Just Enjoy Your Life

Just Enjoy Your Life

Share

Sharing is caring ❤️

23/07/2026

ရာသီဥတုနဲ့အကိုက်

Export outlet ဇစ်ပါ Hoodies လေးတွေ

ရပါမယ် …S, M, L size

တစ်ထည် ၁၇၀၀၀ ကျပ်

Export သား မို့ အသားမကောင်းမှာကို မိတ်ဆွေတို့စိတ်မပူရပါဘူး….

မှာယူလိုပါက

page messager သို့

09895702818ကို ဆက်သွယ်မှာယူနိုင်ပါတယ်..

Photos from Just Enjoy Your Life's post 18/07/2026

မော်စကိုမြို့မှာ ခုထိ သိသလောက်
မြန်မာစားသောက်ဆိုင် မရှိသေးပါဘူး…
ဒါကြောင့် မြန်မာစာကို အပြင်မှာ သိပ်စားချင်ရင်
အနီးစပ်ဆုံးအရသာ ရနိုင်တာက
ဗီယက်နမ်ဆိုင်တွေပါပဲ…..

ထိုင်းဆိုင်တွေ တရုတ်ဆိုင်တွေလည်း
ရှိပေမယ့်
ရုရှားပြည်က ထိုင်းဟင်းလျာအရသာဟာ
ချိုတိုတို ပေါ့တော့တော့နဲ့ အာမထိ လျှာမထိ အရသာ

အဲ့လိုပဲ
ရုရှားတွေချက်တဲ့ တရုတ်စာကလည်း
တရုတ်ဟင်းလျာအနံ့နဲ့ ဆီဗရဗွနဲ့ အရသာမှုန့်တွေ ခပ်ကဲကဲထည့်ထားတဲ့အရသာ
အမြင်လှပေမယ့် စားရတာ ဘဝင်မကျလှတာမျိုးပေါ့

အဲ့ဆော့ အကောင်းဆို ရွေးချယ်မှုက ဗီယက်နမ်ဆိုင်တွေပါပဲ
Pho လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပြုတ်နဲ့
ထမင်းကြော်တွေက ဘယ်ချိန်စားစား မြန်မာပါးစပ်နဲ့ ကွက်တိ….

Photos from Just Enjoy Your Life's post 11/07/2026

ရုရှားနိုင်ငံက စားသောက်ဆိုင်က ပြင်ဆင်မှုအချို့
~~~~~
မြန်မာမှာ ထမင်းက အခြေခံအစားအစာလိုပဲ
ရုရှာမှာတော့ ပေါင်မုန့်အပြင် အာလူးကလည်း အခြေခံအစားအစာတစ်မျိုးထဲပါတယ်….နောက်ထပ် အခြေခံအစားအစာတွေလည်းရှိသေးတယ်…နောက်မှ ဆက်ပြောပြမယ်

Photos from Just Enjoy Your Life's post 09/07/2026

ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား
ဆက်ဆံရေး ပိုမိုကောင်းမွန်လာတာနဲ့အမျှ
ရုရှားဘာသာစကားဟာလည်း ပိုမိုရေပန်းစားလာခဲ့ပါတယ်…..

ကိုယ်တကယ်လိုအပ်လို့ ရုရှားဘာသာစကားသင်ရတော့မယ်ဆိုရင် ဘယ်သင်တန်းက ကောင်းလဲဆိုတာကို လိုက်ရှာရ review တွေ လိုက်ဖတ်ရနဲ့ တကယ်ကိုမှ အချိန်ကုန်ခံခေါင်းစားရလေ့ရှိပါတယ်….

ဒါကြောင့် ရှာစရာမလိုပဲ အလွယ်တကူရှာဖွေလို့ရအောင် သင်တန်း ၄ ခုကို ညွှန်းပေးလိုက်ပါတယ်….
အဆင်ပြေကြပါစေ☺️☺️☺️

09/07/2026

ရုရှားနိုင်ငံမှာ နွေရာသီ ပူလားမေးးးး
မြန်မာနိုင်ငံလိုပဲ…အရမ်းပူ တအားပူပါ..
ဒါမဲ့ ညနေ ၅ နာရီလောက် နေအပူရှိန်လျော့ချိန်ဆိုရင်တော့ မော်စကိုမြို့တော်ဝန်ကြီးရဲ့ ကျေးဇူးနဲ့ အခုလိုအလှဆင်ထားတာလေးတွေကို လိုက်ကြည့်….လျှောက်သွားပြီး အပန်းဖြေကြတာ ပျော်စရာကောင်းနေရော…

03/07/2026

ရုရှားနိုင်ငံ #စိန့်ပီတာစဘတ်မြို့

အီတလီနိုင်ငံက ဗင်းနစ်မြို့ဆန်ဆန် တံတာအခုံးလေးတွေနဲ့ တူးမြောင်းလေးတွေရှိတာကြောင့် ရုရှားရဲ့ ဗင်းနစ် လို့ တင်စားရတဲ့မြို့လေး…..
အရင်က ရုရှားနိုင်ငံရဲ့မြို့တော် ဖြစ်ခဲ့ဖူးတာကြောင့် ထီးရိပ်နန်းရိပ်တွေနဲ့ ပြည့်နေပြီး ဥရောပရဲ့ အရသာကို ပေးစွမ်းနေတဲ့မြို့လေး…တကယ်ကိုမှ လှပတာပါ….

02/07/2026

ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့
ဥရောပရဲ့အကြီးဆုံး တာဝါတိုင်ဖြစ်တဲ့ အော်စတန်နီကို တာဝါတိုင်သို့ အလည်သွားခြင်း(အပိုင်း ၂)

တာဝါတိုင်ပေါ်ကနေ ဘယ်လိုမြင်ကွင်းတွေ တွေ့ရမလဲ….လိုက်ကြည့်ကြနော်
Tower

30/06/2026

#ဘယ်လာရုစ်နိုင်ငံ #ဗီဇာ(Visa)

မြန်မာနိုင်ငံသားတွေ ဘယ်လာရုစ်နိုင်ငံ(Belarus) ကို သွားမယ်ဆို ဗီဇာ လျှောက်ထားဖို့ လိုအပ်ပါသလား?????

အဖြေကတော့… မလိုပါဘူး….

ဘယ်လာရုစ်နိုင်ငံကို သွားလည်ချင်သူတွေအတွက် မကြာခင် visa free နဲ့ သွားလို့ရပါပြီ…
Passport လေးရှိရုံနဲ့ လေယာဉ်လက်မှတ်လေး ဝယ်ပြီး ဘာ Visa မှ လျှောက်စရာမလိုဘဲ Belarus နိုင်ငံကို သွားလည်လို့ရပြီရှင်……

လာမယ့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်ကနေ စတင်ပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက် တရားဝင်ဟာ စတင်အသက်ဝင်တော့မှာ ဖြစ်ပါတယ်..အဲ့ဒီသဘောတူညီချက်အရ နှစ်နိုင်ငံ နိုင်ငံသားတွေဟာ ကြိုတင်ဗီဇာလျှောက်ထားရန် မလိုအပ်ဘဲ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရရှိမှာဖြစ်ပါတယ်…..အဲ့လို သွားရောက်ရာမှာ တစ်ကြိမ်လျှင် နေထိုင်ခွင့်ကာလ ရက်ပေါင်း (၃၀) အထိ ရရှိကြမှာ ဖြစ်ပါတယ်….

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Website

Address

Naypyidaw