We Love - Phyu
ဖြူးမြို့နယ် လူထုအခြေပြု ပရဟိတ အဖွဲ
08/11/2025
ဖြူးပြည်သူ့ဆေးရုံကြီး၌ ကုသခံယူသည့် သံဃာတော်များအတွက် We❤️Phyu Emergency respond teams (ဖြူးမြို့စေတနာရှင်များ) ၏ ဆေးဝေယျာဝစ္စ ပြုမြဲကုသိုလ်ပါ။
#လက်တွဲညီကူဒို့ဖြူးပြည်သူ
Pls; သွေးအလှူခံပါတယ်ဗျ။
A (OR) A+
----------------------------------------------
Edited:
သွေးအလှူရှင် ၃ဦးနှင့်တိုက်ဆိုင်တာကြောင့် လတ်တလော အဆင်ပြေနိုင်ပါပြီ မိတ်ဆွေများခင်ဗျ။
ကျေးဇူးပါ 🙏🙏🙏
30/03/2025
သဘာဝငလျင်ဘေးဒဏ် ထိခိုက်ဖြစ်ပွားမှုနှင့် ကယ်ဆယ်ရေးကိစ္စများအတွက် ထမင်းထုပ်များဝေခြင်း၊ ကွယ်လွန်သူများအား ရည်စူးကုသိုလ်ပြု လှူဒါန်းမှုများသည် We❤️Phyu နှင့် MOPP ၏ အရေးပေါ်အခြေနေတုံ့ပြန်ရေးဘတ်ဂျက်မှသာ ထုတ်ယူဆောင်ရွက်ခြင်းဖြစ်ပါသည်။ We❤️Phyu နှင့် MOPP မှ အလှူငွေကောက်ခံခြင်း (သို့မဟုတ်) လက်ခံရယူခြင်း လုံးဝ(လုံးဝ) မပြုလုပ်သေးပါကြောင်း အများသိစေအပ်ပါသည်။
30/03/2025
#လက်တွဲညီကူတို့ဖြူးပြည်သူ
အုတ်ဖြတ်.တောင်ပုရွာသစ်/ရွာဟောင်း အနိမ့်ပိုင်းများ ထမင်းချက်ဖို့ ကုန်း.ကမူ မပေါ်သေး၍ ထမင်းထုပ် ၂၄၀ နှင့် ကယ်ဆယ်ရေးစခန်း၂ခုအတွက် ၄၃၀ ဒီရက်ပိုင်းလိုအပ်ပါဦးမည်။ အားလုံးခက်ခဲနေကြတာကိုလည်း နားလည်ပါတယ်ဗျ၊ ထမင်းဟင်းမျှဝေရေးကာလလည်း သိပ်မကျန်တော့တာမို့ ပူးပေါင်းအားဖြည့်ပေးကြပါဦးဗျ 👏👏👏
ခက်ခဲနေတဲ့ကာလမှာ အပိုအလျှံအေလအလွင့်တွေမဖြစ်ရအောင် ကိုယ်တိုင်လှူလို့လည်းရပါတယ် စာရင်းလေးတော့ကြိုပြီးပို့ပေးကြပါဗျ။
#ရေဘေးအလှူ
20/09/2024
ဖြူးမြို့ရေဘေးသင့်သူများကူညီပေးနိုင်ရန်အတွက် ထိုင်းရောက် ညီနောင်များမှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ်ကို ပေါက်ဇလုပ်ဆရာတော်မှတဆင့်လှူဒါန်းပေးပါသည်။ ထိုင်းရောက်ညီနောင်အပေါင်းနှင့်မိသားစုအေပါင်းသည်လည်း ကပ်ဘေးအန္တာရာယ်များကင်းစင်ပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးတက်နိုင်ကြပါစေ။ ပေါက်ဇလုပ်ဆရာတော်ဘုရား၏ ကာလဒါနလုပ်ဆောင်မှုများနှင့် သာသနာပြုလုပ်ငန်းများ ဖွံ့ဖြိုးနိုင်ပါစေအရှင်ဘုရား။
ရေဘေးအတွက် အခွင့်ရှိတိုင်း လိုအပ်သည့်နေရာများကို ကူညီ/လှူဒါန်းသွားပါမည်။
ကိုဇော်လှမြင့်(MOPP) 09428169040
ကိုတိုးလွင်(MOPP) 09428209639
ကိုဇေဖြိုးသန့်(MOPP) 09428129445
ကိုရဲမင်းဖြိုးကျော်(MOPP) 095390230
#ရေဘေးအလှူ
19/09/2024
ကွယ်လွန်သူ(ဦးအောင်ထွန်း)အားရည်စူး၍ ရန်ကုန်မြို့နေ ဒေါ်စန်းစန်းဖြူး မိသားစုမှ MOPP ၏ ရေဘေးနှင့်ပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလှူငွေ ၁၀၀၀၀၀ကျပ် (တစ်သိန်းကျပ်)လှူဒါန်းပေးပါသည်။ လှူဒါန်းပေးပါသော ဒေါ်စန်းစန်းဖြူ မိသားစုသည်လည်းကပ်ဘေးအန္တာရာယ်များဝေးကွာပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရှိကြပါစေ။
ရေဘေးအတွက် အခွင့်ရှိတိုင်း လိုအပ်သည့်နေရာများကို ကူညီ/လှူဒါန်းသွားပါမည်။
ကိုဇော်လှမြင့်(MOPP)09428169040
ကိုတိုးလွင်(MOPP) 09428209639
ကိုဇေဖြိုးသန့်(MOPP)09428129445
ကိုရဲမင်းဖြိုးကျော်(MOPP)095390230
#ရေဘေးအလှူ
19/09/2024
စက်တင်ဘာ ၁၇/၁၈ #ရေဘေးကုသိုလ်ရှင်များ
၁။ ကိုကျော်စွာ+မဟန်ဖြူအေး မိသားစု ရန်ကုန်မြို့ ၁၀၀၀၀၀(တစ်သိန်း)ကျပ်
၂။ ဦးမြတ်အောင်+ဒေါ်ကြွယ်ကြွယ်ဇော် ရန်ကုန်မြို့
၁၀၀၀၀၀(တစ်သိန်း)ကျပ်
၃။ ဦးအေးလွင်+ဒေါ်သူသူမိုးဦးနွယ် မိသားစု ဖြူးမြို့
၅၀၀၀၀(ငါးသောင်းကျပ်)
၄။ ဆရာမဒေါက်တာဒေါ်လွင်မာထွန်းမိသားစု ရန်ကုန်မြို့ ၅၀၀၀၀(ငါးသောင်း)ကျပ်
၅။ ဦးနိုင်+အန်တီငယ်(အေးငြိမ်းသီတာတိုင်းရင်းဆေးနှင့်အောင်စည်ပုဆိုးတိုက်)မိသားစု မုံရွာမြို့ ၂၀၀၀၀၀(နှစ်သိန်း)ကျပ်
၆။ ကိုထက်အောင်လွင်+မပြည့်ပြည့်ဖြိုး မိသားစု ဖြူးမြို့ ၅၀၀၀၀(ငါးသောင်း)ကျပ်
၇။ ကွယ်လွန်သူ (ဦးမြင့်ဌေး+အန်တီစန်း)(အန်တီကြီး)တို့အား ရည်စူး၍ မယုလေးငယ် ဖြူးမြု့ ၅၀၀၀၀(ငါးသောင်း)ကျပ် တို့ဖြစ်ပါသည်။
အလှူရှင်မိသားစုများသည်လည်း ကပ်ဘေးအန္တာရာယ်အပေါင်းမှကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရှိကြပါစေ။
ရေဘေးအတွက် အခွင့်ရှိတိုင်း လိုအပ်သည့်နေရာများကို ကူညီ/လှူဒါန်းသွားပါမည်။
ကိုဇော်လှမြင့်(MOPP)09428169040
ကိုတိုးလွင်(MOPP) 09428209639
ကိုဇေဖြိုးသန့်(MOPP)09428129445
ကိုရဲမင်းဖြိုးကျော်(MOPP)095390230
#ရေဘေးအလှူ
19/09/2024
Tennis Brothers သူငယ်ချင်းများမှ MOPP ၏ ရေဘေးနှင့်ပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလှူငွေ ၈၉၀၄၀၀(ရှစ်သိန်းကိုးသောင်းလေးရာ)ကျပ် လှူဒါန်းပေးပါသည်။ Tennis Brothers သူငယ်ချင်းများ၏ မိသားစုအပေါင်းကပ်ဘေးအန္တာရာယ်များဝေးကွာပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရှိကြပါစေ။ မိမိထက်ပိုမိုထူးချွန်သောတပည့်ပေါင်းများစွာကိုလည်း မွေးထုတ်ပေးနိုင်ကြပါစေ။
ရေဘေးအတွက် အခွင့်ရှိသည့်အတိုင်း လိုအပ်သည့်နေရာများကို ကူညီ/လှူဒါန်းသွားပါမည်။
ကိုဇော်လှမြင့်(MOPP)09428169040
ကိုတိုးလွင်(MOPP) 09428209639
ကိုဇေဖြိုးသန့်(MOPP)09428129445
ကိုရဲမင်းဖြိုးကျော်(MOPP)095390230
#ရေဘေးအလှူ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyu
