Ei Zar Skincare & Cosmetics
Myeik
30/07/2023
Result ကောင်းပြီး ဈေးသင့်တဲ့ Hair Mask လေး
ရမယ်နော်💙
Mirror Hair Mask
Local brand ထဲမှာ စျေးသက်သာ ပြီး တကယ် quality ကောင်းတဲ့ result ကိုပေးနိုင်တဲ့ hair mask လို့ပြောလို့ရတယ်။ သုံးပြီးသွားရင် အိဆင်းနေသောပဲ။ Kelly ရဲ့ ဆံသား ပြန်ကောင်းလာတာ ဒီ Mirror hair mask ကြောင့်လည်းပါတယ်ပေါ့နော်။ သုံးလာတာ တစ်ဘူးကုန်သွားပြီ။ ကြိုက်လို့ Mirror page ကို ကိုယ်တိုင်သွားမှာပြီးဝယ်ခဲ့တာပေါ့နော်။ Collegen hair mask က ဈေးနဲနဲကြီးလို့ စျေးသင့်တဲ့ hair mask ရှာရင် ဒီကောင်လေးအရင် try ကြည့်ဖို့ recommend ချင်တယ်။
where to buy - Mirror Hair Mask
27/07/2023
အဆီသက်သာပြီး အဆီဖုဝက်ခြံသက်သာစေပါတယ်
အသားအရည်ကြည်ပြီးစိုလာစေတဲ့ Gel Type
Moisture လေး Instock🌿
27/07/2023
ဆံသားအတွက် လိုအပ်တဲ့အာဟာရတွေကို
ပြည့်ပြည့်ဝဝဖြည့်ပေးန်ိုင်ပါတယ်
ဆံသားမွဲခြောက်တာတွေအတွက်ပါ
အရမ်းထိရောက်သော Hair Mask လေးပါရှင်
Instock💙
27/07/2023
Damage ဖြစ်နေတဲ့ ဆံသားတွေအတွက်
Instock❤️
ဆံသားပျက်စီးပြီး ခြောက်သွေ့တတ်သူများအတွက် အဆင်ပြေတဲ့
Mise en scéne ရဲ့ Damage Care Shampoo 💗
ငုံးဒါလေးကို သုံးနေတာ 2 လလောက်လည်းရှိပြီမို့
သိချင်နေတဲ့ သဲလေးတွေအတွက်
ကတိပေးထားတဲ့အတိုင်း ရေးလိုက်ပါပြီခင်ဗျာ
အရမ်းတော့ ပြောစရာမရှိလို့ စာလည်းတိုပါမယ် 🫶🏻
ဒီ shampoo ကလေ ဈေးသင့်တယ်ဆိုတဲ့ထဲတော့ပါတယ်
680ml ကို 20000mmk ဝန်းကျင်ဆိုတော့လေ ~
( ငုံးဝယ်တာတော့ 16500mmk ပဲပေးရပါတယ် )
ဒါပေမယ့် ဝယ်ရင်တော့ တနင့်တပိုးကြီး
တစ်ခါတည်းဝယ်ရတာတော့ ရှိတာပေါ့နော် 😬
💗 အနံ့က သိပ်မမွှေးဘူး ပုံမှန်ပဲ အနံ့လည်းမစွဲဘူး
အမြှုပ်ထွက်အားကောင်းတယ် cleansing အားလည်းကောင်းတယ်
ရေလျှော်ချပြီးရင် ဆံပင်တွေအရမ်းရှုပ်ပြီး
လက်နဲ့ဆွဲချလို့ မရတာ ငြိတာမျိုး သိပ်မဖြစ်ဘူး
💗 လျှော်ပြီးပြီးချင်းမှာပဲ ဆံသားကအိအိချောချောလေးဖြစ်ပြီး
ပုံကျသွားတယ် လို့ခံစားရတယ် နောက်တစ်ခုက
ဆံပင်အရမ်းခြောက်နေတာမျိုး မရှိတော့သလို
ဒါသုံးပြီး နောက်ကနေ ပေါင်းဆေးထပ်သုံးရင်
ပိုပြီးတော့ effective ဖြစ်တယ် ခံစားရတယ်
ချက်ချင်းဆိုသလို ဆံသားလေးက စိုအိပြီးချောနေတာမျိုးပေါ့
💗 ငုံးတို့လို ဆံပင် ခဏခဏဆေးဆိုးတဲ့သူတွေရယ်
ဆံပင် bleach လုပ်ထားတဲ့သူတွေအတွက်လည်း
သုံးလို့ အဆင်ပြေနိုင်ပါတယ်နော်
💗 ဦးရေပြားအဆီပြန်တတ်တဲ့သူတွေလည်း သုံးလို့ရတယ်
ပိုပြီးတော့ မဆိုးသွားစေသလို
အဆီပြန်တာလည်းသက်သာစေမှာ မဟုတ်ပါဘူး
သူ့ရဲ့ effect က ဆံသားပျက်စီးနေရင် ပိုမဆိုးသွားအောင်
ပျက်စီးနေတာတွေကို သက်သာစေတာမျိုးထက်
တစ်ခြား treatment တွေ serum တွေထပ်သုံးရင်
ရမယ့် effect ကို သေချာလက်ခံနိုင်အောင် လုပ်ပေးတဲ့ပုံစံမျိုးပါ
ငုံးကတော့ သဘောကျမိတဲ့အထဲပါပါတယ်
အနံ့မမွှေးတာကိုပဲ မကြိုက်တာပါ 😒👊🏻
26/07/2023
Gluta Series တွေထဲက လူကြိုက်များတဲ့ lotion လေး
ရမယ်နော်💛
Vaseline ရဲ့ Serum Lotion တွေထဲ Gluta-Hya Series အကြိုက်ဆုံးပဲ။ အရင် Fruit Vitamin Serum တုန်းကလဲ အစုံကို သုံးတာဆိုပေမယ့် Gluta-Hya ကျ Serum Type ဖြစ်တဲ့ အပြင် Gluta နဲ့ အစိုဓါတ်ကို မြှင့်တင်ပေးနိုင်တဲ့ Hyaluron လည်းပါဝင်လို့ ပိုသဘောကျတယ်။
ခုနောက်ပိုင်း Sticky ဖြစ်တဲ့ Texture Lotion တွေ မကြိုက်လို့ ဘာသုံးရမလဲမေးရင် Gluta-Hya Series ပဲ သုံးဖို့ ညွန်ပေးလေ့ရှိတယ်။ သူ့မှာက UV ပါတာကော မပါတာကော Series အလိုက် ထွက်ထားတာဆိုတော့ သုံးရတာ အဆင်ပြေတယ်။
သူက အရင်က 3မျိုးပဲ ရှိပေမယ့် ခုနောက်ဆုံးထွက်တဲ့Overnight နဲ့ဆို 4မျိုးလောက်ရှိတယ်။ Suri သုံးနေတဲ့ Lotion တွေ များနေလို့ ကျန်တဲ့ 3မျိုးတော့ စမ်းမသုံးရသေးဘူး။ ဒီ Gluta-Hya Series ထဲက Flawless Glow ကတော့ တဘူးမကုန်ခင် နောက်တစ်ဘူးဆောင်ရထဲအထိ ကြိုက်တာပါ။
ဘူးအပေါက်သေးတော့ ကုန်ခါနီးလေ ဘူးက Lotion ထွက်လာအောင် အသားကုန်ညစ်ရတော့ပိန်လိန်နေတာတော့ မကြိုက်ဘူး။ 🥲
Serum Type မို့ Texture က Light Weight ဖြစ်ပြီး အသားထဲစိပ့်ဝင်လွယ်တယ်။ လိမ်းလိုက်ရင် စေးကပ်မူမရှိဘဲ အေးအေးလေးမို့ ရာသီဥတုမရွေး သုံးလို့ရတယ်။
⭐️ Niacinamide ပါလို့ အမဲစက်တွေ အသားမညီတာတွေကို သက်သာစေပြီး 2X UV Protection လဲ ပါဝင်လို့ တော်ရုံ နေဒဏ်ကတော့ ခံနိုင်တယ်။ အရမ်းနေပြင်းတဲ့နေ့ဆို SPFပါတဲ့ Lotionတော့ ထပ်လိမ်းပေးရမယ်။
⭐️ Whitening၊Brightening၊Glowing Effects တွေပါဝင်လို့ စွဲပြီးသေချာလိမ်းရင် အသားအရေကိုလည်း ဖြူအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။
⭐️ Vitamin C ပါဝင်လို့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်သလို နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်ကာ အရေးအကြောင်းများ၊ အမဲစက်များနှင့် ခန္တာကိုယ်ပေါ်ရှိဝက်ခြံများကို သက်သာစေနိုင်ပါတယ်။
⭐️ Sodium Hyayluronate ကြောင့် အစိုဓါတ်ထိန်းပေးနိုင်ပြီး အရေးအကြောင်းတွေ လျှော့ကျအောင် ပြုလုပ်ပေးနိုင်ပါတယ်။
⭐️ နောက်ဆုံးကတော့ Glutathione ဆိုတဲ့ Gluta ကြောင့် ပုံမှန် Lotion တွေထက် 10ဆ အသားအရေပြုပြင်ပေးနိုင်တယ်။
အဲ့ဒီ Effect တွေက သူ့ရဲ့ Seriesတွေ အကုန်လုံးမှာ ပါဝင်ပါတယ်။
4မျိုး ထွက်တာကိုမှ UV ပါတာ နှစ်မျိုး၊UV မပါတာ နှစ်မျိုးရှိတော့ မနက်၊ည တလှည့်စီ သုံးဖို့ ကိုယ်ကြိုက်တာ ရွေးဝယ်လို့ရတယ်။
Hope you all like this, Thanks. 😍🖤
25/07/2023
အကိတ်ကြီး ရမယ်နော်💙
23/07/2023
Lotion လေးတွေ ရမယ်နော်🤍
Vaseline ကုမ္ပဏီကသူတို့ Vaseline သုံးလွန်းတဲ့သူကိုဆုချမယ်ပြောရင် ငါသေချာပေါက်ပထမရမယ်ထင်တယ်😙
(ဒါတောင်လက်ရှိသုံးနေတာတွေပဲရှိသေး ဘူးခွံတွပါပြလိုက်ရင်ပထမကနေရာကဆင်းရမှာတောင်မဟုတ်)😌
ကိုယ့်လိုပဲပထမဆုဆက်တိုက်ယူမယ်သူတွေရှိလား🤣
Vaseline gluta HYA serum Lotion အနီreview
https://www.facebook.com/100075930247670/posts/211546948052979/?mibextid=cr9u03
Vaseline gluta HYA serum lotion အပြာ+ Cocoa radiant review
https://www.facebook.com/104827968702734/posts/127129923139205/?mibextid=cr9u03
https://www.facebook.com/100075930247670/posts/192347899972884/?mibextid=cr9u03
Daily brightening + Gluta HYA tone up review
https://www.facebook.com/100075930247670/posts/177190211488653/?mibextid=cr9u03
Vaseline gluta HYA serum lotion အဝါ+ပန်းအပြာ Review
https://m.facebook.com/story.php?story_fbid=139632135222317&id=104827968702734&mibextid=qC1gEa
Vaseline spf lotion review
https://www.facebook.com/100075930247670/posts/243915221482818/?mibextid=cr9u03
23/07/2023
Cica Tonic Instock💚
21/07/2023
ဝယ်ကိုဝယ်သင့်တဲ့ Hair Mask လေး
Instock ပါနော်💙
20/07/2023
လိမ်းလိုက်ရင် စိုစိုအေးအေးလေးနဲ့
အဆီဖုဝက်ခြံလည်းသက်သာပြီး
အသားအရည်ကိုလည်း
ကြည်ကြည်စိုစိုလေးဖြစ်တယ်ရှင့်
အဆီပြန်တာလည်းသက်သာပါတယ်နော်💚
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myeik
