Mine Aike Nyi Maung

Mine Aike Nyi Maung

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mine Aike Nyi Maung, Health/Beauty, .

25/12/2023

အမြဲလိုလိုလွမ်းဖစ်တရ်...

18/03/2023

ဆိုင်တောင်သူတွေအကပဒေတာ

18/03/2023

တာပုံမင်းသားလေ😍😍😍

Photos from Mine Aike Nyi Maung's post 08/08/2022

🟢 TNLAနဲ့ ဒေသခံတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကို (၁၀၀)ကျော် ဖမ်းဆီးရမိပြီး တဲနေအိမ်တွေကိုဖျက်စီးပစ်

ရွှေဖီမြေ၊ ဩဂုတ်လ ၈ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က ဒေသခံတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို လိုက်လံဖမ်းဆီးခဲ့ရာ အယောက် ၁၀၀ ကျော်ဖမ်းမိပြီး အခုလိုလုပ်ဆောင်နေတဲ့အပေါ် ဝမ်းသာကြိုဆိုကြောင်း ဒေသခံတွေက ဆိုပါတယ်။

TNLAဘက်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ တစ်ကြိမ်နဲ့ ၅ ရက်နေ့မှာတစ်ကြိမ် မူးယစ်ဆေးဝါးသုံးစွဲသူတွေ နေထိုင်ရာနေရာကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာတွေမှာတော့ ဩဂုတ်လ ၄ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

TNLAရဲ့ မြို့နယ်အရာရှိတစ်ဦးက “၃ ရက်နေ့မှာတော့ နမ့်ခမ်းဘက်က သူတို့နေတဲ့နေရာတွေကို ကျွန်တော်တို့သွားဖြိုပစ်ပြီးတော့ မီးရှို့ပစ်လိုက်တာ။ မကြာဘူးနောက်တစ်ရက်မှာပဲ သူတို့က တဲတွေပြန်ဆောက်ပြီး ပြန်နေနေတာ။ အဲတာနဲ့ ကျွန်တော်တို့ နောက်ထပ်တစ်ခေါက် ပြန်ဝင်ပြီး ဖြိုပစ်လိုက်ရတာပေါ့။ ကျွန်တော်တို့ ဝင်တဲ့အချိန်တော့ ရောင်းတဲ့သူတွေတော့ မမိလိုက်ဘူး။ သုံးစွဲတဲ့သူတွေပဲ မိတာ”လို့ ဆိုပါတယ်။

ဆေးသုံးနေသူတွေဟာ နမ့်ခမ်းမြို့ပတ်ပတ်လည်တွေမှာအပြင် စစ်ကောင်စီတပ်စခန်းအနီးမှာရှိတဲ့ သာယာကုန်းရပ်ကွက်က နေဝန်းနီစစ်ရှောင်စခန်းဘေးနဲ့ အောင်မင်္ဂလာနဲ့ ပေါက်နေရပ်ကွက်ကြားရှိ လယ်ကွင်းတွေမှာပါ ပေါ်ပေါ်တင်တင်ရောင်းဝယ် သောက်သုံးနေကြတာလို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ဒီရက်ပိုင်းတော့ ဘိန်းစားတွေ စုနေတာမျိုးတော့ သိပ်မတွေ့တော့ဘူး။ အဲမတိုင်ခင်မှာဆို အဲဒီသာယာကုန်းနားဘက်မှာဆို ပွဲဈေးတန်းကျနေတာပဲ။ တစ်ယောက်တည်း သွားသွားလာလာတောင် မလုပ်ရဲဘူး။ ဒီတစ်ရက်နှစ်ရက် ဘိန်းစားတွေစုနေတာ သိပ်မတွေ့ရတော့ နည်းနည်းတော်သေးတယ်။ နောက်ကြာလာရင်တော့ ဘယ်လိုထပ်လာမလဲတော့မသိဘူး”လို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့ မူးယစ်ဆေးသုံးသူတွေဟာ စစ်ရှောင်စခန်းဘေးမှာပဲ သွားလာလှုပ်ရှားပြီး သောက်သုံးနေကြတာကြောင့် စခန်းရှိလူထုတွေ မူးယစ်သားကောင်ဖြစ်သွားမှာကိုလည်း စိုးရိမ်နေရတယ်လို့ နေဝန်းနီစစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦးလည်း ပြောပါတယ်။

“ညညဆို ကိုယ့်ရဲ့အိုးခွက်တွေကို အပြင်မှာ မထားရဲဘူး။ သံတွေလည်း ဈေးရတော့ ဘိန်းစားတွေ အကုန်ခိုးတာ။ စခန်းမှာဆို ဖုန်းတွေ ပစ္စည်းတွေ ခဏခဏပျောက်တာ။ ဘိန်းစားတွေက ကိုယ့်နားမှာပဲ သွားသွားလာလာလုပ်နေတော့ အမြဲတမ်းစိုးရိမ်နေရတာ အမျိုးမျိုးပေါ့။ TNLA တွေ အခုလို လာဖမ်းတာ ဝမ်းသာပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလိုဝင်ဖမ်းတော့ ဘိန်းစားတွေလည်း သိပ်မစုကြတော့ဘူး။ သူတို့သာ ခဏခဏဝင်နိုင်ရင် သုံးတဲ့သူတွေလည်း လျော့သွားမယ်ထင်ပါတယ်”ဆိုပြီး ပြောပါတယ်။

ဩဂုတ်လ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့အထဲမှာ တအာင်း(၅၃)ဦး၊ ကချင် ၂၅ ဦး၊ တရုတ် ၁၇ ဦး၊ ဗမာ ၄ ဦး၊ ရှမ်း ၁ ဦးနဲ့ လားဟူ ၁ ဦးပါဝင်တယ်ဆိုပြီး TNLA ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီအထဲမှာ တအာင်းလူမျိုးက အများဆုံးပါဝင်နေပါတယ်။

ရှမ်းမြောက်ရှိ မြို့နယ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေပေါများတာနဲ့ လောင်းကစားတွေ ပေါ်ပေါ်တင်တင်လုပ်ဆောင်လာကြတာကြောင့် ခိုးမှုလုယက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အာဏာပိုင်တွေက ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်နိုင်ခြင်းမရှိပဲ ပြဿနာတွေကို ဒေသခံတွေကပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရကြရပါတယ်။

#ဓာတ်ပုံ - TNLA
#မူယစ်ဆေးဝါး #ဖမ်းစီးရမိ #နမ့်ခမ်း #နမ့်ဖက်ကာ
https://www.facebook.com/451214215694715/posts/1254946561988139/

17/07/2022

🟢 ကောင်းဝိုင်းရွာအထက်က TNLA စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ရွှေဖီမြေ၊ ဇူလိုင် ၁၇ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအထက်ရှိ တအာင်းတပ်မတော် (TNLA)ရဲ့စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေပြီး ကျေးရွာအနီးမှာ လက်နက်ကြီး ကျရောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကောင်းဝိုင်းရွာအထက်မှာ အရင်က စစ်ကောင်စီစခန်းပဲ။ TNLA နဲ့ တိုက်ပွဲဖြစ်ပြီးတော့ TNLA ပြန်နေတယ်။ သူတို့အခုပြန်ရချင်လို့လား မသိဘူး။ စစ်ထိုးနေတာ။ စစ်ကောင်စီဘက်က (၁၂)မိုင်ကနေ ၂ လုံး၊ စခန်းသစ်ကနေ ၇ လုံး၊ နမ့်ဖတ်ကာဘက်ကနေ ၇ လုံးလောက်ရှိတယ်။ ကောင်းဝိုင်းဘက်ကို လှမ်းပစ်နေကြတယ်”

ကောင်းဝိုင်းနဲ့ လွယ်လောဝ်ကျေးရွာကြားမှာ စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ထားပြီး ဒေသခံတွေကို လမ်းအသွားအလာ ဖြတ်သန်းခွင့် မပေးဘူးလို့ ၎င်းက ဆိုပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်ကနေ ၄ နာရီကျော်အထိ ပစ်ခတ်ခဲ့ပြီး နမ့်ဖတ်ကာ စစ်တပ်စခန်းကနေ စတင်ပစ်ခတ်ခဲ့တယ်လို့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ဒီဘက်ကနေ စပြီးပစ်တယ်။ သူတို့ပစ်တာလဲ နာရီဝက်မှတခါ၊ (၁၅)မိနစ် တခါ လှမ်းပစ်နေကြတယ်။ လက်နက်ကြီးတွေပစ်ပြီး ခဏမှာ လက်နက်ငယ်တွေနဲ့လည်း လှမ်းပစ်တယ်။ လက်နက်ကြီးသံကြောင့် ခုနေတဲ့အိမ်တောင် တုန်လှုပ်သွားတယ်”

စစ်ကောင်စီ လှမ်းပစ်တဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံလူထု ထိခိုက်မှု မကြားရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလက နမ့်ခမ်းမြို့အနီးမှာ TNLA နဲ့ စစ်တပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့ပြီးတော့ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

#လက်နက်ကြီး #ပစ်ခတ်နေ #စစ်တပ် #ကောင်းဝိုင်းရွာ #နမ့်ခမ်း
https://www.facebook.com/451214215694715/posts/1240405376775591/

14/07/2022

-သင်သွားလိုရာ သွားနိုင်ပြီးဆိုတဲ့။

-အမိန့်ပြန်တမ်း တစ်ခုနဲ့။

-အဆုံးသတ်ကြရတဲ့ကောင်တွေပါ။

-ဒီထပ်ဘာမှ မပိုဘူး။😔

🍂
🍂

14/07/2022

မိုးကလည်းရွာ
နေကလည်းပူ
ဆောင်းကလည်းအေး
ရာသီသုံးခွင်လုံး ဘယ်သူမဆို အိမ်ကို လွမ်းတယ်
သူတို့ခဗျာ
လူမျိုးအတွက်
ပြည်နယ် အတွက်
အဖက်ဖက် က နိုင်တဲ့အားတွေနဲ့
ရည်မှန်းချက်ပန်းတိုင်ကို တတွေမသိမ်း
လျှောက်နေကြတယ်
နေချင်တာပေါ့ ခင်ဗျားတို့လို
ဒါမဲ့ မတူတော့ဘူး ဆိုတဲ့အသိစိတ်တွေဝင်တယ်
အတွေးထဲမှာပေါ်လာတယ် ကျုပ်တို့ပြည်သူတွေ
အစဉ်မှ ပြေရောပြေပါမလား ဆိုတဲ့.......!

Website

Alerts

Be the first to know and let us send you an email when Mine Aike Nyi Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.