TENET hair & beauty.com
TENET hair & beauty .com မှကြိုဆိုပါသည်။
23/11/2024
ရဲတိုက်၊ ဝတ်မှုန်ရွှေရည် နဲ့ ဒေါင်း သရုပ်ဆောင်ထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ထဲမှာ ဒေါင်းက နောက်ဆုံး ဝတ်မှုန်ရွှေရည် ပြန်မချစ်လို့ သူ့ကိုယ်သူ
သ ၊တ်ေ.သ သွားတယ်။
တစ်ကားလုံး အရမ်းကောင်းလွန်းလို့ သုတေးအကြိုက်ဆုံး မြန်မာကားစာရင်းမှာ ပါတဲ့အထိပဲ။
ရုပ်ရှင်ထဲမှာ ဝတ်မှုန်ရွှေရည်က သူ့ကို ဘယ်လိုပဲ အရမ်းချစ်နေပါစေ ဒေါင်းနဲ့ဆိုရင် သူ မပျော်ဘူး။ ဒေါင်းကို သူလည်း တော်တော်သံယောဇဥ်ရှိပြီး ချစ်ရှာပါတယ်။ တော်တော်လည်းတန်ဖိုးထားတယ်။
ဒါဆို နှစ်ယောက်လုံး အပြန်အလှန်ချစ်ခင်ပါလျက်နဲ့ အဆုံးမှာ ပေါင်းဖို့ မရွေးတာဘာလို့လဲ။
ဒေါင်းက ဘာတွေများ မှားနေလို့လဲ။
ဝတ်မှုန်ရွှေရည် က ဘာတွေများမှားနေလို့လဲ။
နှစ်ယောက်လုံး မမှားပါဘူး။
အဲ...ဒါပေမဲ့ သူတို့ကြားထဲမှာ ကွာဟမှုတစ်ခုရှိနေတယ်။ အဲ့ဒါကတော့ တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က နားမလည်ခြင်း၊ စိတ်မဝင်စားခြင်းနဲ့ စိတ်မပါခြင်းပဲ။
အခန်းတစ်ခန်းမှာဆိုရင် တော်တော်သိသာတယ်။
ဝတ်မှုန်ရွှေရည် က သူစိတ်ဝင်စားတဲ့ ဝတ္ထုစာအုပ်ကိုဖတ်ပြီး စာရေးဆရာတွေအကြောင်း၊ ဇာတ်လမ်းအကြောင်း စိတ်အားထက်သန်စွာနဲ့ ပြောနေချိန်မှာ ဒေါင်းက မြသန်းတင့်ဆိုတာ ဘယ်သူလဲတောင်မသိဘူး။
တစ်ခန်းဆိုရင် ဝတ်မှုန်ရွှေရည် က ဝတ္ထုဖတ်နေတုန်းမှာ ဒေါင်းက ဘားဖွင့်ဖို့ဆိုလား၊ ညဘက်သောက်စားဖို့ဘာဆိုလားပဲ ပြောနေတာ။ ဝတ်မှုန်ရွှေရည် ကလည်း အဲ့ဒါကိုလုံးဝ နားထောင်မနေဘူး။
စိတ်လည်းမဝင်စားနေဘူး။
ဒီနေရာမှာ စာဖတ်တာက အကောင်း၊ ညဘက် ဘားကလပ်တွေလုပ်တာကအဆိုး၊
ဒေါင်းကအကောင်း၊ ဝတ်မှုန်ရွှေရည် က အဆိုးလို့ ပြောချင်တာမဟုတ်ပါဘူး။
သူတို့ကြိုက်တာကိုသူတို့လုပ်ကြတာမို့ နှစ်ယောက်လုံးအတွက်ကတော့ အကုန်အကောင်းပါပဲ။
ပြောချင်တာက...
တကယ်တော့ လူနှစ်ယောက်က စိတ်ဝင်စားတဲ့အရာချင်း လုံးဝမတူကြတဲ့အခါ
(တချို့လူတွေအတွက်တော့ ပေါင်းဖက်နိုင်ဖို့ဖြစ်နိုင်ပေမဲ့)
တချို့လူတွေအတွက်က မတူတာတွေကြားမှာ ညှိနှိုင်းရတာဟာ အရမ်းခက်ခဲတယ် ဆိုတာပဲ။
တစ်ယောက်စိတ်ဝင်စားတာကိုလည်း တစ်ယောက်က လိုက်မလုပ်ချင်ရင် ပိုဆိုးပြီပေါ့။ တစ်ဖက်ဖက်က လိုက်လုပ်နေပေးရင်တောင် နည်းနည်းတော်သေးတယ်။ ဒါပေမဲ့ တကယ်တမ်း ရေရှည်မှာရော သူဘယ်လောက်အထိလုပ်ပေးနိုင်မှာလဲ။ ဘယ်အထိစိတ်ရှည်မလဲ။ တစ်ဖက်တည်းကပဲ အမြဲအလျှော့ပေးနေရတဲ့အခါလေ။
Bobby Soxer ဆိုရင် အရင်က ဂိမ်းလုံးဝမဆော့ဘူး လို့ သိဖူးတယ်။ လွှမ်းပိုင်ဂိမ်းဆော့လို့လိုက်ဆော့ပေးတာတဲ့။
ဝမ်းနည်းစရာ.... ။
ဒီလိုပဲ...လွှမ်းပိုင်လည်း သူ့ဘက်ကလိုက်လုပ်ပေးနေခဲ့ရတာတွေ ရှိကောင်းရှိခဲ့မှာပေါ့လေ။ သူများအတွဲကိစ္စ ကိုယ်မြင်ရတာမဟုတ်။ အကြာကြီးအချင်းချင်းစိတ်ရှည်ပေးခဲ့ကြရမှာ။
ဒါပေမဲ့ ပြောချင်တာ က
တစ်ဖက်က လူက ကိုယ်ပြောနေတာတွေကို လုံးဝ စိတ်မဝင်စား၊ ကိုယ်လုပ်နေတဲ့အလုပ်ကို အထင်ကြီးမှုမရှိ၊ ကိုယ့်ဖြစ်တည်မှုနဲ့အလုပ်အပေါ် ကျေနပ်လေးစားမှုမရှိ၊ ကိုယ်ပြောချင်တာတွေကို နားထောင်ချင်စိတ်မရှိဘူးဆိုရင်
အဲ့လူနှစ်ယောက်ဟာ ရေရှည်ကျရင် အရမ်းခက်ခဲတဲ့ ဆက်ဆံရေးတစ်ခုကို ဖြတ်သန်းရမှာ။
လူလူချင်းတူဖို့ကလည်း လွယ်တော့မလွယ်ပေမဲ့
မတူရင်တောင် တစ်ယောက်ရဲ့ဖြစ်တည်မှုကို တစ်ယောက်က လေးစားမှု ရှိနေရင်၊ စိတ်ဝင်စားနေရင် အဆင်ပြေနိုင်ပေမဲ့၊
လူနှစ်ယောက်ကြားက လုပ်ချင်တာချင်း၊ ဖြစ်ချင်တာ...ပြောချင်တာ...စိတ်ဝင်စားတာတွေချင်း မတူတာတွေက အရမ်းကြီးမားလာတဲ့အခါ ပင်ပန်းကြရတဲ့ဆက်ဆံရေးဖြစ်လာမှာ။
ဒေါင်းဟာ ဝတ်မှုန်ရွှေရည် ပြောနေတဲ့ စာအုပ်တွေအပေါ် လုံးဝလေးစားမှုမရှိခဲ့ဘူး။ ဝတ်မှုန်ရွှေရည် စာဖတ်တာကိုလည်း အထင်ကြီးမှုမရှိခဲ့ဘူး။
ဒီလိုပဲ ဝတ်မှုန်ရွှေရည် ကလည်း ဒေါင်းရဲ့ စီးပွားရေး ချဲ့ထွင်နိုင်မှု၊ အရ၊က်ဆိုင်သစ်တွေဖွင့်ဖို့ ကိစ္စ ဘာညာကို အထင်ကြီးလေးစားတာမျိုး မရှိခဲ့ဘူး။ သူတို့နှစ်ယောက်ဟာ လုံးဝကို မတူညီခဲ့ဘူး။ အဲ့ဒါထက် တစ်ယောက်လုပ်နေတာကို တစ်ယောက်က လေးစားမှု၊ နားလည်မှု၊ စိတ်ဝင်စားမှု၊ အထင်ကြီးမှု မရှိခဲ့တာပဲ။
ဒီတော့ ဝတ်မှုန်ရွှေရည် က သူ စာဖတ်တာကိုလေးစားပြီး စာတွေအကြောင်းပြောလို့ရတဲ့ ရဲတိုက်ကိုပဲ ရွေးချယ်တယ်။ ရဲတိုက်နဲ့ချစ်သွားတယ်။
လူတွေဟာ ဘယ်သူမဆို သူတို့ပြောတဲ့စကားကို သေချာနားထောင်ပေးပြီး သူတို့ရဲ့ဖြစ်တည်မှုနဲ့စိတ်ဝင်စားမှုကို လေးစားပေးတဲ့၊ သူတို့ကို ကြင်နာစွာအထင်တကြီးရှိပေးတဲ့သူကို လိုချင်ကြတာပဲ။ လူတိုင်းဟာ ကိုယ်ပြောတဲ့စကားကို စိတ်ဝင်တစား နားထောင်ပေးတာမျိုးခံချင်သလို၊
စကားတွေအပြန်အလှန်တစ်ခုခုကို ဆွေးနွေးဖလှယ်ကြရင်း အတူတူငြင်းခုန်ရင်း ဖြတ်သန်းချင်ကြတာပဲ။
ကိုယ်ပြောတဲ့စကားကို ဘာမှလိုက်မပြော၊စိတ်မဝင်စားတဲ့အပြင် ကိုယ့်ဖြစ်တည်မှုကိုလည်း လေးစားမှုမရှိတဲ့သူဆိုရင် တချို့တွေအတွက်တော့ သည်းခံဖို့ဖြစ်နိုင်ရင်တောင်
လူအတော်များများဟာ သည်းမခံနိုင်ကြတာများပါတယ်။
ဝါသနာချင်းလုံးဝမတူရင်တောင် တစ်ဖက်သားရဲ့ ကိစ္စတွေကို လေးစားစိတ်ဝင်စားနေရင် အဆင်ပြေနိုင်ပါသေးတယ်။
နှစ်တစ်နှစ်အသစ်ကူးပါတော့မယ်။ နှစ်ဟောင်းမှာ အဆင်မပြေတာတွေ ချန်ရစ်ခဲ့ပြီး နှစ်သစ်မှာ...
လူသားအားလုံး..
ကိုယ့် အလုပ်၊ ကိုယ်ပြောတဲ့စကား၊ ကိုယ့်ဖြစ်တည်မှုကို စိတ်ဝင်တစား၊ တလေးတစားရှိတဲ့သူ၊ အပြန်အလှန် ပြန်လည်ပြောဆိုလိုတဲ့သူ၊ နားလည်ပေးတဲ့သူနဲ့ ဆုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ❤
🙏
26/09/2023
ဝက်ခြံအကြောင်း သိကောင်းစရာများ
အချို့လူတွေက တစ်ခါတလေမှသာ ဝက်ခြံ အနည်းငယ် ပေါက်တတ်ပေမဲ့ အချို့လူတွေကတော့ နီရဲဖူးရောင်နေတဲ့ ဝက်ခြံတွေကြောင့် မျက်နှာသစ်ဖို့တောင် နာကျင်နေတာမျိုးကို ခံစားနေကြရပါတယ်။
သင်ဟာ ဝက်ခြံပေါက်တဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရသည်ဖြစ်စေ သင့်နဖူးမှာ ပေါက်တတ်တဲ့ whiteheads (ဝက်ခြံပုန်း) တွေအကြောင်း သိချင် နေသည်ဖြစ်စေ ဒီမှာသင်သိသင့်တဲ့ အချက် ၆ ချက်ကို ဖော်ပြပေးထားပါတယ်။
ဘယ်သူတွေက ဝက်ခြံပေါက်နိုင်ခြေပိုများသလဲ။
ဝက်ခြံတွေဟာ သင့်အသားအရေမှာရှိတဲ့ အဆီဂလင်းတွေဟာ ပိုလျှံနေတဲ့အဆီတွေ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေတဲ့အခါ ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားတွေ ဝင်သွားတာနဲ့ ချွေးပေါက်တွေ မွေးညှင်းပေါက်တွေဟာ ရောင်ရမ်းလာပြီး ဝက်ခြံ စဖြစ်ပါတော့တယ်။
လူအများစုက ဝက်ခြံတွေဟာ ဆယ်ကျော်သက်တွေမှာပဲ ရှိတယ်လို့ ထင်ကြ ပါတယ်။ တကယ်တမ်းမှာတော့ အသက်အရွယ်မရွေး လူမျိုးမရွေး ဝက်ခြံဖြစ်တတ်ကြပါတယ်။ အသက် ၅၀ ပတ်ဝန်းကျင် လူကြီးတွေတောင်မှ ဝက်ခြံ ပြဿနာကို ခံစားနေရတတ်ပါသေးတယ်။
ဘာတွေက ဝက်ခြံဖြစ်စေတာလဲ။
ဝက်ခြံ ဖြစ်စေတဲ့ အဓိကတရားခံကို သိပ္ပံပညာရှင်တွေတောင် ရှာမတွေ့နိုင်သေးပါဘူး။ ဒါပေမဲ့ ဝက်ခြံတွေဟာ အောက်ပါ အချက်တွေပေါင်းစည်းလိုက်တဲ့အခါ ဖြစ်လာနိုင်တယ်လို့တော့ခန့်မှန်းထားကြပါတယ်။
• ဟော်မုန်းမညီမျှခြင်း (အပျိုဘော်၊ လူပျိုဘော်ဝင်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်း)
• မိသားစုသမိုင်းကြောင်း
• ချွေးပေါက်ပိတ်စေပြီး ဆားဝက်ခြံဖြစ်စေနိုင်တဲ့ မိတ်ကပ်တွေနဲ့ အလှကုန်များ
advertisement icon
Advertisement
• အချို့သော ဆေးဝါးများ
လေထုညစ်ညမ်းမှုနဲ့ စိုထိုင်းဆများခြင်းစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကလည်း ဝက်ခြံ အပေါ် ဆိုးရွားစွာ သက်ရောက်စေနိုင်ပါတယ်။ ဝက်ခြံတွေကို ညှစ်ခြင်း ခွာခြင်းကလည်း ပိုမို ဆိုးရွားစေနိုင်ပါတယ်။
သင်ဝက်ခြံပေါက် နေတဲ့အခါမှာ သင့်မျက်နှာကို ဂျေးချွတ်လိုက်ခြင်းက ပိုပြီး သန့်စင်သွားစေမယ်လို့ သင်ထင်နေနိုင်ပါတယ်။ သွားတော့ မလုပ်လိုက်ပါနဲ့။ အဲ့ဒီလို လုပ်လိုက်ခြင်းက အသားအရေကို ပိုပြီး ပျက်စီးစေနိုင်ပါတယ်။
သင်ဝက်ခြံပေါက်နေတဲ့အခါ သင့်အသားအရေကို ဘယ်လို ထိန်းသိမ်းမလဲ။
ဝက်ခြံ ကုသခြင်းမှာ လိမ်းဆေးတွေရော သောက်ဆေးတွေပါလိုအပ်နိုင်ပါတယ်။ တကယ်လို့သင့်မှာ ဝက်ခြံ ပေါက်နေပြီ ဆိုရင် ကုသပေးနိုင်ဖို့ အရေပြား အထူးကုဆီသွားဖို့ အကြံပေးချင်ပါတယ်။ ဝက်ခြံတွေက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူး ဆိုပေမဲ့ အမာရွတ်မထင်ဖို့နဲ့ အမဲကွက်ကြီးတွေဖြစ်မနေဖို့ စောစီးစွာ ကုသသင့်ပါတယ်။
ဆေးကုသခြင်းအပြင် ဝက်ခြံကို ပိုမိုလျင်မြန်စွာ ပျောက်ကင်း သက်သာလာစေဖို့ အောက်ပါအချက်တွေကိုလည်း လုပ်ဆောင်ပေးပါ။
• နူးညံ့တဲ့ မျက်နှာသစ်ဆေးနဲ့ တစ်ရက်၂ကြိမ်မျက်နှာသစ်ပေးပါ။
advertisement icon
Advertisement
• ဝက်ခြံတွေကိုသွားမထိပါနဲ့။
• မုတ်ဆိတ်ရိတ်မယ်ဆိုရင်လည်း အမွှေးတွေ ပျော့ပျောင်းသွားဖို့ မုတ်ဆိတ်ရိတ်ခရင်မ် မသုံးခင် သင့်အသားကို အရင် ဆေးကြောသန့်စင်ပေးပါ။
• နေရောင်ခြည်နဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ပါ။ အပြင်သွားစရာ ရှိနေတယ်ဆိုရင် နေရောင်ကာခရင်မ်တွေကို သေချာပြန့်နှံ့အောင် လိမ်းသွားပါ။ ၂နာရီခြား တစ်ခါ ထပ်ထပ်လိမ်းပေးပါ။
• ချွေးပေါက်မပိတ်စေတဲ့ ပစ္စည်းတွေကိုပဲ သုံးပါ။
ဝက်ခြံ ပေါက်ခြင်းဟာ သင့်ကို စိတ်ဓါတ် ကျစေနိုင်ပါတယ်။ အထူးသဖြင့် အချိန်အကြာကြီး ဆေးကုသမှုတွေခံယူနေရပြီး ဆေးတွေသောက်နေတာတောင်မှ အနည်းငယ်လေးမှ တိုးတက်မှု မရှိသေးတဲ့ အချိန်တွေမှာပေါ့။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက သင့်အသားအရေကို အထောက်အပံ့ အများကြီးဖြစ်စေပါတယ်။ တကယ်လို့သင်ဟာ ဝက်ခြံ ပေါက်နေတာ ကြာနေပြီး ဆေးကုသမှုတွေက အလုပ်မဖြစ်ဘူးလို့ ထင်နေရင် သင့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲကြည့်သင့်ပါတယ်။ ညီမျှတဲ့ စားသောက်မှုပုံစံ၊ ပုံမှန် လေ့ကျင့်ခန်း လုပ်တာနဲ့ အိပ်ရေး၀၀ အိပ်တာတွေက သင့်အသားအရေကို ပြောင်းလဲသွားစေမှာပါ။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။
health-tool-icon
ကျား / မ
အမျိုးသား
အမျိုးသမီး
အသက်ဘယ်လောက်ရှိပြီလဲ (years) နှစ်
အရပ်အမြင့် (ft)
ကိုယ်အလေးချိန် (lbs)
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ရင်းမြစ်များ
ယခင်
ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။
ဆက်စပ် အကြောင်းအရာများ
ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ
အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား
နောက််ထပ်ဆောင်းပါး
မှတ်ချက်ဆောင်းပါး
Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!
အသားအရေနှင့် အလှအပ
ဝက်ခြံ
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
Aye Thi Mon မှ ရေးသားသည်။ · 25/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!
Probiotics လို့ ပြောလိုက်ရင် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေတယ်လို့ပဲ အများက သိထားကြတာပါ။ တကယ်ကတော့ probiotics တွေက အစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် အရေးပါတဲ့ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရေပြားကို အတွင်းပိုင်းကနေစပြီး လှပစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါသတဲ့။ ဒီလိုဆို လူတော်တော်များများ ကြုံတွေ့နေရတဲ့ ဝက်ခြံပြဿနာ ပြေလည်စေဖို့ရော probiotics ကို အားကိုးလို့ရမလားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတဲ့ မေးခွန်းလေးကို အဖြေထုတ်ပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။
Probiotics နဲ့ ဝက်ခြံအကြောင်းကို မပြောခင် Probiotics အကြောင်းလေးကနေစပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ရှင်းပြပေးပါမယ်။
advertisement icon
Advertisement
Probiotics ဆိုတာ ဘာလဲ
Probiotics ဆိုတာက ခန္ဓာကိုယ်ကိုယ်ကို ကျန်းမာစေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာတဲ့ ဘက်တီးရီးယားလေးတွေ များပြားစေဖို့ လုပ်ဆောင်ပေးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ကောင်းကျိုးပြု ဘက်တီးရီးယားလေးတွေပေါ့။
ဒီကောင်းကျိုးပြု ဘက်တီးရီးယားလေးတွေကို အချဉ်စိမ်ထားတဲ့ အစားအစာတွေဖြစ်ကြတဲ့ ဒိန်ချဉ်၊ ချဉ်ဖတ်၊ ကင်မ်ချီတို့လိုမျိုး အစားအစာတွေထဲမှာ တွေ့ရနိုင်ပါတယ်။ သာမန်မျက်စိနဲ့တော့ မမြင်နိုင်ဘူးပေါ့။
သက်ဆိုင်သည့် ဆောင်းပါး
why-sleep-deprivation-causes-acne
ဝက်ခြံ
အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား
စာရေးသူ ဓာတ်ပုံ
badge
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။• 26/09/2022
Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား
Probiotics လို့ သိကြတဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီး ကျန်းမာစေမယ့် ဘက်တီးရီးယားတွေကို တိုးပွားစေတာကြောင့် စားသမျှ အာဟာရဖြစ်စေဖို့နဲ့ အစာခြေစနစ်ပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
နောက်တစ်ချက်က အရေပြားအပါအဝင် ခန္ဓာကိုယ်အနှံ့က ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
အစာခြေစနစ်လိုပဲ အရေပြားမှာလည်း ကောင်းကျိုးပြု ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားဆိုပြီး ရှိနိုင်ပါတယ်။ ဒီ ဘက်တီးရီးယားတွေကို ဟန်ချက်ညီအောင် ထိန်းပေးမယ်ဆိုရင် အရေပြား ကျန်းမာရေးကို ထောက်ကူပြီးသားဖြစ်မှာပါ။
အရေပြားအတွက် probiotics ကို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို သောက်ပေးလို့လည်း ရပါတယ်။ Probiotics ပါတဲ့ အစားအစာတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။ ဒီတော့ Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား ဆိုတာကို ဆက်ပြောပြပေးပါမယ်။ Probiotics က ဝက်ခြံ သက်သာစေပါတယ်။ ဒီလို ပြောရတာက Probiotics က
အရောင်ကျစေနိုင်တယ်
ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အရေပြားကို ရောင်ရမ်းတာ ယားယံတာတွေကို ဖြစ်စေပါတယ်။ ဒီလို နေရခက်တာကြောင့် လက်နဲ့ ကုတ်ဖဲ့တာ ညှစ်တာတွေ လုပ်မိရင်းက အရေပြားမှာ ဝက်ခြံတွေက မပြတ်တမ်းထွက်လာပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Probiotics ကို အားကိုးလို့ ရပါတယ်။ အကြောင်းကတော့ ကောင်းကျိုးပြု ဘက်တီးရီးယားလေးတွက အရေပြားမှာ ကျန်းမာတဲ့ ဘက်တီးရီးယားပမာဏကို ဟန်ချက်ညီအောင် ထိန်းညှိပေးပြီး အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။
ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ဖွားအောင် ကာကွယ်ပေးတယ်
advertisement icon
Advertisement
အရေပြားပေါ်မှာ probiotics ကို တိုက်ရိုက် အသုံးပြုပေးတာက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ဖွားအောင် ကာကွယ်ပေးရာရောက်ပါတယ်။
ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကနေ ကာကွယ်ပေးတယ်
ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့် အရေပြားမှာ ထိခိုက်တာ၊ ပိုးဝင်ကူးစက်လွယ်တာတွေ မဖြစ်စေဖို့လည်း probiotics က ကာကွယ်ပေးပါတယ်။ ဝက်ခြံအပြင် အရေပြားပြဿနာ တော်တော်များများကို ကာကွယ်ပေးသလို သက်သာစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။
Skin barrierကို ထိန်းပေးတယ်
မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ချေးချွတ်တာ၊ အပြင်းစား ဓာတုပစ္စည်းတွေ သုံးတဲ့အခါ အရေပြားပျက်စီးပြီး အရေပြား ထိခိုက်လွယ်တာ၊ နီမြန်းတာ၊ ဝက်ခြံထွက်တာ၊ ကျိန်းစပ်တာတွေ ဖြစ်တတ်ပါတယ်။ Probioticsက အရေပြားရဲ့ သဘာဝ အရံအတားကို ကာကွယ်ပေးတာကြောင့် အထက်ပါပြဿနာတွေကို သက်သာစေပါတယ်။
26/09/2023
🙏🙏🙏🥰🥰🥰
ဒီpost မြင်ပြီး အသဲပေးတဲ့လူတွေ ငွေတွေအထပ်လိုက်ဝငိပါစေ 🍀🍀🍀❤️❤️❤️
31/08/2023
ချစ်တဲ့သူကိုသတိရတဲ့အခါ
'ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ ' လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့' မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။
ကိုယ်ချစ်တဲ့ သူတစ်ယောက်
~ အေးချမ်းပါစေ။
~ ဘေးအန္တာရယ်တွေက ဝေးပါစေ။
~ စိတ်မဆင်းရဲပါစေနဲ့။
~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။
~ လုပ်ငန်းတွေ အောင်မြင်ပါစေ။
~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။
~ လူမိုက်တွေ ရန္က ဝေးပါစေ။
~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။
စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။
ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။
ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ္ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။
'အချစ်' ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကိုအကောင်းဆုံး ဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။
ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။
မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရှိပီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။
မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။
မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။
အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။
ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။
ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ပါ။
-ချစ်တဲ့သူကိုသတိရတဲ့အခါ
🙏မဂ်လာအပေါင်းနဲ့.....
ပြည့်စုံကြပါစေ🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Opening Hours
| Monday | 08:00 - 21:00 |
| Tuesday | 08:00 - 21:00 |
| Wednesday | 08:00 - 21:00 |
| Thursday | 08:00 - 21:00 |
| Friday | 08:00 - 21:00 |
| Saturday | 08:00 - 21:00 |
| Sunday | 08:00 - 21:00 |
