Dahlia Aesthetics
Match your Inner Beauty ✨
12/06/2026
သမာရိုးကျ ဆိုတဲ့အရာကို ကျော်လွန်ခံစားရစေမယ့် Dahlia Aesthetics ရဲ့ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 နည်းပညာ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐌𝐞𝐝𝐢-𝐅𝐚𝐜𝐢𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 များ
📌Medi-Facial Treatment တွေကို ပုံမှန် routine ထက် ပိုတဲ့ Premium ခံစားချက်မျိုး ရချင်နေတာပဲဲ ဖြစ်ဖြစ်
📌ဘယ်လိုရှုထောင့်ကဖြစ်ဖြစ် Level-up လုပ်ထားတဲ့ အမိုက်စားရလဒ်တွေ Feeling တွေကို ခံစားချင်တာပဲဖြစ်ဖြစ်
📌𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 နည်းပညာခေါင်းစဉ်အောက်ကနေ လက်ဖျားခါလောက်တဲ့ အာနိသင်တွေနဲ့အတူ ဧည့်သည်တော်တို့ အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်တာအပြင် အသားအရေလှပမှုတွေကို တစ်ဆင့်တိုး ရရှိခံစား ရစေဖို့ဆိုရင်
အခုမိတ်ဆက်ပေးမယ့် 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐌𝐞𝐝𝐢-𝐅𝐚𝐜𝐢𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေကို လက်မလွှတ်သင့်တာ အမှန်ပါပဲရှင်။
🤎 𝐑𝐞𝐣𝐮𝐫𝐚𝐧 𝐅𝐚𝐜𝐢𝐚𝐥
🤎 𝐍𝐌𝐍 𝐆𝐥𝐨𝐰
🤎 𝐀𝐜𝐧𝐞 𝐂𝐚𝐫𝐞
🤎 𝐖𝐡𝐢𝐭𝐞 𝐃𝐚𝐡𝐥𝐢𝐚 စတဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐌𝐞𝐝𝐢-𝐅𝐚𝐜𝐢𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေရဲ့ အားသာချက်တွေထဲမှာ ✨
📌အရေပြားဆဲလ်ကြားက လမ်းကြောင်းတွေကို ခဏဖွင့်ပေးပြီး treatments ဆေးရည်နဲ့ အာဟာရဓာတ်တွေကို အရေပြားအောက်ခြေအထိ ၁၀၀% အပြည့်အဝ စိမ့်ဝင်စေတာအပြင်
📌ဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးပြီး ကော်လာဂျင် ထုတ်လုပ်မှုကိုပါ တစ်ပါတည်း လှုံ့ဆော်ပေးနိုင်တဲ့ နည်းပညာ
📌 လက်ရှိ skincare industry မှာလည်း ရေပန်းစားလူကြိုက်များတဲ့ LTRA Brand Plami စက်ဖြင့်ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။
🤎𝐑𝐞𝐣𝐮𝐫𝐚𝐧 𝐅𝐚𝐜𝐢𝐚𝐥
(PDRN - Salmon DNA) အဓိကပါဝင်သော Rejuran Skincare Products များနဲ့အတူ Plasma နည်းပညာပါဝင်ပေါင်းစပ်ထားတာကြောင့်
ရလဒ်က ➡️ လုပ်ပြီးတာနဲ့ မျက်နှာလေးက ချက်ချင်း ကြည်လင်း၊ စိုအိပြီး အိစက်ညက်ညော သွားမှာပါ။ အသားခြောက်သူတွေ၊ Glow Glass skin ရရှိသူများအတွက် Top 1 ရွေးချယ်မှု!
🤎𝐍𝐌𝐍 𝐆𝐥𝐨𝐰
အသားအရေကို နုပျိုတင်းရင်းစေတဲ့ NMN ဆေးရည်ကို Plasma နည်းပညာဖြင့် ဟိုးအရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်စေပြီး အရေပြားcollagen ထွက်နှုန်းကို မြှင့်တင်ပေးခြင်းကြောင့်
ရလဒ်က ➡️ အိုမင်းရင့်ရော်မှု၊ အရေးအကြောင်းနဲ့ အမဲစက်တွေကို သက်သာစေပြီး၊ အသားမဲညစ်ညှိုးနွမ်းတာတွေကိုသက်သာစေပြီး ပြန်လည်နုပျိုမှုကို ပေးစွမ်းစေပါတယ်။
🤎𝐀𝐜𝐧𝐞 𝐂𝐚𝐫𝐞
Skin Barrier (အရေပြားအောက်ခံ) ကို ပိုမိုကြံ့ခိုင် ကျန်းမာအောင် အဓိကပြုပြင်ပေးတဲ့ ကုထုံးဖြစ်တာကြောင့်
ရလဒ်က ➡️ ဝက်ခြံ၊ အဆီပြန်ခြင်းနဲ့ ဝက်ခြံအမာရွတ်တွေကို လျော့ပါး စေပါတယ်။ အသားအရေ ခဏခဏ ယားယံ၊ နီမြန်းတတ်တဲ့ Sensitive Skin သမားတွေအတွက် အရမ်းသင့်တော်ပါတယ်။
🤎𝐖𝐡𝐢𝐭𝐞 𝐃𝐚𝐡𝐥𝐢𝐚
Niacinamide, Glutathione, Tranexamic, Arbutin တို့ အဓိကပါဝင်သော ဆေးရည်ကို အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်စေတာကြောင့်
ရလဒ်က ➡️ တင်းတိပ်၊ နေလောင်ကွက်နဲ့ အမဲစက်တွေကို Laser ကုထုံးတွေနဲ့ မကုချင်သူများအတွက် အကောင်းဆုံး Replacement ပါ။အသားအရေကို အထိရောက်ဆုံး ဖြူဝင်းစေမယ့် ကုသမှုဖြစ်ပါတယ်။
အခုလို အစွမ်းထက်တဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐌𝐞𝐝𝐢-𝐅𝐚𝐜𝐢𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေထဲမှာ ကိုယ့်အသားအရေနဲ့ သင့်တော်လိုက်ဖက်တဲ့ကုထုံးတွေကို ရယူပြီး စိတ်ကျေနပ်စေမယ့် Premium ဆန်တဲ့ ခံစားချက်တွေ၊ ရလဒ်တွေနဲ့အတူ အသားအရေလေးတွေ တဆင့်တိုး ကောင်းမွန်စေဖို့ရာ အခုပဲ Doctorနဲ့ Appointment ယူဖို့ သတိရလိုက်ပါနော်။
📞Hotlines - 𝟎𝟗 𝟐𝟓𝟏 𝟐𝟐𝟓 𝟎𝟒𝟒, 𝟎𝟗 𝟔𝟖𝟒 𝟕𝟔𝟖 𝟗𝟓𝟒
DAHLIA AESTHETICS
𝑴𝑨𝑻𝑪𝑯 𝒀𝑶𝑼𝑹 𝑰𝑵𝑵𝑬𝑹 𝑩𝑬𝑨𝑼𝑻𝒀 💫
🏡၅၇၁၇၊ ဟိုပင်လမ်း၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
🕰️ဆေးခန်းဖွင့်ချိန် - မနက်(၁၀:၃၀) မှ ည (၇:၀၀)
🔺တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်🔺
🔺ဧည့်သည်တော်များအနေဖြင့် ဆေးခန်းမှာစောင့်ရခြင်းမျိုးမဖြစ်ရအောင် ကြိုတင် ရက်ချိန်းယူဖို့ လိုအပ်ပါတယ်ရှင်🔺
#𝑵𝒂𝒚𝒑𝒚𝒊𝒕𝒂𝒘
28/05/2026
လေးစားချစ်ခင်ရပါသော ဧည့်သည်တော်များရှင့်🙏🏼
ကျွန်မတို့ Dahlia Aesthetics ပင်တိုင်ဆရာဝန် Dr Dalia ရဲ့ June 2026 အတွက် ဆေးခန်းထိုင်မယ့် အချိန်ဇယားလေး ဖြစ်ပါတယ်ရှင်။
(30.5.2026) မှ (7.6.2026) ရက်နေ့တွေမှာ Dr ဆေးခန်းမထိုင်မှာ ဖြစ်တဲ့အတွက် Dr နဲ့ appointment ယူ, ဆေးခန်းပြဖို့ဆိုရင် (29.5.2026) နောက်ဆုံးထားပြီး လာရောက်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။
Dr Dalia ဆေးခန်းမထိုင်သော ရက်များမှာ Dr May ဖြင့် consultation ရယူနိုင်ပြီး ကုသမှုများ ဆက်လက်ပြုလုပ်နိုင်ပါကြောင်းကိုလည်း သတင်းကောင်းလေး ပါးအပ်ပါတယ်ရှင်။
ဧည့်သည်တော်များအား အမြဲချစ်ခင်လေးစားတန်ဖိုးထားလျက်...
DAHLIA AESTHETICS
📞Hotlines - 𝟎𝟗 𝟐𝟓𝟏 𝟐𝟐𝟓 𝟎𝟒𝟒, 𝟎𝟗 𝟔𝟖𝟒 𝟕𝟔𝟖 𝟗𝟓𝟒
DAHLIA AESTHETICS
𝑴𝑨𝑻𝑪𝑯 𝒀𝑶𝑼𝑹 𝑰𝑵𝑵𝑬𝑹 𝑩𝑬𝑨𝑼𝑻𝒀 💫
🏡၅၇၁၇၊ ဟိုပင်လမ်း၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
🕰️ဆေးခန်းဖွင့်ချိန် - မနက်(၁၀:၃၀) မှ ည (၇:၀၀)
🔺တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်🔺
🔺ဧည့်သည်တော်များအနေဖြင့် ဆေးခန်းမှာစောင့်ရခြင်းမျိုးမဖြစ်ရအောင် ကြိုတင် ရက်ချိန်းယူဖို့ လိုအပ်ပါတယ်ရှင်🔺
#𝑵𝒂𝒚𝒑𝒚𝒊𝒕𝒂𝒘
Healthy skin is the real glow ✨
𝑹𝒆𝒋𝒖𝒓𝒂𝒏 𝑭𝒂𝒄𝒊𝒂𝒍 ✨ 𝑺𝒊𝒈𝒏𝒂𝒕𝒖𝒓𝒆 𝑴𝒆𝒅𝒊-𝑭𝒂𝒄𝒊𝒂𝒍 𝑻𝒓𝒆𝒂𝒕𝒎𝒆𝒏𝒕.
Your skin deserves premium care.
Let our treatment become part of your skin care routine.
Designed to hydrate, repair & radiant 🌟 ゚viralシ
📞Hotlines - 𝟎𝟗 𝟐𝟓𝟏 𝟐𝟐𝟓 𝟎𝟒𝟒, 𝟎𝟗 𝟔𝟖𝟒 𝟕𝟔𝟖 𝟗𝟓𝟒
17/05/2026
မင်္ဂလာပါ လေးစားချစ်ခင်ရပါသော
ဧည့်သည်တော်များရှင့်🙏🏼
ကျွန်မတို့ Dahlia Aesthetics ၏ ပင်တိုင်ဆရာဝန် Dr Dalia Pwint သည် (19.5.2026) အင်္ဂါနေ့တွင် 𝐌𝐒𝐀𝐀𝐇 2026 𝐂𝐨𝐧𝐠𝐫𝐞𝐬𝐬 သို့တက်ရောက်ရန်ရှိပါသဖြင့် ထိုနေ့တွင် ဆေးခန်းမထိုင်ပါကြောင်းနှင့် appointment များကို (20.5.026) ဗုဒ္ဓဟူးနေ့တွင် ပုံမှန်ဆေးခန်းဖွင့်ချိန်အတိုင်း ရယူနိုင်ပါကြောင်း လေးစားစွာ အသိပေးခွင့်ပန်ပါရစေရှင်။
ဧည့်သည်တော်များအား အမြဲချစ်ခင်လေးစားတန်ဖိုးထားလျက်...
DAHLIA AESTHETICS
📞Hotlines - 𝟎𝟗 𝟐𝟓𝟏 𝟐𝟐𝟓 𝟎𝟒𝟒, 𝟎𝟗 𝟔𝟖𝟒 𝟕𝟔𝟖 𝟗𝟓𝟒
DAHLIA AESTHETICS
𝑴𝑨𝑻𝑪𝑯 𝒀𝑶𝑼𝑹 𝑰𝑵𝑵𝑬𝑹 𝑩𝑬𝑨𝑼𝑻𝒀 💫
🏡၅၇၁၇၊ ဟိုပင်လမ်း၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
🕰️ဆေးခန်းဖွင့်ချိန် - မနက်(၁၀:၃၀) မှ ည (၇:၀၀)
🔺တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်🔺
🔺ဧည့်သည်တော်များအနေဖြင့် ဆေးခန်းမှာစောင့်ရခြင်းမျိုးမဖြစ်ရအောင် ကြိုတင် ရက်ချိန်းယူဖို့ လိုအပ်ပါတယ်ရှင်🔺
16/05/2026
အသားအရေကို အလှပဆုံး"ပြန်လည်မွေးဖွား" ပေးဖို့အတွက်
𝐇𝐈𝐋𝐎 𝐖𝐀𝐕𝐄: 𝐓𝐡𝐞 4𝐭𝐡 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐁𝐢𝐨𝐬𝐭𝐢𝐦𝐮𝐥𝐚𝐭𝐨𝐫 (𝐊𝐨𝐫𝐞𝐚’𝐬 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐒𝐞𝐜𝐫𝐞𝐭)
4𝐭𝐡 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐁𝐢𝐨𝐬𝐭𝐢𝐦𝐮𝐥𝐚𝐭𝐨𝐫 တစ်ခု ဖြစ်တဲ့ 𝐇𝐈𝐋𝐎 𝐖𝐀𝐕𝐄 ဟာ အသားအရေအတွင်းပိုင်းမှာ သဘာဝအတိုင်း Volume တက်လာအောင်နဲ့ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည် နုပျိုလာအောင် ဖန်တီးပေးနိုင်ပြီး သာမန် Skin Booster တွေထက် ထူးခြားသာလွန်တဲ့ aesthetics လောကရဲ့ နောက်ဆုံးပေါ်နည်းပညာဆိုင်ရာကုသမှုဖြစ်ပါတယ်။
📌𝐇𝐈𝐋𝐎 𝐖𝐀𝐕𝐄 ရဲ့ ထူးခြားချက်က High & Low Molecular Weight Hyaluronic Acid (HA) နှစ်မျိုးကို အချိုးကျ ပေါင်းစပ်ထားတာကြောင့်
✅Natural Volume Restoration: အသက်အရွယ်ကြောင့် ချိုင့်ဝင်သွားတဲ့ နေရာတွေကို သဘာဝကျကျ ပြန်လည် ပြည့်ဖြိုးလာစေခြင်း (Biostimulation)။
✅Deep Cellular Hydration: Low Molecular Weight HA က အရေပြားအတွင်းပိုင်းအထိ ထိုးဖောက်ပြီး ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးခြင်း။
✅Skin Tightening & Firming: High Molecular Weight HA က အသားအရေကို ချက်ချင်း တင်းရင်း သိသာစေခြင်း။
✅ Long-lasting Rejuvenation: သာမန် Booster တွေထက် အာနိသင် ပိုမိုကြာရှည်ခံပြီး Collagen ထုတ်လုပ်မှုကို အမြင့်ဆုံးအထိ မြှင့်တင်ပေးခြင်း။
စတဲ့အကျိုးကျေးဇူးတွေကြောင့် 𝐇𝐈𝐋𝐎 𝐖𝐀𝐕𝐄 ဟာ သဘာဝမကျတဲ့ ပုံစံမျိုး လုံးဝ (လုံးဝ) မဖြစ်စေဘဲ သင့်ရဲ့ မူလအလှကို ပိုမို တောက်ပ၊ တင်းရင်းပြီး နုပျိုတဲ့ အသွင်ကိုသာ ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။
ဒီလို "နုပျိုခြင်းရလဒ်" ကို တမဟုတ်ချင်း ပိုင်ဆိုင်စေဖို့အတွက် Dahlia Aesthetics မှာ ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် နည်းစနစ်မှန်ကန်စွာ စနစ်တကျကုသမှုပေးနေပါပြီ။
အခုပဲ Appointment ရယူပြီး အသားအရေရဲ့ ပြောင်းလဲမှုကို ကိုယ်တိုင် ခံစားကြည့်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါရစေရှင်။
📞Hotlines - 𝟎𝟗 𝟐𝟓𝟏 𝟐𝟐𝟓 𝟎𝟒𝟒, 𝟎𝟗 𝟔𝟖𝟒 𝟕𝟔𝟖 𝟗𝟓𝟒
DAHLIA AESTHETICS
𝑴𝑨𝑻𝑪𝑯 𝒀𝑶𝑼𝑹 𝑰𝑵𝑵𝑬𝑹 𝑩𝑬𝑨𝑼𝑻𝒀 💫
🏡၅၇၁၇၊ ဟိုပင်လမ်း၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
🕰️ဆေးခန်းဖွင့်ချိန် - မနက်(၁၀:၃၀) မှ ည (၇:၀၀)
🔺တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်🔺
🔺ဧည့်သည်တော်များအနေဖြင့် ဆေးခန်းမှာစောင့်ရခြင်းမျိုးမဖြစ်ရအောင် ကြိုတင် ရက်ချိန်းယူဖို့ လိုအပ်ပါတယ်ရှင်🔺
12/05/2026
နေပြည်တော်က အလှအပချစ်သူများအတွက် သတင်းကောင်း …
Aesthetics လောကရဲ့ နုပျိုခြင်းဆိုင်ရာ Gold Standard အသစ် ⚡ hADM ECM Booster ကို Dahlia Aesthetics တွင် စတင်ကုသမှုရယူနိုင်ပါပြီ!
ခွဲစိတ်စရာမလိုဘဲ အသားအရေကို အခြေခံကစပြီး အမှန်တကယ်နုပျိုလာစေဖို့ဆိုရင် ရေဓာတ်ဖြည့်တင်း
ရုံတင်သာမက ပျက်စီးသွားတဲ့ Skin Structure (အရေပြားတည်ဆောက်ပုံ) ကိုပါ ပြန်လည်ပြုပြင်ဖို့ လိုအပ်ပါတယ်။
ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ HA Filler တွေက အရေပြားကို ပြည့်တင်းစေရုံသာ ရှိနိုင်ပါတယ်။ ဒီကန့်သတ်ချက်တွေကို ကျော်လွှားပြီး International Journal of Molecular Sciences (2026) ရဲ့ နောက်ဆုံးပေါ် သုတေသနတွေအရ အသိအမှတ်ပြုထားတဲ့ World’s First hADM ECM Skin Booster တွေကတော့ အဖြေတစ်ခု ဖြစ်လာပါပြီ။ 🔬
hADM ECM Skin booster ဆိုတာ ဘာလဲ? 🤔
(hADM - Human Acellular Dermal Matrix) ဆိုတာ International Journal of Molecular Sciences (2026) ၏ နောက်ဆုံးထွက်ရှိထားသည့် သုတေသနအရ ပိုမိုဘေးကင်းပြီး ထိရောက်ကြာရှည်ခံသည့် ရလဒ်များကို ပေးစွမ်းနိုင်ကြောင်း ဖော်ပြထားပါသည်။
Genuine ECM Component ဖြင့် အရေပြားနှင့် တစ်သားတည်းကျသည့် Regenerative Mechanisms ကို အသုံးပြု၍ အရေပြား၏ အခြေခံအုတ်မြစ် Extracellular Matrix (ECM) Scaffold ကို ပြန်လည်တည်ဆောက်ပေးနိုင်တာကြောင့် သဘာဝကျကျ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်မည့် Regenerative Booster ကုထုံးဖြစ်ပါတယ်။
ဘာတွေပါဝင်လဲ? 🔓
• Collagen (Type I & II) - အသားအရေ တင်းရင်းလှပစေနိုင်ဖို့အတွက်။
• Elastin - အသားအရေ ကျုံ့နိုင်ဆန့်နိုင်စွမ်း ကောင်းမွန်စေဖို့။
• GAG (including HA) - သဘာဝအတိုင်း ရေဓာတ်ပြည့်ဝဖို့။
• Other ECM Components - အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရများ။
တခြား Skin Booster တွေထက် ဘာကြောင့် ပိုကောင်းတာလဲ? 🌟
✅ Anti-Inflammatory Effect: Synthetic ပစ္စည်းများကဲ့သို့ ရောင်ရမ်းမှုကို မဖြစ်စေဘဲ Anti-inflammatory အာနိသင်ကို ပေးစွမ်းနိုင်ပြီး အဖုအကျိတ်ဖြစ်နိုင်ခြေကို လျှော့ချပေးတာကြောင့် စိုးရိမ်စရာမလိုဘေးကင်းပါတယ်။
✅ Natural Regeneration: ခန္ဓာကိုယ် တစ်ရှူးများနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီးနောက် Collagen နှင့် Elastin ထွက်ရှိမှုကို သဘာဝအတိုင်း မြှင့်တင်ပေးတာကြောင့် အရေပြား သိပ်သည်းဆ (Skin Density) ကို သိသိသာသာ တိုးလာစေရုံသာမက ရေရှည်လှပမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
✅ Clinically Proven Results: သုတေသနအရ ရက်သတ္တပတ် (၂၀) အကြာ စမ်းသပ်မှုမှာ အရေးအကြောင်းများ လျော့ပါးပြီး အရေပြားသိပ်သည်းဆ (Skin Density)၊ တင်းအား (Elasticity) နှင့် Volume ပြည့်တင်းမှုက HA Filler တွေထက် သိသိသာသာ ပိုမိုကောင်းမွန်သည့်ရလဒ်ကို တွေ့ရှိရပါသည်။
✅ Brightening & Repair: ဆဲလ်အတွင်းပိုင်းအထိ Melanin ထွက်ရှိမှုကို ထိန်းချုပ်ပေးလို့ အမည်းစက်တွေ ကင်းစင်ပြီး Skin Barrier ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
ဘယ်သူတွေအတွက် သင့်တော်သလဲ? 👩⚕️
• အသားအရေ လျော့တွဲလာပြီး အရေးအကြောင်းတွေ သိသိသာသာ ရှိလာသူများ။
• မူလအရေပြား တည်ဆောက်ပုံ အားနည်းပြီး အသားအရေ မွဲခြောက် မကောင်းမွန်သူများ။
• ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ သဘာဝကျကျ နုပျိုမှုကို ရေရှည်ပိုင်ဆိုင်ချင်သူများ။
ဒါဆို နုပျိုခြင်းရဲ့ အနာဂတ် Regenerative Medicine ဖြစ်တဲ့ hADM ECM Skin booster များကို ခေတ်မီနည်းစနစ်ကျနစွာ ကုသချင်ပါတယ်ဆိုရင် Dahlia Aesthetics မှာ Popular အဖြစ်ဆုံး brand များဖြစ်တဲ့
* Re2O hADM
* CellREDM နှစ်မျိုးလုံးရှိတာမို့ နှစ်သက်ရာ ရွေးချယ်ကုသနိုင်နေပါပြီ။
Dahlia Aesthetics နှင့်အတူ သင့်ရဲ့ အသားအရေ လှပနုပျိုမှုကို စိတ်ချယုံကြည်စွာ အမိအရ ပြန်လည်ရယူလိုက်ပါ။ ✨
📞Hotlines - 𝟎𝟗 𝟐𝟓𝟏 𝟐𝟐𝟓 𝟎𝟒𝟒, 𝟎𝟗 𝟔𝟖𝟒 𝟕𝟔𝟖 𝟗𝟓𝟒
DAHLIA AESTHETICS
𝑴𝑨𝑻𝑪𝑯 𝒀𝑶𝑼𝑹 𝑰𝑵𝑵𝑬𝑹 𝑩𝑬𝑨𝑼𝑻𝒀 💫
🏡၅၇၁၇၊ ဟိုပင်လမ်း၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
🕰️ဆေးခန်းဖွင့်ချိန် - မနက်(၁၀:၃၀) မှ ည (၇:၀၀)
🔺တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်🔺
🔺ဧည့်သည်တော်များအနေဖြင့် ဆေးခန်းမှာစောင့်ရခြင်းမျိုးမဖြစ်ရအောင် ကြိုတင် ရက်ချိန်းယူဖို့ လိုအပ်ပါတယ်ရှင်🔺
03/05/2026
ဝန်ထမ်းအလိုရှိသည်📣
📌Skin Therapist – 5 posts (Female)
➡️ Requirements:
- အသက်(၁၈)မှ (၃၅) အတွင်းဖြစ်ရမည်။
- ကျောင်းကိစ္စ ကင်းရှင်းရမည်။
- အလှအပကို စိတ်ဝင်စားပြီး သူတစ်ပါးအား လှပအောင် ပြုလုပ်ပေးလိုစိတ်နှင့် အလှအပအမြင်ရှိရပါမည်။
- ရုပ်ရည်အသင့်အတင့်ရှိပြီး တကိုယ်ရည်သန့်ရှင်းမှု ကောင်းသူ၊ စည်းကမ်းရှိသူ၊ စကားပြောယဉ်ကျေးသူဖြစ်ရမည်။
- လိုအပ်သည့် Training များကို အပြည့်အဝ စနစ်တကျ သင်ကြားပေးမည် ဖြစ်ပါ၍ ရေရှည် အနည်းဆုံး(၂)နှစ် စာချုပ်ဖြင့် လက်တွဲလုပ်ကိုင်ရပါမည်။
➡️ Job Description :
-ဆေးခန်းတွင် ရရှိနိုင်သော medi-facial treatments များကို လုပ်ကိုင်ရမှာ ဖြစ်ပါသည်။
-Customer Care နှင့် ချမှတ်ထားသော နေ့စဉ်လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရပါမည်။
📌Receptionist - 1 post (Female)
➡️Requirements:
- အသက် 20 မှ 35 နှစ်အတွင်းဖြစ်ရမည်။
- ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ရုပ်ရည်အသင့်အတင့်ရှိပြီး တကိုယ်ရည်သန့်ရှင်းမှုကောင်းသူ၊စည်းကမ်းရှိသူ၊စကားပြောယဉ်ကျေးသူ ဖြစ်ရမည်။
- ကွန်ပျူတာအခြေခံ ရရှိသူဖြစ်ရမည်။
- ဧည့်သည်များအပေါ် စိတ်ရှည်ကာ သွက်လက်ပြီး စကားပြော ယဉ်ကျေးချိုသာရပါမည်။
➡️Job Descriptions
- Customer ကြိုခြင်း၊ဧည့်ခံခြင်း။
- Customer အား ဆေးခန်းတွင်ရရှိနိုင်သော service များအားရှင်းပြခြင်း။
- Customer များအား ဖုန်းဆက်၍ Appointment များချိန်းခြင်း။
- ဖုန်းလက်ခံဖြေကြားခြင်း။
- Social Media Reply။
အစရှိသော customer care and service နှင့်ချမှတ်ထားသော daily duty schedule တို့ကို လုပ်ဆောင်ရပါမည်။
အထက်ပါရာထူးများအတွက် -
✅လစာ - ညှိနှိုင်း + Bonus + Incentive + Gazetted holiday fees + Overtime Fees
✅အလုပ်ချိန် - တစ်ပတ်(၆)ရက် - (10AM-7AM)
✅နားရက် - ဆေးခန်းပိတ်ရက်-Every Monday
✅ နေ့လည်စာ၊ ဖယ်ရီနှင့် အဆောင်စီစဉ်ပေးပါသည်။
လျှောက်ထားလိုပါက
ကိုယ်ရေးမှတ်တမ်းအကျဉ်း (CV Form) ၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ရရှိထားသော ပညာရေးဘွဲ့လက်မှတ်များ၊ ယခင်အလုပ်(သို့) အထက်လူကြီးထောက်ခံစာ၊ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ၊(၆)လအတွင်းရိုက်ကူးထားသောဓာတ်ပုံ၊ မျှော်မှန်းလစာတို့နှင့်တကွ
📌Viber - +959 684 768 954
📌dahliaaesthetics .[email protected]
သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
01/05/2026
Happy May Day🎉
Happy International Labour Day🎉
မေလ(၁)ရက်နေ့တွင်ကျရောက်သော အလုပ်သမားနေ့အား လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
#2026
30/04/2026
“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့”
ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်🙏🏻🙏🏻🙏🏻
#ကဆုန်ညောင်ရေသွန်းပွဲ
#ကဆုန်လပြည့်ဗုဒ္ဓနေ့
#ကဆုန်လပြည့်
18/04/2026
သင်္ကြန်မှာ အဝပျော်ထားပြီးပြီဆိုရင် နောက်ဆက်တွဲ ပျက်စီးသွားတဲ့ အသားအရေလေးကိုလည်း ပစ်မထားကြပါနဲ့နော်…😉
တစ်ရက်မပျက်ချင်လောက်အောင် ပျော်စရာကောင်းလှတဲ့ သင်္ကြန်ရက်တွေမှာ စိတ်လွှတ်ကိုယ်လွတ် ပျော်ခဲ့ပြီးပြီဆိုပေမယ့် သင်္ကြန်နွေ၊ သင်္ကြန်ရေနဲ့အတူ ပျက်စီးသွားတဲ့အသားအရေလေးတွေကို ပြန်လည်ကုစားထိန်းသိမ်းရမယ့်အချိန်ကလည်း ထပ်ကြပ်မကွာ လိုက်လာပြန်ပြီဆိုတော့ ဧည့်သည်တော်များ ထပ်ပြီးဆက်ပျော်ရအောင် Dahlia Aesthetics ရဲ့ Promotion အစီအစဉ်လေးကလည်းအပြေးကလေး လိုက်လာရပါပြီရှင်...
ဒီ Promotion မှာ ဘာတွေပါလဲဆိုရင် သင်္ကြန်ရက်တွေမှာ စိတ်တိုင်းကျ လည်ပတ် ရေကစားထားလို့ ပျက်စီးသွားတဲ့ အသားအရေလေးတွေကို ခေါင်းအစ ခြေအဆုံး အချိန်အကြာကြီးပေးစရာမလိုဘဲ အထူး plan နဲ့ ပြန်လည်ကုစားပေးနိုင်မယ့် Treatment Combo အတွဲလေးတွေ ပါဝင်တာပဲ ဖြစ်ပါတယ်။
နေလောင်လို့လား၊ အသားမဲညစ်သွားတာလား၊ အသားအရေပျက်စီးပြီး ဝက်ခြံတွေ၊ breakouts တွေထွက်နေပြီလား စသဖြင့် စသဖြင့် အသားအရေပြဿနာ ခေါင်းစဉ်အမျိုးမျိုးကို အများကြီး ထွေထွေထူးထူးတွေ စဉ်းစားစရာမလိုဘဲ ကိုယ်နဲ့သင့်တော်မယ့် Package လေးကိုရွေးချယ်ဝယ်ယူလိုက်တာနဲ့ နဂိုမူလထက် ကြည်လင်းဖြူဝငစေမယ့် အသားအရေကို ပိုင်ဆိုင်ရမှာပါ။
⚡️သိသာတဲ့ ရလဒ်တစ်ခုကို ရရှိပိုင်ဆိုင်စေဖို့ အကြိမ်အရေအတွက်ကိုလည်း ခေါင်းစားစရာမလိုတဲ့ Combo Package လေးတွေဖြစ်တာမို့ ပျက်စီးသွားတဲ့အသားအရေလေးတွေကို
ပြန်လည်ထိန်းသိမ်းဖို့အတွက်ဆိုရင် ဒီ Promotion လေးတကယ့်ကို အချိန်တိုအတွင်းမှာ ထိရောက်အကျိုးရှိစေမှာပါ။
Promotion ကာလကိုလည်း April 30ရက်နေ့ အထိဖြစ်တာမို့ အမြန်ပြန်လှဖို့ အချိန်မဆွဲဘဲ ဒီအခွင့်အရေးကို အမိအရယူရအောင် Dahlia Aesthetics ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။
📞Hotlines - 𝟎𝟗 𝟐𝟓𝟏 𝟐𝟐𝟓 𝟎𝟒𝟒, 𝟎𝟗 𝟔𝟖𝟒 𝟕𝟔𝟖 𝟗𝟓𝟒
DAHLIA AESTHETICS
𝑴𝑨𝑻𝑪𝑯 𝒀𝑶𝑼𝑹 𝑰𝑵𝑵𝑬𝑹 𝑩𝑬𝑨𝑼𝑻𝒀 💫
🏡၅၇၁၇၊ ဟိုပင်လမ်း၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
🕰️ဆေးခန်းဖွင့်ချိန် - မနက်(၁၀:၃၀) မှ ည (၇:၀၀)
🔺တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်🔺
🔺ဧည့်သည်တော်များအနေဖြင့် ဆေးခန်းမှာစောင့်ရခြင်းမျိုးမဖြစ်ရအောင် ကြိုတင် ရက်ချိန်းယူဖို့ လိုအပ်ပါတယ်ရှင်🔺
Click here to claim your Sponsored Listing.
Category
Website
Address
Naypyidaw
Opening Hours
| Tuesday | 10:30 - 18:30 |
| Wednesday | 10:30 - 18:30 |
| Thursday | 10:30 - 18:30 |
| Friday | 10:30 - 18:30 |
| Saturday | 10:30 - 18:30 |
| Sunday | 10:30 - 18:30 |
