AYH liquor shop

AYH liquor shop

Share

ယမကာကြိုက်တဲ့ကိုကိုတို့တွက် အောင်ရဲထက်

03/07/2025

ရှက်စရာမဟုတ်တာ မရှက်မိပါစေနဲ့
*******************************
လူမချမ်းသာတာ ရှက်စရာမဟုတ်ဘူး။ အကျင့်စာရိတ္တ
ဆင်းရဲမှသာ တကယ်ရှက်စရာကောင်းတာပါ။ အကျင့်
စာရိတ္တကောင်းခြင်းဟာ လိပ်ပြာလုံတယ်။ လိပ်ပြာလုံ
ခြင်းဆိုတဲ့ ခံစားချက်ဟာ ဘဝမှာ အကောင်းဆုံးပဲ။
မအောင်မြင်သေးတာကို မရှက်နဲ့။ ကြိုးစားချင်စိတ်မရှိ
ပဲ ပျင်းနေမှသာရှက်ပါ။ သူလက်မမြှောက်သရွေ့
ဘယ်တော့မှ မရှုံးသေးပါဘူး။
သူများဝတ်သလို ကိုယ်မဝတ်နိုင်တာ ရှက်စရာမဟုတ်
ဘူး။ ကိုယ့်သမာအာဇီဝချွေးနဲစာနဲ့ ဝတ်ထားတဲ့ အဝတ်
အစားက သူများပိုက်ဆံနဲ့ ဝတ်ထားတဲ့ Branded တွေ
ထက်ပိုတန်ဖိုးရှိတယ်။
ရိုးသားစွာရှာဖွေစားသောက်နေလို့ ဆင်းရဲတာ ရှက်စရာ
မဟုတ်ဘူး။ ဆက်ပြီးသား ရိုးသားကြိုးစားပါစေ။ ဝဋ်ရှိ
လို့ ခံရရင်တောင် ဒီဘဝပဲ။ သင့်ကိုချစ်တဲ့ ပတ်ဝန်းကျင်
ကလူတွေကလည်း အစစ်အမှန်တွေဖြစ်လိမ့်မယ်။ သင့်
ပိုက်ဆံကို ချစ်ကြတာမဟုတ်ဘူး။ သူများပိုက်ဆံကို
မတရားယူပြီး ချမ်းသာနေတာကမှ ရှက်စရာ။ အဲ့ဒီလို
လူမျိုးတွေက ချမ်းသာလည်း ဒီဘဝပဲ။ ဘေးနားမှာ
အပေါင်းအသင်းပေါနေအုံးတော့ သူတို့ရှိတာ အတု
အယောင်တွေချည်းပဲ။
ရုပ်မချောလို့ မရှက်နဲ့။ ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်
တတ်တဲ့ လူတွေက သင့်ကို အထင်မကြီးတာ ဝမ်း
မနည်းနဲ့။ ရင်ဘတ်ထဲကသာ လှပါစေ။ အဲ့ဒီရင်ဘတ်
ထဲက အလှတရားကို မြင်တတ်တဲ့ တန်ဖိုးကြီးကြီး
လူတွေနဲ့ပဲသင်တွေ့လ်ိမ့်မယ်။
တစ်ယောက်တည်းဖြစ်နေလို့ မရှက်နဲ့။ တစ်ယောက်
တည်းဖြစ်နေတာ ကြိုက်ချင်တဲ့သူကို အချိန်မရွေး
ကြိုက်လို့ရတယ်။ ငေးချင်တဲ့သူကို အချိန်မရွေးငေး
လို့ရတယ်။ ဘဝမှာ ရွေးချယ်ဖို့ အချိန်တွေကျန်သေး
တယ်။ Air-conကားစီးဖို့ ဆုံးဖြတ်ထားရင် ၅၀တန်ကား
လာလည်း တက်မစီးနဲ့။တစ်ယောက်တည်းနေရဲရင်
ကိုယ်စီးချင်တဲ့ ကားလာအောင်စောင့်။ မနေရဲရင်တော့
ကြိုက်တဲ့ကားတက်စီးသွားလို့ရတယ်။ သူများနဲ့မတူပဲ
ကောင်းတာစောင့်ချင်ရင် Risk တော့ရှိတယ်။ သင့်
ပေါ်မှာပဲ မူတည်တယ်။

31/05/2025

ပိုက်ဆံမရှိလဲ "အရက်သောက်လို့ရတဲ့နည်း"
နံပါတ်( 1 ).... See more

Want your business to be the top-listed Beauty Salon in Taungoo?
Click here to claim your Sponsored Listing.

Category

Website

Address

Letpadan
Taungoo
159529