Escape Skin Care & Cosmetics

Escape Skin Care & Cosmetics

Share

💯 Authetic ✅

Bkk/UK/Korea/Japan

09/08/2026
Photos from Escape Skin Care & Cosmetics's post 17/07/2026

ပစ္စည်းအဝင် 🛍️🎀

🏠 ထူပါရုံဘုရားလမ်း ပိုးတန်းရပ်ကွက် ဒေါ်စိမ်းညိုကျောင်းလမ်းထိပ်

☎️ 09944068903/ 09774739831

Photos from Escape Skin Care & Cosmetics's post 23/06/2026

ပစ္စည်းအဝင် 🛍️🛒

🏠 ထူပါရုံဘုရားလမ်း ပိုးတန်းရပ်ကွက် ဒေါ်စိမ်းညိုကျောင်းလမ်းထိပ်

☎️ 09944068903/ 09774739831

Photos from Escape Skin Care & Cosmetics's post 30/05/2026

ပစ္စည်းအဝင် 🛒🛍️

🏠 ထူပါရုံဘုရားလမ်း ပိုးတန်းရပ်ကွက် ဒေါ်စိမ်းညိုကျောင်းလမ်းထိပ်

☎️ 09944068903/ 09774739831

28/04/2026

Instock

IUNIK CENTELLA🌱 CALMING GEL CREAM Honest Review :
တစ်ဘူးလုံး သုံးလို့ကုန်သွားပြီးမှ ရေးတဲ့ Honest Review အားသာချက်/အားနည်းချက် အကုန်အမှန်အတိုင်းပဲ ရေးထားပါတယ် 💯

အရင်ဆုံး သူ့ ingredient ကစပြောမယ် Centella Gel ဆိုတဲ့ အတိုင်း Centella Asiatica Leaf Water 72% နဲ့ Tea Tree Leaf Water 10% ပေါင်းထားလို့ Calming နိုင်စွမ်းကတော့ တော်"ကောင်းတယ် 👍။
အဆီပြန်သမားတွေကြိုက်မှာ သေချာတယ် ။
Niacinamide လည်းပါတာဖြစ်လို့ Skin Brightening အနည်းငယ်ဖြစ်စေတယ် ✨။

ဗူးပေါ်မှာ ရေးထားတဲ့စာအတိုင်းပဲ Calming Effect လည်းရမယ် ၊ Skin လည်း Brightening ဖြစ်စေမယ့် Double Functional Cosmetics တဲ့ ။
Texture - Gel Cream ဆိုတဲ့အတိုင်း ပုံစံကတော့ Gel Type ပါပဲ ၊ လိမ်းလိုက်ရင်အေး"လေးနဲ့ စိမ့်ဝင်တာမြန်တယ် ။ (Gel Cream မှာ)အနောက်က Cream ဆိုတဲ့ဟာက သူ့ဟာသူ အားလို့ ရေးထားတာနေမှာ ။

ဒီ Moisturizer လိမ်းပြီးရင် သူ့အပေါ်က တခြား Skincare တစ်ခုထပ်လိမ်းဖို့ အချိန်အကြာကြီး စောင့်နေစရာမလိုဘူး ။ အနံ့ကတော့ ပါတယ်ဆိုရုံလောက်လေးပဲ အရမ်းအနံပြင်းတာ (or)မွှေးနေတာမျိုးမဟုတ်ဘူး ။ လိမ်းပြီးခဏကြာရင်တော့ အနံ့က လုံးဝမရှိတော့ဘူး ။ ဒါပေမယ့်လည်း သဘောကျပါတယ် So Cool ပေါ့ ။
ခန့်က အနံ့ကို ဦးစားပေးတဲ့သူမဟုတ်တော့ အနံ့မွှေးတယ် ၊ နံတယ်ဆိုတာက အဓိက မကျပါဘူး ။ Skin ကောင်းဖို့ဆိုရင် နံနေလည်း လိမ်းမှာပါပဲ ။

သူ့ကို သုံးရင် ဘာတွေ ပြန်ရနိုင်မလဲ - ဝက်ခြံသက်သာမယ် ၊အဆီဖု သက်သာမယ် ဘာညာပေါ့ ။
အမှန်တော့ ဒီကောင်က ဝက်ခြံထက် အဆီဖုကို သက်သာတာ ပိုမြန်တယ် ။ အဆီဖုဆိုရင် သုံးလေးရက်လောက်နဲ့တင်ကို ချပ်တယ် ။ ဝက်ခြံကျတော့ ကြာကြာ စွဲသုံးပေးရမှာပေါ့ ။

(ဝက်ခြံ၊အဆီဖု သက်သာတဲ့ products ကို သုံးလိုက်တာနဲ့ ဝက်ခြံနဲ့ အဆီဖုတွေ ထပ်မဖြစ်တော့ဘူးထင်ရင် လုံးဝမှားသွား လိမ့်မယ် နော် ။ ကိုယ်ဂရုမစိုက်ရင်တော့ ပြန်ဖြစ်မှာပါပဲ ။) ကြိုပြောထားမယ်နော် ဒီ Moisturizer က ဝက်ခြံနဲ့ အဆီဖုကို လုံးဝ အရှင်းပျောက်စေတာ မဟုတ်ဘူးနော် လက်ရှိဖြစ်နေတာကို သက်သာစေဖို့ ကူညီပေးရုံပဲ ။ Skin Brightening ဖြစ်စေတယ်ဆိုတိုင်း ဒီတစ်မျိုးထဲ သုံးနေရုံနဲ့တော့ အသားအရည်က ဖြူပြီးကြည်လာမှာ မဟုတ်ဘူးနော် ။ Skin tone တော့ တစ်ဆင့် တက်ကောင်းတက်လာလိမ့်မယ် ။

Calming Gel ဆိုတဲ့ အတိုင်း အာနိသင်က ဒီလောက်ပဲ အမဲစက်သက်သာတာတို့ ၊ ချွေးပေါက်ကျဉ်းတာတို့ကိုတော့ ဒီ Moisturizer မှာ မမျှော်လင့်နဲ့နော် ။

ဘယ်လို လူတွေသုံးသင့်လည်း - အဆီပြန် ၊ ဝက်ခြံအနည်းငယ်နဲ့ အဆီဖုရှိတဲ့သူတွေသုံးပေါ့ ။
Dry Skin တွေကတော့ ယောင်လို့တောင် မသုံးနဲ့နော် အသားပိုခြောက်တာကလွဲရင် ဘာမှရလာမှာမဟုတ်ဘူး ။ Sensitive Skin တွေသုံးလို့ရလားဆိုရင် -
ရတယ်သုံး ။
Over All - အမှန်အတိုင်းပြောရရင် အခုငွေဈေးနဲ့သာတွက်ကြည့် 60ml ပဲပါတာကိုမှ တချို့နေရာတွေမှာ 20000ကျော်/30000နီးပါး ရောင်းတာဖြစ်လို့ ဒီ Moisturizer က ဈေးများတယ်လို့ ပြောလို့ရတယ်
(20000အောက်ဆိုရင်တော့ တန်ပါတယ်) ⭕.⭕။
ဟုတ် ကျေးဇူး 🙂။ ဘယ်နမှတ်ပေးမလဲ :
10 out of 7 (10/7)

28/04/2026

Instock

အဆီပြန်ပြီးအသားခြောက်တယ်ဆိုတဲ့ oily dehydrated တွေအတွက်အကောင်းဆုံး cellular hydration moisturizer ပါ။

ဒီကောင်လေးကသာမာန် hydration moisturizer မျိုးမဟုတ်ပဲမျက်နှာမှာရှိတဲ့ရေဓာတ်ဝင်တဲ့လမ်းကြောင်း protein (aquaporin-3) လေးတွေကိုလှုံ့ဆော်ပေးတဲ့ moisturizer မျိုးပါ။ ဒါကြောင့်သူ့ကို cellular hydration moisturizer လို့ dan" ခေါ်တာပါ။

သူ့မှာက aquaporin ဆိုတဲ့သဘာဝအတိုင်းအသားအရေမှာရှိတဲ့ water channel လေးတွေကိုပြန်လည်ကောင်းမွန်ပြုပြင်ဖို့နဲ့တိုးပွားဖို့လှုံ့ဆော်မှုကိုဖြစ်စေတဲ့ gluceryl glucoside 10% က key ingredient အနေနဲ့ပါဝင်ပါတယ်။ ဒါကြောင့်သူကအပေါ်မှာအဆီပြန်နေပြီးအသားအတွင်းမှာတင်းကျပ်ကျပ်နဲ့ခြောက်တင်းတင်းဖြစ်နေတဲ့သူတွေအတွက်အသင့်တော်ဆုံး cellular hydration moisturizer ပါ။

ဘယ်လို hydrator တွေသုံးသုံး၊ ဘယ်လို moisturizer ထူထူတွေလိမ်းလိမ်းခြောက်တင်းတင်းနဲ့ tightness feeling ကမပျောက်သွားဘူးဆိုရင်မျက်နှာက aquaporin လေးတွေ damaged ဖြစ်ထားလို့အစိုဓာတ်ရသင့်သလောက်မရတာမျိုးဖြစ်တတ်လို့အခုလို stimulate ဖြစ်စေတာလေးကိုသုံးတာကအသားအရေဟိုးအတွင်းထဲထိလိုအပ်တဲ့ hydration ကိုသိသိသာသာပြန်ရစေပါတယ်။

dan" ကဒီကောင်ကိုပုံစံနှစ်မျိုးနဲ့သုံးပါတယ်။ moisturizer ကျဲကျဲလေးအနေနဲ့လဲလူးသလို၊ strong active ingredient တွေသုံးတဲ့ညတွေမှာ treatment step (hydrator) လိုအနေနဲ့လည်းပိုထူတဲ့ moistruizer အရှေ့ကနေလူးပါတယ်။ texture က gel cream လေးဖြစ်လို့လူးရတာအရမ်းပေါ့ပါးပြီး GG 10% အပြင် birch sap water 74.9%, squalane 1%, နဲ့ LMW hyaluronic acid 0.1% လဲပါသေးလို့ hydration အပြင် light barrier care အတွက်ပါကောင်းပါတယ်။

ချုံပြောရရင်တော့အဆီပြန်ပြီးအသားခြောက်တင်းတင်းဖြစ်နေတဲ့ oily dehydrated skin တွေ၊ hydration မလုံလောက်လို့အဆီပိုတွေတအားထွက်လာပြီးချွေးပေါက်ကျယ်အဆီဖုအဆီခဲဆားဝက်ခြံနဲ့ဝက်ခြံတွေဖြစ်လာတဲ့သူတွေပိုပြီးကြိုက်မယ့် cell အဆင့်ထိရေဓာတ်ဖြည့်ပေးနိုင်တဲ့ hydration moisturizer ပါ။ ပါတဲ့ ingredient တွေကလဲအရမ်းကောင်းပြီးရှားသလိုပါတဲ့ ml ကလဲများပြီးဈေးကလဲအရမ်းသက်သာလို့အတော်ကိုသုံးပျော်ပြီးထိရောက်တဲ့ moisturizer လေးပါပဲ။

{𝐃𝐚𝐧'𝐬 𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
••••••••••••••••••••••••••
▫️𝐏𝐞𝐫𝐢𝐨𝐝 𝐀𝐟𝐭𝐞𝐫 𝐎𝐩𝐞𝐧𝐢𝐧𝐠 : 12M
▫️𝐍𝐞𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭 | 𝐏𝐫𝐢𝐜𝐞 : 70ml | 32k
▫️𝐅𝐮𝐧𝐠𝐚𝐥 𝐀𝐜𝐧𝐞 𝐒𝐚𝐟𝐞 | 𝐏𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐒𝐚𝐟𝐞 : no | yes
▫️𝐒𝐜𝐞𝐧𝐭 | 𝐓𝐞𝐱𝐭𝐮𝐫𝐞 | 𝐌𝐚𝐝𝐞 𝐈𝐧 : none | gel cream | korea
▫️𝐀𝐩𝐩𝐫𝐨𝐱𝐢𝐦𝐚𝐭𝐞 𝐓𝐢𝐦𝐞 𝐅𝐨𝐫 𝐕𝐢𝐬𝐢𝐛𝐥𝐞 𝐑𝐞𝐬𝐮𝐥𝐭𝐬 : 2-4weeks
▫️𝐅𝐫𝐞𝐞 𝐅𝐫𝐨𝐦 𝐀𝐥𝐜𝐨𝐡𝐨𝐥𝐬, 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐎𝐢𝐥𝐬, 𝐒𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐀𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐂𝐨𝐥𝐨𝐮𝐫𝐚𝐧𝐭𝐬 ? : no, yes, no, yes, yes
▫️𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐒𝐤𝐢𝐧 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 : normal to sensitive & reactive > combination to oily > oily to super oily > combination to slightly dry + dehydrated > cell hydration > pore care > pH balancing > light barrier care

📆 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 𝐎𝐟 𝐔𝐬𝐞 : 5 | 1 | 2026
🚨 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 𝐀𝐥𝐞𝐫𝐭 : birch sap water 74.9%, glyceryl glucoside 10%, squalane 1%, hydrolyzed hyaluronic acid, behenyl alcohol, betain

သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေချာဖတ်ရှုလေ့လာပြီးကိုက်ညီကြောင်းကိုယ်တိုင်အတည်ပြုပြီးမှသာဝယ်ယူသုံးစွဲပါရန်နှင့်ပစ္စည်းအသစ်စမ်းတိုင်း “patch test" လုပ်ရန်မမေ့ပါနှင့်။ ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။

Photos from SoRa’s beauty voyage's post 28/04/2026

Instock

28/04/2026

Instock

sunscreen ဆိုရင် ဟိုဟာမကြိုက်ဒီဟာမကြိုက် အရွေးလွန်ဂျီးများတတ်တဲ့သူတွေရှိလား🤔

အဲ့လိုလူတွေအတွက် sunscreen ကောင်းကောင်းတစ်ခုတွေ့ထားပါတယ်။🥰

“Beauty of Joseon Aqua Fresh Relief Sunscreen Review”

ဒီ Sunscreen လေးက Beauty of Joseon ရဲ့အကောင်းဆုံး product လို့ကိုပြောလို့ရတယ်။

သူ့ texture က creamy ဖြစ်ပါတယ်။ပူထူစေးကပ်မနေဘဲ ဖြန့်လိမ်းရလွယ်၊ အသားထဲစိမ့်လွယ်တာလေးကသဘောကျစရာပါ။

လိမ်းပြီးရင်စိုစိုပြေပြေလေးနဲ့ အသား​လေးကအိသွားတာခံစားရပေမဲ့ အဆီပြန်နေသလိုအရမ်းပြောင်ဝင်းမနေတဲ့ sheer finish လေးမို့ oily & combination skin တွေအကြိုက်ဆိုပြီး နာမည်ကြီးတာဖြစ်ပါတယ်။

Rice seed water နဲ့ Panthenol တွေပါဝင်လို့ အစိုဓာတ်ဖြည့်ပေးတဲ့ Hydrating sunscreen လေးဖြစ်ပါတယ်။ဒါပေမဲ့ original version ဘူးအဖြူလေးလို moisture အရမ်းမများလို့ မေလိမ်းကြည့်သလောက် အဆီသိပ်မပြန်ပါဘူး။ဒီအချက်လေးကလည်း oily, combination skin တွေနဲ့ အဆင်ပြေစေပါတယ်။

White cast တစိုးတစိမှမကျန်လို့ ဖြူဖြူညိုညိုအသားရောင်မရွေး အားလုံးလိမ်းလို့ရပါတယ်။

သုံးခဲ့သမျှတောက်လျှောက် မတည့်လို့အဖုထတာ၊ pilling ဖြစ်ပြီးလိပ်သွားတာ၊ မျက်လုံးနားစပ်တာတွေလည်းမကြုံရလို့မေကတော့အရမ်းသဘောကျပါတယ်။ original version လေးထက် ခုအသစ်လေးကိုပိုကြိုက်မိတယ်။

ဒီလိုလူတွေအတွက် Aqua refresh sunscreen ကို ညွှန်းချင်ပါတယ်နော်။
▪️All skin type ကိုမှ Dewy & glow finish ပေးတဲ့ sunscreen မကြိုက်သူတွေ
▪️အဆီလည်းအရမ်းပြန်တာမကြိုက်ဘူး၊ အစိုဓာတ်ရပေမဲ့ အသားအရေတင်းခြောက်သွားတာလည်းမလိုချင်တဲ့သူတွေ
▪️alcohol အနံ့မပါဝင်တဲ့ sunscreen ရှာနေရင် sunscreen ဂျီးများတဲ့သူဆိုရင်လည်း ဒါလေးကိုစမ်းကြည့်ပါ။တော်တော်များများသဘောကျအဆင်ပြေနိုင်ပါတယ်။

I bought it from EOS K Beauty Shop 🛍️

သကြင်္န်မှာကဲပြီး အသားအရေဖြူကြည်ဖို့ skin care မယ်ဆိုရင် brightening serum တွေထက် sunscreen က ပိုအရေးကြီးပါတယ်။ dermatologist တွေက sunscreen အမြဲလိမ်းခိုင်းတယ်ဆိုတာကလေ နောင်နှစ်ပေါင်းအများကြီးကြာရင်ဖြစ်လာနိုင်တဲ့ risk တွေကို ကြိုတင်ကာကွယ်ဖို့အတွက် invest လုပ်ခိုင်းတာပါ။မေတို့ sunscreen နေ့တိုင်းလိမ်းတာသည်နောင်အနှစ်နှစ်ဆယ်မှာတင်းတိပ်အကွက်လိုက်မထဖို့၊ အရေပြားကင်ဆာမဖြစ်ဖို့ ဒီလိုအထိပါရည်ရွယ်တာမို့ ဘယ်ကထုတ်မှန်းမသိတဲ့အပေါစားပေါက်ကရ sunscreen တွေမသုံးပါနဲ့နော်။🥶

မေကြိုက်တဲ့ တခြား Sunscreen လေးတွေအကြောင်းလည်းဖြေးဖြေးချင်းထပ်တင်ပေးမှာမို့ စောင့်ကြည့်ပေးကြပါလို့။🥳

26/04/2026

15000 နဲ့ယူ

Expired Date 2026 6 5

Telephone

Website

Address

ပိုးတန်းရပ်ကွက် ထူပါရုံဘုရားလမ်း
Sagaing

Alerts

Be the first to know and let us send you an email when Escape Skin Care & Cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Sagaing.