Nway

Nway

Share

If u want to know about skincare,u can ask me.Although I don't know much about skincare but I will answer as much as I know.

22/11/2020

အားလုံးပဲ မဂ်လာပါ နွေးပါ
နွေး အကြောင်းအမျိုးမျိုးကြောင့် pageလေးကို မrunဖစ်တာ အားလုံးပဲ နွေးကို မေ့သွားကြပီလားဟင်😞.
အခုကစပီး Nway pageလေးကို ပြန်runပါတော့မယ်😊

ကဲ ဒီနေ့ နွေးပြောပြချင်တာ​ကတော့ Star Secret ရဲ့ Toner and Emulsion အကြောင်းပဲဖစ်ပါတယ်ရှင့်.
Bloggerတွေတော်တော်များများညွှနိးပီး နာမည်ကြီးနေတာနဲ့ နွေးလဲ ဘာတွေကောင်းလို့ နာမည်ကြီးနေတာလဲဆိုပီး စမ်းချင်တဲ့စိတ်နဲ့ မှာချလိုက်တာပေါ့နေယ်😁

Star Secret (Toner)

-သူ့tonerက သုံးလိုက်ရင် အေးအေးလေးနဲ့ အသားထဲကို ​အမြန်စိမ့်ဝင်သွားတယ်.ပီးတော့ သုံးပီးရင်လဲ skinက ခြောက်ခြောက်ကြီးမကျန်ခဲ့ပဲ စိုစိုပြေပြေလေးဖစ်နေတာကို နွေး သဘောကျမိတယ်.နွေးက aloe vera favဆိုတော့ aloe vera အနံသင်းသင်းလေးရတာကိုလဲ ပိုသဘောကျမိတယ်😊.နောက်တစ်ချက် ဘာသဘောအကျဆုံးလဲဆိုတော့ သူက alcohol freeဖစ်နေတာပဲ.alcohol freeဖစ်တော့ sensitive skinကစ အသုံးပြုလို့ရတာပေါ့ကွယ်😊
နွေး skin က acne ထွက်တတ်တဲ့skin ဆိုတော့ alcohol ပါတဲ့ tonerတွေဆို နွေးနဲ့မတည့်ဘူး အာ့ကြောင့် alcohol freeတွေကို ရွေးဝယ်ဖစ်တာ များတယ်.အသဲတို့လဲ toner ဝယ်မယ်ဆိုရင် alcohol free ဖစ်တာလေးတွေ ရွေးဝယ်ကြပါနော်.alcohol free ဖစ်တော့ ကိုယ့်မျက်နှာပေါ်တင်တဲ့အခါ safeဖစ်တာပေါ့နော်😊tonerတော့ ကြိုက်လားမကြိုက်လားမမေးနဲ့ ပုံထဲမှာသာကြည့်လိုက်​​တော့ ဘူးထဲမှာ ဘာမှမရှိတော့ဘူး😁

Star Secret (Emulsion)

-နွေး အမှန်အတိုင်း ပြောရရင် အစကတော့ emulsionသုံးရမှာ နဲနဲလန့်တယ်ကွာ.ဘာလို့လဲဆိုတော့ နွေးရဲ့ skin က oily ကိုမှ acne ထွက်တတ်တဲ့ အသားအရေ ဆိုတော့ emulsion(နို့ရည်)တွေဆို မတည့်တာများတော့ ဘုတွေများ ထွက်လာမလားလို့ ဆိုပီး အစပိုင်းတော့ သုံးဖို့ ချီတုံချတုံဖစ်နေ​သေးတယ်. ဒါပေမဲ့လဲ သုံးကြည့်မယ်ကွာ ဆိုပီး အရဲစွန့်ပီးသုံးလိုက်တာ အဆင်ပြေလား မပြေလား ကြိုက်လားမမေးနဲ့ ဘူးထဲမှာတောင် ဖင်ကပ်ပဲကျန်တော့တယ်😁.နွေး ဒီ emulsionသုံးနေတဲ့ တစ်လျှောက်ဘာsupriseဖစ်သွားလဲဆိုတော့ နို့ရည်ပေမဲ့ နွေးတို့လို့ အဆီပြန် ဝက်ခြံထွက်တတ်တဲ့ အသားအရေ​မှာတောင် ဘုလုံးဝမထွက်လာတာပဲ အဲ့အချက်ကိ​ု နွေးအရမ်းသဘောကျသွားတယ်.နွေးအတွက်ကတော့ ဘုအသစ်တွေမထွက်ဖို့အရေးဒို့အရေးဖစ်နေတာဆိုတော့ ဟီး😁အရမ်းကြိုက်မိတယ် ဒီemulsion​လေးကို
တစ်set tonerနဲ့ emulsionရှိရုံနဲ့တင် skincareလို့ရပီဆိုတော့ ဘယ်လောက်အဆင်ပြေလိုက်သလဲ.ပီးတော့ သူ့ရဲ့ emulsionက အများကြီးသုံးစရာမလိုဘူး​ေနာ် နဲနဲလေးသုံးလိုက်ရုံနဲ့လဲ glow effectလဲ ရတော့ ကိုယ်တွေ အသဲ​စွဲဖစ်နေပီ.😁

အခုလက်ရှိဒီ productလေး​ကို သုံးနေတဲ့လူတွေရှိတယ်ဆိုလဲ ဒီpostအောက်မှာ experienceလေးတွေ ရှဲသွားပေးလို့ရပါတယ်နော်😊.
Emulsionနဲ့ Toner သုံးဖို့တော့ စဥ်းစားနေတယ် ဘာသုံးရမှနိးမသိတဲ့သူတွေ ရှိနေရင်လဲ ဒီ Star Secretရဲ့ အခု setလေးကို သုံးဖို့ နွေးကတော့ recommendပေးချင်ပါတယ်နော်😊
ပိုပီး အသေးစိတ်သိချင်တယ်ဆိုလဲ FBမှာ သူတို့ရဲ့ Pageဖစ်တဲ့ Star Secret Koreaမှာ လေ့လာလို့ရပါတယ်နော်😊

အော် ဒါနဲ့ ပြောရဦးမယ်
အခုပို့စ်ကလဲ No sponsor ပါနော်. နွေး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးပီး ကိုယ့်မျက်နှာပေါ်မှာ လနဲ့ချီ သုံးကြည့်ပီးမှ resultကောင်းရလို့ ပြန်ပီး sharingလုပ်ပေးတာပါ.ပီးတော့ အသဲတို့ကိုလဲ productကောင်းလေးတခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ.သိတဲ့သူတွေလဲရှိသလို မသိတဲ့သူတွေလဲ ရှိမှာပဲဆိုတော့ မသိတဲ့သူ​ေလးတွေအတွက် productကောင်းလေးတခုကို လက်မလွှတ်စေချင်တဲ့စိတ်နဲ့ နွေး ဒီပို့စ်လေးကို တင်လိုက်ရခြင်းဖစ်ပါတယ်ရှင့်.
နောက်လာမဲ့ skincare အကြောင်းလေးတွေ သိချင်တယ်ဆိုရင် နွေးရဲ့ pageလေးကို likeလေးတစ်ချက် နှိပ်ဖို့ မမေ့ကြနဲ့နော်😊

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်​့😊

ချစ်တဲ့ နွေး😙

Photos from Nway's post 15/04/2020

ကဲ ဒီနေ့ postမှာNwayက ဘာအကြောင်းလေးပြောပြချင်တာလဲဆိုတော့ Nwayခုတလော သောက်ဖြစ်နေတဲ့ Starmor Collagenလေးအကြောင်းလေးပေါ့နော်။ကိုယ်က Supplementတစ်မျိုးမျိုးသောက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ nwayရဲ့postလေးကိုမကျော်ဘဲ အဆုံးထိဖတ်ပေးပါနော်

​Nwayကြားဖူးသလောက်ဆို လူခန္ဓာကိုယ်မှာရှိတဲ့ Collagenဓာတ်ဟာ အသက်(20)ကျော်ကစပြီး လျော့နည်းလာတယ်ပေါ့နော် အဲ့တာကြောင့်(25)နောက် (30)ကျော် (40)ဆိုအရေးအကြောင်းတွေ ဖြစ်ပြီး အိုမင်းလွယ်လာကြတယ်။ကိုယ်က အသားအရေလေးလဲ ကောင်း ကြည်ကြည်လေးလဲ ဖြစ်ချင်တယ်ဆိုရင် skincareတွေသုံးပြီး lotionတွေ လူးရုံလောက်နဲ့ မလုံလောက်တော့ပါဘူး။ခန္ဓာကိုယ်အတွင်းပိုင်းထိ ထိထိရောက်ရောက် ဖြည့်စွက်ပေးမဲ့ Supplementတစ်မျိုးမျိုးတော့ သောက်ဖို့လိုအပ်ပါတယ်နော်။

သူရဲ့ပါဝင်ပစ္စည်းတွေကိုnwayပြောပြမယ်နော်။
Starmorတွင်
-Fish collagen
-VitaminE
-Hyaluronic acid
-Grape seed oil
-Rosehip extract
-Soybean extract
စပျစ်သီးစေ့ အဆီနှင့် နှင်းဆီသီးမှ ထုတ်လုပ်ထားသော အဆီ အနှစ်များ ပြည့်ဝစွာ ပါဝင်သည့်အတွက်

ကိုယ်ခန္ဓာအတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာထိသန့်စင်စေခြင်းဖြင့် cellအသစ်များ တစ်ဖန်မွေးဖွားပေးနိုင်ခြင်း

အသားအရေကို လင်းလက်ကြည်လင်စေနိုင်ခြင်း

အရေပြားကိုအစိုဓာတ်ထိန်းပေးခြင်းဖြင့် အသားအရေ တင်းရင်းနုပျိုစေခြင်း

အရေပြားကိုနေရောင်ခြည်ဒဏ်မှကာကွယ်ပေးခြင်း

ဆံပင်,လက်သည်း,ခြေသည်းများကိုစိုပြည်အားဖြည့်ပေးနိုင်ခြင်း စသည့်အာနိသင်များစွာပါဝင်သောကြောင့် လက်သည်း,ခြေသည်း ခနခနကျိုးတတ်တဲ့သူတွေ စိတ်ပူစရာမလိုတော့ဘူးပေါ့ရှင်။

တစ်ခုသတိပေးချင်တာက ကိုယ်ကငါးနှင့်ပဲပိစပ် ဓာတ်မတည့်သူဆို အရေပြားယားယံတာမျိုး ဖြစ်တတ်တဲ့အတွက် မသောက်ဖို့အကြံပြုချင်ပါတယ်နော်။

Starmor collagenကို အသက်၁၈ကစပြီး ယောကျာ်းလေရော မိန်းကလေးရော သောက်သုံးနိုင်ပါတယ်နော်။Made in Korea ဖြစ်ပြီး တရားဝင်FDAထောက်ခံချက်တွေ ရထားတာဖြစ်လို့ စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်နော်။

သူ့မှာ ၁ကဒ်ကို၆လုံးနှင့်၁ဘူးကို၅ကဒ် အလုံး၃၀ပါပါတယ်။Nwayဝယ်ထားတုန်းက ၁ဘူးလုံးကိုမှ 12500 ဝန်းကျင်လောက်ပဲပေးရတယ်။မဆိုးဘူး တန်တယ်ပြောရမယ်

​ဆေးဘယ်အချိန်တွေသောက်ရမလဲဆိုတော့ nwayကတော့ အိပ်ရာဝင်ခါနီး ၁နေ့၁လုံးသောက်တယ်butဆေးအညွှန်းမှာ ပြောထားတဲအတိုင်း ကိုယ်ကပိုပြီးသိသာတဲ့resultကိုရချင်တယ်ဆိုရင် မနက်အစော အစာမစားခင်၁လုံးနှင့် ညအိပ်ရာဝင်ခါနီး၁လုံး တနေ့ကို၂လုံး သောက်ပေးလို့ရပါတယ်။

nway Starmorကိုသောက်နေတာ ၁လခွဲလောက်ရှိပီ မဆိုးဘူး resultက သိသာတယ်။သွေးကြောစိမ်းစိမ်းလေးတွေတောင် မြင်ရတယ်(အဟိ😜)။nway ဒီpostအောက်မှာလဲnwayရဲ့ အသားအရောင်ကိုoriginal cameraနဲ့ရိုက်ထားတဲ့ ပုံလေး ထည့်ပေးထားပါတယ်နော်😁
nwayအခုထိသောက်လာတာတော့ ဘာside effectမှလဲ မရှိဘူး nwayနဲ့လဲအဆင်ပြေလို့ ပြန်ပီးsharingလေးလဲလုပ်ပေးချင်လို့ ဒီpostလေးကိုရေးလိုက်တာပါ။

အားလုံးပဲ အန္တရာယ်ကင်း ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ချစ်တဲ့
နွေး❤️

21/03/2020

Babi Mild Natural Moisturizer Cream (review)

အားလုံးပဲ မင်္ဂလာပါ။
Nwayလို အဆီပြန်ပြီး ဝက်ခြံထွက်လေ့ရှိသလို ဘာလိမ်းလိမ်း မတည့်တာများတဲ့ sensitive skin ပိုင်ရှင်တစ်ယောက်ဆိုရင် Nwayရဲ့ ဒီပို့စ်လေးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Babi Mildဟာဆိုရင် အားလုံးနဲ့ရင်းနှီးပြီးသားတံဆိပ်တခုဖြစ်ပါတယ်။Nwayလိုပဲအဆီပြန်၊ဝက်ခြံထွက်လေ့ရှိသူတွေအတွက် အသင့်တော်ဆုံးဖြစ်သလို သူပြောထားတဲ့အတိုင်းSensitive&Normal skinအတွက်လဲ အသုံးပြုနိုင်ပါတယ်ရှင်။
သဘာဝအပင်တွေရဲ့အဆီအနှစ်များမှ ထုတ်လုပ်ထားတဲ့ Natural Moisturizer Creamဟာဆိုရင် လိမ်းလိုက်တာနဲ့ မျက်နှာလေးကို နူးညံ့ချောမွေ့စေပြီးစိုစိုအိအိလေးနဲ့ moisturizing effectကိုအပြည့်ရတယ်လို့ ခံစားရမိပါတယ်။
ပေးရတဲ့၇၁၀၀စျေးနဲ့ အရမ်းကိုတန်ပါတယ်ရှင်။
Nwayရဲ့အသားအရည်က တည့်တာခပ်ရှားရှားဆိုတော့ Moisturizer creamလိုက်ရှာတဲ့အခါမှာ သူလေးကိုတွေ့သွားတာပေါ့နော်။

Nway ဒီပို့စ်လေးကို ရေးဖြစ်ရတာလဲ Nwayလို အသားအရည်ပိုင်ရှင်မျိုးက skincareတော်တော်များများနဲ့ မတည့်ကြတာများတော့ ကိုယ်ချင်းစာမိလို့ တစ်စိတ်တပိုင်းလောက်အကူအညီဖြစ်မယ်ဆိုရင် အရမ်းပျော်မိမှာအမှန်ပါပဲရှင်။
Nwayကတော့ Nwayနဲ့ အရမ်းအဆင်ပြေလို့ ညွှန်းပေးလိုက်ပီနော်

ချစ်တဲ့
Nway❤️

18/03/2020

✅လက်ကို မကြာမကြာဆေးပါ။

✅မျက်လုံး ၊နှုတ်ခမ်း ၊ နှာခေါင်းတွေကိုထိတွေ့ခြင်းမှရှောင်ကြည်ပါ။

✅ချောင်းဆိုးတဲ့အခါ တံတောင်ဆစ်ကွေး အနေအထား(သို့)တစ်ရှူးနဲ့အုပ်ပြီးတော့မှ ဆိုးပါ။

✅လူစုလူဝေးရှိတဲ့နေရာများကို ရှောင်ပါ။

✅နေမကောင်းဖြစ်ပြီး အဖျားအနည်းငယ်ရှိရင်ဖြစ်ဖြစ် ချောင်းဆိုးရင်ဖြစ်ဖြစ် အိမ်မှာနေပါ။

✅ဖျားနာလျှင် စောစောစီးစီး ဆေးကုသမှုခံယူပါ။

✅သတင်းအမှန်များကိုသာလျှင် မျက်ခြေမပြတ်နားစွင့်လေ့လာပါ။

အားလုံးပဲ ရောဂါကင်းဝေးကြပါစေရှင်။

ချစ်တဲ့
နွေး❤️

Telephone

Website

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Nway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Naypyidaw.