်ရန် လစဉ်ရံပုံငွေများလှူဒါန်းပေးသော အမျိုးများအားလုံး၊ခရီးဝေးရောက်နေသော်လည်း လစဉ်အလှူလေးသို့ထပ်မံအားဖြည့်လှူဒါန်းပေးပါသော မဇင် (ဌေးဌေးကြွယ်မိသားစု)၊ မသူနှင့်တစ်ဦးတစ်ယောက်ချင်းအနေဖြင့်ထပ်မံလှူဒါန်းပါဝင်ခဲ့သော မကေနှင့်အမ များအားလုံးပေး၍မကုန်လှူ၍မခန်းဆထပ်တိုးလို့ လှူနိင်ပါစေ၊ အလိုရှိရာများပြည့်စုံပါစေရှင်။
30/01/2026
နန်းပျိုမဒီအဖွဲ့လေးရဲ့ ဇန်နဝါရီလအတွင်း ဒုတိယအကြိမ်မြောက်အလှူဖြစ်သောယနေ့ 30-01-2026 မူကြိုကျောင်းအလှူ အမှတ်တရလေးပါရှင်
သာဓု သာဓု သာဓု
🙏🙏🙏🙏🙏
27/01/2026
နန်းပျိုမဒီအဖွဲ့၏ 24-01-2026 ခုနှစ် ဇန်နဝါရီလ စုပေါင်းအလှူအဖြစ်
ပညာဝတီသီလရှင်ကျောင်း အင်သာရွာ (အောင်ချမ်းသာ)သို့ ယနေ့ အဖွဲ့မှသွားရောက်လှူဒါန်းခဲ့သောအလှူမှတ်တမ်းလေးဖြစ်ပါတယ်ရှင်၊ ယနေ့အလှူတွင်
1.နန်းပျိုမဒီအဖွဲ့မှ မတည်ငွေ 6 သိန်း
2.နန်းပျိုမဒီ ဦးဆောင်အမများမှ နေ့ဆွမ်းအလှူနှင့်
3.နန်းပျိုမဒီအဖွဲ့ဝင်များမှလည်း တစ်ဦးတစ်ယောက်ချင်းအလှူများဖြင့်
စုံစုံလင်လင်လှူဒါန်းခဲ့ပါပြီရှင်
နန်းပျိုမဒီ အဖွဲ့မိသားစုများအားလုံး အလှူရေစက်လက်နဲ့မကွာစိတ်ရှိတိုင်းလှူနိုင်ပါစေ၊ အလိုရှိရာများပြည့်စုံလို့ စီးပွားတိုးတက်ပါစေရှင်
Category
Website
Address
Maymyo
Alerts
Be the first to know and let us send you an email when Nan Pyo Madi - Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
