For Your Inner Light

For Your Inner Light

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from For Your Inner Light, Yangon.

🕉️🧘🏼‍♀️🪬Heal for yours soul🪬🧘🏼‍♀️🕉️
🔮Tarot Guidance 🧿Spiritual Helar🔮

💎Youtube channel 👉🏻 https://youtube.com/@innerlight-angle?si=X58V3ebFP5ouN4JO

💎TikTok 👉🏻 https://www.tiktok.com/@innerlight7777?_t=ZS-8xzePLYGmCf&_r=1

19/07/2026

💖✨အချစ်ရေးတွက် အလွန်တရာ ကောင်းမွန်တဲ့ ကတ်နမိတ်ဖြစ်ပြီး ✨💖

🩷"အပြန်အလှန် လေးစားမှု၊ နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး" 🩷ကို အာမခံချက် ပေးနေတဲ့ နိမိတ် ဖြစ်ပါတယ်။

💕စိတ်ချင်းဆက်နွှယ်မှု အားကောင်းသော ဖူးစာဖက် နဲ့တွေ့ဆုံရပြီး အပြန်အလှန် နားလည် မှုတွေရှိမယ် ရေရှည် လက်တွဲဖို့ အထိ ကတိကဝတ်ပြုနိုင်တဲ့အထိ အတူရှိနေနိုင်ပါလိမ့်မယ်

💗လူပျို/အပျို (Single) ~ မိမိနဲ့ စိတ်သဘောထားချင်းတိုက်ဆိုင်ပြီး ရေစက်ပါလာမယ့်သူ၊ ဆွဲဆောင်မှုအပြည့် ရှိမယ့်သူနဲ့ ဆုံတွေ့ရကိန်း ရှိပါတယ်။မိမိရဲ့ နှလုံးသားတံခါးကို ဖွင့်လှစ်ပြီး အချစ်သစ်ကို ကြိုဆိုရမယ့် အချိန်ဖြစ်ပါတယ်။

💞ရည်းစား/စုံတွဲ (In a Relationship) ~အချင်းချင်း ကြင်နာယုယမှု ပိုတိုးလာပြီး နားလည်မှု အပြည့်အဝရရှိမယ့် အချိန်ပါ။အချစ်ရေးကနေ အိမ်ထောင်ရေးအဆင့် ထိ တက်လှမ်းဖို့ ဆုံးဖြတ်ချက်ချရခြင်း (သို့)စေ့စပ်၊ လက်ထပ်ရခြင်းမျိုးအထိ တိုးတက်မှု ရှိလာနိုင်ပါတယ်။

💔အဆင်မပြေမှု ရှိနေသူမျာအတွက် ~ တစ်ဦးကိုတစ်ဦး ခွင့်လွှတ်နားလည်မှုပေးပြီး ပြန်လည်သင့်မြတ် အဆင်ပြေသွားမယ့် နိမိတ် ဖြစ်ပါတယ်။

♥️ အဓိကက အဲ့သူကကိုယ်နဲ့ soul ချင်းချိတ်ဆက်ထားသူ ဖူးစာရေစက်များသူသာ ဖြစ်ရပါမယ်။ Toxic တွေပေးပြီး လောင်နေရတဲ့သူကို ကိုယ့်အတွက်ဖူးစာဖက် ဖြစ်လာပါစေလို့တော့ ဆုတောင်းနေလို့မရပါဘူးနော် ….♥️

💖 နမိတ်ကောင်းလေးများတည်တံ့ခိုင်မာနေပါစေ💖

# fyp

18/07/2026

🌼✨အခုတလော angel number 444 ကို ခဏခဏမြင်နေရတဲ့ သူလေးတွေရှိလား???


ဒါဆိုရင်တော့ ဒီ နမိတ်လေးကသင့်အတွက်ပါ ….✨🌼


လက်ရှိကိုယ့်ရဲ့ စိတ်ကမိမိ ကိုယ်ကိုယ် focus အားကောင်းလာချိန် energy protection ကောင်းနေတာဖြစ်သလို ၊ စိတ်တည်ငြိမ် လာပြီး သမာဓိ စွမ်းအင်တွေကအားကောင်းနေတဲ့အချိန်ဖြစ်ပါတယ်……✨🌼

သင့်စွမ်းအင်တွေက တဖက်သူကို Knight of wands energy နဲ့ အရှိန်အဟုန်ပြင်းစွာနဲ့ ရောက်ရှိလာအောင် စွမ်းငင်ယူနေပါတယ် …🌼

🌼တဖက်သူဆီက ၄ ရက် ၄ ပတ်အတွင်း ရုတ်တရက် ဆိုသလို မြန်မြန်ဆန်ဆန် Message ပို့လာတာ၊ ဖုန်းဆက်လာ တာမျိုး ဒါမှမဟုတ် ကိုယ့်ဆီ အရောက်လာတာမျိုး ဖြစ်တတ်ပါတယ်။

🌼သူ့စိတ်ထဲမှာ ကိုယ့်ကို ပြန်တွေ့ချင်တဲ့ စကားပြောချင်တဲ့ ဆန္ဒ (Passion) energy တွေ ပြင်းပြင်း ပြပြ ဖြစ်ပေါ်လို့ လာနေပါတယ်။

🌼အတိတ်က အဆင်မပြေမှုတွေ၊ မာနတွေကို ဘေးဖယ်ပြီး ငါတော့ သွားပြောမှဖြစ်တော့မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ရဲရင့်စွာ ခြေလှမ်းလှမ်းလာမယ့် ပုံစံမျိုး ဖြစ်ပါတယ်။

‼️အခု နှစ်ပိုင်းတွေမှာ အတိတ်မှာရခဲ့တဲ့ ဒါဏ်ရာတွေကို ကြိုးစားပြီး ကုစားနေတဲ့သူတွေ Heal ဖြစ်နေသူတွေက၂ ဦးသား ပြန်လည်အဆင်ပြေ သွားနိုင်ပြီး ၊ အတိတ်က trauma တွေကို ကုစားဖို့ကျန်နေသူတွေအတွက်ကတော့ on/ off အခြေအနေတွေမှာပဲ ရှိနေနိုင်ပါသေးတယ်။

✨🌼Energy လေးများအဆင်ပြေကြပါစေ ✨🌼

✨🌼တဖက်သူနဲ့ကိုယ်နဲ့ connection စစ်ကြည့်ချင်တာပဲဖြစ်ဖြစ်၊ energy stable ရဖို့ ဘယ်လိုတွေ ပြုမူနေထိုင်ရမယ်ဆိုတာကို guide line လိုချင်တာပဲဖြစ်ဖြစ် ၊ သူနဲ့ကိုယ်ကြားတခုခုတော့ရှိနေတယ် ဘာလည်းတော့မသိဘူးဆိုတဲ့စိတ်ဖြစ်နေပြီး အဖြေရှာလိုသူများ မိမိရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေရဲ့ အဖြေကို တွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် like & share လုပ်ထားပြီး
Comment မှာ

✨🌼YES 🌼✨

လို့ရေးပေးသွားပါ။ အထူးနှုန်းလေးများ ရရှိမှာ ဖြစ်သလိုcomment ရေးသူများထဲမှ တဦးကိုရွေးချယ်ပြီး package တခုစာ လက်ဆောင်ပေးသွားမှာပါ။

🌼✨ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။


-destiny


guidance
🕯️

18/07/2026

Relationship connection (ဆက်နွှယ်မှု) တွေဆိုတာ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာအရရော၊ လူမှုဘဝအရပါ မတူညီတဲ့ ရည်ရွယ်ချက် တွေနဲ့ ကျွန်မတို့ဘဝထဲကို ရောက်လာ ကြတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ကြတဲ့အခါ ခံစားရတဲ့ စွမ်းအင်ချင်းမတူသလို၊ ပေးချင်တဲ့ ဘဝသင်ခန်းစာ အသိတရားချင်းလည်း ကွာခြားကြပါတယ်။

ယေဘုယျအားဖြင့် အဓိကကျတဲ့ connection (၃) မျိုး ရှိပါတယ်။

1- Karmic Connection
2- Twinflame Connection
3- Soulmate Connection တို့ဖြစ်ကြပါတယ်။

အဲဒီထဲကမှ ပထမဆုံးနဲ့ အပြင်းထန်ဆုံး စိန်ခေါ်မှုတွေ သယ်ဆောင် လာတတ်တဲ့ Karmic Connection အကြောင်းကို အရင်ဆုံး ပြောပြပေးပါမယ်။

Karmic Connection ~ကံကြမ္မာအကြွေး သံယောဇဉ်

Karmic Connection ဆိုတာ အတိတ်ဘဝတွေ (သို့) အရင်က မပြတ်ပြတ်ခဲ့တဲ့ ဝဋ်ကြွေးတွေ၊ မပြီးပြတ်သေးတဲ့ စွမ်းအင်အကြွေးတွေကို ပြန်လည်ဖြေရှင်းဖို့နဲ့ ဝိဉာဉ် ပိုင်းဆိုင်ရာ သင်ခန်းစာ Soul Lessons တွေ သင်ယူဖို့ ဘဝထဲကို ဆွဲဆောင်မှုအပြည့်နဲ့ ရောက်လာတတ်တဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ဆွဲအားနဲ့ စတွေ့ချင်းမှာတင် နှစ်ပေါင်းများစွာ သိခဲ့သလိုမျိုး (ဒါမှမဟုတ်) ရုန်းထွက်လို့မရအောင် ဆွဲဆောင်မှု အလွန်ပြင်းထန်တတ်ပါတယ်။ ဒီလူမှ ဒီလူဆိုပြီး စွဲလမ်းစိတ် ချက်ချင်းဖြစ်ပေါ်စေပါတယ်။

ပျော်စရာရှိရင်လည်း ကောင်းကင်ဘုံ ရောက်မတတ် ပျော်ရပေမယ့်၊ စိတ်ညစ်ရတဲ့အခါမှာလည်း ငရဲကျသလို ခံစားရတတ်ပါတယ်။ စိတ်ခံစားချက် အတက်အကျ အလွန်ကြမ်းတမ်းပြီး ငြိမ်းချမ်းမှု ရခဲပါတယ်။ပုံစံ တူပြဿနာများ ထပ်တလဲလဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မကြာခဏ ပြတ်လိုက်၊ တွဲလိုက် ဖြစ်နေတတ်သလို၊ ရန်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကလည်း ပုံစံတူတွေပဲ ထပ်ခါတလဲလဲ ဖြစ်နေတတ်ပါတယ်။

ဒီ connection ရဲ့ တကယ့်ရည်ရွယ်ချက်က ထာဝရလက်တွဲဖို့ထက် သင့်ရဲ့ အတွင်းစိတ်ဒဏ်ရာတွေ၊ အားနည်း ချက်တွေကို မှန်တင်ပေးပြီး "ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်ဖို့၊ ပိုပြီးရင့်ကျက်လာဖို့နဲ့ လွှတ်ချတတ်ဖို့" သင်ခန်းစာပေးရန် ဖြစ်ပါတယ်။

သူတို့ဟာ သင့်ကို နာကျင်အောင် လုပ်မိတဲ့ "မှန်" တစ်ချပ်လိုပါပဲ။ အဲဒီနာကျင်မှုကတစ်ဆင့် ကိုယ့်ရဲ့အတ္တတွေ၊ စွဲလမ်းမှုတွေကို သင်ခန်းစာယူပြီး ဖြတ်တောက်နိုင်သွားတဲ့အခါ Karmic Connection ရဲ့ တာဝန်ပြီးဆုံးသွားပြီး အလိုလို ဝေးကွာသွားတတ်ကြပါတယ်။

ကျန်ရှိနေသေးတဲ့ connection အမျိုးအစားတွေကိုတော့ နောက်နေ့တွေမှာ ဆက်လက်ဖော်ပြပေးပါမယ်။



🕯️

18/07/2026

ဒီနမိတ်လက္ခဏာဟာ သင့်ထံကို အကြောင်းမဲ့ ရောက်ရှိလာတာ မဟုတ်ပါဘူး။ သင့်ရဲ့ ဘဝခရီးလမ်းမှာ ပိုမိုတောက်ပပြီး အောင်မြင်တဲ့ အလှည့်အပြောင်းတစ်ခုဆီကို ဦးတည်နေကြောင်း ပြသနေတဲ့ မြင့်မြတ်တဲ့ လမ်းပြမှုတစ်ခု ဖြစ်ပါတယ်…✨🧚‍♀️

မိမိဘဝရဲ့ အခန်းကဏ္ဍဟောင်းတစ်ခု (သို့) ပိတ်မိနေသလို ခံစားခဲ့ရတဲ့ အခြေအနေတစ်ခုကနေ လွတ်မြောက်ပြီး လွတ်လပ်ခွင့်နှင့် အခွင့်အလမ်းသစ် ထဲကို ခြေလှမ်းလှမ်းရတော့မယ့် နမိတ်…✨🧚‍♀️

ရှေ့မှာ လျှောက်လှမ်းရမယ့် လမ်းကြောင်းက ရှင်းလင်းဖြောင့်ဖြူးနေပြီး ဘေးဘယ်ညာမှာလည်း တိုးတက်အောင်မြင်ခြင်းကိုဆောင်ကြဉ်း ပေးမယ့် ဓနဥစ္စာနှင့် အောင်မြင် မှုတွေက ဝန်းရံပေးထားတဲ့ နမိတ် ဖြစ်ပါတယ် …✨🧚‍♀️

✨🧚‍♀️Claim ✨🧚‍♀️

17/07/2026

သင်ဖြစ်ချင်တဲ့ ဆန္ဒတွေ လက်တွေ့ဖြစ်လာပြီး စိတ်ရောကိုယ်ပါ ပြည့်စုံမှုတွေ ခံစားရတော့မယ့်နမိတ် ✨🪷🌿

16/07/2026

🧘🏼‍♀️လက်ရှိမှာ healing လုပ်နေတဲ့ သူလေးတွေရှိ
လား ???🧘🏼‍♀️

🥀နောက် ၃ လ ၆ လ ၁ နှစ်အတွင်းမှာပြောင်းလဲလာမယ့် energy reading လေးပါ…👸

🥀Current Energy 🥀

🥀လက်ရှိ ကိုယ့်ဘက်က စွမ်းအင်ဟာ အတွင်းစိတ်ကို ဆိတ်ငြိမ်စွာ ကုစားရင်း၊ ကိုယ့်ကိုယ်ကိုယ် အကာ အကွယ် ပေးထားရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။

🥀စိတ်မကောင်းစရာ ဖြစ်ရပ်တချို့ကို ရင်ဆိုင် ကျော်ဖြတ်နေရလို့ လူအများနဲ့ခေတ္တအလှမ်း ဝေးရာမှာ နေပြီး စိတ်ခွန်အား ပြန်ဖြည့်တင်း ပြီး မိမိကိုယ်ကိုယ် focus လုပ်ချင်နေပါတယ်။

🥀အတိတ်ကသင်ခန်းစာတွေကြောင့် တော်တော် လေး ပင်ပန်းနေပေမဲ့လည်း ကိုယ့်ရဲ့ စွမ်းအင် တွေနဲ့ ကိုယ်ပိုင်နယ်ပယ်ကို အထိခိုက်မခံနိုင်အောင် Boundaries တွေကိုသေသေ ချာချာ ချထားတဲ့ စွမ်းအင်မျိုးမှာရှိနေပါတယ်။

🥀လက်ရှိမှာ ဖြတ်သန်းနေရတဲ့ ပင်ပန်းမှုတွေဟာ အနာဂတ်မှာ ပိုမိုတောက်ပပြီး အစွမ်းထက်တဲ့ "Queen" (ဘုရင်မ) တစ်ယောက်အဖြစ် အသွင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှု တွေဖြစ်တယ်ဆိုတာကို အနာဂတ်အတွက် card တွေကပြသနေပါတယ် ..👸

🥀ဒဏ်ရာများမှသည် စွမ်းအားရှင် ဘုရင်မဆီသို့….✨👸

🥀ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှု၊ အထီးကျန်မှုတွေထဲကနေ ရုန်းထွက်ပြီး Emotional Healing (စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားခြင်း) ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

👸ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇဖြစ်တဲ့ စာနာနားလည်မှု၊ ပေးကမ်းလိုစိတ်တွေ ပြန်လည်ရှင်သန်လာပြီး (Queen of Cups)၊ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းမယ့်၊ ဆွဲဆောင်မှုအပြည့်နဲ့ တောက်ပနေမယ့် Queen of Wands (အရှိန်အဝါရှိသော အမျိုးသမီး) အဖြစ် ကံကြမ္မာက မြှင့်တင်ပေးပါလိမ့်မယ်။

👸စွမ်းအင်တွေဟာ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေမှာလည်း အရမ်းကောင်းမွန်တဲ့ အလားအလာကို ပြသနေပါတယ်။ ကိုယ့်ရဲ့ အနာဂတ်ကာလဟာ အချစ်စွမ်းအင်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ အခွင့်အရေးကောင်းတွေ ရိုက်ခတ်ဝင်ရောက်လာတော့မှာမို့လို့ စိတ်ကို ပေါ့ပါးဖြတ်လတ်စွာနဲ့ ကြိုဆိုဖို့သာ ပြင်ဆင်ထားလိုက်ပါတော့ရှင်။ ကိုယ့်ရဲ့ အနာဂတ်ဟာ အရမ်းကို တက်ကြွပြီး လှပနေပါတယ်…👸

🧘🏼‍♀️Energy ကောင်းလာရင် အရာရာဟာအကောင်းဘက်ကိုပြောင်းလဲလာပါတယ် …👸

👸 နမိတ်ကောင်းများ ကြာရှည်စွာတည်တံ့ခိုင်မြဲနေပါစေ 🧘🏼‍♀️

ကိုယ့်အတွက် အနာဂတ် ကံကြမ္မာ ၃ လ ၊ ၆ လ၊ ၁ နှစ်စာ များကို ဖတ်ကြည့်ချင်သူများ comment မှာ

👸 Queen 👸လို့ရေးပေးသွားပါ။ အထူးနှုန်းထားလေးများရရှိပါမယ်။

16/07/2026

🩷 🪷🌿အချစ်ဆိုတာ စိတ်ဒဏ်ရာရတဲ့အခါ၊ ဝမ်းနည်းတဲ့အခါမှ လာပြီး ချော့မြှူနှစ်သိမ့်ပေးရုံတင် မဟုတ်ပါဘူး။ အချစ်စစ်ရဲ့ စွမ်းအားဟာ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်မှာ လမ်းပြပေးတဲ့ "မီးပြတိုက်" လိုပါပဲ။ ဘဝရဲ့ လမ်းပျောက်နေတဲ့ အမှောင်ထုထဲမှာ ဘယ်လမ်းကို လျှောက်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေတဲ့ ဘဝကို ရှေ့ဆက်ဖို့ ခွန်အားတွေ ပေးစွမ်းနိုင်တဲ့ "အလင်းရောင်" ဖြစ်တယ်လို့ …..

နာမည်ကျော် ဒဿနိက ဗေဒပညာရှင် Friedrich Nietzsche က ဆိုလိုတာ ဖြစ်ပါတယ်။

🩷🪷🌿 အချစ်က မီးပြတိုက်လား၊ အလင်းရောင်လားဆိုတာကို soul Connection ရှိတဲ့ သူလေးတွေက ကောင်းကောင်းကြီး ခံစားသိမြင်နိုင်ကြပါတယ် ☺️🩷🪷🌿

16/07/2026

🌱ဘာတွေဖြစ်ဖြစ် Move On လုပ်နိုင်ဖို့အရေးကြီးတယ်။

ဘဝမှာ အောင်မြင်မှုတွေရှိသလို
ကျဆုံးမှုတွေလဲရှိမယ်။

အလုပ်မဖြစ်တာ၊
အရေးနိမ့်တာ၊
ထင်ထားသလိုမဖြစ်တာ၊​
ကြေကွဲစရာတွေကို
သင်ခန်းစာယူပြီး ပိုကောင်းတဲ့အနာဂတ်တည်ဆောက်နိုင်ဖို့
Move On လုပ်နိုင်ဖို့လိုတယ်။

ဘဝမှာ မြန်မြန် Move On လုပ်ပြီး
လဲကျ မြန်မြန်ပြန်ထ
ဘဝကို ပြန်စနိုင်သူက
ခရီးပိုရောက်သူပဲ။

# Crd Phyo Paing @ Derek

15/07/2026

🌴🌸🌿

🧐 "မိမိကိုယ်ကိုယ်တောင် သေချာစွာ မချစ်တတ်သေးဘဲ တခြားသူကို အရမ်းချစ်ခဲ့ပါတယ်ဆိုတာ တကယ် ကော ဖြစ်နိုင်ပါ့မလား..." 😅

တကယ်တော့ ဒါဟာ အချစ်ထက် "အတ္တ" နဲ့ ချစ်ခဲ့ကြတာပါ။ အတိတ်တုန်းက ကိုယ်တိုင်လည်း ဒီလိုပြောဖူးခဲ့သလို၊ အခုနောက်ပိုင်း ကိုယ်နဲ့တွေ့ရတဲ့ Clients တွေဆီကလည်း နေ့တိုင်းလိုလို ကြားနေရတဲ့ စကားလုံးတွေမို့ပါပဲ။

လူမှန်ရင် အတ္တ (Ego) ဆိုတာ ကိုယ်စီရှိကြပါတယ်။ ဒါကို လူတိုင်းမသိကြသလို၊ သိရင်တောင် လက်မခံချင်ကြပါဘူး။ အတ္တတွေ ဖုံးလွှမ်းနေကြလို့ပါ။

ဆရာတော်ကြီးတွေ မိန့်ကြားဖူးတာတစ်ခုရှိပါတယ်— "မိမိကိုယ်ကိုယ်တောင် မှန်ကန်တဲ့ လောကုတ္တရာနည်းလမ်းတွေနဲ့ ဖြောင့်မတ်အောင် မပြုမူနိုင်သေးရင်၊ အဲဒီလိုလူမျိုးက တခြားသူကို တကယ်ချစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး" တဲ့။

မိမိကိုယ်ကိုယ် ချစ်တဲ့စိတ် (Self-love) မရှိသေးဘဲ အချစ်ကိုပဲ လိုချင်တမ်းတနေရင် ရတုန်းခဏတော့ ပျော်ရပါလိမ့်မယ်။ ဒါပေမဲ့ ကြာလာတဲ့အခါ အချစ်ဟာ "ဝဋ်ကြွေးကြီး" တစ်ခုမှန်း သိလာရပါလိမ့်မယ်။

💡 Right Person ဆိုတာ လက်ရှိအချိန်မှာ မိမိနဲ့ ဆုံတွေ့ခွင့်ရတဲ့သူကို ခေါ်တာပါ။

(ဒါပေမဲ့ လူတိုင်း အကုန်တူရမယ်ဆိုတဲ့ စာအုပ်ကြီးအတိုင်းတော့ မတွေးစေလိုပါဘူးနော်။)

Karmic Connection: မိမိကိုယ်ကိုယ် မသိသေး၊ မချစ်တတ်သေးခင်မှာ ဝဋ်ကြွေးပါလာတဲ့ Karmic နဲ့ အရင်ဆုံး ဆုံတွေ့ရတတ်ပါတယ်။

Twin Flame Connection: အဲဒီ Karmic ဆီကနေ သင်ခန်းစာတွေရပြီး မိမိကိုယ်ကိုယ် စတင်ချစ်တတ်လာတဲ့အခါ Twin Flame နဲ့ ဆုံတွေ့ရတတ်ပါတယ်။ Twin Flame နဲ့ တွေ့မှသာ Spiritual Awakening (စိတ်ပိုင်းဆိုင်ရာ နိုးထမှု) က စတင်တာပါ။ (တချို့လည်း ပါရမီအထိုက်အလျောက် သူ့အလိုလို နိုးထလာကြတာမျိုးလည်း ရှိပါတယ်)။

အဲဒီနောက် မိမိမှာရှိတဲ့ အတ္တနဲ့ အယူအစွဲတွေကို ဖြိုချဖို့ "Ego Death Stage" ကို ဖြတ်သန်းကြရပါတယ်။ ဒီအဆင့်က နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ဟာ အတ္တတွေ၊ အစွဲအလန်းတွေ များလွန်းလို့ လူ့ဘဝကို ရောက်လာကြတာမို့လို့ပါ။

ဒီလို လူ့ဘဝသင်ခန်းစာတွေကို တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံရင်း၊ သင်ခန်းစာယူရင်းနဲ့ အစွဲအလန်း (Attachment) တွေ ပြုတ်လာရပါတယ်။ နောက်ဆုံးမှာ ဘဝကို ဘယ်သူမှ ကိုယ့်အနားမှာ မရှိရင်တောင် တစ်ယောက်တည်း အေးချမ်းစွာ နေတတ်လာတဲ့ စိတ်အခြေအနေကို ရရှိလာတာကိုပဲ "Self-love ရလာတယ်၊ အေးချမ်းလာတယ်" လို့ ခေါ်တာပါ။

ဒီလို အေးချမ်းတဲ့ စိတ်ထားမျိုး ရရှိဖို့အတွက် ဝဋ်ကြွေးတွေရှိရင် ဆပ်ကြရမှာပါပဲ။ ဆပ်တဲ့နေရာမှာ ဒီအတိုင်း ပူလောင်ပြီး ဆပ်မလား၊ ဉာဏ်ပညာပါပါနဲ့ ဆပ်မလားဆိုတာကတော့ ဝဋ်ကို တိုစေမယ့် လမ်းတွေများစွာရှိပါတယ်။

Spiritual Awakening မှာ နိုးထလာပြီးတဲ့နောက် ကိုယ့်မှာ ဘာဖြစ်လို့ ဖြစ်မှန်းမသိ၊ မိသားစုနဲ့ ပတ်ဝန်းကျင်ကလူတွေကို ပြောပြရင်လည်း နားမလည်၊ စိတ်မဝင်စားကြတဲ့အခါ... ကိုယ်ပဲ တမူထူးခြားပြီး လမ်းပျောက်နေသလိုလို ခံစားရတတ်ပါတယ်။ စိတ်တွေ ချာချာလည် ဝေဝါးပြီး "ငါ့စိတ်ကို နားလည်ပေးပြီး အဖြေရှာပေးနိုင်မယ့်သူ ရှိရင် ကောင်းမှာပဲ" ဆိုတဲ့ Ego Death Stage မှာ လမ်းပျောက်နေသူတွေအတွက် Spiritual Guidance (ဝိညာဉ်ရေးရာ လမ်းညွှန်မှု) တွေ ကူညီပေးဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

(Spiritual မလိုဘူး၊ ထေရဝါဒမှာ မရှိဘူးလို့ ယူဆသူတွေအနေနဲ့လည်း ကိုယ့်အတ္တကို ပြန်ကြည့်ဖို့ တရားနာပါ၊ တရားထိုင်ပါ၊ လိုအပ်ရင် တရားစခန်း ဝင်ပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။)

ဘယ် Connection နဲ့ပဲ တွေ့တွေ့၊ ဘယ်သူနဲ့ပဲ အတူနေနေ— "ငါ့စိတ်တော့ ပူလောင်နေရပြီ" ဆိုတဲ့ 'သတိ' ပါလာဖို့နဲ့ အဲဒီသတိကို မြဲနေအောင် ဆင်ခြင်မိဖို့က အရေးကြီးဆုံးပါ။ ဒါကို Awakening ဖြစ်လာတဲ့သူတွေပဲ နားလည်ကြမှာပါ။ ဘာလို့ဆို သတိမပါဘဲ တဖက်လူတွေနောက်ပဲ လိုက်နေကြရင် ကိုယ့်ရဲ့ ဝဋ်ကြွေးက လျော့သွားမှာ မဟုတ်လို့ပါပဲ။ ဒါကြောင့် Self-love စိတ်နဲ့ နေထိုင်ဖို့၊ မိမိကိုယ်ကိုယ် အေးချမ်းဖို့ ဘုရားစာရွတ်တာ၊ တရားထိုင်တာနဲ့ Spiritual Practice တွေကို ရေးမှတ်ပြီး လေ့ကျင့်ကြရတာ ဖြစ်ပါတယ်။

ဒါကြောင့်... အမြဲတမ်း တခြားသူကိုပဲ ကြည့်ပြီး "သူက ဘာဖြစ်တယ်၊ သူက ဘယ်လို" ဆိုတာတွေကိုပဲ အဖြေရှာရင်း သံသရာလည်နေမယ့်အစား၊ ဒီလိုလေး ပြောင်းလဲတွေးတောကြည့်ရအောင်ပါ...

ငါက ဘာလို့ ဒီလိုလူနဲ့ ဆုံတွေ့ခဲ့ရတာလဲ?"
"ဘာလို့ ဒီလိုလူအပေါ်မှာမှ စိတ်စွဲလမ်း (Attach) နေရတာလဲ?" ငါကရော ဘယ်လိုအခြေအနေတွေနဲ့ လောကကိုမြင်နေသလဲဆိုတာ။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းတွေ စတင်မေးမြန်းနိုင်လာပြီဆိုရင်ပဲ အဲဒီပူလောင်တဲ့ အခြေအနေတွေကနေ လွတ်မြောက်ဖို့ လမ်းစကို တွေ့ရှိလာတာပါပဲ။

အချစ်နဲ့ ဝဋ်တခြားစီပါ။ အရမ်း Toxic ဖြစ်နေတဲ့သူက ကိုယ့်ရဲ့ Right Person မဟုတ်ပါဘူး။ အချစ်က တကယ်ရှိသလားဆိုရင်— မိမိကိုယ်ကိုယ် မှန်ကန်စွာနဲ့ ချစ်တတ်တဲ့သူတွေအတွက် အချစ်စစ်ဆိုတာအမှန်
တကယ် ရှိပါတယ်။

Right Person နဲ့ ဆုံတွေ့ပြီး Right Energy ဖြစ်လာအောင် ကိုယ့်ဘက်က ဘာတွေသိထားသင့်လဲ၊ ဘယ်လိုပြင်ဆင်ပြီး နေထိုင်သင့်လဲဆိုတာအတွက် One-on-One Coaching ယူလို့ ရပါတယ်ရှင်။ 💬

✅ အထူးသိရှိရန်:
ကျမသည် အရာရာကို ဖန်ဆင်းပေးနိုင်တဲ့သူ မဟုတ်တာကြောင့်၊ ကိုယ့်ကံတရားကို ကိုယ်တိုင် ပြင်ဆင်ပြောင်းလဲချင်တဲ့သူတွေအတွက်သာ Guideline (လမ်းညွှန်ချက်) ပေးတာ ဖြစ်ပါတယ်။ ကျမကိုယ်တိုင်လည်း ဆရာသမားတွေ သင်ပြပေးတဲ့ နည်းလမ်းအတိုင်း လိုက်နာကျင့်ကြံ နေထိုင်တာ ဖြစ်ပါတယ်။ ပြောပြပေးတဲ့အတိုင်း ကိုယ်တိုင် လိုက်လုပ်နိုင်မယ့်သူများသာ သင်တန်းလာအပ်ပေးပါရှင်။

လောကမှာ အရာရာက ကိုယ်တိုင် ကြိုးစားအားထုတ်ယူမှ ရတာမို့၊ Energy Stable ဖြစ်ပြီး Self-love & Focus ရရှိကာ Inner Peace (စိတ်တွင်းအေးချမ်းမှု) နဲ့ နေထိုင်နိုင်အောင်ပဲ လမ်းပြကူညီပေးသွားမှာ ဖြစ်ပါတယ် 🙏✨
📩 Intention: အချိန်တန်လို့ စိတ်ဝိညာဉ် နိုးထဖို့ အချိန်ကျရောက်နေသူများအတွက်သာ... 🌿

15/07/2026

⚡️🌻🌿မင်းနဲ့ Soul connection ရှိနေတဲ့သူက မင်းဆီကို အဝေးကနေ ပြန်လာနေပြီလား?✨🌿

⚡️🌻 🌿အချိန်တွေ ဘယ်လောက်ပဲဝေးဝေး... ပြန်ဆုံဖို့ ကံပါလာတဲ့အခါ ….✨🌿

⚡️🌻🌿လူတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းချိတ်ဆက်မှု (Soul Connection) ရှိနေပြီဆိုရင် ဘယ်လောက်ပဲ လမ်းခွဲခဲ့ဖူးပါစေ၊ ဘယ်နှစ်နှစ်တိုင်တိုင် အဆက် အသွယ် ပြတ်တောက်နေခဲ့ပါစေ... တစ်ယောက် ကိုတစ်ယောက်မေ့မသွားကြပဲ မှတ်မိနေတတ်ကြသလို ကံကြမ္မာက အချိန်တန်ရင် လမ်းဆုံတစ်ခုမှာ ပြန်တွေ့ပေးတတ်ပါတယ်….✨🌻🌿

⚡️🌻🌿အတိတ်ကသူ၊ အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ ချစ်သူဟောင်း၊ အိမ်ထောင် ဘက် ဟောင်းဒါမှမဟုတ်ငယ်သူငယ်ချင်း ဟောင်းတစ်ယောက်ယောက်က ကိုယ့်ဆီကို ပြန်လည်ဆက်သွယ်လာပြီး အတူလက်တွဲဖို့ ကံကြမ္မာက ဖန်တီးပေးတော့မယ့် နိမိတ်လက္ခဏာ ….🌿

⚡️🌻🌿သူ့အကြောင်း တွေးမနေဘဲနဲ့ ရင်ထဲမှာ တစ်စုံ တစ်ခုကို စောင့်မျှော်နေသလိုမျိုး တုန်ရင်တဲ့ ခံစားချက်မျိုး ဖြစ်လာတာ….⚡️

⚡️🌻🌿မြင်နေကျပတ်ဝန်းကျင် မှာ သူ့ရဲအရိပ်
အယောင် ဒါမှမဟုတ် သူသုံးလေ့ရှိတဲ့ ရေမွှေးနံ့လိုမျိုးအရာတွေ ရုတ်တရက် စိတ်ထဲ ထင်ယောင် ထင်မှား ခံစားရတာမျိုး …⚡️

⚡️🌻🌿✨ဒီလို နိမိတ်မျိုးတွေ ကိုယ့်မှာ ကြုံတွေ့နေရပြီဆိုရင် ဒါဟာ နှစ်ယောက်သားရဲ့ Energyတွေ ချိတ်ဆက် မိသွားပြီဆိုတဲ့ သဘောပါပဲ။

⚡️🌻🌿အတိတ်က ရေစက်အဟောင်းကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်ဆုံစည်းချင်တယ်ဆိုရင် Comment

⚡️🌻🌿Claim ⚡️🌻🌿

လို့ ရေးပြီးစွမ်းအင်ကို ရယူလိုက်ပါ။



&energy

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon