Mommy life By Dr Shoon
Heathy Mom&Happy Baby
From a Doctor,With a mommy heart
ကိုယ်ဝန်ဆောင်, မိခင်နှင့်ကလေးကျန်းမာရေးဗဟုသုတများ
Potty train အကြောင်းလေးပြောပြထားပါတယ် မေမေတို့ရေ ....
#ကလေးဖွံဖြိုးမှု
#မေမေတို့အတွက်
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
ဒီနေ့လေးကတော့ BLM Myanmar ရဲ့ အစီအစဉ်လေးနဲ့ အဟာရဆရာဝန်ကြီး
Dr Daw Win Win Myint နဲ့အတူ
မေမေ ၃ယောက်က ကလေးလေးတွေရဲ့ အဟာရဆိုင်ရာကျန်းမာရေးအမေးအဖြေလေးတွေကို ရိုက်ကူးခဲ့ပါတယ် ။
မေမေတွေ စိတ်ဝင်စားပြီး သိချင်နေကြတဲ့ အကျိုးရှိတဲ့ အမေးအဖြေလေးတွေကို BLM Myanmar page လေးမှာစောင့်ကြည့်ပေးအုံးနော် ....
BLM ဆိုတာ ကလေးလေးတွေရဲ့ ဖြည့်စွက်စာ ခရီးစဉ်မှာ မပါမဖြစ်တဲ့ Product ကောင်းလေးတခုပါ....
ချစ်ခင်ရတဲ့ ညီအမတွေဆုံတွေခဲ့ရလို့ လဲ ဝမ်းသာပျော်ရွှင်ရပါတယ်
ထပ်ဆုံမယ်နော်
#ဖြည့်စွက်စာ
#မေမေတို့အတွက်
#ကလေးဖွံဖြိုးမှု
အပျိုတုန်းကလဲ ဒီလိုတွေ မလုပ်ခဲ့ဖူးဘူး
အိမ်ထောင်ကျစလဲ မလုပ်ဖူးဘူး
ကလေးရလာတော့ မေမေ groupတွေကမထွက်နိုင်ဘဲ ရှာကြံ လုပ်နည်းမျိုးစုံ လုပ်ရတော့တာပဲ
အောင်မြင်တဲ့အခါရှိလို မအောင်မြင်တာတွေလဲ များသား 😁😁😁
ဘဝမှာ ဟင်းချက်ဝါသနာမပါလဲ ...
ကလေးရလာရင်တော့ ဟင်း ၊ မုန့် တွေ တခုပီးတခု ချက်နေ လုပ်နေရမှာပါပဲ ။
#မေမေတို့အတွက် #ကလေးဖွံဖြိုးမှု
#ဖြည့်စွက်စာ
ယောက်ကျားဖောင်စီး
မိန်းမ မီးနေ ဆိုတဲ့ စကားအတိုင်း
အမျိုးသမီးတွေဟာ ကိုယ်ဝန်စလွယ်ချိန်နဲ့ မွေးဖွားပြီးမီးနေချိန်ထိ အန္တရာယ်ရှိတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်စလွယ်ထားရပီဆိုရင်
အရင်ဆုံးစဉ်းစားရမှာ စနစ်တကျ ဗိုက်အပ်/ကိုယ်ဝန်အပ်ဖို့ပါပဲ .....
ခုချိန်ထိလဲ ဗိုက်မအပ်ဘဲလက်သည်နဲ့မွေးနေကြတာတွေရှိသလို
ဗိုက်ပြင်တာတွေလဲရှိနေပါသေးတယ်။
အနည်းဆုံးတော့ ဒေသန္တရ၊ သားဖွား စသည်ဖြင့် ကိုယ်ဝန်ဆာင်ကျန်းမာရေးစောင့်ရှောက်မှုခံယူပါနော်
#မေမေတို့အတွက်
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
#ဗိုက်အပ်ခြင်း
#ကိုာ်ဝန်ဘယ်မှာအပ်မလဲ
03/08/2026
ဒီ Page လေးက စဖွင့်တာ မကြာသေးတော့ Follower ကလဲ သိပ်မရှိ၊ ဘာတင်ရမှန်းမသိတော့ Fb က ချပေးတဲ့ အတိုင်း Target ပြည့်အောင် ကကိူစားတင်ဖြစ်တယ်။
ခက်တာက ဒီတခါပဲ။
ပုံနဲ့ Post 12 Post တင်ရမယ် တဲ့ 😁
နောက်ပိုင်း video ရိုက်ပီး edit ရတာ အားသာတော့ ပုံက ဘာတင်ရမှန်းကို မသိတော့ဘူး 😂😂😂။
ကျမ ပုံတွေပဲ တင်ချပစ်ရင်ကောင်းမါားလို့ 😁😁😁
ကလေးလေးတွေကို ကစားကွင်းလဲ ပို့ချင်တယ်။
ဘယ် ပို့ရမှန်းလဲ မသိဘူးဆိုတဲ့မေမေတွေ
ကစားကွင်းတွေလဲ ထပ်နေပီ နေရာအသစ်စဉ်းစားနေရပြန်ပီဆိုတဲ့ မေမေတွေ အတွက် မြောက်ဒဂုံက Baby Myanmar Wooden center နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော် ...
#မေမေတို့အတွက်
#ကလေးဖွံဖြိုးမှု
#နို့မှုန့်စဖျော်မယ့်မေမေတွေအတွက်
နို့ဗူးဖျော်ရင် ရေကျက်အေးလား၊ ရေနွေးလား ❓
ရေနွေးထည့်ပီးမှ နို့မှုန့်ထည့်ရတာလား❓
နို့မှုန့်ထည့်ပီးမှ ရေနွေးထည့်ရမှာလား❓
#မေမေတို့အတွက်
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
#နို့ဗှုးနို့မှုန့်
#ကလေးတွေကိုဘယ်အချိန်ကစသီချင်းကဗျာတွေဆိုပြဖွင့်ပြမလဲ❓❓❓
ဗိုက်ထဲမှာရှိစဉ် (ကိုယ်ဝန် ၁၆ ပတ်ခန့်လောက်ကစပြီး) ဖွင့်ပြပေးလို့ရပါတယ်။
မွေးကင်းစမှ ၆ လ
ကလေးငယ်တွေဟာ သီချင်းရဲ့ နိမ့်မြင့်တက်ကျ အသံစဉ်နဲ့ Rhythm (စည်းဝါး) တွေကို နားထောင်နိုင်ကြပါတယ်။ ငြိမ့်ညှောင်းတဲ့ သီချင်းလေးတွေက သူတို့ကို စိတ်ငြိမ်စေပြီး အိပ်ပျော်လွယ်စေပါတယ်။ ဒါပေမယ့်
မွေးကင်းစကလေးတွေရဲ့ နားကနုနယ်တာမို့ အသံကို တိုးတိုးပဲ ဖွင့်သင့်ပါတယ်။
၆ လမှ ၁ နှစ်
အသံထွက်တွေကို သိလာပြီး မိဘကကဗျာဆိုပြတဲ့အခါ လက်ခုပ်တီးတာ၊ ကိုယ်လုံးလှုပ်တာ၊ လိုက်ပြီး အသံပြုတာမျိုးတွေ စလုပ်လာပါလိမ့်မယ်။
၁ နှစ်မှ ၂ နှစ်ထိ: သီချင်းထဲက စကားလုံးအချို့ (ဥပမာ- Twinkle, Star, Baa Baa) ကို လိုက်ဆိုနိုင်လာပြီး ကဗျာထဲက အပြုအမူတွေကို လိုက်လုပ်နိုင်လာပါတယ်။
သတိပြုရန်
ကလေးအသက် ၂ နှစ်အောက်မှာ ဖုန်း/တီဗီ စခရင်ကနေ သီချင်းဖွင့်ပြပီး ဖုန်းပြထားတာမျိုးကိုရှောင်ရပါမယ်။
အသံပဲ ဖွငိ့ထားပီး ဖုန်းကို မမြင်အောင်ထားတာ သို့မဟုတ် မိဘကိုယ်တိုင် ဆိုပြတာက ကလေးရဲ့ ဦးနှောက်နဲ့ ဘာသာစကားဖွံ့ဖြိုးမှုအတွက် အဆပေါင်းများစွာ ပိုကောင်းပါတယ်။
မိဘရဲ့ အသံနဲ့ မျက်နှာအမူအရာ၊ဟန်ပန်ကို ကလေးက ပိုမိုသင်ယူလိုစိတ် ရှိကြပါတယ်။
ဒီမေမေတော့ သီချင်းတွေ ကဗျာတွေကျက်နေရပါပီ .....
ဘဝတူမေမေတွေရော ဘာသီချင်းတွေရပီလဲ ☺️☺️☺️
#မေမေတို့အတွက်
#ကလေးဖွံဖြိုးမှု
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
သားလေးတစ်နှစ်ကျော်အတွက် လုပ်ကျွေးဖြစ်တာလေးပါ ...
အစုံတော့စားတယ်
ကိုယ်အလေးချိန် မတက်လာဘူးဆိုတဲ့
ကလေးလေးတွေကို
ဒီလိုလေးတွေ ကျွေးကြည့်နော်
အသား၊ ကြက်ဥ၊ ပဲအမျိုမျိုး ၊ တို့ဖူး
နို့ ၊အာလူး ၊ ဂျုံ စတာတွေကို ပိုကျွေပေးပါ ။။။။
#မေမေတို့အတွက်
#ဖြည့်စွက်စာ
မွေးစမှ တစ်နှစ်အထိ ရှိသင့်တဲ့ ပေါင်ချိန်
#ဖြည့်စွက်စာ
#မေမေတို့အတွက်
#ကလေးဖွံဖြိုးမှု
Click here to claim your Sponsored Listing.
