Bee Lover

Bee Lover

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bee Lover, Health/Beauty, Pathein.

12/04/2025

လူတစ်ယောက်ကို
ချစ်ရတာဟာ ...
ပင်ပန်းသလား တဲ့ ။

ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်ကို
နှစ်နှစ်ကာကာ ချစ်မိခြင်းကတော့
သိပ် ပင်ပန်းရပါတယ် ။

​ကိုယ့်ဖက်ကမှ
ပြောစရာ စကားတွေ ရှိမနေတော့ရင်
ဖုန်းချသွားမှာစိုးလို့
ရေပက်မ၀င်အောင်
စကားပြောခဲ့ရတဲ့ ရက်တွေ
အများကြီး ကြုံလာရတတ်တယ် ။

တစ်ခါတစ်လေ ...
သူ နားထောင်နေမှာပဲဆိုတဲ့အထင်နဲ့
အလေးအနက် ပြောပြီးမှ
တစ်ဖက်က
ခဏ ဘာပြောလိုက်တာလဲဆိုတဲ့
မေးခွန်းတွေအောက်မှာလဲ
ပြိုလဲချင်မိလိမ့်မယ် ။

A4 တစ်ရွက်စာလောက်
စာတွေ ပို့ခဲ့ပြီးမှ
တစ်ဖက်က
အင်း ဆိုတာလေး တစ်လုံးပြန်ရလာတဲ့ နေ့ရက်တွေမှာ
ရင်တွေ နာရလိမ့်မယ် ။

ခဏနော် ...
မအားသေးလို့နော် ...
ခဏနေကျရင် ဖုန်းပြန်ခေါ်လိုက်မယ်နော် ဆိုတဲ့
ခဏတွေ နောက်မှာ
ကိုယ်က ...စောင့်ဆိုင်းရင်း
ပေါ်လာတတ်တဲ့ နေ့တွေမှ အများကြီးပေါ့ ။

ကိုယ့် ...စိတ်ပူမိခြင်းတွေဟာ
အပို လုပ်လွန်းတယ်လို့
အထင်ခံရတတ်ပြီး ...

ကိုယ် ကျတဲ့ မျက်ရည်တွေဟာ
မျက်ရည်ပေါလို့ ကျတယ်လို့ပဲ
အထင်ခံရတတ်ပါတယ် ။

ပိုဆိုးတာက ...
ကိုယ် ဘယ်လောက်ချစ်ပေး ချစ်ပေး
ကိုယ် တစ်ယောက်တည်းနဲ့
မလုံလောက်တတ်တာပါပဲ ။

လူတစ်ယောက်ကို
ချစ်ရတာက
အမြဲတမ်း ပင်ပန်းမယ်လို့တော့ မထင်ပါဘူး ...

ဒါပေမယ့်
ကိုယ့်ကို မချစ်တဲ့ သူကိုမှ
တစ်ဘ၀စာအတွက် ရည်ရွယ်မိရင်

နေ့ရက်တိုင်းကို
ပင်ပင်ပန်းပန်းဖြတ်သန်းရတတ်ပါတယ် ။

#ကျေးကို

14/10/2024

-လမ်းတွေ ကြမ်းသလောက်
ခရီး မပေါက်တာတော့ ခံရခက်လွန်းတယ် ။

နွေပူပူ ထဲက အညာသားမို့ ထင်ပါရဲ့

ဘဝ တွေလည်း ကြမ်းတယ်
အိမ်မက်တွေလည်း ခမ်းတယ် ။

#2001
//crd

13/10/2024

ချစ်လားမေးမှ ...ချစ်တယ်လို့ ဖြေတာမျိုးတွေ ...
စာတွေ အများကြီး ပို့နေပြီးတော့မှ
Seen ပြပြီး Reply ပြန်မလာတာမျိုးတွေ ...
တကယ် လွမ်းလို့ပါဆိုပြီး
မျက်ရည်တွေနဲ့ တောင်းဆိုခဲ့တာတောင်
ကိုယ့်အတွက် အချိန်ရှိမနေတာမျိုးတွေ ...

တစ်ခါတစ်လေကျတော့လည်း
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မိတယ် ဂရုစိုက်မှုတွေကိုတောင်
ကိုယ့်ဖက်က လုပ်ယူနေရတာမျိုးလား တွေးနေမိတယ် ...
ကိုယ့်ကိုယ်ကိုယ်လည်း သနားလာမိသလို
အတင်းလုပ်ယူမှ ရမယ့် ချစ်ခြင်းမေတ္တာတွေကိုလည်း
မလိုချင်တော့ပါဘူး ။

ရှိပါစေတော့ ... ရှိစေတော့ပေါ့
ကိုယ် ချစ်ခြင်းတွေက မှန်ခဲ့တာပဲ
ကျန်တာ မမျှော်လင့်ထားတော့တာ ကောင်းပါတယ် ။

#2001
//crd

17/09/2024

ရှေ့လျှောက် တွယ်ကပ်နေတာမျိုးတွေ
လုပ်ဖြစ်တော့မှာ မဟုတ်သလို
ဘယ်သူ့ကိုမှ ဆွဲမထားဖြစ်လောက်တော့ဘူး
ကိုယ့်ကြောင့် ကိုယ်တန်ဖိုးထားရတဲ့သူ
စိတ်မပင်ပန်းစေဖို့ပါ......

10/09/2024

ခံစားဖူးတဲ့သူမှသိမှာ ..........🥺

09/09/2024

ကပ်တွယ်မိခြင်း

09/09/2024

ညိုကီတို့.....

photo

Category

Website

Address

Pathein