Grace & Gaze for You
Timeless. Elegant . Effortless.
03/10/2026
👠 ဖိနပ်တွေ အများကြီးဝယ်စရာမလိုဘူး! ဒီ ၅မျိုးရှိထားရင်ကို မင်းရဲ့ Fashionက ပြည့်စုံနေပီ✨✨✨
အသက် ၂၀ ကနေ ၃၅ နှစ်ကြား မိန်းကလေးတွေအတွက် ဖိနပ်ဆိုတာ လှပဖို့တင်မကဘဲ နေ့စဉ်ဝတ်စုံအမျိုးမျိုးနဲ့ လိုက်ဖက်ပြီး သက်သောင့်သက်သာရှိဖို့လည်း အရေးကြီးပါတယ်။ 👠✨
ဒါကြောင့် ကိုယ့်ရဲ့ Shoe Collection ထဲမှာ မရှိမဖြစ် ထည့်ထားသင့်တဲ့ ၊ Outfit အမျိုးမျိုးနဲ့ လိုက်ဖက်ပြီး နေ့စဉ်အသုံးဝင်မယ့် ဖိနပ် ၅ မျိုးကို သိထားဖို့ လိုပါတယ်။ 👟💗
ကိုယ့်ရဲ့ Fashion Style နဲ့ လိုက်ဖက်မယ့် ဖိနပ်လေးတွေကို ရွေးချယ်ပြီး ပိုပြီး Stylish ဖြစ်တဲ့ Look လေးတွေ ဖန်တီးလိုက်ရအောင်။ ✨
&gaze
30/09/2026
ဂျင်းဘောင်းဘီအရောင်ရွေးပြီးပြီလား? 👖Denim Wash အလိုက် အင်္ကျီအရောင်ကို ဒီလိုတွဲဝတ်ပါ 🤍
ဂျင်းအနု၊ အလတ်၊ အရင့်နဲ့ အမည်း — Denim Wash တစ်မျိုးချင်းစီနဲ့ လိုက်ဖက်တဲ့ အင်္ကျီအရောင်တွေ မတူပါဘူး။ 👖
📌Light Wash Denim (ဂျင်းအနု):
သဘာဝအတိုင်း အနုရောင်အမျိုးအစားဖြစ်တာကြောင့် Pastel ရောင်တွေ (ဥပမာ- Blush Pink, Lilac, Sage Green, Butter Yellow) နဲ့ Cream, White စတဲ့ အရောင်နုနုလေးတွေနဲ့ တွဲဝတ်ရင် ကြည့်ရအေးချမ်းပြီး Fresh ဖြစ်စေပါတယ်။
📌Medium Wash Denim (ဂျင်းအလတ်):
အရောင်အလယ်အလတ်ရှိတဲ့ ဂျင်းဖြစ်တာကြောင့် White, Cream, Camel, Taupe စတဲ့ Neutral ရောင်တွေအပြင် အပြာရောင်အနု/အရင့် အမျိုးမျိုးနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။
📌Dark Wash Denim (ဂျင်းအရင့်):
အရောင်ရင့်ဖြစ်တာကြောင့် ရောင်စုံတောက်ပတဲ့ အရောင်တွေ (ဥပမာ- Cherry Red, Orange, Emerald Green, Fuchsia) နဲ့ Chocolate Brown, Black တို့လို ရောင်ရင့်တွေနဲ့ တွဲဝတ်ရင် ထင်ရှားပြီး ပိုမို ကြည့်ကောင်းစေပါတယ်။
📌Black Denim (ဂျင်းအမည်း):
ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့ Neutral ရောင်ဖြစ်ပြီး Red, Burnt Orange, Royal Blue စတဲ့ ရောင်တောက်တောက်တွေ သို့မဟုတ် Camel, Charcoal, Black တို့လို ခန့်ညားတဲ့ အရောင်တွေနဲ့ အလွန်လိုက်ဖက်ပါတယ်။
✨ ပေါ့ပါးဆန်းသစ်တဲ့ Look ရချင်ရင် အရောင်နုနုလေးတွေ (Lighter Shades) ကို သုံးနိုင်ပြီး ပိုမို ခန့်ညားတဲ့ Look ရချင်ရင်တော့ အရောင်ရင့်ရင့် (Deeper/Richer Tones) ကို ရွေးချယ်တွဲစပ်နိုင်ပါတယ်✨
&gaze
23/09/2026
Styling လုပ်ရတာ ခေါင်းစားစရာမလိုဘဲ ဘယ်တော့မှ မမှားမယ့် fashion rule (5)ခု ⭐️
Rule 1 – Balance Strategy (အချိုးအစား ညှိယူခြင်း)
🤎 အပေါ် အပွ / Oversized 👕 ➔ အောက် အကျပ် (Leggings / Fitted Pants) 👖
အပေါ် အကျပ် (Crop / Fitted) 👚 ➔ အောက် အပွ (Wide-leg Pants / Long Skirt) 👗
✨ အပေါ်အောက် အပွချင်း/အကျပ်ချင်း မဖြစ်စေဘဲ စိစစ်ဝတ်ဆင်ပါ။
Rule 2 – Pattern & Plain Rule (အရောင်နှင့် အစင်းအပြောက် မျှခြေ)
🤎အပေါ် Pattern (အစင်း/အပွင့်ပါ) ➔ အောက် Plain (ကာလာရိုးရိုး)
အပေါ် Plain (ကာလာရိုးရိုး) ➔ အောက် Pattern (အစင်း/အပွင့်ပါ)
✨Pattern နှစ်ခုပြိုင်ဝတ်ရင် ရှုပ်သွားနိုင်လို့ တစ်ခုကို ဦးစားပေးယှဉ်တွဲပါ။
Rule 3 – Length & Proportion (အရှည်နှင့် အတို မျှခြေ)
🤎အပေါ် အတို (Crop Top) ➔ အောက် အရှည် (High-waist Pants / Long Skirt)
အပေါ် အရှည် (Long Shirt / Cardigan) ➔ အောက် အတို (Shorts / Mini Skirt)
✨High-waist ဝတ်ဆင်ပေးရင် ခြေတံပိုရှည်မယ်။
Rule 4 – Sandwich Rule (၃ ရောင်စုံ စည်းမျဉ်း)
🤎 အင်္ကျီနဲ့ ဖိနပ်/အိတ် အရောင်တူထားပြီး အလယ်က ဘောင်းဘီကို အခြားအရောင်တစ်မျိုး ခွဲဝတ်ပါ။
Rule 5- Rule of Thirds
🤎ခါးစည်း (Tuck-in) လုပ်ပေးခြင်းဖြင့် Outfit ကို ၁:၂ အချိုး ကျစေပြီး အရပ်ပိုမြင့်စေပါတယ်။
&gaze
06/09/2026
ပိုးဖဲသား Satin Skirt တွေက ဒီနှစ်ပိုင်းမှာ ပြန်ပီးခေတ်စားလာတဲ့ Fashion Item တစ်ခုပါ ✨
ဒီလို စကပ်တစ်ထည်ရှိထားရုံနဲ့ Top အမျိုးမျိုးပြောင်းတွဲပြီး Chic, Feminine, Classy, Elegant Look တွေအထိ ဖန်တီးလို့ရပါတယ် 🤍
ဒီ Video မှာ Satin Skirt တစ်ထည်ကို
Vest • Off-shoulder Top • Shirt • Blazer • Sweater • Satin Top • Body-fit Top
တို့နဲ့ ဘယ်လိုတွဲဖက်ဝတ်ဆင်ရင် ဘယ်လို Look ရမလဲဆိုတာ ပြထားပါတယ် 👗✨
ကိုယ်ကြိုက်တဲ့ ဖက်ရှင် look လေး Comment မှာ ပြောခဲ့နော် 💬
နောက်မှပြန်ကြည့်ဖို့ Save ထားပါ 🤍
&gaze
05/09/2026
Body Shape ဆိုတာ ဝတာ ၊ ပိန်တာကို ခွဲတာ မဟုတ်ပါဘူး 🧍🏻♀️
ကိုယ့်ရဲ့ ပခုံး ၊ ရင်၊ ခါး ၊တင် အချိုးအစားတွေ ဘယ်လိုကွာခြားလဲဆိုတာကို ကြည့်ပြီး ခွဲတာပါ။ 🤍
📏 Step 1 — ပခုံး ၊ ရင် ၊ ခါး ၊ တင် ကို တိုင်းပါ
📊 Step 2 — တိုင်းထားတဲ့ အတိုင်းအတာတွေကို နှိုင်းယှဉ်ပါ
👗 Step 3 — ကိုယ့်အချိုးအစားနဲ့ အနီးစပ်ဆုံး Body Shape ကို ရွေးပါ
Body Shape တစ်မျိုးတည်းထဲ အတိအကျဝင်ရမယ်ဆိုတာ မရှိပါဘူး။ ကိုယ်ခန္ဓာတိုင်းက မတူကြတာကြောင့် shape နှစ်မျိုးကြားမှာ ရှိနိုင်ပါတယ်။ အရေးကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေမယ့် Outfit ကို ရွေးဝတ်ဖို့ပါ ✨
ကိုယ့် Body Shape သိသွားရင် “ဘယ်လိုအဝတ်အစားတွေက ပိုလိုက်မလဲ?” ဆိုတာ ဆက်ပြီးလေ့လာလို့ရပြီနော် 👗🤍
&gaze
02/09/2026
ပိုပြီးစတိုင်ကျလှပဖို့ ကိုယ်ဝတ်ဆင်ထားတဲ့ဝတ်စုံနဲ့ လိုက်ဖက်တဲ့အိတ်ကို ရွေးချယ်ပါ 💼
ဖက်ရှင်ဆိုတာ အဝတ်အစားတစ်ခုတင်မဟုတ်ပါဘူး…
ကိုယ်ဝတ်ထားတဲ့ outfit နဲ့ လိုက်ဖက်တဲ့ bag , accessories, shoes စတာတွေကို မှန်ကန်သွာရွေးချယ်တတ်ဖို့လဲ အရေးကြီးပါတယ် 👠 💼 💍
ပြထားတဲ့ ပုံလေးတွေကို ကြည့်ပြီး လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်ပါ …
မင်းအနေနဲ့ရော အများအားဖြင့် ဘယ်လိုဝတ်စုံမျိုး ဝယ်လေ့ရှိလဲ ?
ဘယ်လိုအိတ်တွေ ဝယ်ထားလဲဆိုတာ ပြောပြသွားပါဦးနော် 🤎
&gaze
30/08/2026
Outfit ကောင်းကောင်းတစ်ခုရဖို့ အဝတ်အစားအများကြီး ဝယ်ဖို့မလိုပါဘူး ✨ Black Style Pant တစ်ထည်ကိုပဲ Top, Shirt, Blazer, Sweater နဲ့ Accessories တွေ ပြောင်းလဲတွဲဖက်လိုက်ရုံနဲ့ Mood နဲ့ Occasion မတူတဲ့ Fashion Look အမျိုးမျိုး ဖန်တီးလို့ရပါတယ် 🖤
Black Style Pant တစ်ထည်တည်းနဲ့ Styling လုပ်လို့ရတဲ့ Fashion Look 12 မျိုးကို ကြည့်လိုက်ရအောင် 👀✨
&gaze
29/08/2026
အဝတ်အစားတွေ အများကြီးရှိပေမယ့် ဝတ်စရာမရှိဘူးလို့ အမြဲခံစားရလား 🤎🤎🤎
အဝတ်အစားအသစ်တွေ အမြဲဝယ်နေစရာမလိုဘဲ ဘီရိုထဲမှာ Basic Items ကောင်းကောင်းလေးတွေ ရှိထားရင် Outfit တွေကို အမျိုးမျိုး ပြောင်းလဲတွဲဝတ်လို့ရပါတယ် ✨
Basic Items ဆိုတာ Trend တစ်ခဏပဲမဟုတ်ဘဲ နှစ်အတော်ကြာ အသုံးဝင်ပြီး အခြားအဝတ်အစားတွေနဲ့လည်း လွယ်လွယ်ကူကူ တွဲဖက်ဝတ်ဆင်လို့ရတဲ့ Items တွေပါ 🤍
အဝတ်အစားအများကြီးရှိဖို့ထက်…
တစ်ထည်ကို ဘယ်နှမျိုးပြန်ဝတ်လို့ရလဲဆိုတာက ပိုအရေးကြီးပါတယ် 👌
သင့် Wardrobe ထဲမှာ ဒီ Basic Items တွေ ဘယ်နှခုရှိလဲ? 👀
&gaze
Category
Website
Address
12345
Alerts
Be the first to know and let us send you an email when Grace & Gaze for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
