Hnin
“If I shine, you shine with me. There’s no envy”
04/06/2025
Rich Kid မဟုတ်တဲ့ လူငယ်အများစုမှာ
အမြဲစိုးရိမ်နေရတဲ့ အရာတစ်ခုရှိတယ် .. ။
အဲ့တာဟာ မိဘကို ပြည့်ပြည့်စုံစုံ မထားလိုက်နိုင်မှာ
တဖန် ပြန်ပြီး လုပ်မကျွေးလိုက်ရမှာကိုပဲ ။
မိဘတွေက တစ်နေ့ထက် တစ်နေ့ အသက်တွေကြီးလာ
ကျန်းမာရေးတွေက ချို့ယွင်းလာ …
ကိုယ်က လုံလုံလောက်လောက် မပြည့်စုံသေး ၊
အလုပ်ကိုင်အတည်တကျနဲ့ ကိုယ်ပိုင် income နဲ့
မိဘကို ကျေးဇူးကမဆပ်ရသေး ။
အဲ့ဒီအခြေနေဟာ တကယ်စိတ်ပင်ပန်းစရာကောင်းတယ် ။
ကိုယ့်အတွက်ဆို မရှိတဲ့ကြားက မဖြစ်ဖြစ်အောင်
ကြိုးစားပေးခဲ့သူတွေ ..
သူတို့လေးတွေကို မပူပန် မကြောင့်ကြပဲ ကောင်းကောင်းမွန်မွန်ထားချင်တယ် ။
သူတို့မရောက်ဖူးတဲ့နေရာတွေ ပို့ပေးချင်တယ် ။
သူတို့စားချင်တာတွေ ဝယ်ကျွေးချင်တယ် ။
အလှူတန်းတွေ လုပ်စေချင်တယ် ။
ဒီအချိန်မှာ ကိုယ့်အတွက် အရေးမကြီးဘူး ။
ကိုယ့်အတွက်ထက် မိဘတွေကို ပိုပြီး လုပ်ပေးလိုက်ချင်တယ် ။ကိုယ်သာဘာမှ လုပ်ပေးနိုင်ခင် တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်က တစ်ဘဝလုံး ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။
ဒီခံစားချက်ကို ပြည့်စုံတဲ့ မိသားစုကလူတွေက မသိပါဘူး ။
ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ မိဘတွေကို
ပြည့်ပြည့်စုံစုံထားချင်သေးတယ် ။
သူတို့ကို ဘာတစ်ခုမှ မပူပန်ပဲ နားစေချင်သေးတယ် ။
မိဘတွေ ရှိတုန်းလေး ကိုယ့်ချွေးနဲစာနဲ့ လိုလေးသေးမရှိအောင် ထားချင်သေးတယ် …. ။
ကိုယ်လုံလုံလောက်လောက် ငွေရှာနိုင်တဲ့အချိန်ထိ မိဘတွေ ကျန်းကျန်းမာမာရှိနေဖို့ အမြဲဆုတောင်းနေရတယ်။
ဒီစိတ်လေးဟာ Rich Kid မဟုတ်တဲ့ လူငယ်လေးတွေမှာ
အပြည့်ရှိတယ် … ။
28/08/2022
" ကို မင်းကိုချစ်တယ် "
အ့ဒီနေ့လေးက အရမ်းပျော်စရာ ကောင်းခဲ့တယ်
အ့ဒီ အချိန်ကစပြီး
မင်းနဲ့ဘဲ အနာဂတ်ကို အတူတူ ပုံဖော်မယ်လို့
စိတ်ကူးမိလိုက်တာမို့
ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့🥺
crd
Category
Website
Address
2772022
Alerts
Be the first to know and let us send you an email when Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
