Gym&Fitness knowledge
Share fitness knowledge
07/02/2022
လေ့ကျင့်ခန်းစတင်ရန်အချိန်ရောက်ပြီးဟုဆုံးဖြတ်နေပြီးလား။ ဂုဏ်ယူပါသည် သင်သည် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်နှင့် ပေါ့ပါးသောစိတ်ဆီသို့ ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါပြီ။
လေ့ကျင့်ခန်းလုပ်ခြင်းသည် နှလုံးရောဂါကဲ့သို့သော အချို့ရောဂါများကို အမှန်တကယ် ပျောက်ကင်းစေရုံသာမကကင်ဆာေရာဂါအချို့မှ ကာကွယ်ရန် သို့မဟုတ် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းက အဆစ်အမြစ်ရောင်ရောဂါရှိသူများကိုပြန်လည်ကောင်းမွန်ရန်နှင့် လူများကို စိတ်ဓာတ်ကျခြင်းမှ ကာကွယ်ရန်နှင့် နောက်ပြန်လှည့်ရန် များစွာကူညီပေးပါသည်။"လေ့ကျင့်ခန်းက မှော်ဆေးတစ်လက်ပါ" ဟု အမေရိကန် အားကစားဆေးပညာကောလိပ်၏ စားသုံးသူသတင်းအချက်အလက်ကော်မတီဥက္ကဋ္ဌ မိုက်ကယ်အာရ်ဘရက်ခ်ကို၊ EdD၊ FACSM က ပြောကြားခဲ့သည်။
လေ့ကျင့်ခန်းက လူအများစုကို ပိုနေသောကိုယ်အလေးချိန်ကျအောင် ကူညီပေးတဲ့အပြင် ကြွက်သားများကို ကျစ်လစ်သန်မာလာစေပါတယ်။"ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလေး တိုးလာတာက ကိုယ်အလေးချိန် လျော့ကျပြီး ပိုမိုကောင်းမွန်တဲ့ ခံစားချက်ကို အားကောင်းစေမှာပါ" ဟု American Heart Association's Scientific Advisory Board of the American Heart Association's Scientific Advisory Board မှ ဥက္ကဌ Rita Redberg, MSc မှ ပြောကြားခဲ့ပါသည်။
လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊စက်ဘီးစီးခြင်း အပါအဝင် အိမ်မှုကိစ္စများလုပ်ဆောင်ခြင်း စသည့်ကိုယ်လက်လှုပ်ရှားမူများ မတူညီသည့်ပုံစံဖြင့်များစွာရှိပါသည်။အရေးကြီးတာက ကိုယ်တိုင်နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို ရွေးချယ်ဖို့ပါပဲ။အဲဒါက အလေ့အကျင့်တစ်ခုဖြစ်အောင် လုပ်နိုင်ရင် သင့်ရဲ့ lifestyleကိုကောင်းမွန်အောင် တိုးတက်စေမှာပါ။
ပြီးတော့ ကိုယ်လက်လှုပ်ရှားမှု ဘယ်လောက်လုပ်သင့်လဲ။ နှလုံးကျန်းမာရေးအတွက်၊ AHA သည် တစ်ပတ်လျှင် လမ်းလျှောက်ခြင်း၊ရွရွေပြးခြင်းကဲ့သို့သော အလယ်အလတ်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန် အနည်းဆုံး မိနစ် 30 အကြံပြုထားသည်။
မိမိရဲ့ ကျန်းမာရေးအခြေအနေအရ လိုက်မလုပ်နိုင်ရင်တောင် ဒီထက်နည်းခဲ့မယ်ဆိုရင်လည်း လုပ်နိုင်ရင်လုပ်နိုင်သလောက် အကျိုးအမြတ်ကို မင်းမြင်နေရတုန်းပါပဲ🙏🙏🙏MK Fitness - Personal Trainer
04/05/2021
This is true.
09/11/2020
No Pain No Gain.
Click here to claim your Sponsored Listing.
