Hein

Hein

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein, Health/Beauty, Bogyoke Main Street, Taunggyi.

23/05/2023

What is use for ovacare?

-Acute Respiratory Distress

-Aids
Anemia

Side effect?

-Allergies
-Abdominal Pain
-Asthma

30/12/2022

ဆေးခါးလို့ တိုက်ရခက်နေတယ်ဆိုရင်တော့ ဘယ်ရီအရသာ ဖလမ်းနေးလ် ချောင်းဆိုးချွဲကြပ်ပျောက်ဆေးလေးက ဖေဖေမေမေတို့အတွက် လက်စွဲလေးတစ်ခုဖြစ်မှာ အမှန်ပါပဲ။ ဘယ်ရီအရသာလေးနဲ့ဆိုတော့ ဆေးတိုက်ရတာ လွယ်ကူစေနိုင်လို့ ချိုလည်းချိုမယ်၊ ချောင်းဆိုးလည်း အမြန်ဆုံးပျောက်ကင်းစေနိုင်ပါတယ်နော်။
Ref

30/12/2022

ပန်းနာရင်ကျပ်ရောဂါက တချို့လူတွေအတွက်တော့ သိပ်မကြီးမားတဲ့ ကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပေမယ့် တချို့လူတွေအတွက်ကတော့ နေ့စဉ်ဘဝမှာအခက်အခဲဖြစ်လာတဲ့အထိ ဖြစ်စေနိုင်သလို အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။
ပန်းနာရင်ကျပ်ဆိုပြီး တွဲခေါ်နေပေမဲ့ အဓိကကေတာ့ ရင်ကျပ်ရောဂါပါပဲ။ English လိုဆိုရင်တော့ Asthma ပေါ့။ ရင်ကျပ်ရောဂါဆိုပြီး စဖြစ်လာတဲ့အချိန်မှာ ထိထိရောက်ရောက် ကုသနိုင်မဲ့ ကုထုံးမျိုးတွေမရှိသေးတော့ နာတာရှည်တွေဖြစ်ပြီးတော့ ပန်းနာသဘောမျိုးဖြစ်ပြီး မောပန်းလွယ်တယ်။ ပြီးတော့ လူမမာကြီးလို ဖြစ်နေတဲ့ ဒုက္ခတွေကိုတင်စားထားသလိုပါပဲ။ တကယ်တော့ ရင်ကျပ်တာကိုပဲ စောစောကတည်းက သေသေချာချာ တိတိက်က်သာ ကုမယ်ဆိုရင် ပန်းနာရင်ကျပ် ဆိုတဲ့ ပန်းနာအဆင့်ကို ရောက်လာမှာမဟုတ်ပါဘူး။
ပန်းနာရင်ကျပ်ဆိုပြီးဖြစ်လာရင်တော့ အမြစ်ပြတ်ပျောက်ကင်းသွားအောင် ကုသလို့မရေတာ့ပါဘူး။ ဒါပေမဲ့ လုံးဝပျောက်ကင်းသွာအောင် မကုသနိုင်ပေမယ့်ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်ပုံက တစ်ချိန်နဲ့တစ်ချိန်မတူနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုကိုခံယူနိုင်ဖို့ကအရေးကြီးပါတယ်။ သေချာဂရုစိုက်နေထိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ဝေဒနာသည်တွေကလည်း သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနေထိုင်မှာပါ။
ပန်းနာရင်ကျပ်ဖြစ်ရတဲ့အကြောင်းရင်းရယ်လို့ အတိအကျတော့ မရွိပါဘူး။ မွေးရာပါမျိုးရိုးဗီဇနှင့် environmental လို့ခေါ်တဲ့ ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးတို့ပေါ် မူတည်ပြီး ခုခံအား ပြောင်းလဲမှုများကြောင့်လဲ ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ရောဂါအမျိုးအစားတွေကတော့
Exercise induced asthma - ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ပြီးသွားတဲ့အခါ ကျပ်ခြင်း၊
Occupational asthma - လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကြောင့် ကျပ်ခြင်း၊
Allergy induced asthma - ဓာတ်မတည့်သောအရာတွေ ရွူမိ၊ စားမိ၊ ထိတွေ့မိတဲ့အခါ ကျပ်ခြင်း ဆိုပြီးခွဲခြားကြည့်လို့ရပါတယ်
ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြပါဘူး။ အများအားဖြင့် တူညီတဲ့ လက္ခဏာတွေကတော့ အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချွဲကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီ အသံမြည်ခြင်း၊ အသက်ရှူရကျပ်ခြင်းကြောင့် အိပ်မရခြင်း ဒါတွေကိုခံစားရတတ်ပါတယ်။
ရောဂါ စရလာပြီဆိုရင် ရေရှည် တောက်လျှောက်ဆေးကုသပေးပါ ။ ပျောက်ကင်းသွားတယ်ဆိုတာ မရှိသော်ငြားလည်းပဲ ကိုယ့်ရဲ့ တန္ဖိုးရွိတဲ့ ဘဝ၊ အကျိုးရှိတဲ့ဘဝကို ကောင်းကောင်းမွန်မွန်လေးနဲ့ ဖြတ်သန်းသွားလို့ရအောင်ပါ။ ဒါကြောင့် ဘယ်လိုနေထိုင်သင့်တယ်၊ ဘာတွေကိုဆောင်ရမယ်၊ ဘာတွေကိုရှောင်ရမယ်ဆိုတာလေးတွေကို လေ့လာထားသင့်ပါတယ်။
ဒါကြောင့် ဆရာဝန်ကြီးတွေနဲ့တွေ့ဆုံပြီး စမ်းသပ်ချက်တွေ အပြင် Spirometry - မိမိ၏အဆုတ် လုပ်ငန်းဆောင်တာ ကောင်းမကောင်း စစ်ဆေးခြင်း၊ Peak expiratory flow rate- PEFR ဖြင့် စစ်ဆေးခြင်း၊ CXR (chest X-ray) - ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း၊ သွေးစစ်ခြင်း (Blood Test)၊ Allergy test - ဓာတ်တည့်မတည့် စစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။
ရင်ကျပ်ရောဂါမှာ ပုံမှန်ကုသတာနဲ့ အရေးပေါ်ဖြစ်လာလို့ ကုသတာမတူပါဘူး။ အရေးပေါ်အနေအထားပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ဖို့ဖြစ်ဖြစ် ရှူဆေးကို သုံးလို့ရပါတယ်။ ဒီ ရှူဆေးမှာ 1 part လို့ခေါ်တဲ့ တစ်ချက်ပဲ နှိပ်ပြီးတော့ ရွူတဲ့ အခါမွာ 100 micro gram ၊ ဘယ်လောက်လဲဆို အဆ ၂၀ ပါတယ်။ အဲဒီတော့ တစ်ချက်ပဲ ရွူ လိုက္တာ လေပြွန်ထဲကိုရောက်သွားတယ်။ တိုက်ရိုက်ထိရောက်မှုလဲရှိတယ်။ သောက်ဆေးကို သောက်မယ်ဆိုရင် အစာအိမ္ကိုသြား၊ ပြီးမှ အဆုတ်ထဲကိုလာ ဒါမျိုးအဆင့်ဆင့်သွားရတဲ့အပြင် ရှူဆေးထက် အဆ ၂၀ လောက်လဲပြင်းသေးတယ်။
ဒီ ရှူဆေးရှူတဲ့ အေလ့အထေလးက နိုင်ငံတကာမှာလဲ ကျင့်သုံးနေကြတာပါ။ ဘေးထွက်ဆိုးကျိုးနည်းတယ်။ စတီးရွိုက်တွေ ကြာကြာရှူရင် ဘေးထွက်ဆိုးကျိုးလေးတော့ ရှိသော်ငြားလည်းပဲ ရောဂါတိုးတက်လာမူနှင့် ပြန်တွက်လို့ ရှိရင် တန်ပါတယ်။ စတီးရွိုက် က ကျွန်တော်တို့ ရှူတယ်၊ ပါးစပ်မှာ အနာပေါက်တယ်၊ ကောင်းကောင်း ပလုတ်ကျင်းပေးရမယ်။ ပြီးရင် Hight dose ဆိုတဲ့ steroids တွေကို ကျွန်တော်တို့ ရှူရမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေးတွေကတော့ ပေါ်လာကောင်း ပေါ်လာမယ်။ ဒါပေမယ့် ကြာကြာရှူတော့ dose (ဆေးပမာဏ)များတုန်းမှာ ပေါ်တာပါ။ က်န္တာကေတာ့ ဘေးထွက်ဆိုးကျိုး က ဒီလောက် မရွိဘူး ။


#ပန်းနာရင်ကျပ်


Crd

20/12/2022

လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်က မနက်ခင်းလား ညေနလား?

ဝိတ်ကျဖို့အတွက် လေ့ကျင့်လည်းလုပ်ချင်တယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်က မနက္လား ညေနလား ဝေခွဲမရပဲဖြစ်နေတယ်ဆိုရင် အောက်ကစာကိုဆက်ဖတ်ကြည့်လိုက်ပါနော်။

မနက်စောစော ဘာမှမစားရသေးခင် လေ့ကျင့်ခန်းလုပ်တာက ဝိတ်ကျချင်သူတွေအတွက် အကောင်းဆုံးလို့ လေ့လာချက်တွေက အဆိုပြုထားပါတယ်။ မနက်စောစောအချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Cortisol ဟော်မုန်းနဲ့ Growth ဟော်မုန်း ပမာဏမြင့်တက်နေပါတယ်။ အဲဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကို ပိုမြန်စေပြီး ခန္ဓာကိုယ်တွင်းသိမ်းဆည်းထားတဲ့ အဆီတွေကိုပါ လောင်ကျွမ်းစေတဲ့အတွက် ကိုယ်အလေးချိန်ပိုကျစေပါတယ်။

ဒါ့အပြင် မနက်ခင်းနိုးတာနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ တခြားအလုပ်ကိစ္စတွေနဲ့တိုက်နေမှာ၊ အလုပ်မပြီးသေးမှာ၊ လေ့ကျင့်ခန်းလုပ်နေတုန်း အလုပ်ကိစ္စပေါ်လာတာတွေကို စိတ်ပူစရာမရှိတော့ပါဘူး။ မနက်စောစောလေ့ကျင့်ခန်းလုပ်တာက တနေ့တာအတွက် အားအင်ပြည့်စေပြီး စွမ်းဆောင်ရည်ပိုကောင်းစေပါတယ်။ နေ့စဉ်အချိန်မှန်မှန် မနက်တိုင်း လေ့ကျင့်ခန်းလုပ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်အလေးချိန်လည်းကျမယ့်အပြင် တနေ့တာစွမ်းဆောင်ရည်လည်းတိုးလာစေမှာပါ။

ဒါပေမယ့် "လေ့ကျင့်ခန်းတော့လုပ်ချင်တယ် မနက်စောစောတော့ မထနိုင်ဘူး " ဆိုတဲ့သူတွေအတွက်ကတော့ မနက်ခင်းမှာလေ့ကျင့်ခန်းမလုပ်နိုင်ရင် ညနေအားတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ သုတေသနတွေအရ နေ့လည်နှောင်းပိုင်း ညနေခင်းအချိန်တွေမှာ ကြွက်သားတွေပျော့ပြောင်းမှုအကောင်းဆုံးအချိန်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုကို သိရွိမွု အနိမ့်ဆုံးအချိန်ဖြစ်ပါတယ်။ အဲဒီအတွက် ညေန(၄)နာရီနဲ့ (၇) နာရီကြားဟာ ခန္ဓာကိုယ်ရဲ့ကြွက်သားထုကို တည်ဆောက်ဖို့အကောင်းဆုံးအချိန်ဖြစ်တာကြောင့် ဝိတ်ချချင်သူတွေသာမက ခန္ဓာကိုယ်လှပချင်သူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့အဆင်ပြေပါတယ်။

တစ္ခုရွိတာက တစ်နေကုန်ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်ထားတဲ့အတွက် ညေနမွာ လေ့ကျင့်ခန်းလုပ်ရင် စိတ်မပါတာ ၊ ပိုပင်ပန်းတာမျိုးခံစားရနိုင်ပါတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အိပ်စက်အနားယူချိန်ကပ်သွားတဲ့အတွက် ဇီဝဖြစ်စဉ်အပြောင်းအလဲအရ ညဘက်အိပ်မပျော်တာမျိုးဖြစ်နိုင်ပါတယ်။

ဒီတော့ ခန္ဓာကိုယ်မှာ ကြွက်သားထုတည်ဆောက်လိုသူတွေ၊ ခန္ဓာကိုယ်လှပလိုသူတွေအနေနဲ့ ညနေပိုင်းအချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ပိုသင့်တော်ပြီးတော့ ကိုယ်အလေးချိန်လျော့ချလိုသူတွေကတော့ မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်သင့်ပါတယ်နော်။

Change Your Body, Change Your Life

Crd #

18/12/2022

Precare Glucometerဧ။်အားသာချက်များ

-USA ထောက်ခံချက်ရရှိထားခြင်း
-တစ်သက်တာအာမခံချက်ပါရှိခြင်း
-Memoryအကြိမ်တစ်ထောင်ထိမှတ်နိုင်ခြင်း
-ဓာတ်ခဲမှာAAAဆိုဒ်ဓာတ်ခဲဖြစ်သည့်အတွက်ဝယ်ယူလွယ်ကူခြင်း
-Strip ejectionပါသည့်အတွက်သုံးပြီးသားstripကိုလက်နှင့်မထိဘဲစွန့်ပစ်ရလွယ်ကူခြင်းတို့အတွက်ဝယ်ထားသင့်ပါတယ်နော်
-Stripအပိုကိုလဲဝယ်ရလွယ်ကူပါတယ်ရှင့်

18/12/2022

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၂၀ ရာခိုင်နှုန်းမြင့်တက်ခြင်းကို အဝ လွန်တယ်လို့ခေါ်ပါတယ်။ အဝလွန်ခြင်းကြောင့် လူတစ်ယောက်အတွက် အသက်ရှင်ရန် မျှော်လင့်နိုင်သော သက်တမ်းထက် ရှစ်နှစ် လျော့ကျသွားတတ်ပါတယ်။ အသက်ငယ်ရွယ်ပြီး ကိုယ်အလေးချိန်ပိုများသူ တွေမှာ ကျန်းမာရေးအထိခိုက်ဆုံးဖြစ်ကြပြီး ကျန်းမာစွာနေထိုင်ရမည့် ၁၉ နှစ်တာကာလကို ဆုံးရှုံးသွားနိုင်ပါတယ်။

လူနေမှုပုံစံတွေ တိုးတက်လာတာနဲ့အမျှ လွယ်ကူမြန်ဆန်တဲ့ အသင့်စားအစားအသောက်တွေကို စားသုံးခြင်း၊ အထူးသဖြင့် အခြေခံနှင့်အလယ် အလတ်လူတန်းစားများမှာ အချိန်ကုန်/ငွေကုန်ခံပြီး Gym၊ ယောဂ၊ လေ့ကျင့်ခန်း မယူနိုင်ဘဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်း၊ လုပ်ငန်းသဘောသဘာဝ အရ အထိုင်များခြင်း၊ ဆယ်ကျော်သက်နှင့်လူလတ် ပိုင်းများမှာလည်း ကွန်ပျူတာ၊ ဂိမ်း၊ ချက်တင်တို့ဖြင့် အင်တာနက်ထိုင် အချိန်ဖြုန်းခြင်းများကြောင့် ဝိတ်တက်အဆီပိုလာကြပါတော့တယ်။

ဒီ အဝလွန်ခြင်းကြောင့်ပဲ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြန်းခြင်း၊ အရိုးနှင့်အရိုးနုများ ပျက်စီးရောင်ရမ်းခြင်း၊ သားသမီးမရ နိုင်တော့ခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါတို့အပြင် အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ စတဲ့နောက်ဆက်တွဲရောဂါများခံစားရနိုင်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန်ထိန်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ၊ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ခြင်းက ကြွက်သားများကျစ်လျစ်၍ ဝိတ်ကျစေတဲ့အပြင် နှလုံးနှင့် အဆုတ်ကိုအားကောင်းစေခြင်း၊ အရိုးသန်မာစေခြင်း၊ စိတ်ဖိစီးမှုလျော့ကျပြီး နှစ်ခြိုက်စွာ အိပ်မောကျ စေခြင်း၊ မိသားစုမိတ်ဆွေသူငယ်ချင်းများဖြင့် အတူတူလေ့ကျင့် ခန်းကစားခြင်းကလည်း စည်းလုံး ညီညွတ်မှုတိုးပွား လာစေပါတယ်။ တကူးတကလေ့ကျင့်ခန်းယူဖို့ အချိန် မပေးနိုင်သူများအနေဖြင့် နိစ္စဓူဝပုံမှန်လှုပ်ရှားမှုများကို လေ့ကျင့်ခန်းဆန်ဆန် ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ လိုရာခရီး မရောက်မီ ဘတ္စကား သုံးမှတ်တိုင်ခန့် ကြိုဆင်းပြီး လမ်းလျှောက်ခြင်း၊ ဓာတ်လှေကား၊ စက်လှေကားများမသုံးဘဲ ခြေထောက်ဖြင့် အတက်အဆင်းပြုလုပ်ခြင်း၊ အထိုင်လျှော့ခြင်း၊ ဖြစ်နိုင်လျှင် မတ်တတ်ရပ်၍ အလုပ်လုပ်ခြင်း၊ ယုတ္စြအဆုံး မတ်တတ်ရပ်၍တယ်လီဖုန်းပြောခြင်း စသည်ဖြင့် ပုံစံပြောင်းကြည့်လိုက်ပါ။

ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်ပါ၊ ရေများများသောက်ပါ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များနှင့် အရည်ရွှမ်း သောအော်ဂဲနစ်သစ်သီးများစားပါ။ အဆီထုတ္ထား သော နွားနို့၊ ဒိန်ချဉ်၊ ပရိုတင်းဓာတ်ပါသော အနီရောင် အသား၊ အဆီများသောငါး၊ အရေခွံမပါသော ကြက်သား၊ ပဲအမျိုးမျိုး၊ နှံထွက်အစားအစာများဖြစ်ကြတဲ့ ဂျုံပေါင်မုန့်၊ ဆန်လုံးညိုတို့ကိုစားပါ။ အချိုမပါသော လက်ဖက် ရည်နှင့်နို့ခရင်မပါသော ကော်ဖီသောက်ပါ။

#ဝိတ်ချမယ် #ကိုယ်အလေးချိန် #အဝလွန်ရောဂ

17/12/2022

ဘာလို့ ဝမလာရတာလဲဆိုတော့

ကယ်လိုရီမတွက်မိတာ
အစားတော့စားနေတာပဲ၊ ပိန်နေမြဲ၊ ပိန်နေဆဲပဲဆိုတာက ကိုယ်စားတဲ့အစားအစာတွေထဲမှာ ခွန်အားဖြစ်စေမယ့်အရာတွေနည်းပြီး ကယ်လိုရီအလုံအလောက်မဖြည့်ပေးနိုင်တဲ့အရာတွေများနေတာဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် အသီးအနှံတွေ၊ အသီးအရွက်တွေနဲ့ ဟင်းရည်တွေလိုမျိုး ဝိတ်လျှော့သူတွေစားသင့်တဲ့ပုံစံအတိုင်း ကိုယ်စားမိနေတာလည်းဖြစ်နိုင်တယ်။ ကိုယ့်အနေနဲ့က ကယ်လိုရီများတာတွေ၊ပရိုတင်းများတာတွေကိုပိုစားပေးသင့်တယ်လေ။ ဒါပေမယ့် အဆီများတာ၊အချိုများတွေနဲ့ဝလာတာကိုတော့ရှောင်ပါ။

စားသောက်မှုပုံစံ မပြောင်းလဲတာ
အပေါ်မှာပြောခဲ့သလိုမျိုး လွဲမှားနေတဲ့ စားသောက်မှုပုံစံအတိုင်း ဆက်ပြီးသွားတာက ပိန်မြဲပိန်ဆဲအဖြစ်ကိုမွေးမြူနေတာပါပဲ။ ကျန်းမာရေးနဲ့ညီတဲ့ဘောင်အတွင်းမှာ ပုံစံလေးပြောင်းစားပါ။ အာဟာရနဲ့ကျန်းမာရေးကိုလေ့လာလိုက်စားပြီး အာဟာရကြွယ်ဝ၊ကယ်လိုရီများတဲ့ အစားအသောက်တွေကို မွတ်သားပါ။ ပုံမှန် ပလန်ချပြီး စားပါ။ အဆီမပါတဲ့အသား၊ ပင်လယ်စာ၊ ပဲ စတဲ့ အသားဓါတ်ကြွယ်ဝတာတွေကိုလည်း ပိုစားပါ။

ကယ်လိုရီလောင်ကျွမ်းနေတာ
စားလိုက်တဲ့ ကယ္လိုရီကို အကုန်ပြန်လောင်ကျွမ်းအောင်လုပ်လိုက်မိတယ်ဆိုပါစို့။ အဆီကျကျစ်လျစ်တဲ့ခန္ဓါကိုယ်ကိုပဲ ပိုင်ဆိုင်ရတော့မှာပေါ့။ ယူတို့ အသားပြည့်ပြည့်လေး မဖြစ်လာနိုင်တော့ဘူး။ ကယ်လိုရီစားတာနည်းရတဲ့အထဲ အကုန်ပြန်လောင်ကျွမ်းကုန်တော့ ကုန်ပြီလေ။ ဒါ့ကြောင့် ကယ်လိုရီပိုစားရမယ်ပြောတာပေါ့။
အားကစားလုပ်တယ်ဆိုလည်း အကြမ်းတွေမလုပ်သင့်ဘူးနော်။ ဂျင်မ်သွားတယ်ဆိုပေမယ့် ဝိတ်ချချင်တဲ့သူတွေလို လုပ်မိရင်၊ နည်းလမ်းမှားနေရင် ပိုတောင်ကျသွားနိုင်တဲ့အန္တရာယ်ရှိတယ်။ ထရိန်နာကောင်းကောင်းနဲ့သေချာစနစ်ကျမှ အချိုးအစားကျကျ ကိုယ်အလေးချိန်တက်စေမှာပါ။

မျိုးဗီဇနဲ့ဆိုင်တာ
တချို့ကျတော့ အစားအသောက်၊အနေအထိုင် အားလုံးဂရုစိုက်နေထိုင်ပါလျက်နဲ့ ဝိတ်တက်မလာတာက မျိုးဗီဇနဲ့ဆိုင်ပါတယ်တဲ့။လေ့လာမှုတွေအရ လူတွေရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့အခြေအနေတွေဟာ မျိုးဗီဇနဲ့ ၅၀%၊ ပတ်ဝန်းကျင်နဲ့ ၅၀% သက်ဆိုင်တယ်လို့ ဆိုကြပါတယ်။ အနေအထားတူတဲ့သူတွေထဲမှာမှ တချို့က ဘာလို့ကိုယ်အလေးချိန်ပိုများရသလဲဆိုတာ သုတေသီတွေ အဖြေရှာကြဆဲပါပဲ။ သီအိုရီတစ္ခုကေတာ့ တချို့လူတွေဟာ သူများတွေထက် ကြီးထွားမှုဟော်မုန်းပိုများတာကြောင့်နေ့စဉ်လှုပ်ရှားမှုတွေအတွင်း ခွန်အားပိုသုံးရတာမျိုးဖြစ်စေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးပြဿနာတွေ ရှိနေတာ
ဘယ်လိုကြိုးစားကြိုးစား ထူးမလာတော့ဘူး၊ ကိုယ်အလေးချိန်တက်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးရောဂါရှာဖွေစစ်ဆေးပါ ဒါမှမဟုတ် ကိုယ်သောက်သုံးနေရတဲ့ဆေးတွေကို စစ်ဆေးပါ။ သိုင်းရွိုက်ပြဿနာရှိနေတာ၊ ဆီးချိုဖြစ်နေတာကို မသိတာ၊ အစာအိမ်ပြဿနာတာရှည်နေတာတွေက အကြောင်းရင်းထဲပါဝင်နေနိုင်ပါတယ်။ ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုရှိနိုင်တဲ့ရောဂါအခံတစ်ခုခုရှိနေတယ်ဆိုရင် အရင်ကုသလိုက်မှ ကျန်းမာဝဖြိုးလာနိုင်ပါလိမ့်မယ်။
ကဲ ကျန်းမာရေးနဲ့မညီဘဲ ဝလာစေနိုင်တဲ့ ဝေဆးကို လိုက်ရှာနေမယ့်အစား အဟန့်အတားဖြစ်စေတဲ့အရာတွေကို အရင်ရှာဖွေဖြေရှင်းလိုက်တာပိုကောင်းပါတယ်။ ယူတို့ အမြန်ပဲ ကျန်းမာခြင်းနဲ့အတူ ဝလာနိုင်ပါစေနော်။
Credit - Hello ဆရာဝန်

#ကိုယ်အလေးချိန် #ဝိတ်ချမယ

15/12/2022

Precare Wrist type blood Pressure Monitor
လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်တိုင်းစက်ဆိုတာ....

German Technology ကိုအသုံးပြုပြီး Canada တွင်ရောင်းချ၍နာမည်ရနေသော Pressure Monitor တစ်ခုဖြစ်ပါတယ်..

သင်ကျန်းမာရေးအတွက် အမြဲတမ်းဆောင်ထားသင့်သည့် အရည်အသွေးမြင့် Precare လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်တိုင်းစက် က ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင်

စက္ကို (၂) နှစ်အာမခံပေးထားခြင်း။

WHO ကသတ်မှတ်ထားသောသွေးပေါင်ချိန်အတိုင်းစက်မှဖတ်ပေးနိုင်ခြင်း။

နောက်ဆုံးတိုင်းထားသောအဖြေ (၃)ခု၏Averageကိုပြပေးခြင်း။

လူနှစ်ဦးခွဲခြားတိုင်းတာလို့ရ၍တစ်ယောက်ချင်းစီတိုင်းထားသောအဖြေများအားခွဲ၍မှတ်ထားပေးခြင်း။

အကြိမ်ရေ (၆၀) အထိအဖြေမှတ်ထားပေးနိုင်ခြင်း။

သွေးပေါင်ချိန်တိုင်းထားသောအဖြေ၏အနည်း၊အများ Level ကိုစက်မှပြသပေးနိုင်ခြင်း။

ESH (Europen Society of Hypertension) မှအသိအမှတ်ပြုလက်မှတ်ရရှိထားသောစက်ဖြစ်ပါတယ်ခင်


#သွေးပေါင်ချိန်
#သွေးတိုးသမားများအတွက်

12/12/2022

လူကြီးတွေကိုကောင်းကောင်းနားလည်ပေးဖို့လိုပါတယ်။
အသက်အရွယ်ရလာတဲ့အခါ မယ်လင်တိုနင်ဓာတ်ကလျော့နည်းလာတာမို့ လူကြီးမိဘတွေမှာ အိပ်စက်ဖို့အရမ်းခက်ခဲလာကြပါတယ်။
အိပ်ဆေးကလည်းအသက်အရွယ်အရဆိုးကျိုးများတာမို့ ညဘက်တွေကလူကြီးမိဘတွေအတွက်တော့ စိတ်ညစ်စရာတွေဖြစ်လာတတ်ကြပါတယ်။
အသက်အရွယ်အရ အိပ်ရေးပျက်ညတွေများလာတဲ့အခါ ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများစွာရှိလာနိုင်တာမို့ ဆိုမီနိုကဲ့သို့အိပ်စက်ခြင်းအတွက်အထောက်အကူပေးတဲ့ သဘာဝဓာတ်စာတွေနဲ့ ချစ်ခင်ကြင်နာမှုနဲ့နားလည်ခံစားပေးနိုင်မှုကိုပြသပေးပါနော်။
ဆိုမီနိုကေဆးမစွဲဘဲ လျော့နည်းလာတဲ့မယ်လင်တိုနင်ကိုသာဖြည့်ပေးတာမို့ လူကြီးမိဘတွေအတွက် စစ်မှန်တဲ့ ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။

#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

12/12/2022

ဆီးချိုရောဂါဟာ နှလုံးသွေးကြောရောဂါတစ်မျိုးလို့တောင် အခုနောက်ပိုင်းခေါ်လာကြပါပြီ။

အင်ဆူလင် (သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ဟော်မုန်း မမှန်တာကြောင့် ဖြစ်တဲ့အတွက် ဆီးချိုရှိပြီဆိုတာနဲ့ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောတွေဟာ ဆီးချိုဒဏ်ကိုခံရပြီး သွေးကြောဆိုင်ရာရောဂါတွေလည်း တစ်ဆက်တည်းဖြစ်လာတတ်ပါတယ်။

အရင်က အသက် ၄၀ နောက်ပိုင်းလောက်မှ ဆီးချိုရောဂါ အျဖစ္မ်ားတာ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းတွေမှာပါ ဆီးချိုအဖြစ်များလာတာကို တွေ့လာရပါတယ်။ လူလတ်ပိုင်းတွေထဲမှာမှ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေဟာ အခြားသော ဆီးချိုရောဂါ မခံစားရသူတွေထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများနေပါတယ်လို့လည်း သိရပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ပြီး ညှစ်အားကျရောဂါ၊ နှလုံး ကြွက်သား လှုပ်ရှားမှုအားနည်းပြီး ညှစ်အားကျရောဂါ အမ်ားစုတို့ဟာ စစ်ဆေးကြည့်လိုက်တိုင်းမှာ ဆီးချိုရောဂါအခံရှိတတ်ပါတယ်။ ဆီးချိုရောဂါဆိုတာ သီးသန့်တည်ရှိနေတာမဟုတ်သလို နှလုံးရောဂါဟာလည်း သီးသန့်တည်ရှိနေတာမဟုတ်ပါ။ နှစ်မျိုးလုံးဟာ တစ်ခုတည်းလို တွဲဖက်နေတာကြောင့် ဆီးချိုသည်နှလုံးသွေးကြောရောဂါလို့ ခေါ်ကြတာပါ။

ဒါကြောင့် ဆီးချိုရောဂါရှိသူတွေက ဆီးချိုတစ်မျိုးတည်း ကုသထားရုံနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ နှလုံးကျန်းမာရေး၊ နှလုံးသွေးကြောအခြေနေတွေကို စစ်ဆေးထားဖို့လဲ အရေးကြီးပါတယ်။ ဒါမွ မိမိအသက္ကို အချိန်မှီကယ်တင်နိုင်မှာဖြစ်ပါတယ်။

ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် နှလုံးရောဂါကို ခံစားရတာတင် မဟုတ်ပါဘူး။ သွေးတိုး ရောဂါ၊ သွေးတွင်းကိုလက်စထရော များတာတွေကိုပါ ခံစားရပါတယ်။ ဆေးလိပ်ပါသောက်မယ်ဆိုရင်တော့ ဆီးချိုရှိသူတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက ပိုများနိုင်ပါတယ်။

ဆီးချိုရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတာက သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေကို ထိန်းချုပ်ထားတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကို ပျက်စီးစေနိုင်လို့ပါ။ ဒီလို ပျက်စီးမှုတွေက အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာနဲ့ အမျိုးအစား -၂ ဆီးချို ခံစားနေရသူ လူငယ်တွေကတော့ အျခား ဆီးချိုမရှိတဲ့သူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေက ၂ ဆလောက် ပိုများနေပါတယ်။

ဒါပေမယ့် သတင်းကောင်းတစ်ခုက သွေးချိုကို သေချာထိန်းမယ်။ အရက်နဲ့ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ ဆီးချိုကြောင့် နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။




#ဆီးချိုသွေးချို
#နှလုံးသွေးကြောကျဉ်းရောဂ

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Bogyoke Main Street
Taunggyi