Glory Cosmetics Store

Glory Cosmetics Store

Share

Skincare & Cosemetic Service

09/04/2023

HAPPY BIRTHDAY MY Love

May your dreams and wishes come true 🙏
I hope this special day brings all your heart desires I'm blessed to have a lovely husband like you
And no birthday wishes and message can express how much you mean to me 😘
I wish you a lifetime of lovely smile and happiness 😘😘

Happy Birthday ပါ ချစ်ယောက်ကျားရေ မွှေးနေ့မှစ၍,
နှောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း, ကိုယ်၏ကျန်းမာ၍
လိုအင်ဆန္ဒ မတောင်းမတဘဲ တစ်လုံးတစ်ဝ အကုန်ပြည့်ပါစေ 🙏
ကလေးလေးကိုလည်းပို၍ချစ်နိုင်ပါစေ 🙏🙏🙏

01/04/2023

သားသမီး ရှိတဲ့ မိဘများ သေချာဖတ်ကြည့်ထားနော်…

စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး သတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင်
ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ
သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. သင်တို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ သင့် ရဲ့
ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. သင်ကဘယ်လောက်
အဆင်ပြေလဲ?၊ သင် ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု
တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ
တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. သင်တို့ရဲ့..
EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ..
ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို
ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့..
ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို..
တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက်က သုံးခုထဲမှာ.. ဘဝကို အောင်အောင်မြင်မြင်နဲ့
ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူ
တွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့
အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့
့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို
တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန်
နည်းနေတုန်းပဲတဲ့..။ (သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို
ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်း
ကျင်ကို.. ဘယ်လောက်ထိ
သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။ ကိုယ့်ဦးနှောက်
အသိဉာဏ် လယ်ဗယ်ကို တိုင်းတာနိုင်တဲ့.. နောက်ဆုံး
လေးခုမြောက်က..ဘာလဲ❓ (တွေ့ရှိချက် အသစ်တဲ့)👍

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှု
တွေကို ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့..
စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို သင် ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို
စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ဒုက္ခကို..
ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊ မယားကွဲ၊ အလုပ်ပြုတ်၊ စိတ်ကျ၊ ဆူဆိုက်လုပ်၊ လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. အေကျူလယ်ဗယ်
နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...
မိဘတွေဟာ.. ကိုယ့်သားသမီး အေကျူလယ်ဗယ်
မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက
ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း..
ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း
လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။ မမြင့်ရင်လည်း..
ကိစ္စ မရှိပါဘူး။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က..
ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ
ဖြစ်လာကြမှာပါ။

သူရေးထားတဲ့.. နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး..
လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

01/04/2023

နွေနေဘယ်လောက်ပူပူ ဒီလူ မမှုပါဘူး

29/03/2023

သင်္ကြန် မှာဘဲရှိသောသူများ အခြေအနေ

Photos from Glory Cosmetics Store's post 28/03/2023

ရခိုင်မုန့်တီလေးက အရသာရှိ, ထူးကဲပြီး ဘယ်ရခိုင်မုန့်တီနဲ့မှမတူဘဲ
ရခိုင်ပြည်နယ် ကိုရောက်သွားသလိုမျိုးခံစားမှုမျိုးနဲ့အတူ ဖြစ်သွားမှာပါ
ရခိုင်မုန့်တီ တစ်ပွဲ = 1000 ကျပ် တည်းမို့ ခုဘဲမှာယူကြရအောင်

အော်ဒါလက်ခံပါသည် ကြိုတင်မှာယူပေးကြပါရှင့် #

ဖုန်း = 09788097047 ကိုအမြန်ဆက်သွယ်ကြပါရှင့် ❤

27/03/2023

အဲဒါ မင်မင်ဘဲလေး 😂

25/03/2023

စပိုင်ကလင် မှ စပိုင်ကလင်ပဲ လာမတားကြနဲ့မရဘူး

04/02/2023

- တစ်ခုခုဆို မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေတာ
ဘာကြောင့်လဲ ?
- ဘာလုပ်လုပ် ကြောက်နေတာ ဘာကြောင့်လဲ ?

>> ရှင်းရှင်းလေး ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိလို့ပေါ့

- ဟုတ်ပြီ ဒါဆို ဘာလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ( Confident) မရှိတာလဲ ဆိုတာကို ဆက်ပြောပြမယ်...........................!!!

- အများအားဖြင့် Confident မရှိရတဲ့ အကြောင်းအရင်းက....
ဒီ ( ၃ ) ချက်ပေါ်မှာ အခြေခံတယ်

1. Self Confident
- ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိတာပေါ့. ကိုယ်ပြောတဲ့အတိုင်း
ကိုယ်မလုပ်ဖြစ်တဲ့ သူတွေမှာ တွေ့ရများတယ်။ နောက်ပြီး
ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ပေါ်မှာမှုတည်ပြီးလည်း
Self Confidence နည်းသွားတတ်တယ်။

2. Skill Confident
- ဒါကေတာ့ ကိုယ်တတ်တဲ့ပညာဟာ ဒီအလုပ်လုပ်ဖို့အတွက်
မလုံလာက်တဲ့အချိန်မှာ ဖြစ်တတ်ကြပါတယ်။

3. Social Confident
လူအများရှေ့မှာ စကားပြောချင်တယ် မပြောရဲဘူး လူတွေနဲ့
စကားပြောရမှာကိုပဲ ကြောက်နေတာဖြစ်တယ် ။

Don't dare to say something, don't dare to do something, don't dare to hold it.
Why?
- Why are you afraid to do what?

>> It's because I don't have confidence in myself

- Yes, then I will continue to tell you why I am not confident in myself..........................!!!

- Usually the reason for not being confident is....
Based on these (3) points

1. Self Confident
- I don't have faith in myself. As I said
I often find people who don't do it. Also
Based on the environment in which he grew up
Self confidence is often low.

2. Skill Confident
- This is my own knowledge for this work
It happens when it is not enough.

3. Social Confident
I want to talk in public with people I don't dare to talk to
I'm just afraid to talk.

" Glory "

Telephone

Website

Address

သတိပဋ္ဌာန် ထိပ် , ကုန်းမြင့်သာယာဈေး အနီး
Myawadi

Alerts

Be the first to know and let us send you an email when Glory Cosmetics Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Myawadi.