FEME Muse Cosmetic Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FEME Muse Cosmetic Shop, Beauty, cosmetic & personal care, Mu-se, Shan State, Shan State.
06/04/2025
ငလျင်ရဲ့ ခုအခြေနေအရဆို ဒီတိုင်းတစ်ကယ်ဖြစ်နေပြီ။
ငလျင်တွေဟာ ပြင်းအား တဖြေးဖြေးလျော့ကျသွားရမယ့်အစား ပြင်းအားမြင့်လိုက်နိမ့်လိုက်ဖြစ်နေတာကြီးကို ဘဝင်မကျနိုင်ဘူး။ စိုးရိမ်စရာကြီးဖြစ်နေတယ် ။ တကယ်နားလည်တဲ့ဘူမိဗေဒ ပညာရှင်တွေ၊ သုတေသနပညာရှင်တွေ ရဲ့ သုံးသပ်ခန့်မှန်းချက်တွေ အရေးတကြီး လိုအပ်နေတယ် ။
===========================
ငလျှင်ကြီး တစ်ခုပြီးတိုင်း aftershocks ငလျှင်ငယ်တွေလာတယ် ။ ဒါထုံးစံ ၊ အဲ့မှာမှ ၂ မျိုးထပ်ခွဲတယ် ။
1. ပုံမှန် aftershocks ( အန္တရာယ်မရှိ)
2. ပုံမှန် မဟုတ်တဲ့ Aftershocks ( အန္တရာယ်ရှိ)
1. ပုံမှန် Aftershocks တွေဆိုတာ ငလျှင်ပြီးတဲ့အခါ နောက်ငလျှင်အသေးတွေမှာ ပြင်းအားတဖြည်းဖြည်း လျော့ကျလာမယ်။ ပြီးရင် တစ်ခုနဲ့ တစ်ခုကြား လှုပ်တဲ့အချိန် တဖြည်းဖြည်း ဝေးသွားမယ်။ ဥပမာ နာရီဝက်ခြားကနေ ၁ နာရီခြားတခါ ၊ အဲ့ကနေမှ ၂ နာရီခြားတစ်ခါ ။ ဆိုလိုတာက ပြတ်ရွေ့ကတဖြည်းဖြည်း တည်ငြိမ်စပြုလာတယ် ။ ပြီးရင် ပြန်ငြိမ်ကျသွားမယ်။ အန္တရာယ် မရှိတော့ဘူး။
2. ပုံမှန်မဟုတ်တဲ့ Aftershocks တွေဆိုတာ ကျတော့ ခုလို 7.7 ပြီးသွားတဲ့အခါ ၊ ငလျင်ငယ်တွေက ပြင်းအားမတည်ငြိမ်ဘူး 2.3M နဲ့လှုပ်မယ် ပြီးကျ 4.3 M နဲ့လှုပ်မယ် တခါ 3.0 ထပ်လှုပ်မယ်။ ပြီးကျ လှုပ်တဲ့အချိန်တွေက တောက်လျှောက်စိတ်နေမယ် ။တခါတလေ ၁ နာရီလောက်ကြာမယ် ။ ပြီးကျ ၁၀ မိနစ်ခြားတခါ ၁၅ မိနစ်ခြားတခါပြန်လှုပ်မယ်။ ဒါ့အပြင် 4.M ကျော်တွေ 5.M အကျော်တွေကလည်း ကြားထဲလှုပ်ဦးမယ်ဆိုရင် ဒါတအားစိုးရိမ်ရတဲ့ အနေအထားဖြစ်သွားပြီ။ ဒါက ဘာကို ဆိုလိုသလဲဆိုရင် ပြတ်ရွေ့ကြီး မတည်ငြိမ်နေဘူး။ အဆိုးဆုံး ဘာဖြစ်နိုင်လဲဆိုရင် အစောပိုင်းလှုပ်ခဲ့တဲ့ 7.7 Mဆိုတာ အဓိကငလျှင်တောင်မဟုတ်ဘူး။ အဲ့တာ ရှေ့ပြေးငလျင်ကြီး ဖြစ်နိုင်တယ် ။ အဲ့တာအမှန်ပဲ.. ။
တစ်ခုရှိတာက စစ်ကိုင်းပြတ်ရွေ့က ဟိမဝန္တာတောင်တန်းတွေက စတယ် ။ မုတ္တမကွေ့နားမှာ ဆုံးတယ်။ အရှည် ကီလိုမီတာ ၁၂၀၀ ကျော်ရှိတယ် ။
အန္တရာယ်အရှိဆုံးက မုတ္တမကွေ့။ သူကျ စစ်ကိုင်းပြတ်ရွေ့နဲ့ တခြားပြတ်ရွေ့တွေလာပေါင်းတဲ့တဲ့ zone ။ အဲ့တော့ အဲ့ဒီနေရာသာ ထလှုပ်ရင် အနည်းဆုံးက 8M ပဲ။ ဖျာပုံ နားက လှုပ်တဲ့ ငလျှင် 5.0M ဆိုရင်လည်း Indian Plate နဲ့ မြစ်ဝကျွန်းပေါ်ဒေသ တိုးဝှေ့မှူ ဖြစ်နေတယ် ဆိုတာ ပြတာပါ။ ထိုင်းကပြတဲ့ video အတိုင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မြေသားတွေက မြောက်ဘက်ကိုတိုးနေပြီး အရှေ့ဘက်မြေသားတွေက တောင်ဘက်ကို တိုးနေပါတယ် ။ ဆူနာမီ အန္တရာယ်တောင် ရှိလာနိုင်ပါတယ်။ ကျနော်တို့ ရန်ကုန် သတိကြီးကြီး ထားဖို့ လိုပါပြီ။ အဲ့တာက စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုပ်ရှားမှုဟာ တခြားပြတ်ရွေ့တွေကိုပါ အကျိုးသက်ရောက်စေတယ် ဆိုတဲ့ သဘောပါပဲ။ အန္တရာယ် အရမ်းရှိနေတဲ့ အခြေအနေပါ။
ဆက်ပြင်းမလား အားပျော့လာမလား ဒါတော့ ဘုရားပဲသိပါမယ် ။
ငလျှင်ကို လူသားတွေ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကြိုသိတဲ့ သတ္တဝါတွေရှိပါတယ် ။
ခွေး၊ ကြောင် ( အနည်းလေး ၁၅ မိနစ်ကနေ ၅ မိနစ် ကြိုသိကြတယ် ။ သူတို့ အမူအရာ မူမမှန်တော့ရင် ပြေးလွှားနေရင် သတိထားပါ။ ငလျှင်မလာခင် အရင်လာတဲ့ မီသိန်း အနံ့ကို သူတို့ကြိုရလို့ပါ။)
ငှက်များ ( အနည်းလေး နာရီဝက် နဲ့ ၁၅ မိနစ် ကြိုသိကြပါတယ်။ ငလျှင်ရဲ့ တုန်ခါမှူ ကို ခံစားရလို့ပါ။ ငှက်အော်သံတွေ ဆူညံလာရင် ပြေးဖို့ပြင်ပါ)
မြွေ ( ငလျင်ကို အစောဆုံးကြိုသိနိုင်တဲ့ကောင်ပါ။ ၃ ရက်ကြိုသိပါတယ်။ ငလျှင်လာခါနီး မြွေတွေ အများကြီး မြေကြီးပေါ် တတ်လာတတ်ပါတယ်။ )
ကြိုတင်ပြင်ဆင်မှု
1. ငလျှင်လှုပ်ပြီလို့ သိတာနဲ့ ပြေးဖို့ ကံမကောင်းရင် စက္ကန့် ၃၀ ၊ ကံကောင်းရင် ၁ မိနစ် အချိန်ရပါတယ်။ ရန်ကုန်လို အနေအထားနဲ့ကတော့ ဘယ်အောက်မှ မဝင်ပါနဲ့ ပြေးပါ။ ခုကတည်းက ငါဘယ်နားပြေးရင် အဆောက်အဦး ၊ ဓါတ်ကြိုး ၊ တွေနဲ့ လွတ်မလဲ ကြိုစဉ်းစားထားပါ။ ကြောက်လန့်ပြီး ထိုင်ချ နဲနဲငြိမ်မှ ထပြေးတဲ့သူတွေ အန္တရာယ်အများဆုံးပါ။ သူတို့အထွက် တိုက်အပြိုပါပဲ။ ဒါမဟုတ်လဲ ကြောက်ပြီး ထိုင်နေရင်း ပိသွားတာပါပဲ။
2. အရေးပေါ်အိတ် အိမ်တိုင်းပြင်ထားပါ။ မြင်သာတဲ့နေရာမှာ ရေတစ်ဗူး ထောင်ထားပါ။ သိမ့်ခနဲဖြစ်ရင် လှမ်းကြည့် ရေလှုပ်တာနဲ့ တန်းပြေးပါ။ အထပ်မြင့် ကွန်ဒို နေတဲ့သူတွေ ၊ အမြန် မဆင်းနိုင်တဲ့ လူကြီးတွေ ဆိုင်ကယ်စီး ဦး ထုတ် ကောင်းကောင်းဆောင်ထားပါ။ မွေ့ယာ ၂ ထပ်နဲ့အိပ်ပါ။ တဖက်ကို အသေချုပ်ထားပါ တဖက်ကို အဖွင့်ထားပါ ။ အရေးအကြောင်းဆို ဆိုင်ကယ်စီး ဦးထုတ်စွပ် ၊ မွေ့ယာ ၂ ခုကြား မှောက်ရက်အနေအထားနဲ့ငြိမ်သာနေလိုက်ပါတော့ ။ ပြိုကျသွားတောင် ပြေးဆင်းတာထက် အသက်ရှင်ဖို့ chance များပါတယ် ။ မဖြစ်မနေ ပြေးဆင်းရလည်း ဦးထုတ်ပါတော့ ပို safe ဖြစ်ပါတယ် ။
3. ဓါတ်လှေကား မသုံးပါနဲ့ ။ မီးပျက်တာနဲ့ ရောက်တဲ့နေရာ ရပ်ပြီး ပြိုတဲ့အထဲ ပါသွားမှာပါ။ ကားမသုံးပါနဲ့ ။ ကိုယ့်လို ကားသုံးတဲ့ကောင်တွေများပြီး ကားပိတ်တဲ့နေရာမှာ အထပ်မြင့်ပြိုရင် အုပ်လိုက်ပါသွားမှာပါ။
4. လမ်းပေါ်အခြေအနေဆိုးပြီး ပြေးပေါက်ရှာမတွေ့ရင် အမှိုက်ပုံ ၊ အမှိုက်ကန်ထဲ ဒိုင်ဗင်ပစ်ဝင်ပါ။ နဲနဲ နံနိုင်ပေမယ့် အမှိုက်အိတ်စုံက သင့်ကို air bag တွေလို ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ် ။
5. ငလျှင်ဟေ့ ဆိုတာနဲ့ ထပြေးပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ပြေးသာပြေးပါ။ တကယ် ဟုတ်ခဲ့ရင် လွတ်ပါမယ် ။ မဟုတ်ခဲ့ရင် အစမ်းလေ့ကျင့်ရာ ရောက်ပါတယ် ။ နောက်တခါ ဘယ်လိုပြေးရင် ပိုမြန်မယ် ။ ဘယ်နေရာ သွားထိုင်ရင် ဘေးပိုကင်းမယ် ဘာညာ ကိုယ့်ဘာသာ ပြင်ဆင်လို့ရပါတယ် ။ သူများနိုင်ငံမှာ ကလေးဘဝကတည်းကသင်ရတာပါ။ ကိုယ်တွေက အခုလေ့ကျင့်ကြတာပေါ့။
6. ဘယ်သူဘာပြောနေနေ အိပ်ရေးဝအောင်အိပ်ပါ။ စားစရာရှိတာစားပါ။ ကူနိုင်တာ ကူပါ။လာမယ့်ဘေးဆို .. တွေးကြောက်နေလို့အပိုပါပဲ။ ပြေးဖို့နေရာ တွေးထားတာရှိပြီ။ အရေးပေါ်အိတ် ပြင်ထားပြီ။ Earthquake alarm ON ထားပြီ။ (Phone Silent လုပ်မထားပါနဲ့)ရေဗူးထောင်ထားမယ်။ အဲ့တာဆို စိတ်ချလက်ချအိပ်ပါ။
ဒါမှ သူများကပြေးဟေ့ဆို အားနဲ့ ပြေးနိုင်မှာပါ။စဉ်းစားလို့ရတာ ထပ်ဖြည့်ပါမယ်။
Credit.
🌹ကံကောင်းခြင်း၊ပျော်ရွင်ခြင်း၊လာဘ်လာဘပေါများသော2025နှစ်သစ်လေးဖြစ်ကြပါစေ🙏🙏🙏
🌹🌹🙏🌹🌹
02/12/2024
ခဏလေးတော့သီးခံလိုက်ပါ ..."🌻
အကြပ်တည်းကာလမှာ၊ မထင်မှတ်ထားတဲ့
စိတ်ခံစားမူ၊ စိတ်ဖိစီးမူတွေကြုံလာတဲ့ခါ
အပြင်ကိုထွက်ကြည့်ပြီး နေဝင်တာကိုကြည့်နေခဲ့တယ် ..."🌻
နားလည်သွားတာတစ်ခုက ဝင်သွားတဲ့နေက
မနက်ဖြန်ထွက်လာမှာပဲ၊ ခံစားခဲ့ရတဲ့နာကျင်မူတွေကို
ကျော်ဖြတ်ဖို့ ငါ့တို့ကြိုးစားရအုံးမယ်
အချိန်တစ်ခုတော့ ထပ်စောင့်ရအုံးမှာပေါ့ ... "🌻
ဒါကြောင့်ကြုံနေရတဲ့ပြဿနာထဲမှာ၊ စိတ်ဓါတ်မကျနဲ့
အားတင်းထား၊ ဆုတောင်းပါ
အကောင်းဆုံးသောလမ်းနဲ့ အကောင်းဆုံးအချိန်
ရောက်လာလိမ့်မယ်နော် ... "🌻
#မေတ်တာဖြင့်ပြန်လည်မျှဝေသည်
#စာပေ
19/11/2024
တင်းတိတ်ရှိမရှိဆိုတာ နေ့တိုင်းSuncream လိမ်းမလိမ်းပေါ်မူတည်တယ်။
ရွယ်တူတွေထက် နုမနုဆိုတာ နေ့တိုင်းSuncream လိမ်းမလိမ်းပေါ်မူတည်တယ်။
အသားရည် ညှိညစ်မွဲခြောက်ဖြစ်မဖြစ်က နေ့တိုင်းSuncream လိမ်းမလိမ်းပေါ်မူတည်တယ်။
မနက်ထတာနဲ့ Suncream ချက်ချင်းလိမ်းဖို့မမေ့ရနော်📍
FEME Suncream က မျက်နှာပေါ်တက်ရင် မပူဘူး။ မပြာဘူး။အဆီမပြန်ဘူး။
SPF 50,PA+++ ပါဝင်တာကြောင့် အသားအရည်ကိုအချိန်ကြာထိရောက်စွာကာကွယ်ပေးနိုင်တာမို့ လူတိုင်းမရှိမဖြစ်ပါနော်🥰
05/11/2024
🎊Year end promotion မျှော်နေသူများအတွက်👏👏👏
🧡FEME လက်လီကြိုက်ရာ၂ မျိုးဝယ်တာနဲ့VIPစျေးရပီနော်🥰
🤙🤙💪💪
24/09/2024
ဆံသားတမျှင်ချင်းဆီထိ အဟာရအကြည့်ပေးပြီး၊ ဦးရေပြားပေါ်မှာ ဆံပင်ခိုင်၊ ဆံပင်မကျွတ်လွယ်အောင်ထိ ထိန်းသိမ်းပေရတဲ့ ”FEME HairCare”✅
အဆီအညှစ်ကြေးတွေဖယ်ရှယ်ပေးတဲ့တချိန်တည်းမှာ ဦးရေပြားရေဓာတ်ဖြည့်ပေး။
Shampoo မှာ “Collagen”ပါလို့
ဦးရေပြား metabolism ပိုကောင်းစေပြီး အဆိတ်ပုတ်ရှင်းလို့ ဆံပင်ပိုကျန်းမာစေတယ်✔️
ဦးရေပြားပိုကျန်းမာစေတယ်✔️
ဆံပင်အလှအတွက် FEME ၁ စုံပဲလိုတယ်😻
22/09/2024
မသောက်ရင်မနေနိုင်တာကလွဲလို့🤭
13/09/2024
ကချင်
စစ်ကိုင်း
မန္တလေး
မကွေး
ကရေတွေ ဧရာဝတီကို စုပါမယ်
ပေါင်းလောင်း
ဆင်သေ
ငလိုက်
စစ်တောင်း..
နေပြည်တော်
တပ်ကုန်းကရေတွေက ပဲခူးကို ရောက်ပါမယ်
ရှမ်းကရေတွေက မော်လမြိုင်ကို ဆင်းပါမယ်
ဆိုတော့ကာ..
အောက်ပြည်အောက်ရွာကမိတ်ဆွေများ ပြင်ဆင်ချိန် ၂ ရက်ခန့် ရပါမယ်..
လုပ်စရာရှိတာ အခုလုပ်ကြပါ
ကူကယ်ရာမရနိုင်တဲ့အခြေအနေမို့ ဝိရိယ စိုက်ကြပါရန်..
ဘေးကင်းကြပါစေ
Click here to claim your Sponsored Listing.
Category
Website
Address
Shan State
