Relax King - Myeik
ကျန်းမာခြင်းသည် လာဘ်တစ်ပါး
28/01/2024
❤️တစ်ပတ်လုံးအလုပ်လုပ်ထားရလို့ပင်ပန်းနေပြီလား
🧑💻👩💻ကွန်ပျူတာသုံးရလွန်းလို့ ဇက်ကြောတက်ပြီး မျက်စိတွေမကြည်မလင်ဖြစ်နေပြီလား
👩💻🧑💻 တနေကုန်ရုံးမှာထိုင်ပြီးအလုပ်လုပ်ရလို့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေပြီလား
👉ဒါတွေကိုပျောက်ကင်းနိုင်ဖို့အတွက်👉 Relax King ကို သတိရလိုက်ပါနော်။
အကြောကျွမ်းကျင်သော အနှိပ်ဆရာဆရာမများမှ
🕙နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၉ နာရီအထိ🕗ပိတ်ရက်မရှိကုသပေးနေပါတယ်နော်
📞📞ဖုန်းလေးသာကြိုဆက်ပြီးအမြန်ဆုံးလှမ်းခဲ့လိုက်ပါ
09755155303
အမှတ် (၃၄၇)၊၁၁ လမ်း(အောက်ဘလောက်)၊နောက်လယ်ရပ်၊မြိတ်မြို့
01/01/2024
မင်္ဂလာပါခင်ဗျာ🙏🙏🙏
“””””””””””””””””””””””””
🎆နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည်စုံကြပါစေလို့ ဦးစွာ ပထမ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ🌃
မြိတ်မြို့တွင်နေထိုင်ကျသော လူကြီးမင်းများခင်ဗျာ
ကျွန်တော်တို့ (Relax King မျက်မမြင် အကြောပြင် အနိုပ်ခန်းမ)ကို (1-1-2024)တွင် ပြန်လည်ဖွင့်လှစ်ပေးထားပါတယ် ခင်ဗျာ ကျွမ်းကျင်သော အကြောပြင် ဆရာ/ ဆရာမ တွေလဲ အသစ်ပြန်လည် ခေါ်ယူထားပါတယ် ခင်ဗျာ
ကျွန်တော်တို့ဆိုင်ရဲ့ customer အဟောင်းတွေရော
အသစ်တွေပါ လာရောက် အနားယူဖို့ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ
လူကြီးမင်းတို့ရဲ့ နေစဉ့် ဖြတ်သန်းနေရတဲ့
စီးပွါးရေး၊လူမူရေး၊ကျန်းမာရေး အတွက် ပင်ပန်းတာတွေ
ဖိစီးမူတွေကိုလဲ လာရောက်အနားယူရင်း ဖြေလျော့ပေးလိုက်ပါ ခင်ဗျာ
👉ဇက်ကြောတက်ခြင်း
👉ခါးနာခြင်း
👉ခေါင်းကိုက်ခြင်း
👉အဆစ်အမြစ်ကိုက်ခဲခြင်း
👉တစ်ကိုယ်လုံးညောင်းညာကိုက်ခဲခြင်း
👉နာတာရှည် ညောင်းညာကိုက်ခဲခြင်း အစရှိသည့်
ဝေဒနာရှင်များ လာရောက်ကုသသင့်ပါသည်။
⏯သန့်ရှင်းပြီး လေးအေးပေးစက် တပ်ဆင်ထားသောအခန်း
⏯အသိအမှတ်ပြုလက်မှတ်ရပြီး ကျွမ်းကျင်သော မျက်မမြင် အနှိပ်ပညါရှင်များ
⏯ဖော်ရွေသော ဝန်ထမ်းများဖြင့် အထူးဝန်ဆောင်မှု ပေးနေပါပြီ။
Booking စနစ်ဖြင့် လာရောက်အားပေးခြင်းသည်
လူကြီးမင်း စောင့်စရာ မလိုပဲ ကြိုတင်ပြင်ဆင်ထားပေးပါသည်
Booking
“”””””””””
09755155303-09251145040-09450992060
အမှတ်(၃၄၇)၊(၁၁)လမ်း(အောက်ဘလောက်)၊နောက်လယ်ရပ်၊မြိတ်မြို့။
Opening Daily: 9:00 AM to 9:00 PM
အားလုံးကိုကျေးဇူးတင်ရှိပါတယ် ခင်ဗျာ
21/12/2023
ကျန်းမာရေးကိုဒုက္ခပေးမည့် ပူပြင်းတဲ့ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ
ခုဆို ရာသီဥတုကြီးက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပူပြင်းခြောက်သွေ့လာနေပါပြီ။ နေ့ခင်းဘက်လေး အပြင်မထွက်လိုက်နဲ့။ ပေါင်းအိုးထဲ ထည့်ပြုတ်ခံထားရသလို အပူရှိန်က ဆကဲ ပြင်းထန်ပါတယ်။ ရာသီဥတုကလည်းပူ၊ ချွေးတွေလည်း အထွက်လွန် ရေကလည်းရှားနဲ့ နွေရာသီဆိုတာ အင်မတန်မှ နေလို့ မကောင်းတဲ့ ရာသီတစ်ခုပါ၊ ဒီလိုပူပြင်းတဲ့ ရာသီဥတုကြောင့် သက်တော့င်သက်သာ မရှိတဲ့အပြင် နွေရာသီဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှု အများဆုံးပေးတဲ့ ရာသီတစ်ခုပါ။
ဒီတော့ နွေရောက်တာနဲ့ ဘယ်လို ရောဂါတွေ အဖြစ်များလဲ ။ ။
နေလောင်တာ – နွေရာသီနဲ့နေလောင်တဲ့ အသားအရေက ခွဲခြားလို့မရပါဘူး။ ရာသီဥတုကပူ နေကလည်းပြင်း၊ ခရမ်းလွန်ရောင်ခြည်ေတွကလည်း များနဲ့ အပြင်ထွက်လိုက်ပြီဆို အသားအရေရဲ့ ရန်သူတွေ ပတ်လည်ကို ဝိုင်းလို့။ ပြင်းပြတဲ့နေရာင်ခြည်က နေလောင်ခြင်းကို ဖြစ်စေတဲ့အပြင် အသားအရောင်ကိုလည်း ရင့်လာစေပြီး အရေပြားမှာ ပူစပ်စပ်ဖြစ်တတ်ပါတယ်။
ချွေးထွက်များမယ် – ပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်သက်ရောက်မှုကို ပြန်လည်ပြေလျှော့ဖို့အတွက် ကိုယ်ခန္ဓါက ချွေးထွက်ပေးရပါတယ်။ ရာသီဥတုပူလေလေ ချွေးထွက်များလေလေဖြစ်လို့ကိုယ်တွင်းက ဓါတ်ဆားဓါတ်တွေ ချွေးနဲ့အတူပါသွားတတ်ပါတယ်။ ဒ့ါကြောင့် ပူပြင်းပြီး ချွေးထွက်များတဲ့နွေရာသီမှာ ဓါတ်ဆားအားဖြည့် အချိုရည်တွေ သောက်ပေးဖို့လိုတာပါ။
ရေဓါတ်ခမ်းခြောက် – ရာသီဥတု ပူတာကြောင့် ချွေးထွက်များတာက တစ်ကြောင်း၊ ရာသီဥတုကြောင့် ရေတွေပူနေလို့ သောက်လို့မကောင်းတာကတစ်ကြောင်း ၊ နွေရာသီဆို ရေတွေ ခမ်းခြောက်တာကတစ်ကြောင်းနဲ့ ရေတွေမသောက်ဖြစ်ကြလို့ ရေဓါတ်ခမ်းခြောက်ခြင်း နဲ့ နွေရာသီနဲ့က ခွဲခြားလို့ မရပါဘူး။
ဝမ်းလျှောခြင်း – နွေရာသီဆို ဖုန်ထူတတ်တာ ဓမ္မတာပါ။ ဒါ့ကြောင့် ဖုန်တွေများများကပ်နေနိုင်တဲ့လမ်းဘေးစာတွေ၊ သန့်ရှင်းမှု အားနည်းတဲ့ လက်သုပ်စာတွေ ကို မဆင်မခြင် စားမိလိုက်တဲ့အခါ ဝမ်းလျှောဖို့ ကျိန်းသေပါတယ်။
ဆီးအောင့် – ပူတော့ ရေခဲရေတွေသောက် အများကြီးသောက်မိရာကနေ ဆီးအောင့်ခြင်းဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။
ခေါင်းကိုက် – ပူုပြင်းတဲ့အပူရှိန်က ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်တာကြောင့် တစ်နေကုန်နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ သတိထားစရာ အချက်တစ်ခုပါ။
စိတ်တိုလွယ်နေတတ်ပါတယ် – ရာသီဥတုက ပူတော့ အလိုလိုနေရင်း စိတ်တိုလွယ်နေတာတွေ ၊စိတ်မရှည်သလိုမျိုးတွေ ဖြစ်နေတတ်ပါတယ်။
အပူငုပ်ခြင်း အပူရှပ်ခြင်း – ဒါက ပူပြင်းတဲ့ နွေရာသီရဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်လို့ ဆိုရပါမယ်။ ရာသီဥတုပူရဲ့သားနဲ့ ချွေးမထွက်ဘဲ ချွေးငုပ်နေခဲ့မယ်၊ ခေါင်းကိုက် ခေါင်းမူးတာတွေ ဖြစ်နေခဲ့မယ်ဆိုရင် ဒါ အပူရှပ်တာဖြစ်နိုင်ပါတယ်။
09/12/2023
အကြောပြင် (အနှိပ်ခံ) ခြင်း၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ
တစ်နေ့တာညောင်းညာမောပန်းသမျှကိုပြေလျှော့ဖို့တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အကြော၊ အရိုးတွေ ထိခိုက်မှုမရှိအောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ ခန္ဓါကိုယ်တကိုယ်လုံး အနှိပ်ခံတာက အညောင်းညာပြေဖို့တင် မဟုတ်ဘဲ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်းပေးစွမ်းနိုင်ပါသေးတယ်။ အဲဒါတွေကဘာတွေလဲဆိုတော့
(၁) ခန္ဓါကိုယ် တကိုယ်လုံး စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ တင်းမာခြင်းနဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကောင်းမွန်စေဖို့အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ တိုးပွားစေဖို့သွေးလည်ပတ်မှုကောင်းအောင်လည်း အထောက်အကူပြုစေပါတယ်။
(၂) ခန္ဓါကိုယ်ထဲကိုရောဂါတွေ ဝင်မလာနိုင်အောင် ခုခံတားဆီးပေးထားနိုင်တဲ့သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocytes တုန့်ပြန်မှုကို တိုးတက်စေပါတယ်။
(၃) မောပန်းနွမ်းနယ်ခြင်းတွေကိုပြေပျောက်စေပြီး ခန္ဓါကိုယ် စွမ်းအင်တိုးတက်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း နိုးကြားတက်ကြွစေပါတယ်။ နှိပ်နေရင်း အိပ်ပျော်သွားတယ်ဆိုရင် နိုးလာတဲ့အခါမှာ အားပြည့်လာတာကိုခံစားရမှာပါ။
(၄) စိတ်ဖိစီးမှုဟော်မုန်း ပမာဏကိုလျှော့ချစေတာမို့ စိုးရိမ်စိတ်ပူခြင်းကိုလျော့ကျစေပါတယ်။နောက်ထပ် အကျိုးပြုတဲ့ အချက်ကတော့ ခန္ဓာကိုယ်ထဲမှာပျော်ရွှင်ခြင်းကိုဖြစ်စေတဲ့serotonin ပမာဏကို တိုးစေပါတယ်။သွေးတိုးရောဂါရှိသူများနှိပ်နှယ်ပေးခြင်းဖြင့်သွေးဖိအားကိုကျဆင်းစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်၊
(၅) ချွေးထွက်စေတဲ့အတွက် အရေပြားပေါ်မှရှိတဲ့အဆိပ် အတောက်တွေကိုပြေစေပါတယ်
(၆) ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီးချွေးပေါက်တွေကို ပွင့်စေတဲ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ကို အားပေးပါတယ်။ ပုံမှန် နှိပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်တောက်ပစေပါတယ်၊ အရေပြားလျှော့ရဲခြင်းတွေ မဖြစ်စေဖို့ တားဆီပေးပြီး ရုပ်ဆိုးစေတဲ့ အဆီခဲတွေကိုလျှော့ချပေးပါတယ်။ ဒါဟာ အသားအရေကိုကောင်းမွန်လာစေတဲ့ အချက်ဖြစ်လို့အရေပြား တင်းတင်းရင်းရင်းဖြစ်စေပါတယ်
(၇) အေြကာတက်၊ ညောင်းညာတာတွေကိုပြေစေတဲ့အပြင် အာရုံကြောကိုလဲကောင်းမွန်စေပါတယ်၊
(၈) နှလုံးခုန်နှုန်းနဲ့အသက်ရှူနှုန်းမြန်ဆန်မှုကိုလျော့ကျစေပြီးတွေးတောမှုပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်စေပါတယ်၊
အနှိပ်ခံခြင်းဟာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်အတွက်ပါကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရရှိနိုင်တာကြောင့် ကျန်းမာရေးကောင်းမွန်စေဖို့နဲ့အကြောတက်၊ အညောင်းအညာပြေစေဖို့အနှိပ်ခံပေးကြဖို့အကြံပြုလိုက်ပါရစေ၊
ကျွန်တော်တို့ Relax King ဂျပန်-မြန်မာ မျက်မမြင်အကြောပြင် center မှ
နေ့စဥ် မနက်(၉)နာရီမှ ည(၉)နာရီအထိ
(၁)နာရီ = ၁သောင်း
ကျား\မ သီးသန့်
Wifi free
သန့်ရှင်းပြီး Aircon တပ်ဆင်ထားသောအခန်း၊အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်အနှိပ်ပညာရှင်များ၊ဖော်ရွေသောဝန်ထမ်းများဖြင့် အထူးဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ။
Booking; 09755155303,09251145040,09450992060
လိပ်စာ - အမှတ်(၃၄၇)၊(၁၁)လမ်း အောက်ဘလောက်၊နောက်လယ်ရပ်၊မြိတ်မြို့။
03/12/2023
လေဖြတ်ရောဂါ
လေဖြတ်ရောဂါသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အချိန်မီကုသမှုမရရှိပါက ဦးနှောက်၏လုပ်ဆောင်ချက်များ ဆုံးရှုံးနိုင်ပါသည်။
ဦးနှောက်သည် ၄င်း၏လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုံလောက်သော သွေးပမာဏ ပုံမှန်ရရှိရန် လိုအပ်ပါသည်။ လေဖြတ်ရောဂါကြောင့် ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ ဦးနှောက်၏အစိတ်အပိုင်းများသည် လုံလောက်သော သွေးပမာဏကို မရရှိပါက ၄င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်၏လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် လေဖြတ်ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါသည်။
Contents
လေဖြတ်ရောဂါ အမျိုးအစားများ
ရောဂါလက္ခဏာများ
ရောဂါဖြစ်စေသောအကြောင်းရင်းများ
ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းရင်းများ
ပြုပြင်ပြောင်းလဲ၍ရနိုင်သောအကြောင်းရင်းများ
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာများ
နောက်ဆက်တွဲ ဆောင်ရွက်ရန်
ကာကွယ်နိုင်မည့် နည်းလမ်းများ၊
လေဖြတ်ရောဂါ အမျိုးအစားများ
အဓိကအားဖြင့် လေဖြတ်ရောဂါအမျိုးအစား (၂) မျိုးရှိပါသည်။
(၁) ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း
ဦးနှောက်အတွင်းရှိ သွေးကြောငယ်များ ကျဉ်း၍ ပိတ်ခြင်း
နှလုံးနှင့် သွေးလွှတ်ကြောများမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်း
(၂) ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်း
ရောဂါလက္ခဏာများ
သွေးသွားလာမှုရပ်ဆိုင်းသွားသည့် ဦးနှောက်၏နေရာပေါ်တွင်မူတည်၍ ရောဂါလက္ခဏာအမျိုးမျိုး ကွဲပြားနိုင်ပါသည်။ ထိုလက္ခဏာများမှာ
မျက်နှာ၊ လက်၊ ခြေတစ်ဖက်ထုံခြင်း၊ လေးလံခြင်း၊ လုံးဝမလှုပ်ရှားနိုင်တော့ခြင်း၊ မသန်စွမ်းဖြစ်ခြင်း
စကားပြောဆိုဆက်ဆံရာတွင် အခက်အခဲရှိခြင်း
အစာ၊ ရေ မျိုရခက်ခဲခြင်း
ဆီးဝမ်း မထိန်းနိုင်ခြင်း ထိတွေ့မှုအာရုံ ပျက်ယွင်းခြင်း အမြင်အာရုံ ချို့ယွင်းခြင်း မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် အာရုံစူးစိုက်နိုင်မှုအားနည်းခြင်း စိတ်မထိန်းချုပ်နိုင်ခြင်း
သတိလစ်မေ့မြောခြင်း၊ တက်ခြင်း
ရောဂါဖြစ်စေသောအကြောင်းရင်းများ
ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းရင်းများ
(၁) အသက်ကြီးလာခြင်း
(၂) အမျိုးသားဖြစ်ခြင်း
(၃) မိဘမျိုးရိုးတွင် လေဖြတ်ရောဂါနှင့် နှလုံးရောဂါရှိခြင်း
(၄) ယခင်က လေဖြတ်၊ လေဖြန်း၊ နှလုံးသွေးကြောပိတ်ဖူးခြင်း
ပြုပြင်ပြောင်းလဲ၍ရနိုင်သောအကြောင်းရင်းများ
(၁) သွေးတိုးရောဂါရှိခြင်း
(၂) နှလုံးရောဂါရှိခြင်း (နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း)
(၃) လည်ပင်းရှိ သွေးလွှတ်ကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း
(၄) ဆေးလိပ်သောက်ခြင်း
(၅) သွေးအတွင်း အဆီဓာတ်များခြင်း
(၆) ဆီးချိုသွေးချိုရောဂါရှိခြင်း
(၇) အဝလွန်ခြင်း
(၈) အရက်အလွန်အကျွံသောက်သုံးခြင်း
(၉) ခန္ဓာကိုယ်လှုပ်ရှားမှုနည်းခြင်း
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာများ
ဦးနှောက်အတွင်း သွေးသွားလာမှု ခေတ္တရပ်ဆိုင်းသွားသည့်အခါ လေဖြတ်မည့် အရိပ်အယောင်လက္ခဏာများ ပေါ်လာတတ်ပါသည်။ ၎င်းလက္ခဏာများသည် မိနစ်အနည်းငယ်မျှသာ ကြာမြင့်၍ သွေးသွားလာမှု ပုံမှန်ပြန်ဖြစ်ပါက ချက်ချင်းပျောက်ကွယ် သွားလေ့ရှိပါသည်။ ဤသို့ဖြစ်ခြင်းကို လေဖြန်းခြင်း (သို့မဟုတ်) အသေးစား လေဖြတ်ခြင်းဟု ခေါ်လေ့ရှိပါသည်။ ထိုအချိန်အတွင်း စနစ်တကျ ကုသမှုမခံယူပါက လေဖြတ်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ပါသည်။ ၎င်းလက္ခဏာများမှာ
မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက် ထုံခြင်း၊ လေးလံခြင်း၊
မျက်နှာရွဲ့ခြင်း
ရုတ်တရက် စကားပြောမရခြင်း၊
ပြောသောစကားကို နားမလည်ခြင်း၊
စကား ဗလုံးဗထွေးဖြစ်ခြင်း
ရုတ်တရက် အမြင်အာရုံဝေဝါးခြင်း၊
နှစ်ထပ်မြင်ခြင်း
ရုတ်တရက် လမ်းမလျှောက်နိုင်တော့ခြင်း၊
ဒယီးဒယိုင်ဖြစ်ခြင်း၊
လက်မမြှောက်နိုင်တော့ခြင်း
ရုတ်တရက် မူးဝေခြင်း
ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
လေဖြတ်သည်ဟု ထင်ပါက
(၁) မျက်နှာ (သို့) ပါးစပ် ရွဲ့နေခြင်းရှိ၊မရှိ မျက်နှာကို ကြည့်ပါ
(၂) လက်နှစ်ဘက်စလုံး ကိုယ်တိုင်မြှောက်နိုင်ခြင်းရှိ၊ မရှိ လက်မြှောက်ခိုင်းကြည့်ပါ
(၃) စကားပြောခိုင်းကြည့်ပါ။ စကားဗလုံးဗထွေးပြောနေခြင်းရှိ၊ မရှိ (သို့) သင်ပြောသောစကားကို နားမလည်ဖြစ်နေခြင်းရှိ၊ မရှိ ကြည့်ပါ။
အထက်ပါရှေ့ပြေးလက္ခဏာများထဲမှ တစ်ခုခုကိုတွေ့သည်နှင့် အလျင်အမြန်ဆေးကုသမှုခံယူရန် အနီးဆုံးဆေးရုံသို့ သွားရပါမည်။ အထက်ပါ ရှေ့ပြေးလက္ခဏာများ မိနစ်အနည်းငယ်အတွင်း ပျောက်သွားသည့်တိုင် ဆေးရုံသို့ သွားသင့်ပါသည်။ နောက်ထပ်ဖြစ်လာမည့် အမှန်တကယ် လေဖြတ်ခြင်းကို ကာကွယ်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်ပါသည်။
နောက်ဆက်တွဲ ဆောင်ရွက်ရန်
လေဖြတ်ရာမှပြန်လည်ကောင်းမွန်လာကြသူများအတွက် စနစ်တကျ ရေရှည်စောင့်ရှောက်မှုပေးရန် လိုအပ်သည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုကို စိတ်ရှည်စွာပြုစုရန် လိုအပ်သည်။
နာလန်ထမှုမြန်ရန် ကျွမ်းကျင်သောဆေးပညာရှင်များ၏ အကူအညီရယူ၍ လူနာကိုယ်တိုင်နှင့် မိသားစုမှ စိတ်ရှည်စွာ ဝိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ကြရမည်။
ရောဂါကြောင့် သန်စွမ်းမှု ပုံမှန်မရှိတော့သည့် ကြွက်သားများအတွက် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရမည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ၊
သွေးပေါင်ချိန် ပုံမှန်ရှိရန် ထိန်းပါ။
သွေးချို၊ ဆီးချိုကို စနစ်တကျ ကုသပါ။
သွေးတွင်းအဆီဓါတ် မတက်အောင် ထိန်းပါ။
ဆေးလိပ်ဖြတ်ပါ။
အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
အချို၊ အငန်၊ အဆီလွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပါ။
အမျှင်ဓါတ်များသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို နေ့စဉ်စားသုံးပါ။
ကိုယ်လက်လေ့ကျင့်ခန်းကို တစ်ပါတ် (၅) ကြိမ်၊ တစ်ရက် နာရီဝက်ခန့်ပြုလုပ်ပါ။
ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းပါ။ စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။
လေမဖြတ်မီ ရှေ့ပြေးလက္ခဏာများတွေ့ရှိပါက ဆောလျင်စွာ ကုသမှုခံယူပါ။
လေဖြတ်ရောဂါလက္ခဏာများပေါ်လာချိန်မှ အချိန် (၄) နာရီခွဲအတွင်း ကျွမ်းကျင်သူတို့၏ ထိရောက်သော စမ်းသပ်ကုသပေးမှုရရှိရန် လိုအပ်ပါသည်။ စောစောကုလျှင် ပို၍အကျိုးရှိပါသည်။ လေဖြတ်ရောဂါကို စောစီးစွာသိ၍ အချိန်မီထိရောက်စွာ ကုသနိုင်လျှင် အသက်ကယ်နိုင်ပါသည်။
Crd
01/12/2023
လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်
လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ ကျက်သရေဆောင်ဖြစ်ပြီး၊ကောဇာသက္ကရာဇ် ၁၀၉၃ ခုတွင် ခယ်တောင်ပေါ်၌ ဉာဏ်တော် ၃၂ တောင်ဖြင့် စတင်တည်ထားသည်။ မြိတ်မြို့ကို လေယာဉ်ပေါ်မှ ဖြစ်စေ၊ မြိတ်မြို့အဝင် ကလွင်မော် မီးပြအနီး သင်္ဘောပေါ်မှ ဖြစ်စေ လေးကျွန်းဆီမီးစေတီတော်ကို ရွှေတောင်အလား ဝင်းထိန်နေသည်ကို ဖူးတွေ့ရသည်။
အချက်အလက်များ
မြိတ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး
လေးကျွန်းဆီမီးသိမ်တော်ကြီး စေတီတော် ကုန်းတော်ပေါ် တက်ရောက်ရန် စောင်းတန်းလေးသွယ် ရှိသည့်အနက်၊ အရှည်ဆုံး စောင်းတန်းမှာ စည်ပင်သာယာဈေးကြီး အရှေ့က စောင်းတန်းကြီး ဖြစ်ပြီး ခြင်္သေ့ကြီး နှစ်ကောင် ရံထားသည်။ စေတီတော် ရင်ပြင်ပေါ်တွင် မြောက်ဘက်တွင် တံခွန်တိုင်နှင့် သမဂ္ဂရေကြည်တော်အဖွဲ့ ဓမ္မာရုံ၊ အရှေ့ဘက်တွင် အာရုံခံတန်ဆောင်းနှင့် ကျောက်နုရုပ်ပွားတော် တဆူ၊ နောင်တော်ကြီး ထီးတော်၊ သမဂ္ဂရေကြည်တော်ဓမ္မာရုံ လွန်လျှင် ဂန္ဓကုဋီတိုက်ရှိပြီး၊ ဗုဒ္ဓသာသနာ့အလင်းပြ စာကြည့်တိုက် ဖွင့်လှစ်ထားသည်။ ဂန္ဓကုဋီတိုက် လက်ယာဘက်တွင် ပြတိုက်၊ ပြတိုက် အရှေ့တောင်ဘက်တွင် ဗုဒ္ဓသာသနာ့ဗိမာန်တောကြီး ရှိပြီး၊ ဗိမာန်တော်အဝင်၌ နယားရုပ်တုနှင့် အတွင်းခန်းမဆောင်၌ တာဝတိံသာနတ်ပြည်မှ လူ့ပြည် ကြွတော်မူသည့် မြတ်စွာဘုရားပုံတော် နံရံကပ်ရုပ်တုကို မွမ်းမံကာ ကြေးသွန်းရုပ်ပွားတော် တဆူကို အပူဇော်ခံထားသည်။
သမိုင်းကြောင်း
ကုန်းတော်ပေါ်ရှိ သိမ်ကြီးကို အစွဲပြု၍ ခေါ်တွင်သော လေးကျွန်းဆီမီးသိမ်တော်ကြီး စေတီတော်သည် သက္ကရာဇ် ၁၀၉၃ တွင် မာရိတ်မြို့စား အရမ်မနီနှင့် မြို့လူကြီးများက စတိန်ဆရာတော်ဘုရားကြီး ဦးဇာဂရအား အမှူးထား၍ မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကို ရွှေကြုပ်၊ ငွေကြုပ်၊ကြေးကြုပ်တို့တွင်ထည့်၍ ဌာပနာကာ ဉာဏ်တော် ၃၂ တောင် (ပေ ၄၀)၊ ဖိနပ်တော် ၁၈ တောင်(၂၇ ပေ) ရှိသော စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ကုန်းတော်ကို ရှေးယခင်က ခယ်တောင်ဟု ခေါ်ခြင်းကို အစွဲပြု၍ ခယ်တောင်စေတီဟုလည်း သမုတ်ခဲ့ကြသည်။
သက္ကရာဇ် ၁၁၄၇ တွင် တနင်္သာရီမြို့ဝန် ဗလကျော်ထင် လက်ထက်၌ ခယ်တောင်စေတီကို တိုးချဲ့ပြုပြင်၍ ပြီးမြောက်သော် လေးကျွန်းဆီမီးစေတီတော်ကြီးဟု တွင်စေသည်။ ယခုအချိန်တွင် မြို့လူကြီးများ အဆက်ဆက် ပြုပြင်လှူဒါန်းခဲ့၍ အလျား ပေ ၈၀၊ အနံ ပေ ၈၀၊ ဉာဏ်တော် ပေ ၈၀ အထိ ရှိပြီ။
သက္ကရာဇ် ၁၂၈၂ တွင် မြိတ်မြို့ လူကြီးများက စေတီတော်၏ ထီးတော်ဟောင်းကို ချပြီး၊ ငှက်မြတ်နားဟောင်း၌ ရှိရင်း ရွှေချိန် ၄၇ ကျပ်၊ ၆ ပဲတွင် ရွှေချိန် ၁၃၁ ကျပ်၊ ၁ ပဲ၊ ၂ ရွေးကို ထပ်ဖြည့်ကာ ငှက်မြတ်နား စိန်ဖူးတော် ပြုလုပ်ပြီး၊ ထီးတော်နှင့် တကွ ပြန်လည် တင်လှူသည်။ ၁၂၈၃ တွင် ရွှေမျက်ပါးလွှာ တသန်းကျော်ကို ကပ်လှူသည်။ ၁၃၁၉ တွင် ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို မွမ်းမံ၍ စိန်ဖူးတော် တင်ပွဲ ကျင်းပပြီး၊ စိန်ဖူး သလင်းတုံး၏ အမြင့်၊ လုံးပတ်မှာ ၁၅ လက်မ စီ ဖြစ်သည်။ ၁၉၈၈ နိုဝင်ဘာမှ ၁၉၉၁ ဇန်နဝါရီအတွင်း စေတနာရှင်များက သိန်းပေါင်းများစွာ တန်သော ရွှေစင်ပြား ၉၅ ချပ် ပြုလုပ်ကာ ဆက်ကပ် လှူဒါန်းသည်။
ပြုပြင်မွမ်းမံခြင်း
စေတီတော်ကြီး တည်ရှိရာ သိမ်ကြီးတောင်(ခယ်တောင်)သည် ပေ ၁၂၀ ခန့် မြင့်ပြီး၊ အနောက်ဘက်တွင် မတ်စောက်သဖြင့် ယခင်က ရေတိုက်စားပြီး ပြိုကျလေ့ ရှိသည်။ ကောဇာ ၁၂၈၉ တွင် သိမ်ကြီးတောင် အနောက်၊ ၁၃၃၄ တွင် အနောက်မြောက် တောင်စွန်း ပြိုကျသောကြောင့် တောင်နံရံ တံတိုင်းများ တည်ဆောက်ခဲ့ကြရသည်။ ခရစ်နှစ် ၁၉၈၉ တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျရာ ကုန်းတော်ပေါ် အနောက်မြောက်ဘက် ရင်ပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်သည်။ ထိုစဉ် အင်ဂျင်နီယာများ တိုင်းထွာ စစ်ဆေးချက်အရ ကုန်းတော်သည် အနောက်မြောက်ဘက်သို့ နိမ့်ဆင်းမှု ရှိနေကြောင်း တွေ့ရ၍ တောင်ပြိုခြင်းကို ကာကွယ်ထိန်းသိမ်းမည့် တောင်နံရံတံတိုင်းကြီးများကို ၁၃ ဧပြီ ၁၉၉၀ တွင် စတင်ထပ်မံတည်ဆောက်ခဲ့ရသည်။
စေတီတော်မုခ်ဦးကြီးကို ရန်ကုန်မြို့မှ မြန်မာ့ပန်းတော့အနုပညာရှင်များက ခံညားထည်ဝါစွာ တည်ဆောက်ထားပြီး၊ ကုန်ကျငွေ ၁၃.၃ သိန်းကျော် ဖြစ်ကာ၊ ၁၃၅၃ ခု၊ တပေါင်းလပြည့်တွင် ဖွင့်လှစ်သည်။
ပွဲတော်များ
သမိုင်းဝင် လေးကျွန်းဆီမီးသိမ်တော်ကြီး ကုန်းတော်သည် နှစ်စဉ် အချိန်မှန် ပြုလုပ်ကျင်းပသော မဟာပဝါရဏာ ပွဲတော်ကြီး၊ မြန်မာနိုင်ငံအရပ်ရပ်မှ ထင်ရှားသော တရားဟောဓမ္မကထိက ဆရာတော်ကြီးများ၏ တနှစ်ပတ်လုံး တရားပွဲများ၊ သာသနာ့အာဇာနည်ကြီးများကို ဂုဏ်ပြု ပူဇော်ပွဲများ၊ စာအောင် ဆုနှင်းသဘင် အခမ်းအနားကြီးများ၊ သာမဏေ သံဃာတော်များ စာပြန်ပွဲ၊ စာဖြေပွဲ အစရှိသော ပွဲများ အခါမလပ် ကျင်းပရာ နေရာ ဖြစ်သည်။ မြို့ပေါ်မှ အသင်းပေါင်း ၂၀၀ ကျော်မျှ ရှိ စမ္မစကြာအဖွဲ့များကလည်း အစဉ်မပြတ် ဝတ်ရွတ် ပူဇော်လေ့ရှိသည်။ အခါကြီးရက်ကြီးများ၊ အထူးသဖြင့် သင်္ကြန်ကာလနှင့် သီတင်းကျွတ်ကာလများတွင် ရင်ပြင်တော်အပြည့် တိုးမပေါက်အောင် ရေခြားမြေခြား၊ ရပ်နီးရပ်ဝေး ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသည်။
30/11/2023
Smart Island
^^^^^^^^^^^^^^^^^^^^^^^^^^^
အခုအတောအတွင်းမှာ နာမည်ကြီးလာတဲ့မြိတ်ခရိုင်က
Smart ကျွန်းကိုရောက်အောင်သွားချင်တဲ့စိတ်တွေတော်တော်လေးဖြစ်နေခဲ့မိတယ်
အကြောင်းတိုက်ဆိုင်စွာပဲ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်သွားရောက်ဖို့
ပေါ်လာတာကြောင့် Smart ကျွန်းပေါ်ရောက်ခဲ့ပါပြီ
Smart ကျွန်းဟာ မြိတ်မြို့ကနေ ရေမိုင်(၅၀.၅၁)မိုင်ခန့် ဝေးပါတယ်
Speed Boat အမျိူ : အစားပေါ်မူတည်ပြီး အချိန် (၂:၀၀)နာရီ ကနေ(၂:၃၀)နာရီအကြာ
ခုတ်မောင်းပြီးမှ ကျွန်းကိုရောက်ပါတယ်
ကျွန်း ဟာ ဧရိယာ (၅၄၅.၀၆)ဧကကျယ်ဝန်းပြီး အမြဲစိမ်းတောများပေါက်ရောက်ပါတယ်
ရေချိူ ထွက်ရှိပြီး လူသူအရောက်အပေါက်နည်းတဲ့အတွက် သစ်ပင်ကြီးတွေဟာ နဂိုရှိမြဲအတိုင်း ရှင်သန်နေကြလို့ ကျွန်းအတွင်းကိုဝင်တဲ့အခါ တောနက်ထဲ ဝင်ရောက်ရသလိုပါပဲ
သဘာဝတောပန်းလေးတွေကလည်း ကျွန်းကို အလှဆင်ထားသလိုတွေ့ရပါတယ်
Smart ကျွန်းရဲ့ အထူးခြားဆုံး အချက်ကတော့
မြောက်ဖက်ကမ်းခြေဟာပေ(၄၀၀၀)ခန့်ရှည်လျှားပြီး ကျောက်စရစ်ကမ်းခြေက ပေ (၂၃၀၀)ကျော်ရှည်လျှားပါတယ်
သဲ ၊ကျောက်စရစ်ရောရာကမ်းခြေက ပေ (၁၇၀၀) ရှည်လျှားပါတယ်
တောင်ဘက်ကမ်းခြေဟာ ပေ(၆၀၀)ခန့့်စီရှည်လျှားတဲ့ သဲသောင်ကမ်းခြေ (၃) ခုရှိပါတယ်
ပြောရရင်တော့ သဲကမ်းခြေ ရော ကျောက်စရစ်ကမ်းခြေရော မျက်နှာစာ နှစ်ဖက်စလုံးမှာ
ပိုင်ဆိုင်ထားတဲ့ Smart ကျွန်းပါ။
ကျွန်တော်တို့ အဖွဲ့လည်း Smart ကျွန်းရောက်တုန်းလေး ကမ်းခြေမှာတင်ကျန်ခဲ့တဲ့
ဒိုက် / အမှိုက် တွေကို ကောက်ပြီး နိုင်သလောက်သန့်ရှင်းရေးလုပ်ခဲ့ပါတယ်
ရေရှည်ဆိုရင်တော့ နေ့စဉ် မဟုတ်တောင် တစ်ပတ် နှစ်ရက်လောက် သန့်ရှင်းရေးလုပ်နိုင်အောင် အစီအမံဆောင်ရွက်ထားသင့်ပါတယ်
အရမ်းထူးခြားသာယာလှပတဲ့ Smart ကျွန်းကို နေ့ခြင်းပြန်ခရီးစဉ်နဲ့ အပန်းဖြေ ဖို့
ဖိတ်ခေါ်ပါတယ်
ရောက်တဲ့အခါ ကိုယ်ကိုယ်တိုင် အံ့ဩဘွယ်များကို တွေ့မြင်ခံစားကြရမှာ အမှန်ကန်ပါ
အရှေ့တောင်အာရှ မှာ တစ်ခုတည်းသော ကျောက်စရစ်ကျွန်း ၊
အာရှမှာ နှစ်ခုတည်းသာရှိသော ကျောက်စရစ်ကျွန်း
ကမ္ဘာမှာ ဆယ့်တစ်ခုတည်းသာရှိသော ကျောက်စရစ်ကျွန်း လို့သိရှိရလို့ ဂုဏ်ယူရတဲ့အပြင်
ကမ်းခြေ နှစ်ဖက်ရှိပြီး တစ်ဖက်မှာ ကျောက်စရစ် ၊ တစ်ဖက်မှာ သဲ ဖြစ်လို့
ကမ်းခြေ နှစ်ဖက်စလုံး အလှတရားများနဲ့ပြည့်စုံတဲ့
Smart Island ဖြစ်ပါကြောင်း သတင်းပေးလိုက်ပါတယ်။
26/11/2023
တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စောင့်သောနတ်တို့သည် မယ်ဇလီပင်စောင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည် ။မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း က ပြဆိုပါသည်။
ထို့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇလီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစု၀င်များအားလုံးစားသုံးကာ ၊ ပတ်၀န်းကျင် အိမ်နီးချင်းများအားလည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။
နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။
ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။
လပြည့်နေ ညဉ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ” ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်၀လျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြသည်။
ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။
ငွေကြေးပြည့်စုံသူတို့ကမူ ၊ လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး”(ခေါ်)မုံ့လုံးရေပေါ်များကျွေးခြင်း၊ ကြက်သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊ မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ကို ပြုကာ ၊ ကုသိုလ် ယူလေ့ရှိကြသည်။
25/11/2023
နှလုံးရောဂါ သံသယဖြစ်နိုင်သည့် လက္ခဏာများ
.................................................... #ဒေါက်တာခင်မိုးမိုး
အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမ၀တာတွေလိုမျိုးဖြစ်ရင် နှလုံးရောဂါဖြစ်နေတယ်လို့ သံသယ ရှိနိုင်ပါတယ်။ အဲဒီလို ရိုးရှင်းတဲ့လက္ခဏာတွေ မပြဘဲနဲ့လည်း ခန္ဓာကိုယ်အတွင်း အောက်ဖော်ပြပါလက္ခဏာတွေဖြစ်ပေါ်နေရင် နှလုံးရောဂါအတွက် သံသယဖြစ်နိုင်တာကြောင့် ဆရာ၀န်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ ....................................................
အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း
အိပ်ရင် ဟောက်တတ်တဲ့အတွက် အသက်ရှူရပ်သွားတဲ့အခါမှာ ဦးနှောက်ကနေ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထဲကို သွေးရောက်ရှိဖို့အတွက် နှလုံးနဲ့သွေးကြောတွေကို အလုပ်ပိုလုပ်ဖို့ အချက်ပေးလိုက်တာကြောင့် သွေးဖိအားမြင့်တက်လာတာ၊ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေ မြင့်မားလာပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။....................................................
လိမ္မော်ဝါရောင် အဖုအပိမ့်များ ထွက်ခြင်း
ခန္ဓာကိုယ်ထဲမှာ ထရိုင်ဂလစ်စရိုက်တွေ အလွန်များပြားနေခဲ့ရင် လက်ဆစ်၊ ခြေဆစ်နဲ့ တင်ပါးပတ်၀န်းကျင်က အရေပြားပေါ်မှာ လိမ္မော်ဝါရောင် အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ သွေးကြောအတွင်းမှာ ဒီအဆီတွေ အများအပြားရှိနေတာကြောင့် သွေးကြောတွေ မာကျောလာပြီး ဒီလိမ္မော်ဝါရောင် အဖုအပိမ့်တွေ အများအပြားရှိနေတာ ဖြစ်ပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ....................................................
ဆုပ်ကိုင်နိုင်အား လျော့နည်းခြင်း
သင့်လက်ရဲ့ ဆုပ်ကိုင်အားက သင့်နှလုံးသန်မာမှု ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ပစ္စည်းတွေကို ကောင်းကောင်းညှစ်နိုင်တာက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ....................................................
လက်သည်းအောက်တွင် အမည်းရောင်အစက်အပြောက်ပေါ်ခြင်း
သင့်လက်သည်းတွေ မတော်တဆ ထိခိုက်မိတာမရှိဘဲ လက်သည်းအောက်မှာ သွေးခြည်ဥသလို အမည်းရောင်အစက်ပေါ်နေတာက နှလုံး ဒါမှမဟုတ် နှလုံးအဆို့ရှင်မှာ ရောဂါပိုး၀င်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာပြသူတွေက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ နှစ်ဆကနေ လေးဆအထိ ပိုများပါတယ်။ ....................................................
ခေါင်းမူးခြင်း
ခေါင်းမူးနေတာက နှလုံးချို့ယွင်းနေတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် ရောက်ရှိအောင် နှလုံးက ပို့မပေးနိုင်တာကြောင့်ပါ။ ခေါင်းမူးတာက နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြွက်သားအားနည်းတာကြောင့် နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက်လည်း ခေါင်းမူးနိုင်ပါတယ်။ ....................................................
လိင်ကိစ္စမစွမ်းဆောင်နိုင်ခြင်း
အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်တာက သွေးဖိအားမြင့်တက်တာ ဒါမှမဟုတ် ကိုလက်စထရောတွေ များနေတဲ့အတွက် သွေးကြောကျဉ်းတာနဲ့ ဆက်စပ်နေတဲ့ သွေးလှည့်ပတ်မှု ပြဿနာကြောင့်ပါ။ အမျိုးသမီးတွေမှာလည်း သွေးလှည့်ပတ်မှုပြဿနာကြောင့် လိင်စိတ်ခံစားမှု ကင်းမဲ့နေတတ်ပါတယ်။ ....................................................
အသားအရေအရောင်ပြောင်းလဲခြင်း
လက်ချောင်းနဲ့ ခြေချောင်းတွေမှာ အပြာရောင် ဒါမှမဟုတ် အညိုရောင်ဖြစ်နေတာက မွေးရာပါ နှလုံးချို့ယွင်းတာ၊ သွေးကြောကျဉ်းတာ ဒါမှမဟုတ် သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့ သွေးလှည့်ပတ်မှုမကောင်းတာကြောင့်ပါ။ အသားအရေမှာ သွေးခြည်ဥသလို ဖြစ်နေတာက သွေးကြောထဲမှာ ကပ်ငြိနေတဲ့ ကိုလက်စထရောဖတ်တွေက ပြိုကွဲသွားပြီး အရေပြားအောက်ကို ရောက်ရှိသွားတာကြောင့်ပါ။ များသောအားဖြင့် လက်ဖဝါးနဲ့ ခြေဖဝါးနေရာတွေမှာ အဖြစ်များပါတယ်။ ....................................................
သွားဖုံးသွေးယိုခြင်း
သွားဖုံးရောဂါနဲ့ နှလုံးရောဂါက ဆက်စပ်မှုရှိပါတယ်။ သွားဖုံးမှ ဘက်တီးရီးယားပိုးတွေက သွေးကြောကတစ်ဆင့် နှလုံးထဲရောက်သွားပြီး နှလုံးရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ....................................................
အရေပြားပေါ်တွင် ပုံမှန်ထက် အရောင်ရင့်သော အကွက်များထွက်ခြင်း
လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလိုမျိုး အသားအရေတွန့်ခေါက်တဲ့နေရာတွေမှာ ပုံမှန်ထက် အရောင်ရင့်ပြီး ထူထပ်လာတဲ့အသားအရေဖြစ်ပေါ်လာတာက အင်ဆူလင်ဟော်မုန်းကို အသုံးပြုရာမှာ အခက်အခဲဖြစ်လာတာကြောင့်ပါ။ ဆီးချိုရောဂါဖြစ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါကာကွယ်ဖို့အတွက် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
ခြေထောက်ဖောရောင်ခြင်း
အချိန်အကြာကြီးမတ်တတ်ရပ်ရသူ ဒါမှမဟုတ် ထိုင်နေရသူတွေမှာ ခြေထောက် ဖောရောင်တတ်ပြီး များသောအားဖြင့် ကိုယ်၀န်ဆောင်သူတွေမှာ အဖြစ်များပါတယ်။ နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်အတွင်း သွေးလှည့်ပတ်မှု မကောင်းတာကြောင့်လည်း အရည်တွေ စုဆောင်းမှုဖြစ်ကာ ခြေထောက်ဖောရောင်နိုင်ပါတယ်။ ရုတ်တရက် ခြေထောက်ဖောရောင်လာခဲ့ရင် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
အသက်ရှူရခက်ခဲခြင်း
အသက်ရှူမ၀တာက နှလုံးအလုပ်မလုပ်နိုင်တာ၊ နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာ ဒါမှမဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက်္ခဏာဖြစ်တာမို့ ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် လဲလျောင်းနေစဉ် အသက်ရှူမ၀တာ ဒါမှမဟုတ် အရင်က သင် လွယ်လွယ်ကူကူလုပ်နေကျအလုပ်တွေ လုပ်အပြီး အသက်ရှူရခက်ခဲနေရင်ပါ။ ....................................................
မောပန်းခြင်း
နှလုံးအလုပ်မလုပ်နိုင်တာကြောင့် မောပန်းတတ်တာက ခန္ဓာကိုယ်အတွက် သွေး လိုအပ်သလောက် အတိုင်းအတရောက်အောင် ပို့ဖို့ နှလုံးကြွက်သားတွေက မညှစ်နိုင်တာကြောင့်ပါ။ ချောင်းဆိုးတာနဲ့ ခြေထောက်ဖောရောင်တဲ့ လက္ခဏာ ရှိ မရှိကိုလည်း စစ်ဆေးသင့်ပါတယ်။ မောပန်းတာက ကင်ဆာရောဂါ၊ သွေးအားနည်းရောဂါ ဒါမှမဟုတ် စိတ်ကျဝေဒနာလိုမျိုး ရောဂါတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့်ပါ။
#ဒေါက်တာခင်မိုးမိုး
25/11/2023
ကျွန်းစုမြို့နယ်
တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်
ကျွန်းစုမြို့နယ် (သို့မဟုတ် မြိတ်အနောက်မြို့နယ်) သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျွန်းစုမြို့ ဖြစ်သည်။မြိတ်မြို့၏ အနောက်ဘက်၊ အနောက်မြောက်နှင့် အနောက်တောင်ဘက်ရှိ မြိတ်ကျွန်းစု၏ အစိတ်အပိုင်း အတော်များများသည် ကျွန်းစုမြို့နယ်တွင် ပါဝင်သည်။ကျွန်းစုမြို့သည် ကတန်ကျွန်းပေါ်တွင်တည်ရှိပြီး မြိတ်မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။
ကျွန်းစုမြို့နယ်
မြိတ်ခရိုင်အတွင်းတည်နေရာ
ကျွန်းစုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျွန်းစုမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 11°48′6″N 98°31′32″E
နိုင်ငံ
မြန်မာ
တိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး
ခရိုင်
မြိတ်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့
ကျွန်းစုမြို့
လူဦးရေ (၂၀၁၄)
၁၇၁,၇၅၃
အချိန်ဇုန်
မြန်မာစံတော်ချိန် (UTC+6.30)
ကျွန်းစုမြို့နယ်တွင် ကျွန်းအများအပြား ပါဝင်သည်။ အရွယ်အစားအမျိုးမျိုး ရှိကာ ကျွန်းပေါင်း ၂၀၀ကျော်ခန့် ရှိသည်။ Geography of South Tenasserim and Mergui archipelago by Mr. H.L Chhibber တွင်မြိတ်ကျွန်းစု၌ကျွန်းပေါင်း ၉၀၀ ကျော် ရှိကြောင်း အကြမ်းဖျင်း ဖော်ပြသည်။ မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်း ကတန်ကျွန်းမှာ စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။ ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ -
လန်ပိကျွန်း
လက်စွပ်အော်ကျွန်း
ပြင်စဘုကျွန်း
သရောသဟန်ကျွန်း
ကွမ်းသီးကျွန်း
ကျွန်းစုမြို့နယ်ကို မြိတ်မြို့နယ်မှ ၁၉၉၀ ခုနှစ်တွင် ခွဲထုတ်ခဲ့သည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myeik
