Lynn & Glory
High quality products
19/10/2026
ကိုယ့် Scrub လေး အနံ့မွှေးဖို့ ရနံ့ကို ဘယ်လိုရွေးချယ်ရမလဲ? 💫🌸
ကိုယ်လုပ်ထားတဲ့ Scrub လေးကို ဖွင့်လိုက်တာနဲ့ မွှေးမွှေးလေးဖြစ်နေစေချင်တယ်မလား? ရနံ့ရွေးတဲ့အခါ ကိုယ်ကြိုက်တဲ့အနံ့ဖြစ်ဖို့အပြင် ဒီအချက်လေးတွေကိုပါ စဉ်းစားပေးပါနော် 👇
🌟Scrub မှာ အသုံးပြုလို့ရတဲ့ ရနံ့ဖြစ်ပါစေ
-ရနံ့ဆီတိုင်းက အသားအရေအတွက် သုံးလို့ရတာ မဟုတ်ပါဘူး။ ကိုယ်ရွေးထားတဲ့ရနံ့ကို Body Scrub မှာ အသုံးပြုနိုင်မနိုင် Supplier ဆီမှာ အရင်ဆုံး မေးသင့်ပါတယ်
🌸 ကိုယ့် Scrub နဲ့ လိုက်ဖက်တဲ့အနံ့ကို ရွေးပါ
-ချိုချိုနွေးနွေးလေး ကြိုက်ရင် Vanilla၊ ပန်းရနံ့လေး ကြိုက်ရင် Floral စသဖြင့် ကိုယ်လိုချင်တဲ့ ရနံ့ပုံစံကို စဉ်းစားနိုင်ပါတယ်။ Scrub ရဲ့ မူလပါဝင်ပစ္စည်းအနံ့နဲ့ ရောလိုက်တဲ့အခါ လိုက်ဖက်မဖက်လည်း စမ်းကြည့်ဖို့လိုပါတယ်
💧 ပိုမွှေးချင်လို့ ပိုမထည့်ပါနဲ့
-ရနံ့တစ်မျိုးနဲ့တစ်မျိုး သုံးနိုင်တဲ့ပမာဏ မတူပါဘူး။ Body Scrub အတွက် Supplier ပေးထားတဲ့ အသုံးပြုမှုလမ်းညွှန်နဲ့ အများဆုံးပမာဏကို စစ်ဆေးပြီး ချိန်တွယ်ထည့်ပါနော်
🧪 ပမာဏနည်းနည်းနဲ့ အရင်စမ်းပါ
-အများကြီးမဖော်ခင် နည်းနည်းအရင်စမ်းဖော်ပြီး ရနံ့၊ အရောင်နဲ့ Texture ပြောင်းလဲမှုရှိမရှိ စောင့်ကြည့်ဖို့လိုပါတယ်
💕 ကိုယ်တိုင် Scrubတွေကို နည်းလမ်းမှန်မှန် ကန်ကန်စနစ်တကျ အခြေခံကနေသင်ယူချင်တယ်ဆိုရင်တော့ Creation by Lynnရဲ့ Body Scrub Formulation သင်တန်းလေးမှာ အခြေခံကစသေချာအသေးစိတ်လေး သင်လို့ရနိုင်ပါပြီရှင့်
18/10/2026
ဒီလို Lotion Texture လေးရဖို့ ဘာတွေ သိထားရမလဲ? 🤍
🌟အရင်ဆုံး ကိုယ်က ဘယ်လို Texture မျိုး လိုချင်တာလဲ?
ပေါ့ပေါ့ပါးပါး အရည်ကျဲကျဲလေးလား၊ ပျစ်ပျစ်နဲ့ ခရင်မ်သားလေးလိုမျိုးလား? ✨
💡ကိုယ်လိုချင်တဲ့ Texture လေးရဖို့ဆိုရင်…
▫️ ဘာပစ္စည်းတွေ ရွေးသုံးမလဲ?
▫️ တစ်မျိုးစီကို ဘယ်လောက်ထည့်မလဲ?
▫️ ဘယ်အဆင့်မှာ ဘယ်လိုရောစပ်မလဲ?
ဒါလေးတွေကို သိထားဖို့လိုပါတယ်နော်။ ပါဝင်ပစ္စည်းနဲ့ ဖော်စပ်ပုံပေါ်မူတည်ပြီး Lotion ရဲ့ အပျစ်အကျဲနဲ့ လိမ်းရတဲ့အထိအတွေ့လည်း ကွာသွားနိုင်ပါတယ်နော်💖
Lotion လုပ်နည်းကို အခြေခံကနေ နားလည်ပြီး ကိုယ်တိုင်ဖန်တီးတတ်သည်အထိ လေ့လာချင်ရင် တော့ မင်မင်တို့ရဲ့ Hydrating Body Lotion သင်တန်းလေးမှာ လေ့လာလို့ရနိုင်ပါပြီရှင့်🤍
ခုလက်ရှိမင်မင်တို့ဆီမှာ တက်လို့ရနိုင်တဲ့အတန်းလေးတွေကတော့
🧖 Body Scrub Formulation Class
🧼 Soap Making Class (MP)
🧴 Hydrating Body Lotion Formulation Class
💄 Lip Care Formulation Class
✨ Perfume & Scent Creation Class
Online / In-person အတန်းများ ရရှိနိုင်ပြီးအသေးစိတ် သိချင်ရင် page မှာမေးမြန်းနိုင်ပါတယ်ရှင့် 💕
ဆပ်ပြာလေးတွေ ကိုယ်တိုင်လုပ်ချင်ပေမယ့် ဘယ်ကစရမလဲ မသိသေးဘူးလား? 🧼✨
အရောင်လှလှ၊ ရနံ့မွှေးမွှေး ဆပ်ပြာလေးတွေ ဖန်တီးချင်တယ်ဆိုရင် အခြေခံကနေ စလေ့လာလို့ရတဲ့ MP Soap Making ကို မိတ်ဆက်ပေးမယ်နော် 🤍
🔔MP ဆိုတာ Melt & Pour ပါ
အသင့်ပြုလုပ်ထားတဲ့ Soap Base ကို အရည်ဖျော်ပြီး သင့်တော်တဲ့ ပါဝင်ပစ္စည်းတွေ ထည့်ကာ ပုံစံခွက်ထဲလောင်းပြီး ဆပ်ပြာဖန်တီးတဲ့ နည်းလမ်းလေးပါ
ဒါဆို Creation by Lynnရဲ့ MP ဆပ်ပြာသင်တန်းမှာ ဘာတွေသင်ရမလဲ? 👩🏫
🧼 အခြေခံဆပ်ပြာပြုလုပ်နည်း
-MP ဆပ်ပြာအကြောင်းနဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို စတင်လေ့လာရပါမယ်
🌿 ပါဝင်ပစ္စည်း ရွေးချယ်နည်း
-Soap Base၊ ဆီနဲ့ သဘာဝအမှုန့်တွေကို ဘယ်လိုရွေးချယ်ရမလဲ သင်ယူရပါမယ်
🌸 အရောင်၊ ရနံ့နဲ့ ဆပ်ပြာဖန်တီးနည်း
-အရောင်၊ ရနံ့နဲ့ ရည်ရွယ်ချက်အလိုက် ထည့်သွင်းအသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေကို လေ့လာပြီး မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းတွေ သင်ယူရပါမယ်
🎨 3D ပုံစံနဲ့ အလှဆပ်ပြာပြုလုပ်နည်း
-ပုံစံလှလှလေးတွေ ဖန်တီးချင်သူတွေအတွက် 3D အလှဆပ်ပြာ ပြုလုပ်နည်းတွေလည်း ပါဝင်ပါတယ်
✨ ဒါ့အပြင်သန့်ရှင်းသပ်ရပ်တဲ့ Soap Bar ဖန်တီးနည်းဆပ်ပြာလေးတွေကို သန့်သန့်ရှင်းရှင်းနဲ့ ဒီဇိုင်းဆန်းဆန်း ဖန်တီးနိုင်ဖို့ နည်းလမ်းတွေ သင်ယူရပါမယ်
ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ကိုယ့်လက်နဲ့ ဆပ်ပြာလေးတွေ စဖန်တီးကြည့်ချင်ပြီလား? 💛
ဒါဆိုရင်တော့ မင်မင်တို့ရဲ့ MP ဆပ်ပြာသင်တန်းလေးမှာ အခြေခံကစပြီး ကိုယ်တိုင်ဖန်တီးတတ်သည်အထိသင်လို့ရနိုင်ပါပြီရှင့်💡🫶🏻
16/10/2026
Tinted Lip Balm လုပ်ဖို့ ဘယ်လိုအရောင်တွေ ရွေးသင့်လဲ? 💄🌿
နှုတ်ခမ်းကို စိုပြေစေပြီး အရောင်ပါးပါးလေးပါ ထွက်စေချင်ရင် ရွေးချယ်လို့ရတဲ့Colorလေးတွေကို ပြောပြပေးမယ်နော် 🤍
🌸 Carmine — ပန်းရောင်၊ အနီရောင်လေးတွေ ဖန်တီးနိုင်တဲ့ သဘာဝရင်းမြစ်က အရောင်ပါ။ ပိုးမွှားကနေ ထုတ်ယူထားလို့ Vegan တော့ မဟုတ်ပါဘူးနော်
🤎 Iron Oxides — N**e၊ အုတ်နီနဲ့ အညိုသန်းတဲ့အရောင်တွေ ဖန်တီးဖို့ သုံးနိုင်ပါတယ်။ Cosmetic မှာသုံးတဲ့ အမျိုးအစားအများစုက ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထားလို့ သဘာဝအရောင်စစ်စစ်တော့ မဟုတ်ပါဘူး
✨ Mica — အရောင်နုနုနဲ့ တောက်ပမှုလေးပါ လိုချင်ရင် ရွေးနိုင်ပါတယ်။ Mica အရောင်တိုင်းက သဘာဝအရောင်သက်သက် မဟုတ်သလို နှုတ်ခမ်းသုံးဖို့ သင့်တော်တဲ့အမျိုးအစားကို ရွေးဖို့လည်း လိုပါတယ်
💡 ဘယ်လိုထည့်ရမလဲ?………..
🌟နှုတ်ခမ်းသုံးဖို့ သင့်တော်ပြီး ဆီအခြေခံ Balm နဲ့ ရောစပ်နိုင်တဲ့ Colorant ကို ရွေးပါ။
🌟အမှုန့်အမျိုးအစားဆို Supplier ညွှန်ကြားချက်အတိုင်း ဆီအနည်းငယ်နဲ့ အရင်ညက်အောင် ရောပြီးမှ Balm base ထဲ ထည့်ပါ။ 🌟သတ်မှတ်ထားတဲ့ အသုံးပြုနှုန်းအတွင်း နည်းနည်းချင်း ထည့်စမ်းနိုင်ပါတယ်။
🔔Beetroot လို သဘာဝအမှုန့်တွေကတော့ ဆီထဲမပျော်လို့ တိုက်ရိုက်ထည့်ရင် အရောင်မညီတာ၊ အမှုန့်ကျန်တာ ဖြစ်နိုင်ပါတယ်နော်။
ကိုယ်တိုင်လုပ်မယ်ဆို ပန်းရောင်နုနုလေးလား၊ N**e လေးလား? ဘယ်အရောင်လေးတွေ လုပ်ချင်ကြလဲဆိုတာ မင်မင်ကို comment မှာ မန့်ခဲ့ပေးပါဦးနော်💗🤎
Scrub စလုပ်မယ့်သူတွေ သိထားသင့်တဲ့ Contamination အကြောင်း
Scrub လုပ်တဲ့အခါ Texture လှဖို့၊ အနံ့မွှေးဖို့အပြင် သန့်ရှင်းမှုကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်နော် 🤍
🦠 Contamination ဆိုတာ ဘာလဲ?
-Scrub ထဲကို မလိုလားအပ်တဲ့ အညစ်အကြေး၊ ဘက်တီးရီးယားနဲ့ မှိုလို ပိုးမွှားတွေ
ဝင်ရောက်ရောနှောသွားတာပါ
ဘာကြောင့် ဖြစ်နိုင်တာလဲ?
🥣 အသုံးအဆောင်တွေ မသန့်ရှင်းခြင်း
-ဖော်စပ်တဲ့အခါ သုံးတဲ့ပန်းကန်၊ မွှေတံ၊ ဇွန်းနဲ့ ထည့်မယ့်ဘူးတွေကနေ ပိုးမွှားတွေ ဝင်စေနိုင်ပါတယ်
💧 ရေနဲ့ လက်ကနေ ဝင်ရောက်ခြင်း
-မသန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်တာ၊ ဘူးထဲ ရေဝင်တာတွေကလည်း ညစ်ညမ်းမှု ဖြစ်စေနိုင်ပါတယ်
📦 ကုန်ကြမ်းတွေကို စနစ်တကျ မသိမ်းဆည်းခြင်း
-အဖုံးမပိတ်ဘဲထားတာ၊ သိုလှောင်မှု မသင့်တော်တာကြောင့် ကုန်ကြမ်းကနေလည်း ညစ်ညမ်းမှု ဖြစ်နိုင်ပါတယ်
🧴 ပိုးမွှားကာကွယ်မှု မလုံလောက်ခြင်း
-ဖော်မြူလာနဲ့ မကိုက်ညီတဲ့ Preservative က ပိုးမွှားပွားလာမှုကို ထိရောက်စွာ မတားဆီးနိုင်ပါဘူး
✨ ဒါကြောင့် Scrub စလုပ်မယ်ဆို…
လက်၊ အသုံးအဆောင်နဲ့ ဘူးတွေကို သန့်ရှင်းအောင် ပြင်ဆင်ပါ။ ကုန်ကြမ်းတွေကို ညွှန်ကြားချက်အတိုင်း သိမ်းဆည်းပြီး ဖော်မြူလာနဲ့ သင့်တော်တဲ့ ပိုးမွှားကာကွယ်မှု၊ စမ်းသပ်စစ်ဆေးမှုတွေကိုပါ ထည့်စဉ်းစားပါ
Preservative ထည့်ထားရုံနဲ့ သန့်ရှင်းမှုကို လျစ်လျူရှုလို့ မရပါဘူးနော်။ Scrub ဖော်စပ်တတ်ဖို့ဆိုတာ Formula အပြင် သန့်ရှင်းစွာ ပြုလုပ်တတ်ဖို့လည်း အရေးကြီးပါတယ်နော်🤍
HP Soap Private Online သင်တန်း
ဆပ်ပြာလုပ်နည်းတွေထဲက HPနဲ့ CP ကွာခြားပုံ🌟
HP Soap (Hot Process Soap) ဆိုတာ ဆီ၊ ရေနဲ့ ဆိုဒီယမ်ဟိုက်ဒရောစိုက်(NaOH) တို့ကို အချိုးကျရောပြီး အပူပေးချက်လုပ်ထားတဲ့ ဆပ်ပြာမျိုးပါ ၊ ဆပ်ပြာလုပ်ပြီးနောက် ဆပ်ပြာတုံး ကပိုမာပြီး အသုံးခံလာအောင် အခြောက်ခံထားရပါသေးတယ်🤍
💡ဒီviedo လေးကတော့ မင်မင်တို့ဆီမှာ HP ဆပ်ပြာလုပ်နည်းကို private online သင်တန်းလာတက်တဲ့မမကို တီချယ်လင်းကနေ HPဆပ်ပြာလုပ်နည်းနဲ့ CP ဆပ်ပြာလုပ်နည်းတွေရဲ့ ဘယ်လိုလေးကွာခြားပုံကို အသေးစိတ်လေးရှင်းပြပေးနေတာပဲ ဖြစ်ပါတယ်🫶🏻💕
🔔HP ဆပ်ပြာရဲ့ အသုံးဝင်ပုံတွေကတော့ 🧼
• အရေပြားပေါ်က အညစ်အကြေးနဲ့ အဆီပိုတွေကို ဆေးကြောပေးတယ်
• လက်ဆေးဖို့နဲ့ ကိုယ်ခန္ဓာသန့်စင်ဖို့ သုံးနိုင်
တယ်
• ကိုယ်တိုင်သုံးဖို့၊ လက်ဆောင်ပေးဖို့နဲ့ ရောင်းချဖို့ ပြုလုပ်နိုင်တယ်
အသားအရေနဲ့ သင့်တော်မှုကတော့ အသုံးပြုထားတဲ့ ဖော်မြူလာပေါ် မူတည်ပါတယ်နော်🤍
EDP ရေမွှေးဆိုတာ ဘာလဲ? ရနံ့က ဘယ်လောက်ကြာကြာခံလဲ? 🌸✨
ရေမွှေးတွေမှာ EDC, EDT, EDP, Parfumဆိုပြီး အမျိုးအစား အမျိုးမျိုးရှိဆိုပြီး ရှိပါတယ်
💡ဆိုတော့ EDP (Eau de Parfum) ဆိုတာ Fragrance Concentration 15%–20% ဝန်းကျင် ပါဝင်လေ့ရှိတဲ့ ရေမွှေးအမျိုးအစားတစ်ခုပါ
🌷 ရနံ့ကို ပုံမှန်အားဖြင့် 4–8 နာရီခန့်လောက် ကြာရှည်ခံနိုင်ပါတယ်
🌷 နေ့စဉ်အသုံးပြုဖို့ရော အထူးအခါသမယတွေအတွက်ပါ သင့်တော်ပါတယ်
🌷 ရနံ့ကြာကြာခံတဲ့ Perfume မျိုးကို နှစ်သက်သူတွေအတွက်လည်း ရွေးချယ်စရာကောင်းတဲ့ တစ်ခုပါ
🔔ဒါဆို ကိုယ်ကြိုက်တဲ့ရနံ့နဲ့ EDP ရေမွှေးတစ်ဘူးကို ကိုယ်တိုင်ဖန်တီးကြည့်ချင်တဲ့သူတွေရှိလား? 💗
Lynn & Glory ရဲ့ Perfume & Scent Creation သင်တန်းမှာဆိုရင်
✨ Perfume အခြေခံနဲ့ ရနံ့ဖန်တီးခြင်းရဲ့ သဘောတရားတွေ
✨ Top, Middle & Base Notes တွေရဲ့ ကွာခြားချက်တွေ
✨ ရနံ့တွေကို လိုက်ဖက်အောင် ရွေးချယ်ပေါင်းစပ်နည်း (Scent Blending)
✨ Natural Botanical Perfume ဖန်တီးနည်း
✨ Perfume Oil, EDT နဲ့ EDP ပြုလုပ်နည်းတွေကို သင်ယူရမှာဖြစ်ပါတယ်
အထူးသဖြင့် လက်တွေ့Session မှာလည်း ကိုယ်တိုင်ရွေးချယ်ပေါင်းစပ်ထားတဲ့ ရနံ့နဲ့ EDP ရေမွှေးတစ်ဘူးကို လက်တွေ့ဖန်တီးရမှာပါရှင့်🧪💕
Perfume ဖန်တီးနည်းကို အခြေခံကနေ စနစ်တကျလေ့လာချင်သူတွေအတွက် သင်တန်းလေးအကြောင်းကို Page Messenger မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်💌
Disclaimer -No copyright infringement. I don't own this video. It belongs to the rightful owner.
All rights reserved to the artist(s) and label(s). No copyright intended.
Natural color powder တွေသုံးချင်တဲ့ မမတွေအတွက် 🫧🍀
Natural Powder ကို Soap & Scrub တွေမှာ Color အတွက်သုံးလို့ရလား?
အဖြေကတော့ ရပါတယ်။ ဒီလေးတွေကတော့ ဥပမာလေးပြောပြထားတာပါရှင့်။
သဘာဝအရောင်လေးတွေရဖို့
🌸 Beetroot Powder – Pink
💛 Turmeric Powder – Yellow
💚 Spirulina Powder – Green
🤎 Cocoa Powder – Brown
ဒါပေမဲ့ အပူနဲ့ pH ကြောင့် အရောင်ပြောင်းနိုင်တာမို့ အသုံးမပြုခင် အရင်စမ်းသပ်ဖို့ လိုပါတယ်နော် ✨
Lotion သင်တန်းလေးမှာ Body Lotion Cream အပြင် ဘာတွေသင်သေးလဲ မေးတဲ့ချစ်တို့အတွက်🧴🤍
Lotion ဖော်စပ်တဲ့အခါ ပါဝင်ပစ္စည်းတွေရဲ့ အလုပ်လုပ်ပုံကို နားလည်ပြီး ကိုယ်လိုချင်တဲ့ အသားအရေနဲ့ Texture အလိုက် ရွေးချယ်ဖော်စပ်နိုင်ဖို့ အခြေခံကနေ သင်ပေးမှာပါရှင့်
သင်တန်းမှာတော့…
🤍 Skincare formulation အတွက် အခြေခံသိထားသင့်တဲ့ အချက်တွေ
🤍 Oil၊ Water နဲ့ Emulsifier တို့ရဲ့ အခန်းကဏ္ဍ
🤍 အသားအရေအမျိုးအစားနဲ့ လိုချင်တဲ့ Lotion Texture အလိုက် ပါဝင်ပစ္စည်း ရွေးချယ်နည်း
🤍 Formula တည်ငြိမ်မှုနဲ့ အသားအရေအတွက် သင့်တော်တဲ့ pH ရရှိဖို့ အခြေခံသဘောတရားတွေ
🤍 Body Lotion Cream ဖော်စပ်နည်းတွေကို လေ့လာရမှာပါ
ဒါ့အပြင် Face Cream နဲ့ Gel Type Lotion တို့အတွက် Formulation Guideline တွေလည်း ပါဝင်ပါတယ်ရှင့်✨
သင်တန်းလေးပက်သက်ပြီး အသေးစိတ်လေးသိချင်ရင် Page Messenger မှာ လာမေးလို့ရပါတယ်နော် 💌
Shower Scrub ရဲ့ နူးနူးအိအိ Texture ကို ဖန်တီးပေးတဲ့ အဓိကပါဝင်ပစ္စည်းလေးအကြောင်း 🫧🤍
အဲဒါလေးကတော့ Foaming Whipped Bath Butter Base ပါပဲနော်
နာမည်မှာ Butter ပါပေမယ့် Shea Butter လို အဆီထောပတ်မျိုး မဟုတ်ဘဲ အမြှုပ်ထွက်ပြီး အသားအရေကို သန့်စင်ပေးတဲ့ Base တစ်မျိုးပါ
ဒီ Base လေးကို မွှေလိုက်တဲ့အခါ ခရင်မ်လို ပွပွအိအိ Texture မျိူးရလာပြီး အသားအရေပေါ် ဖြန့်လိမ်းရတာလည်း လွယ်ကူစေပါတယ်
ရေနဲ့ပွတ်တိုက်ပြီးသုံးတဲ့အခါ အမြှုပ်လေးတွေ ထွက်လာပြီး အညစ်အကြေးနဲ့ အဆီတွေကို ဆေးကြောပေးပါတယ် 🫧
သကြားလို Scrub အမှုန်လေးတွေနဲ့ ပေါင်းစပ်လိုက်တော့ သန့်စင်ပေးရင်း ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့ Whipped Shower Scrub လေး ဖြစ်လာတာပါ ✨
💡မင်မင်တို့ရဲ့ Body Scrub သင်တန်းမှာ သင်ကြားပေးတဲ့ Scrub ၃ မျိုးထဲမှာ ဒီ Shower Scrub လေးလည်း တစ်မျိုးပါပါတယ်နော်
🔔ပါဝင်ပစ္စည်းတစ်ခုချင်းစီရဲ့ အခန်းကဏ္ဍနဲ့အလုပ်လုပ်ပုံကို နားလည်ပြီး ကိုယ်တိုင်scrub မျိုးစုံကို ဖော်စပ်တတ်ချင်ရင်တော့ မင်တို့ရဲ့Body Scrub Formulation သင်တန်းမှာအသေးစိတ်လေးကို အခြေခံကစပြီး စာတွေ့လက်တွေ့ သင်ကြားလို့ရနိုင်ပါပြီရှင့်
Disclaimer -No copyright infringement. I don't own this video. It belongs to the rightful owner.
All rights reserved to the artist(s) and label(s). No copyright intended.
Category
Contact the business
Telephone
Website
Address
Pakokku
Alerts
Be the first to know and let us send you an email when Lynn & Glory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
