Lynn & Glory
High quality products
14/08/2026
🌸 Perfume ရွေးတဲ့အခါ သိသင့်တဲ့ Scent Family အုပ်စုအကြောင်း
ရေမွှေးရွေးတဲ့အခါ Floral, Woody, Fresh, Oriental ဆိုတဲ့ Scent Family အုပ်စုတွေကို တွေ့ဖူးကြမှာပါ🤔
💡ဒါတွေက ဘာကိုဆိုလိုတာလဲဆိုရင် —
Scent Family ဆိုတာ အနံ့ Character ဆင်တူတဲ့ Fragrance တွေကို အုပ်စုခွဲထားတာ ဖြစ်ပါတယ်
🌸 Floral
-Rose, Jasmine, Lavender လို ပန်းရနံ့တွေကို အဓိကထားတဲ့ Scent Family မျိုးပါ
-နူးညံ့ပြီး ပန်းရနံ့ Character ထင်ရှားတဲ့ Perfume တွေမှာ တွေ့ရတတ်ပါတယ်
🌲 Woody
-Sandalwood, Cedarwood, Vetiver လို သစ်သားနဲ့ မြေကြီးဆန်တဲ့ အနံ့ Character တွေ ပါဝင်တတ်ပါတယ်
-နွေးထွေးပြီး နက်ရှိုင်းတဲ့ Scent မျိုး ရတတ်ပါတယ်
🍋 Fresh
-Citrus, Mint, Aquatic လို လန်းဆန်းပြီး ပေါ့ပါးတဲ့ အနံ့တွေ ပါဝင်တတ်ပါတယ်။
-သန့်ရှင်းပြီး လန်းဆန်းတဲ့ရနံ့ ခံစားချက်မျိုး ရစေပါတယ်
🪵 Oriental / Amber
-Vanilla, Amber, Resin, Spices လို နွေးထွေးပြီး Rich ဖြစ်တဲ့ အနံ့ Character တွေ ပါဝင်တတ်ပါတယ်
-နွေးနွေးထွေးထွေးနဲ့ Deep ဖြစ်တဲ့ Scent မျိုးတွေမှာ တွေ့ရတတ်ပါတယ်
✨ အလွယ်မှတ်မယ်ဆိုရင် —
🌸 Floral → ပန်းရနံ့
🌲 Woody → သစ်သားရနံ့
🍋 Fresh → လန်းဆန်းတဲ့ရနံ့
🪵 Oriental / Amber → နွေးထွေးပြီး Rich ဖြစ်တဲ့ရနံ့ တို့ပဲဖြစ်ပါတယ်
💡 Scent Family တွေကို နားလည်ထားရင် ကိုယ်ကြိုက်တဲ့ Perfume ကို ရွေးရတာသာမက ကိုယ်ဖန်တီးချင်တဲ့ Scent Character ကို သတ်မှတ်ပြီး Fragrance Notes တွေကို ရွေးချယ်ရာမှာလည်း ပိုလွယ်ကူစေနိုင်ပါတယ်
🧪 Perfume & Scent Creation ကို အခြေခံကနေ စနစ်တကျလေ့လာပြီး ကိုယ်ပိုင် Scent ဖန်တီးချင်တယ်ဆိုရင် Lynn & Glory ရဲ့ Perfume & Scent Creation Class မှာ လေ့လာနိုင်ပါတယ်
class &glory
✨ နောက် ၂ ရက်နေရင် Body Scrub Formulation Class (Ygn)လေး စတော့မယ်နော်!
သင်တန်းသူ၊သင်တန်းသားတွေနဲ့ တွေ့ရတော့မှာဆိုတော့ လင်းတို့လည်း အရမ်း excited ဖြစ်နေပါပြီရှင့်🥰
📍ရန်ကုန်
— Lynn & Glory
Your Kind of Beauty ✨
&glory
12/08/2026
📢 Body Scrub Formulation Class(Ygn) — Fully Booked! 🤍
Body Scrub Formulation Class လေးကတော့ Class ကြေငြာပြီး သိပ်မကြာခင်မှာပဲ fully Booked ဖြစ်သွားတာဖြစ်ပါတယ်ရှင့်! 🎉
Group Class လေးတွေကို ထပ်လာစုံစမ်းကြတဲ့သူလေးတွေအားလုံးကိုလည်း နောက်တန်းခွဲသစ်လေးကို ပြန်လည်ကြေငြာပေးပါ့မယ်ရှင့်
လာရောက်အပ်နှံပေးကြတဲ့ သင်တန်းသားများအားလုံးကို Lynn & Glory မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🥰🤍
📚 Body Scrub Formulation Class Schedule
🗓️ 15.8.2026 (Saturday) — Fully Booked ✅
🗓️ 16.8.2026 (Sunday) — Fully Booked ✅
Body Scrub Formulation ကို စိတ်ဝင်စားပြီး အပ်နှံပေးကြတဲ့ သင်တန်းသားတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 💗
Class နဲ့ပတ်သက်ပြီး စောင့်မျှော်ပေးနေကြတဲ့သူများအတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့် 🫶🏻
— Lynn & Glory
Your Kind of Beauty ✨
&glory
🧴 သင်တန်းသူမမရဲ့ Online Body Scrub Private Class လာတက်ဖြစ်ခဲ့ပုံလေး 🤍
ကိုယ်တိုင် Body Scrub တွေ ဖော်မြူလာလုပ်ချင်သူတွေအတွက်Online Private Class လေးမှာ မိမိသိချင်တဲ့အကြောင်းအရာတွေကို တစ်ဦးချင်းစီ သေချာလေ့လာနိုင်ပါတယ် ✨
📚 Body Scrub Formulation အခြေခံမှစပြီး
🧪 Ingredients တွေရဲ့ အခန်းကဏ္ဍတွေ
⚖️ Formula Balance နဲ့
🧴 လက်တွေ့ Formulation ပြုလုပ်နည်းတွေကို လေ့လာနိုင်ပါတယ်
ကိုယ်ပိုင် Brand အတွက်ဖြစ်ဖြစ်၊ ကိုယ်တိုင်လေ့လာချင်တာပဲဖြစ်ဖြစ်မိမိရဲ့လိုအပ်ချက်နဲ့ကိုက်ညီအောင် Private Class လေးနဲ့ လေ့လာနိုင်ပါတယ်ရှင့် 💕
ခုလက်ရှိမင်မင်တို့ဆီမှာ တက်လို့ရနိုင်တဲ့အတန်းလေးတွေကတော့
🧖 Body Scrub Formulation Class
🧼 Soap Making Class (MP)
🧴 Hydrating Body Lotion Formulation Class
💄 Lip Care Formulation Class
✨ Perfume & Scent Creation Class
Online / In-person အတန်းများ ရရှိနိုင်ပြီးအသေးစိတ် သိချင်ရင် page မှာမေးမြန်းနိုင်ပါတယ်ရှင့် 💕
&glory
“🧼 ဆပ်ပြာသားက လုပ်ပြီး ရက်နည်းနည်းကြာတာနဲ့ ပျော့သွားရတဲ့ အကြောင်းအရင်း💡”
ဆပ်ပြာကိုလုပ်ပြီးစမှာတော့ ဆပ်ပြာသားမာနေပေမယ့် ရက်အနည်းငယ်ကြာတဲ့အခါ ပျော့လာတာမျိုး ကြုံဖူးလား?
အဓိကအကြောင်းရင်းတွေကတော့—
1️⃣ရေဓာတ်များခြင်း 💧
-ဆပ်ပြာBase ထဲမှာ ရေဓာတ်များနေခြင်း၊ ဒါမှမဟုတ် ရေ/အရည်တွေ ထပ်ထည့်တာများခြင်းကြောင့် ဆပ်ပြာသားပျော့လာနိုင်ပါတယ်
2️⃣Oil / Butter များလွန်းခြင်း 🧴
-ကိုယ့်စိတ်ကြိုက် Oil & Butter တွေ အများကြီးထည့်လိုက်ရင် ဆပ်ပြာရဲ့ Hardness လျော့သွားနိုင်စေပါတယ်
3️⃣အပူချိန်မမှန်ခြင်း 🌡️
-ဆပ်ပြာBase ကို အပူလွန်အောင်အရည်ဖျော်တာကလည်း Soap ရဲ့ texture ကို ထိခိုက်စေနိုင်ပါတယ်
4️⃣သိမ်းဆည်းပုံမမှန်ခြင်း 📦
-ရေစိုတဲ့နေရာမှာထားတာ၊ အသုံးပြုပြီးနောက် ရေမစီးထွက်နိုင်တဲ့နေရာမှာထားတာတွေကြောင့် ဆပ်ပြာက ပိုပျော့လာနိုင်ပါတယ်
💡ဆပ်ပြာကောင်းကောင်းလုပ်ချင်ရင် Ingredient တစ်ခုချင်းစီရဲ့ ပမာဏနဲ့ ထည့်တဲ့နည်းလမ်းကို သိထားဖို့ အရေးကြီးပါတယ်
🔔နည်းလမ်းမှန်မှန်ကန်ကန်နဲ့ ဆပ်ပြာလုပ်နည်းကို စနစ်တကျသင်ယူချင်တဲ့သူတွေအတွက် Lynn & Glory က Soap Making Class မှာ အခြေခံကစ သင်ယူပြီးကိုယ်ပိုင်ဆပ်ပြာကို ဖန်တီးလို့ရနိုင်ပါပြီ🫶🏻🫧
&glory
Disclaimer -No copyright infringement. I don't own this video. It belongs to the rightful owner.
All rights reserved to the artist(s) and label(s). No copyright intended.
💋 “Lip Balm ထဲ Color ထည့်လိုက်ရင် Tinted Lip Balm ဖြစ်ပြီ” ဆိုတာ အမှန်လား?
❌ အဖြေကတော့ “မဟုတ်ပါဘူး”
Tinted Lip Balm က အရောင်ထည့်ထားတဲ့ Lip Balm တစ်ခုထက် ပိုပါတယ်
အရောင်လှဖို့၊Texture ကောင်းဖို့၊
နှုတ်ခမ်းပေါ်မှာ ညီညီညာညာလိမ်းလို့ရဖို့၊
Color မကွက်ဖို့…
Formulation Technique တွေကို နားလည်ထားဖို့လိုပါတယ်
ဒါကြောင့် Formula တစ်ခုကို နားလည်ထားရင် ကိုယ်လိုချင်တဲ့ Color နဲ့ Texture ကို ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်
Lynn & Glory က Lip Care Foundation Class မှာတော့ အခြေခံကနေ စပြီး Beginner တွေလည်း လေ့လာနိုင်အောင် သင်ကြားပေးပါတယ်💕
ခုလက်ရှိမင်မင်တို့ဆီမှာ တက်လို့ရနိုင်တဲ့အတန်းလေးတွေကတော့
🧖 Body Scrub Formulation Class
🧼 Soap Making Class (MP)
🧴 Hydrating Body Lotion Formulation Class
💄 Lip Care Formulation Class
✨ Perfume & Scent Creation Class
Online / In-person အတန်းများ ရရှိနိုင်ပြီးအသေးစိတ် သိချင်ရင် page မှာမေးမြန်းနိုင်ပါတယ်ရှင့် 💕
Disclaimer -No copyright infringement. I don't own this video. It belongs to the rightful owner.
All rights reserved to the artist(s) and label(s). No copyright intended.
07/08/2026
🧴 Lotion Formulation Quiz လေး ဖြေကြည့်ရအောင်! 💙
Lotion Formulation အကြောင်း ဘယ်လောက်သိထားပြီလဲ? 🤔
ဒီ Quiz (၃) ခုကို ဖြေပြီး ကိုယ့်ရဲ့ Knowledge ကို စမ်းသပ်ကြည့်လိုက်ပါနော်✨
💬 အဖြေကို 1A, 2C, 3B လိုမျိုး Comment မှာ ရေးပေးခဲ့နော်၊ နောက်နေ့ကျ အဖြေမှန်လေးတွေကို comment မင်မင်မန့်ပေးထားမယ်နော်😉
ခုလက်ရှိမင်မင်တို့ဆီမှာ တက်လို့ရနိုင်တဲ့သင်တန်းလေးတွေကတော့
🧖 Body Scrub Formulation Class
🧼 Soap Making Class (MP)
🧴 Hydrating Body Lotion Formulation Class
💄 Lip Care Formulation Class
✨ Perfume & Scent Creation Class
Online / In-person အတန်းများ ရရှိနိုင်ပြီးအသေးစိတ် သိချင်ရင် page မှာမေးမြန်းနိုင်ပါတယ်ရှင့် 💕
&glory
“Private Perfume Online အတန်းမှ သင်တန်းသူစိတ်ကြိုက်လက်တွေ့ဖန်တီးနေတဲ့ ပုံရိပ်🌹💖”
🌸ဒါလေးကတော့ လက်တွေ့ရေမွှေးcreationကို တီချယ်လင်းနဲ့အတူတူ zoom live တိုက်ရိုက် လက်တွေ့ဖန်တီးနေတာလေးပဲ ဖြစ်ပါတယ်
💡အချိန်နေရာမရွေး ကိုယ်လေ့လာချင်တာတွေကို Online ကနေသင်ယူချင်တဲ့သူတွေအတွက် Lynn & Glory မှာOnline private သင်တန်းလေးတွေလည်း ဖွင့်လှစ်ထားပါတယ်
ခုလက်ရှိမင်မင်တို့ဆီမှာ တက်လို့ရနိုင်တဲ့သင်တန်းလေးတွေကတော့
🧖 Body Scrub Formulation Class
🧼 Soap Making Class (MP)
🧴 Hydrating Body Lotion Formulation Class
💄 Lip Care Formulation Class
✨ Perfume & Scent Creation Class
Online / In-person အတန်းများ ရရှိနိုင်ပြီးအသေးစိတ် သိချင်ရင် page မှာမေးမြန်းနိုင်ပါတယ်ရှင့် 💕
&glory
05/08/2026
💡Skincare Formulation မှာ လိုက်နာသင့်တဲ့ အခြေခံSafety အချက်များ
🧴 Skincare formulation တွေလုပ်မယ်ဆိုရင် Formula တစ်ခုတည်း သိရုံနဲ့ မလုံလောက်ပါဘူး
အရင်ဆုံး သိထားသင့်တာက Safety ပါ
Safety ကို လျစ်လျူရှုမိရင် Product ကောင်းတစ်ခုတောင် Skin Problem ဖြစ်စေနိုင်ပါတယ်
Beginner တွေ သိထားသင့်တဲ့ အခြေခံ Safety အချက်တွေကို knowledge sharing အနေနဲ့မျှဝေပေးမယ်နော်🫶🏻✨
🧼 ၁။ လက်ကို သန့်စင်စွာ ဆေးကြောပါ
-Formulation မလုပ်ခင် လက်ကို သန့်စင်အောင် ဆေးပြီး လိုအပ်ရင် လက်အိတ် (Gloves) ဝတ်ပါ
🧴 ၂။ အသုံးပြုမယ့် ပစ္စည်းများကို သန့်ရှင်းအောင် ပြင်ဆင်ပါ
-Beaker, Spatula, Mixing Tool နဲ့ Container တွေကို အသုံးမပြုခင် သေချာသန့်စင်ထားပါ
🦠 ၃။ အလုပ်လုပ်မယ့် နေရာကို သန့်ရှင်းထားပါ
-ဖုန်၊ အမှိုက်၊ အညစ်အကြေးတွေ မရှိတဲ့ နေရာမှာသာ Formulation ပြုလုပ်သင့်ပါတယ်
⚖️ ၄။ ပါဝင်ပစ္စည်းများကို တိကျစွာ ချိန်ပါ
-“ခန့်မှန်းပြီးထည့်တာ” မလုပ်ဘဲ Digital Scale နဲ့ တိကျစွာ ချိန်တွယ်အသုံးပြုပါ
📝 ၅။ Formula ကို မပြောင်းလဲဘဲ လိုက်နာပါ
-Beginner ဖြစ်သေးရင် Ingredients တွေကို ကိုယ့်စိတ်ကြိုက် အစားထိုးခြင်း၊ ပမာဏတိုးလျှော့ခြင်း မလုပ်သင့်ပါဘူး
🧪 ၆။ Patch Test ပြုလုပ်ပါ
-Product အသစ်ကို အသုံးမပြုခင် လက်မောင်းအတွင်းဘက်လို နေရာသေးသေးမှာ စမ်းသပ်ပြီး အရေပြားတုံ့ပြန်မှု ရှိမရှိ စစ်ဆေးပါ။
🏷️ ၇။ Label တပ်ပြီး သိမ်းဆည်းပါ
-ထုတ်လုပ်သည့်ရက်၊ Product အမည်နဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ရေးသားထားပါ
🌡️ ၈။ မှန်ကန်စွာ သိမ်းဆည်းပါ
-နေရောင်တိုက်ရိုက်မကျတဲ့၊ အပူချိန်မြင့်မားလွန်းတဲ့ နေရာတွေကို ရှောင်ပြီး သန့်ရှင်းခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်းပါ
💛 Safety က Product တစ်ခုရဲ့ အခြေခံအုတ်မြစ်ပါ၊ လှပတဲ့ Product တစ်ခု ဖန်တီးနိုင်ဖို့အပြင် အသုံးပြုသူအတွက် လုံခြုံစိတ်ချရတာက ပိုပြီး အရေးကြီးပါတယ်နော်
&glory
📍 Yangon, We’re Coming Soon! ✨
သင့်ရဲ့ Business စိတ်ကူးအိမ်မက်တွေကို Lynn & Glory နဲ့အတူ အကောင်အထည်ဖော်ဖို့ အချိန်ရောက်လာပါပြီ🤍
မကြာခင်မှာ ပြန်လည်တွေ့ဆုံကြမယ်နော်✨
Stay tuned! ✨
&glory
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pakokku
