Learn By Khin

Learn By Khin

Share

𝕊𝕙𝕒𝕣𝕚𝕟𝕘 𝕤𝕥𝕠𝕣𝕚𝕖𝕤 𝕥𝕙𝕒𝕥 𝕤𝕡𝕒𝕣𝕜 𝕚𝕕𝕖𝕒𝕤 ✨✨

14/08/2026

🌸 "မင်းဟာ အလွယ်တကူ ခူးဆွတ်ဖို့ ပွင့်လာတဲ့ ပန်းမဟုတ်ဘူး"
​ပန်းတစ်ပွင့်တိုင်းမှာ ကိုယ်ပိုင်အလှနဲ့ ပွင့်လန်းရမယ့် ကိုယ်ပိုင်အချိန်ဆိုတာ ရှိပါတယ်။ တခြားသူနဲ့ မနှိုင်းယှဉ်ပါနဲ့၊ အလွယ်တကူ ခူးဆွတ်ခွင့် မပေးပါနဲ့။
​မင်းရဲ့ စည်းကမ်း၊ တန်ဖိုး၊ ဂုဏ်သိက္ခာတွေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပြီး အတွင်းစိတ်အလှကို မွေးမြူထား ပါ။ တခြားသူတွေရဲ့ သဘောကျမှုကို ရဖို့တင် မဟုတ်ဘဲ၊ ကိုယ်တိုင်ရဲ့ လှပတဲ့ဘဝအတွက် ပွင့်လန်းပါကောင်မလေးရေ🥰 ။ ✨👑

08/08/2026

🥰

31/07/2026

"ကံသည် ကိုယ့်နောက်ကို အရိပ်လို လိုက်သည်"
ကောင်းတဲ့ကံက ကောင်းတဲ့အကျိုးကို ပေးသလို၊ မကောင်းတဲ့ကံကလည်း မကောင်းတဲ့အကျိုးကို အချိန်တစ်ခုမှာ ပြန်ပေးတတ်ပါတယ်။
ဒါကြောင့် ကောင်းတာဖြစ်ချင်ရင် ကောင်းတဲ့စိတ်တွေ မွေးမြူကြပါ..
#ကံ
#ကံအကျိုး
#ကံအရိပ်

31/07/2026

🔥 ဘဝကို ထိထိရောက်ရောက်
မြန်မြန်ဆန်ဆန် ပြောင်းလဲချင်လား??..........
​Stanford တက္ကသိုလ်က စိတ်ပညာရှင် Carol Dweck ရဲ့ လေ့လာမှုအရ စိတ်ဓာတ်စနစ် (၂) မျိုး ရှိပါတယ်။

​Fixed Mindset :
​"ဉာဏ်ရည်နဲ့ စွမ်းရည်ဆိုတာ မွေးရာပါပဲ၊ ပြောင်းလဲလို့ မရဘူး" လို့ ယုံကြည်ကြတယ်။
​မအောင်မြင်တဲ့အခါ "ငါ မတော်လို့ပဲ" လို့ ယူဆပြီး လက်လျှော့လွယ်တယ်။
​စိန်ခေါ်မှုတွေကို ကြောက်တယ်၊ ကိုယ့်ကိုယ်ကို အမှားမခံချင်ကြဘူး။

​Growth Mindset:
​"ဘယ်အရာမဆို လေ့ကျင့်ရင်၊ ကြိုးစားရင် ပိုတော်လာနိုင်တယ်" လို့ ယုံကြည်ကြတယ်။
​အမှားနဲ့ အကျရှုံးတွေကို "သင်ခန်းစာ" လို့ မြင်ပြီး ပိုမိုကြိုးစားဖို့ ခွန်အားယူတယ်။
​စိန်ခေါ်မှုတွေကို စိတ်လှုပ်ရှားစွာ ရင်ဆိုင်တယ်။

ကိုယ့်ကိုယ်ကို Growth Mindset ပြောင်းလိုက်တာနဲ့ အကြောက်တရားတွေ လျော့သွားပြီး ဘာမဆို သင်ယူချင်စိတ်တွေ တိုးပွားလာပါတယ်။

29/07/2026

🌕 ဝါဆိုလပြည့်နေ့ အခါသမယမှာ...

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

မေတ္တာတရားတွေ ပိုမိုပွင့်လန်းပြီး၊
အမုန်းတရားတွေ လျော့နည်းကွယ်ပျောက်ပါစေ။
စိတ်အေးချမ်းမှု၊ ဉာဏ်ပညာနဲ့ ကုသိုလ်တရားများ တိုးပွားကာ
မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဤဝါဆိုလပြည့်နေ့၏ ကုသိုလ်အဖို့ဘာဂများကို မျှဝေ၍
အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး
လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့
နှလုံးသားထဲကနေ မေတ္တာပို့ ဆုတောင်းအပ်ပါတယ်။ 🙏

ဝါဆိုလပြည့်နေ့ မင်္ဂလာရှိပါစေ။ 🌕✨
#ဝါဆို
#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

28/07/2026

Caption ဘာရေးရမှန်းမသိလို့ 🥰

27/07/2026

🖥️ "Computer တစ်လုံးက 0 နဲ့ 1 နှစ်ခုပဲ နားလည်တယ်" ဆိုတာ ကြားဖူးလား?

ဒါဆို... 📱 ဖုန်းတွေ 💻 Laptop တွေ 🏧 ATM စက်တွေ 🚦 Traffic Light တွေ 🚗 Smart Car တွေ ဒီစက်တွေ အားလုံးက ဘယ်လို အလုပ်လုပ်နေကြတာလဲဆိုတာရော သိကြလား? ??
မသိသေးတဲ့သူတွေအတွက် မျှဝေပါရစေ🙏🙏🙏
အဖြေကတော့ ......
Digital Logic System ပါ။
🚨 IT ကျောင်းသားတိုင်း Digital Logic System ကို သင်ရပါတယ်...

Digital Logic ဟာ Computer တိုင်းရဲ့ "ဦးနှောက်" လို့တောင် ပြောလို့ရပါတယ်။
🎓 IT ကျောင်းသားတွေက ဒီဘာသာရပ်မှာ...
🔹 Binary Number (0,1)
🔹 Logic Gates
🔹 Boolean Algebra
🔹 Karnaugh Map (K-Map)
🔹 Flip-Flops
🔹 Counters
🔹 Sequential & Combinational Circuits
စတဲ့ အခြေခံတွေကို သင်ယူရပါတယ်။
💡 ဒါတွေ သင်ရတာ ဘာအတွက်လဲဆိုရင်....
✔️ Computer Hardware ဘယ်လို အလုပ်လုပ်လဲ နားလည်ဖို့။
✔️ Digital Circuit တွေကို ဒီဇိုင်းရေးဆွဲနိုင်ဖို့။
✔️ Embedded System၊ IoT၊ Robotics နဲ့ Computer Engineering ကို ဆက်လေ့လာနိုင်ဖို့။
✔️ Logic ကျကျ စဉ်းစားတတ်တဲ့ အတွေးအခေါ်ကို တည်ဆောက်ဖို့ ဘဲဖြစ်တယ်။

🖥️ Circuit ကို လက်တွေ. device တွေနဲမတည်ဆောက်ခင်မှာ အရင်ဆုံး software(simulation) တွေနဲ့စမ်းသပ်တယ်။
ဉပမာ... (simulation)အများကြီးထဲကမှ Multisim Simulation ကို အသုံးပြုပီး circuit တွေစမ်းသပ်ကြည့်တယ်။
✅ Wiring မှန်/မှား စစ်နိုင်တယ်။
✅ Output မှန်/မမှန် ချက်ချင်းသိနိုင်တယ်။
✅ IC တွေ မပျက်စီးဘဲ အကြိမ်ကြိမ် လေ့ကျင့်နိုင်တယ်။
✅ လက်တွေ့ Lab ဝင်တဲ့အခါ ယုံကြည်မှု ပိုရှိလာတယ်။

📚 ဒီဘာသာရပ်က စာမေးပွဲအတွက် သင်ရတဲ့ ဘာသာရပ်တစ်ခု မဟုတ်ပါဘူး။ နည်းပညာလောကရဲ့ အခြေခံဘာသာစကားကို နားလည်အောင် သင်ပေးတဲ့ ဘာသာရပ်တစ်ခုပါ။

#ဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးပါ


ျောင်းသားများ
#ကွန်ပျူတာပညာ
#နည်းပညာဗဟုသုတ


#ပညာမျှဝေခြင်း

Photos from Learn By Khin's post 26/07/2026

#တချို့ကတောင်စားတယ်လို့ပြောနေကြလို့
Tiktok မှာ ဒီမိသားစုလေး ဖျော်ဖြေနေတာကို တချို့ ment တွေ က ထင်ရာမြင်ရာတွေ မန့်ကြတယ်..
ကောင်မလေးက အသံအရမ်းကောင်း 🥰
တကယ်တော့ Busking ဆိုတာ အများပြည်သူ သွားလာလှုပ်ရှားနေတဲ့ လမ်းမတွေ၊ ရထားဘူတာတွေ၊ ပန်းခြံတွေ ဒါမှမဟုတ် စျေးဝယ်စင်တာ အပြင်ဘက်တွေလို နေရာမျိုးမှာ မိမိရဲ့ အနုပညာစွမ်းရည်ကို ပြသပြီး လမ်းသွားလမ်းလာတွေဆီကဆုကြေး ရယူတဲ့ "လမ်းဘေး အနုပညာပြသခြင်း" ကို ခေါ်တာပါ။
​အနောက်နိုင်ငံတွေမှာတော့ ဒါဟာ အလွန်ရေပန်းစားပြီး ခေတ်စားတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပေမယ့်လည်း ဒို့နိုင်ငံအနေနဲ့တော့ အမြင်ဆန်းမှာပေါ့လေ..
Justin Bieber တောင် ကမ္ဘာကျော် ကြယ်ပွင့် မဖြစ်ခင် အသက် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်တုန်းက ကနေဒါနိုင်ငံ၊ Ontario ပြည်နယ်၊ Stratford မြို့က Avon Theatre စက်ရုံ/ရုပ်ရှင်ရုံ အပြင်ဘက် လှေကားထစ်တွေပေါ်မှာ ဂစ်တာတစ်လက်နဲ့ Busking လုပ်ပြီး သီချင်းဆိုခဲ့ဖူးတယ်တဲ့။
Justin Bieber အပြင် Ed Sheeran, Passenger (Let Her Go သီချင်းပိုင်ရှင်) စတဲ့ ကမ္ဘာကျော် အနုပညာရှင် အများအပြားဟာလည်း Busking လမ်းဘေးဖျော်ဖြေပွဲတွေကနေ ဘဝကို စတင်ခဲ့ကြသူတွေပါတဲ့...


#လမ်းဘေးအနုပညာ #ဂီတဖျော်ဖြေမှု

26/07/2026

📌 မင်းရဲ့ဖုန်းကို နောက်ဆုံး Restart လုပ်ခဲ့တာ ဘယ်အချိန်ကလဲ? ဘယ်နှရက်ရှိပြီလဲ? ..

🚨 Phone ကို Restart မလုပ်တာ ဘာတွေဖြစ်နိုင်လဲ?
✅ App တွေ Memory ပိုသုံးနေပြီး ဖုန်းလေးလာနိုင်တယ်။
✅ တချို့ App Error တွေ မရှင်းဘဲ ကျန်နေနိုင်တယ်။
✅ Update အသစ်တချို့က Restart လုပ်ပြီးမှ အပြည့်အဝ အလုပ်လုပ်တတ်တယ်။
✅ တချို့သော ယာယီ System ပြဿနာတွေက Restart လုပ်ရုံနဲ့ ပြန်ကောင်းသွားနိုင်တယ်။
💡 တစ်ပတ်ကို အနည်းဆုံး ၁ ကြိမ် Restart လုပ်ပေးရင် ဖုန်းရဲ့ ယာယီ Memory တွေကို ရှင်းပေးနိုင်လို့ ကိုယ့်ဖုန်းကလည်း သုံးရတာ အဆင်ပြေသစ်လွင်သွားမှာမို့ မမေ့နဲ့နော်

Want your business to be the top-listed Beauty Salon in Pakokku?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pakokku