IVORY PEARL

IVORY PEARL

Share

မြန်မာ့ရေထွက်ရတာ ရေချိုပုလဲစစ်စစ်များကိုသာ ရောင်းချပေးပါတယ်..💜💝 ရေချိုပုလဲစစ်စစ်ဖြစ်ကြောင်း 100% အာမခံပါတယ်ရှင်..✅✅✅

Photos from IVORY PEARL's post 29/07/2026

အရမ်းလှတယ်ရှင်။

Baroque Pearls

Fresh Water Pearl နဲ့ 18K Gold
လက်ကောက်လှလှလေး

670,000Ks

#ရေထွက်ရတနာ

29/07/2026

📜 ဝါဆိုလပြည့်နေ့ ဖြစ်ပေါ်လာရခြင်းနှင့် သိထားသင့်သော သမိုင်းကြောင်း

ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဝါဆိုလပြည့်နေ့ ဆိုတာ သာမန်လပြည့်တဲ့နေ့တစ်နေ့ပဲ မဟုတ်ပါဘူး။

ဒီနေ့ဟာ မြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို ကမ္ဘာက ပထမဆုံးအကြိမ် ကြားနာခွင့်ရခဲ့တဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးနောက် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးပါးအား ဓမ္မစကြာတရားဦး ကို ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီတရားတော်ကို နာယူပြီး ရှင်ကောဏ္ဍညမထေရ်က ပထမဆုံးသော အရိယာပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်မှစပြီး တရားရတနာ ကမ္ဘာပေါ်မှာ ထင်ရှားပေါ်ထွန်းလာခဲ့ပါတယ်။

အဲ့နောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြပြီး သံဃာရတနာ လည်း စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဗုဒ္ဓ၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါး သည် လူသားတို့အတွက် ကိုးကွယ်ရာ အစစ်အမှန်အဖြစ် ထင်ရှားပေါ်ထွန်းလာခဲ့ပါတယ်။

ဒါကြောင့် ဝါဆိုလပြည့်နေ့ကို "ဓမ္မစကြာအခါတော်နေ့" လို့ ဂုဏ်ပြုခေါ်ဆိုခဲ့ကြပြီး သံဃာတော်များ ဝါတွင်းဝင်တော်မူတဲ့ ကာလရဲ့အစအဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။

ဝါဆိုလပြည့်နေ့လေးမှာ ကျွန်မတို့ကို သတိပေးနေတာက

ဘဝကို ပြောင်းလဲစေတဲ့ အလင်းရောင်ဟာ တရားတော်ထဲမှာ ရှိတယ်။
စိတ်ကို အေးချမ်းစေတဲ့ လမ်းဟာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ လမ်းစဉ်ထဲမှာ ရှိတယ်။

ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်း မိမိရဲ့စိတ်ကို ပြန်လည်သန့်ရှင်းစေဖို့၊ မေတ္တာတရားကို ပိုမိုမွေးမြူဖို့နဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို လက်တွေ့ကျင့်သုံး‌ နေထိုင်ဖို့အတွက် အချိန်ကောင်းတစ်ခုပဲဖြစ်ပါတယ်။

🙏 ဝါဆိုလပြည့်နေ့၏ ကုသိုလ်အဖို့ကို အားလုံး ထပ်တူရရှိကြပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
#ဗုဒ္ဓဘာသာ
#ဗဟုသုတ
#ကုသိုလ်
#တရားဓမ္မ

29/07/2026

လူတွေဟာ တစ်ခုခုဖြစ်ချင်ပြီ လုပ်ချင်ပြီဆိုရင်
ချက်ချင်းလုပ် ချက်ချင်းဖြစ်ရမှ ကျေနပ်တတ်ကြတာ
ဖြစ်မလာရင် စိတ်ဓာတ်တွေကျပြီး လက်လျော့သွားတတ်ကြတယ်

လမ်းမှန်ဆိုတာ ခက်ခဲတတ်ပြီး
တစ်ခါတစ်ရံ ပန်းတိုင်ရောက်ဖို့ကြာတတ်တယ်ဆိုတာ
သတိမမေ့ဖို့တော့လိုအပ်တယ်။

29/07/2026

အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ
လူအများရဲ့ စိတ်က မလိုအပ်ဘဲ ပိုတွေးတတ်တယ်။

မစရသေးခင် စိတ်ထဲမှာ..
“မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ”
"လုပ်ရမှာ နည်းနည်းကြောက်တယ်"
“ကျရှုံးရင် ဘာဖြစ်မလဲ” ဆိုတဲ့ အရှုံးဇာတ်ညွှန်းကို အကြိမ်ကြိမ် ကြိုရေးနေတတ်တယ်။

စာရေးဆရာ မတ်ဆူအူရာ ယာတားရို (Matsuura Yataro) က ....

“ဘဝအခက်အခဲဆိုတာ များသောအားဖြင့် ကိုယ့်စိတ်က မလိုအပ်ဘဲ အတွေးလွန်ပြီး ကိုယ့်ကိုယ်ကိုယ် ချည်နှောင်တဲ့ သံကြိုးတွေ ဖြစ်တယ်။” လို့ ဆိုပါတယ်။

တကယ်တမ်း ဘဝက ကိုယ့်ကို ချောက်ကမ်းပါးအစွန်းအထိ တွန်းပို့လိုက်ပြီး မခုန်မဖြစ်တော့တဲ့ အခြေအနေ ရောက်လာလို့ ကိုယ်ခုန်လိုက်တဲ့အခါ ကိုယ်ထင်ထားသလို အောက်မှာ ချောက်အနက်ကြီး မဟုတ်တာကို တွေ့ရတယ်။

ဥပမာတစ်ခု ပေးရရင် ..
စတိဗ်ဂျော့ဘ်ကို သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Apple ကနေ ထုတ်ပယ်လိုက်တုန်းက သူလည်း “ငါ့ဘဝ ဒီလောက်နဲ့ပဲ ဆုံးသွားပြီ” လို့ ထင်ခဲ့တယ်။

စိတ်ပျက်၊ ဝမ်းနည်းတာကို အချိန်တစ်ခုကြာ ခံစားပြီးတဲ့နောက် စတိဗ်ဂျော့ဘ်က NeXT ဆိုတဲ့ ကုမ္ပဏီသစ်တစ်ခုကို တည်ထောင်လိုက်တယ်။

နောက်ပြီး Pixar ဆိုတဲ့ ကာတွန်းစတူဒီယိုတစ်ခုကိုလည်း ဝယ်ယူလိုက်တယ်။

အဲဒီနောက်မှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ အောင်မြင်မှုကြီး ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်က လူသိမများသေးတဲ့ Pixar က ကမ္ဘာ့ပထမဆုံး ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ကာတွန်းရုပ်ရှင်တွဲဖြစ်တဲ့ Toy Story ရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒီရုပ်ရှင်က ကမ္ဘာတစ်ဝန်း အောင်မြင်ခဲ့သလို အော်စကာဆု ၃ ဆုအတွက် စာရင်းသွင်းခံရပြီး ကာတွန်းလောကတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒေဝါလီခံလုနီးပါး ဖြစ်နေတဲ့ Apple က သူ့ကို ပြန်ခေါ်ခဲ့ပါတယ်။
Appleကို သူ ပြန်ရောက်လာတဲ့နောက်
iPod၊ iPhone၊ iPad စတဲ့ ထုတ်ကုန်တွေကို တီထွင်ဖန်တီးနိုင်ခဲ့ပြီး ကမ္ဘာကြီးရဲ့ နည်းပညာနဲ့ လူနေမှုပုံစံကို အကြိမ်ကြိမ် ပြန်လည် သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။

ဘဝထဲက အခက်အခဲတွေကို အရမ်းကြီး ပုံကြီးမချဲ့ပါနဲ့။

အခုချိန်မှာ ကိုယ့်ကို လဲပြိုစေတယ်လို့ ထင်နေတဲ့ အရာဟာ နှစ်အကြာမှာ ပြန်လှည့်ကြည့်တဲ့အခါ ကိုယ့်ဘဝခရီးရှည်ကြီးထဲက အကွေ့လေးတစ်ခုသာ ဖြစ်နေတတ်ပါတယ်။

ကိုယ်ဟာ ကိုယ်ထင်ထားတာထက် ပိုပြီး ကြံ့ခိုင်ပါတယ်။ အခက်အခဲတစ်ခုကို ဖြတ်ကျော်ပြီးတိုင်း အရင်ကထက် ပိုရင့်ကျက်၊ ပိုသန်မာတဲ့ ကိုယ့်ကိုယ်ကိုယ် တွေ့ရပါလိမ့်မယ်။

--- ဘာသာပြန် မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

Photos from IVORY PEARL's post 29/07/2026

ပုလဲနဲ့ အလှတရားဆိုတာ ခွဲခြားထားလို့မရတဲ့အရာပါ။

ရှေးယခင်ကဆို ပုလဲကို မြင့်မြတ်တဲ့တော်ဝင်မျိုးနွယ်တွေမှ
ဝတ်ခွင့်ရှိပါတယ်တဲ့။ ဘယ်လောက်တောင် အဖိုးတန်ပြီး
နန်းထိုက်တဲ့ရတနာလဲဆို အထူးပြောစရာမလိုဘူးကွယ်။

ပန်းနုရောင်ပြေးနေတဲ့ ရေချိုပုလဲအလှလေး တစ်စုံ
ရောင်းဖို့ရှိနေပါတယ်။

တန်ဖိုးရှိစွာ ဝတ်ဆင်မယ့်ပိုင်ရှင်လေးကို စောင့်နေပါပြီရှင်။

ကြိုး လက်ပတ် နားပန် -350000kyats

ကာလာအရမ်းလှလို့ ထင်းပြီစိုနေမယ့် တစ်စုံထဲသော
ရှားပါးပန်းနုရောင် ပုလဲစစ်စစ်ပါရှင်။

#ရေထွက်ရတနာ
#မြန်မာ့ရေထွက်ရတနာ

Photos from IVORY PEARL's post 29/07/2026

ပုလဲဆိုရင် လုံးဝန်းနေတဲ့ အချောအသန့်
အပြစ်အနာအဆာမပါတဲ့ အလှဆုံးမှ ဝတ်ချင်တယ်။

မြိတ်ပုလဲလို သိန်းရာကြီးပိုင်လည်း မသုံးချင်ဘူး။

ဒါပေမယ့် ပုလဲစစ်စစ်ပဲ ဖြစ်ရမယ်ဆိုတဲ့ ဘောစိမမတို့အတွက်ရင် ဒီအပြစ်အနာအဆာလုံးဝမပါတဲ့
အလှဆုံး set က အသင့်တော်ဆုံးပါနော်။

ရေချိုပုလဲစစ်စစ်ပါ။

Size 9/10mm

ဖြူအိ ပြောင်လက်ပြီး Luster က မြိတ်ပုလဲအလား
လှပါတယ်။

ကြိုး လက်ပတ် -6သိန်း

2set ပဲ ရပါမယ်ရှင်🤍

ပုလဲစစ်စစ်ဖြစ်လို့ ချိတ်ကို ရွှေထူထူနဲ့ပြန်ခတ်ပြီး တစ်သက်လုံးဝတ်ဖို့ တိုက်တွန်းပါရစေရှင်🤍

Photos from IVORY PEARL's post 29/07/2026

👤လူရယ်လို့ ဖြစ်လာရင်

သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။

သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်၊ ဘယ်လောက်ပဲ အနစ်နာခံ ကြိုးစားကြိုးစား လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး။

ဒါကြောင့်မလို့
သူများအကြိုက်ကိုဆောင်ဖို့ သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။

သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သိထားဖို့က
သူများပါးစပ်ဖျားပေါ်က 👉သင်ဟာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
👉သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ
👁မျက်စိချင်းတူသော်ငြားလည်း အမြင်ချင်း မတူပါဘူး။
👂နားပေါက်ချင်းတူသော်ငြားလည်း ကြားပုံချင်းမတူပါဘူး။

👄ပါးစပ်ချင်းတူသော်ငြားလည်း ပြောဆိုပုံချင်း မတူပါဘူး။

🧠ဦးနှောက်ချင်းတူသော်ငြားလည်း အယူအဆချင်းမတူနိုင်ပါဘူး။

👤လူချင်းတူသော်ငြားလည်း အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။

ဒီအတွက်ကြောင့်
▪️သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်ပြီး နားလည်တဲ့လူနဲ့ တွေ့ဦးမှ...
▪️သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
▪️သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊
သံသယ နဲ တဲ့လူနဲ့ ဆုံဦးမှ..
▪️သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…

နောက်ဆုံးတော့…
သိတာလည်း အားလုံးမပြောနဲ့။
မြင်တာလည်း အားလုံးမယုံနဲ့။

သင်ဘယ်သူ့ကို ဘယ်လောက်
ချစ်တယ်ခင်တယ်ပဲ ဆိုဆို ကိုယ့်အတွက် အသက်ရှင်ဖို့လည်းမမေ့ပါနဲ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
🙏ဒေါက်တာ နန္ဒမာလာဘိဝံသ🙏

Want your business to be the top-listed Beauty Salon in Taungoo?
Click here to claim your Sponsored Listing.

Telephone

Website

Address

Taungoo